(၆၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကတ္တရာ ထပ်ပိုးလွှာ ခင်းခြင်း ဖွင့်ပွဲ ကျင်းပ



မကွေး      မတ်       ၂၂
        (၆၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  မကွေးမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ဆောင်ရွက်သော အ.ထ.က(၁)လမ်း ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း ဖွင့်ပွဲအခမ်းအနားကို မတ်လ(၂၂)ရက်နေ့ နံနက်(၈)နာရီက အဆိုပါလမ်းဖွင့်ပွဲ မုခ်ဦးရှေ့တွင် ကျင်းပပြုလုပ်ရာ  အခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဆွေမှ အ.ထ.က(၁)လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း နှင့်စပ် လျဉ်း၍ ရှင်းလင်းတင်ပြပြီး ရပ်ကွက်နေပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါသည်။

          ထို့နောက် အ.ထ.က (၁)လမ်း ကတ္တရာထပ်ပိုးလွှာလမ်းအား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးနေရှင်း၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊မြို့မိမြိုဖ ဦးထွန်းဆိုင်နှင့် စည်ပင်သာ ယာရေး ကော်မတီဝင် ဦးကျော်ဝင်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကြွရောက်လာသော ဧည့်သည်တော် များနှင့် အတူ အဆိုပါ ကတ္တရာလမ်းအား ကြည့်ရှုစစ်ဆေးပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။

          အဆိုပါဖွင့်ပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ဌာနဆိုင်ရာ ၀န်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ကျောင်းသား/ကျောင်းသူများ၊ သူနာပြုသင်တန်းကျောင်းမှ ကျောင်းသူများ၊ဒေသခံပြည်သူများ၊ဘင်ခရာတပ်ဖွဲ့ဝင်များမှ ၀မ်းသာအားရတက်ရောက် အားပေးခဲ့သည်။
          ယခုဖွင့်လှစ်ပေးခဲ့သော အ.ထ.က(၁)လမ်းမှာ မကွေးမြို့၏ အဓိကမြို့တွင်းလမ်းဖြစ်သည့်အလျောက် မြို့ပေါ်ရှိ(၁၅)ရပ်ကွက်မှ လူဦးရေ(၆၇၆၇၈)နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ကျောင်းသား/ကျောင်းသူများ အသုံးပြု သွားလာနေသည့်လမ်းလည်းဖြစ်သည်။ လမ်းဖောက်လုပ်အသုံးပြုခဲ့သည်မှာနှစ်ကာလကြာမြင့်လာသည့်နှင့်အမျှ ချိုင့်ခွက်များ၊လှိုင်းများဖြစ်ပေါ်နေ၍ လမ်းအသုံးပြုသွားလာနေသူများ မကြာခဏ ယာဉ်အန္တရာယ်ဖြစ်ပေါ်နေပြီး မြို့အင်္ဂါရပ်နှင့်ညီညွတ်စေရန် လမ်းအရှည်(၅၃၉၃)ပေးအား မြို့နယ် စည်ပင်သာယာရေးကော်မတီ ရန်ပုံငွေ (၆၂၉)သိန်းဖြင့် အပိုင်း(၆)ပိုင်းခွဲ၍ လမ်းအကျယ်(၃၀)ပေ၊(၄.၆)လက်မထုဖြင့် ကတ္တရာ ထပ်ပိုးလွှာ အဆင့် တိုးမြင့် ခင်းပေးခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး
သတင်းပေးပို့သူ    -   ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
 

0 comments: