မင်းဘူးမြို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးအသိပညာပေး လှုံဆော်

မင်းဘူး မတ် ၁၈ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ ကာကြီးကွင်း အနီးတွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက် ယူရေးလုပ်ငန်း အောင်မြင်နိုင်ရေးအတွက် ဦးဇာဂနာ ခေါင်းဆောင်သည့် အသိပညာပေး လှုံဆော်ရေး ယာဉ်များနှင့် အနုပညာရှင်များသည် မတ်လ(၁၈)ရက်နေ့ ညနေ(၅)နာရီအချိန်က လာရောက် ဖျော်ဖြေ အသိပညာပေး လှုံဆော်ခဲ့သည်။ အဆိုပါ လှုံဆော်ရေးအဖွဲ့တွင် ဦးဇာဂနာနှင့်အတူ လူရွှင်တော်များ၊အဆိုတော်များပါရှိပြီး မတ်လ(၃၀) ရက်နေ့တွင် ဆောင်ရွက်မည် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းတွင် ပြည်သူအများ စိတ်ပါဝင်စားစွာ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေး လှုံဆော်ခြင်း၊ ကံစမ်းမဲများဖောက်ပေးခြင်းနှင့် Skynet ရုပ်သံ ဖမ်းစက်ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ပေးခဲ့သဖြင့် မင်းဘူးမြို့ပေါ်ရှိ ပြည်သူများနှင့် အနီးဝန်ကျင်ကျေးရွာများ မှ ပြည်သူများ ပျော်ရွှင်စွာ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရသည်။ တင်ထွန်းဦး သတင်းပေးပို့သူ - ဦးတင်ထွန်းဦး
 

0 comments: