` မကွေးမြို့ မြသလွန်စေတီ တိုးချဲ့ရင်ပြင်တော်တွင်

` မကွေးမြို့ မြသလွန်စေတီ တိုးချဲ့ရင်ပြင်တော်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့်အများပြည်သူများ၏ မဟာဝိဇယရံသီ/မဟာအတုလရံသီတန်ဆောင်းတော် ရေစက်ချပွဲနှင့် (ဒုတိယအကြိမ်) စုပေါင်းဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်း´ သြဂုတ်(၂)ရက်။ ၀ါဆိုလပြည့်နေ့၊ နံနက်(၉)နာရီအချိန်တွင် မကွေးမြို့ မြသလွန်စေတီ တိုးချဲ့ရင်ပြင်တော်ပေါ်၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်အများပြည်သူများသည် သမိုင်းဝင် မြသလွန်စေတီတော်ရင်ပြင်တိုးချဲ့ခြင်း၊ မဟာဝိဇယ ရံသီ တန်ဆောင်းတော်၊(စေတီတောင်ဘက်) ၊ မဟာအတုလရံသီတန်ဆောင်းတော်(စေတီမြောက်ဘက်) တန်ဆောင်းတော် အသစ်များ ရေစက်ချပွဲအား မဟာဝိဇယ ရံသီတန်ဆောင်းတော်အတွင်း ကျင်းပကြောင်းသိရသည်။ ၎င်း ရေစက်ချပွဲနှင့် အတူ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (ဒုတိယအကြိမ်) စုပေါင်းဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းသော မင်္ဂလာ အခမ်းအနား ကျင်းပကြောင်း သိရ၏။ မကွေးမြို့မြသလွန်စေတီတော်မြတ်ကြီး၏ တောင်ဘက် မြောက်ဘက် ရင်ပြင်တော်တိုးချဲ့ခြင်းနှင့် ယခု အာရုံခံ တန်ဆောင်းများ အသစ်တည်ဆောက်ခြင်းများအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြသလွန်စေတီတော် သြ၀ါဒဆရာတော်ကြီးများထံသို့ လျှေက်ထားသြ၀ါဒခံယူပြီး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ မကွေးတိုင်းဒေသကြီးအစိုးရ ၀န်ကြီးချုပ် သီရိပျံချီ ဦးဘုန်းမော်ရွှေ၏ ဦးဆောင်လမ်းညွှန်ချက်အရ မြသလွန်စေတီတော်ဘုရားဂေါပကအဖွဲ့မှ အနီးကပ်ကြီးကြပ်၍ ဆောက်လုပ်ခဲ့ကြောင်းသိရသည်။ စတင်မဆောက်လုပ်မှီ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒုတိယ၀န်ကြီး ဦးကျော်လွင်၊ ဦးဝင်းဖေ( ဒု ဦးဆောင်ညွှန်ကြားရေးမှူး၊) (ပြုပြင်ထိန်းသိမ်းရေး) ပုံထုတ် ခန့်မှန်း သုတေသနဦးစီးဌာနနှင့် ဗိသုကာဦးစီးဌာနမှ ကျွမ်းကျင်အင်ဂျင်နီယာများလာရောက် ကြည့်ရှုကြသည်။ ထို့နောက်အကြို အင်ဂျင်နီယာများဆောင်ရွက် ရန် (၁၉-၉-၂၀၁၁)တွင် မကွေးမြသလွန်စေတီတော်မြတ်ကြီး၏ လက်ရှိရင်ပြင်တော်ကို ကွင်းဆင်း တိုင်းတာလေ့လာ ခဲ့ကြသည်။ ထို့နောက် ပထမ အဆင့်အနေဖြင့် (၂၂-၆-၂၀၀၉)နေ့တွင် တိုးချဲ့ဖွင့်လှစ်ခဲ့သော အနောက်ဘက်ရင်ပြင်တော် တိုးချဲ့စဉ်က စမ်းသပ်ရရှိပြီး အချက်အလက်များပေါ်တွင် တည်ဆောက်မှု ပုံစံများကို ရေးဆွဲခဲ့ကြပါသည်။ မြေသန့်မဂ်လာ အခမ်းအနားကို (၇-၁၀-၂၀၁၀) နေ့တွင်ကျင်းပ၍ ပန္နက်တင်မဂ်လာအခမ်းအနားကို (၁၂-၁၀-၂၀၁၁)နေ့တွင်ကျင်းပခဲ့သည်။ ထို့နောက် ၎င်းလုပ်ငန်းများကို High Tech Concrete Technology Co, Ltd သို့ပေးအပ်၍ တည်ဆောက်ခဲ့ပါသည်။ ၎င်း လုပ်ငန်းများကို မကွေးတိုင်းဒေသကြီး အင်ဂျင်နီယာမှူးကြီး၊ ခရိုင်အင်ဂျင်နီယာမှူး၊ မကွေးမြို့နယ်လက်ထောက် အင်ဂျင်နီယာနှင့် အငယ်တန်းအင်ဂျင်နေယာများမှ လုပ်ငန်းခွင်အား အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့သည်။ မဟာအတုလရံသီတန်ဆောင်းတော် (စေတီမြောက်ဘက်) မှာ (၂)ထပ်ဖြစ်ပြီး အလျား (၁၀၈)ပေ၊ အနံ (၃၀)ပေ အကျယ်ရှိ၍ RC အဆောက်အဦးဖြစ်သည်။ ထို တန်ဆောင်းအား ငွေကျပ်(၃၈၇၆.၈၈)သိန်းသုံးစွဲ၍ (၁၅-၁၀-၂၀၁၁) နေ့တွင်စတင်ပြီး (၃၀-၄-၂၀၁၂)နေ့မှာ လုပ်ငန်းပြီးစီးခဲ့ကြောင်းသိရ၏။ မဟာဝိဇယရံသီ တန်ဆောင်းတော် (စေတီတောင်ဘက်) တန်ဆောင်းတော်မှာ (၃)ထပ်ဖြစ်၏။ အလျား(၇၂)ပေ၊ အနံ(၄၅)ပေ အကျယ်ရှိ၍ RC အဆောက်အဦးဖြစ်သည်။ ထိုတန်ဆောင်းအားငွေကျပ်(၆၁၀၈.၉၁)သိန်းသုံးစွဲ၍ (၁၅-၁၁-၂၀၁၁)နေ့တွင်စတင်ပြီး (၃၁-၇-၂၀၁၂) နေ့မှာ လုပ်ငန်းပြီးစီးခဲ့ကြောင်းသိရသည်။ ဤတန်ဆောင်းတော်ကြီးနှစ်ဆောင် ဆောက်လုပ်ရန်အတွက် အများပြည်သူများ၏ စုပေါင်းလှူဒါန်းငွေများမှာ ငွေကျပ်(၉၉၈၅၇၉.၀၀) သိန်းပေါင်း ဖြစ်ကြောင်း ထိုအခမ်းအနားမှ မြသလွန်စေတီတော် ဂေါပကဥက္ကဋ္ဌ ဦးမင်းအေးလွင် (မကွေးခရိုင်အုပ်ချုပ်ရေးမှူး) မှ ရှင်းလင်းပြောကြား၍ သိရသည်။ ယင်းအခမ်းအနားအား မြသလွန်စေတီတော်သြ၀ါဒဆရာတော်ကြီးများကြွရောက်ပြီး ပရိပ်တရားတော်များရွတ်ဖတ် ပူဇော်၍ သာဓုအနုမောဒနာခေါ်ဆိုကြသည်။ မဟာဝိဇယရံသီတန်ဆောင်တော်(အသစ်)ကြီးကို မြသလွန်စေတီတော် သြ၀ါဒဆရာတော်ဘုရားကြီးများမှ ဥက္ကဋ္ဌ သြ၀ါဒဆရာတော်ဘုရားမှ စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။ ဤ မင်္ဂလာအခမ်းအနားသို့ မြန်မာနိုင်ငံအစိုးရအဖွဲ့မှ ပြည်ထောင်စုဝန်ကြီး များ ဖြစ်ကြသော အမှတ်(၁)လျှပ်စစ် ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းနှင့် ဒုတိယ၀န်ကြီး၊ သာသနာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယ ၀န်ကြီးဦးမောင်မောင်ဌေး(ဒေါက်တာမောင်မောင်ဌေး) တို့တက်ရောက်ကြောင်းသိရသည်။ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် သီရိပျံချီ ဦးဘုန်းမော်ရွှေ နှင့်ဝန်ကြီးအဖွဲ့၊ မြသလွန်စေတီတော် ဂေါပကအဖွဲ့၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော် အလှူရှင်များ တက်ရောက်ဖွင့်လှစ်ကြ၍ တန်ဆောင်းတော်ကြီးများ၏ ကမ္ပည်းမော်ကွန်း မှတ်တမ်းအား မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် သီရိပျံချီ ဦးဘုန်းမော်ရွှေမှ စက်ခလုပ်နှိပ်၍ဖွင့်လှစ် ပေးသည်။ ဤနေ့ထူးနေ့မြတ် ၀ါဆိုလပြည့်နေ့တွင် မြသလွန်စေတီတော်ရင်ပြင်ပေါ်မှာ ဘုရားဖူးပရိတ်သပ်များလည်း ကြက်ပျံမကျ စည်ကားနေကြောင်း မြန်မာအင်ဒီပဲန်ဒင့် မှ တွေ့မြင်သတင်းရရှိခဲ့ပါသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ` မကွေးမြို့ မြသလွန်စေတီ တိုးချဲ့ရင်ပြင်တော်တွင် ini dipublish oleh shwelannwelanwinkyi pada hari Sunday, August 5, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ` မကွေးမြို့ မြသလွန်စေတီ တိုးချဲ့ရင်ပြင်တော်တွင်
 

0 comments: