``မကွေးမြို့မဈေးကြီး မီးလှန့် ဇာတ်တိုက်လေ့ကျင့်၍ လက်တွေ့မီးငြိမ်းသတ်´´

မကွေးမြို့၊ ဈေးလယ်စိုးရပ်ကွက်၊ မြို့မဈေးကြီးတွင် မတ်(၈)ရက်၊ နံနက်(၉း မှ ၉း၁၅)နာရီအချိန်၌ မီးလှန့် ဇာတ်တိုက်လေ့ကျင့်၍ မီးငြိမ်းသတ်ခြင်းကို သတင်းမှတ်တမ်းဓာတ်ပုံများ ရယူခဲ့သည်။ မကွေးမြို့မဈေးကြီးအတွင်း၌ မတ်(၈)ရက်၊ နံနက်(၉း မှ ၉း၁၅)နာရီအချိန်မှာ အမှိုက်မီးရှို့၍ မီးခိုးများ တက်လာစဉ် မကွေးမြို့နယ်မီးသတ်တပ်ဖွဲ့မှ မြို့နယ်မီးသတ်တပ်ဖွဲ့မှူး ဦးကျော်သိန်းနှင့် မီးသတ်ယာဉ် ကား(၃)စီး၊ သန္တေမီးသတ်တပ်ဖွဲ့(၂၀)ဦး၊ အရံမီးသတ်တပ်ဖွဲ့(၃၀)ဦးနှင့် မီးသတ်တပ်ဖွဲ့အင်အားစုစုပေါင်း(၅၀)ဦးတို့ အချိန်မီ ရောက်ရှိလာကြောင်း၊ မီးလောင်စဉ်လုံခြုံရေးအတွက် မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဝင်းချစ် နှင့် ရဲတပ်ဖွဲ့ဝင်(၁၀)ဦး၊ မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ရှိသူနှင့် ၀န်ထမ်းများ(၂၀)ဦး၊ မြို့မဈေးကော်မတီ(၄)ဦး နှင့် ဈေးလယ်စိုးရပ်ကွက် ဥက္ကဋ္ဌ ဦးအောင်ကျော်ညွန့် နှင့် အဖွဲ့ဝင်(၃)ဦး၊ အရံ မီးသတ်တပ်ဖွဲ့ဝင်(၃၀)ဦးတို့လာပြီး ၀ိုင်းဝန်းမီးငြိမ်းသတ်ကြောင်း သတင်းမှတ်တမ်းဓာတ်ပုံများ ရယူခဲ့သည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: