
မကွေး မတ် ၃
မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်နှင့် တောင်တွင်းကြီးမြို့များရှိ မြို့မဈေးများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမောင်မောင်အောင် နှင့်အဖွဲ့သည် ယမန်နေ့က သွားရောက်စစ်ဆေးခဲ့ရာ မြို့မဈေးများအတွင် အမြှင့်တင်ရေစင်များကောင်းမွန်မှုနှင့် မြေအောက်ရေကန်များ၊ အရေးပေါ် မီးသတ်ရေငုတ်များ၊မီးသတ်ဒိုင်းရှင်းစက်များ၊မီးသတ်ဆေးဘူးများ ပြည့်စုံ ကောင်းမွန်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ ဆောင်ရွက်ရန်လိုအပ်သည်များကို လမ်းညွှန်မှာ ကြားခဲ့သည်။

အောင်လံမြို့နှင့် တောင်တွင်းကြီးမြို့များရှိ စည်ပင်သာယာရေးကောမတီဝင်များ၊ဈေးကော်မတီဝင်များ၊ ရပ်မိ/ရပ်ဖများ၊ ဈေးအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ မှ လိုက်ပါ စစ်ဆေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး( IPRD )
သတင်းပေးပို့သူ - ဦးတင်ထွန်းဦး (တိုင်းဒေသကြီးပြန်/ဆက်)
0 comments:
Post a Comment