
မင်းဘူး မတ် ၁၅
မင်းဘူးမြို့ အမှတ်(၁)ရပ်ကွက် မတ်လ(၁၅)ရက်နေ့က သနပ်ခါးတောရပ်တွင်နေထိုင်သူ မောင်အောင်ခိုင်(ခ)ဖိုးနီသည် နေအိမ်တွင် တစ်ဦးတည်းရှိနေရာမှ ထမင်းချက်ပြုတ်စားသောက်ကာ မီးငြိမ်းသတ်ပြီး နေအိမ်အပြင်ဘက်သို့ ထွက်သွားစဉ် မီးကြွင်းမီးကျန်မှတဆင့် နေလယ်(၃)နာရီခန့်တွင် မီးလောင်ကျွမ်းခဲ့ရာ (၁၅၃၀)ချိန်တွင် မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှတွင် ၃ပင်၂ပင်မြေစိုက်ထရံကာ သွပ်မိုး ၀ါးကြမ်းခင်းတဲအိမ် တလုံး၊၁၂×၁၂ ပေ ပတ်လည် ၀ါးကြမ်းခင်းထရံကာ သက်ကယ်မိုး မြေစိုက်တဲအိမ်သုံးလုံး မီးလောင်ကျွမ်းခဲ့ပြီး ကာလတန်ဖိုး ၁၃၀၀၀၀ကျပ်ခန့် မီးလောင်ဆုံးရှုံးခဲ့သဖြင့် မီးအားပေါ့ဆစွာ သုံးစွဲသူ မောင်အောင်ခိုင်(ခ)ဖိုးနီအား အရေးယူထားကြောင်းသိရှိရသည်။
အဆိုပါမီးလောင်ကျွမ်းရာသို့ တာဝန်ရှိသူများရောက်ရှိကြပြီး မင်းဘူးမီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်၃စီး မကွေးမှ မီးသတ်ယာဉ်၁စီး မန်းရေနံမြေမှမီးသတ်ယာဉ်၁စီး မြို့နယ်စည်ပင်မှ မီးသတ်ယာဉ်၁စီးတို့ဖြင့် မီးငြိမ်းသတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
သူရထွန်း(မကွေး)
သတင်းပေးပို့သူ - ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
0 comments:
Post a Comment