``မကွေးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပ´´

မကွေးမြို့၊ ရန်မျိုးလုံရပ်ကွက်၊ တောင်တွင်းကြီးလမ်း၊ မကွေးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ရုံး အစည်းအဝေးခမ်းမတွင် အမျိုးသမီးရေးရာအဖွဲ့ နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းအနားသို့ မကွေး တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်စမ်းစမ်းမြင့် က အမျိုးသမီးရေးရာ ရှေ့လုပ်ငန်းစဉ်များကို အဖွင့်အမှာစကားပြောကြားကြောင်း၊ ဥက္ကဋ္ဌ ဒေါ်သင်းသင်းထွေး၊ အတွင်းရေးမှူး ဒေါ်ခင်ခင်မြင့် နှင့် မကွေးတိုင်းဒေသကြီးအတွင်းမှ ခရိုင်(၅)ခရိုင်နှင့် (၂၅)မြို့နယ်မှ အမျိုးသမီး ရေးရာ အဖွဲ့ဝင်အင်အား(၇၀)ခန့်တက်ရောက်ကြ၍ မြို့နယ်များမှ ဆောင်ရွက်လျှက်ရှိသော မိခင်နှင့် ကလေးစောင့်ရှောက်ခြင်းလုပ်ငန်း၊ သက်ကြီးရွယ်အို ဘိုးဘွားများစောင့်ရှောက်မှုလုပ်ငန်း၊ ကျောင်းသူ ကျောင်းသားများအတွက် ပညာဆိုင်ရာ ပံ့ပိုးကူညီဆောင်ရွက်မှုများ နှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြခြင်း၊ လိုအပ်သည်များကို အပြန်အလှန်မေးမြန်း၍ ညှိနှိုင်းဆောင်ရွက်ကြောင်း သတင်းရရှိသည်။
 

0 comments: