
မကွေး မတ် ၉
မကွေးမြို့ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း အုပ်ညှပ် တစ်ထပ်ကျောင်းဆောင်သစ် အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို မတ်လ(၉)ရက်နေ့ နံနက်(၉)နာရီက အဆိုပါကျောင်းဆောင် သစ်မုခ်ဦးရှေ့တွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊တိုင်းဒေသကြီး/ခရိုင် ဌာနဆိုင်ရာအကြီးအကဲများ၊ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ ကျောင်းသားမိဘများတက်ရောက်ခဲ့သည်။

အခမ်းအနားတွင် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စမ်းမြင့်က ကျောင်းသမိုင်းအားရှင်းလင်းတင်ပြပြီး ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်းနှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား အောင်ပဒေသာဆောက်လုပ်ရေးကုမ္ပဏီဥက္ကဌ ဦးဇော်ကိုမှ တိုင်းဒေသကြီး ပညာရေးမှူးထံ လွှဲပြောင်းပေးအပ်ပါသည်။
အစီအစဉ်အရ ကျောင်းသားမိဘများကိုစားလှယ် ဦးသူရစိုးမှ ကျောင်းဆောင်သစ် ဆောက်လုပ်ပေးခြင်းအတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းဆောင်သစ်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ၊ကျောင်းအကျိုးတော် ဆောင်နှင့် ဆောက်လုပ်ရေးကုမ္ပဏီဥက္ကဌတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေမှ ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ခြင်း ကမ္ဗည်းမော်ကွန်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် တက်ရောက်လာသောဧည့်သည်တော်များမှ ကျောင်းသား/ကျောင်းသူလေးများနှင့်အတူ ဖွင့်ပွဲမုခ်ဦးရှေ့တွင် မှတ်တမ်းဓါတ်ပုံရိုက်ယူကြပြီး ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုကာ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။
မကွေးမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းသည် ကျောင်းသားအင်အား (၂၉၀၀)ကျော် ရှိလာပြီးဖြစ်၍ ကျောင်းသားအင်အား များလာသည့်အလျောက် စာသင်ဆောင်များလိုအပ်နေသည်ကို နိုင်ငံတော်အစိုးရနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ (၁၂၀×၃၀)ပေ အုပ်ညှပ် တစ်ထပ်ကျောင်းဆောင်သစ် ၊(၃၀×၃၀)ပေ စာသင်ခန်း (၄)ခန်းပါ အဆောက်အဦးအား ဆောက်လုပ်ပံ့ပိုးပေးခဲ့ကြောင်းသိရှိရသည်။
တင်ထွန်းဦး(IPRD)
သတင်းပေးပို့သူ ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
0 comments:
Post a Comment