ဝန်းသိုမြို့နယ် လူဦးရေနှင့်အိမ်အကြောင်းရာ သန်းခေါင်စာရင်းကောက်ယူရေးသင်တန်းဆင်းပွဲကျင်းပ



ဝန်းသို      မတ်     ၂၃
          စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊၀န်သိုမြို့နယ်၊ ဦးအောင်မြတ်ခန်းမတွင် မတ်လ(၃၀)ရက်နေ့တွင် စတင်ဆောင်ရွက်မည့် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး စာရင်းစစ်/ကောက် သင်တန်းဆင်းပွဲအခမ်းအနားကို  ယမန်နေ့ နေ့လည်(၂)နာရီက ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဌ ဦးသိုက်ဝေဖြိုးကအဖွင့်အမှာစကားပြောကြားပြီး လုပ်ငန်းလိုအပ်ချက်များအပေါ် လမ်းညွှန်မှာကြား ခဲ့သည်။(ပုံ)
          အဆိုပါအခမ်းအနားသို့ မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊မြို့နယ်ကော်မတီ(၆)ရပ်မှ ကော်မတီအဖွဲ့ဝင်များ၊လူမှုရေးအသင်းအဖွဲ့ဝင်များ၊  ရပ်ကွက်/ကျေးရွာ အုပ်စု သန်းခေါင်စာရင်းကော်မတီဝင်များ၊သင်တန်းသား/သင်တန်းသူ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။
တင်ထွန်းဦး
သတင်းပေးပို့သူ     -    ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
 

0 comments: