`မကွေးမြို့(၁၀)တန်းဘော်ဒါကျောင်း(တစ်ကျောင်း) …….မှ (၁၆)နှစ် ကျောင်းသူလေးတစ်ဦး ပျောက်ဆုံးနေ၍ ကူညီပေးကြပါ…´

စက်တင်ဘာ(၂၀)။ ဖြစ်စဉ်မှာ စက်တင်ဘာ(၁၅)ရက်၊နေ့လည် (၃း၁၅)နာရီအချိန်တွင် ……………ဘော်ဒါကျောင်းမှာ (၁၀)တန်းကျောင်း ဘော်ဒါအုပ် ဆရာဦးသိန်းလွင်မှ (၁၀)တန်းကျောင်းသူ မမေသဇင်သက်(ခ) မဒီ (ဓာတ်ပုံပါအတိုင်း) အသက်(၁၆)နှစ်၊(အထက-၄၊မကွေး) ကျောင်းသူလေးအား စာမေးသည်ဆို၏။ ၎င်းကျောင်းသူလေးမှ စာမရ၍ မဖြေဆိုနိုင်ခြင်းကြောင့် ဘော်ဒါအုပ် ဆရာဦးသိန်းလွင်သည် ကျောင်းသူလေးအား ဒုတ်ဖြင့် တစ်ချက်ရိုက်၍ ဆုံးမသည်ဟု သိရသည်။ ထို့ကြောင့် ၎င်းကျောင်းသူလေးမှာ ဘော်ဒါဆောင်အတူနေ ကျောင်းသူ ကျောင်းသားများ၏ အလယ်တွင် အရိုက်ခံရ၍ ရှက်စိတ်၊ ကြောက်စိတ်များဖြင့် မကွေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်၊ (၁၀)လမ်းရှိ ……………ဘော်ဒါကျောင်းမှ ထွက်ပြေးသွားသည်ဟုသိရသည်။ ယနေ့ (၂၀-၉-၂၀၁၂) သတင်းရေးနေချိန်အထိ ရှာ၍မတွေ့ကြောင်း သတင်းရရှိသည်။ ၎င်း(၁၅-၉-၂၀၁၂)နေ့တွင် မကွေးမြို့ဧရာဝတီတံတားပေါ်မှ (အမျိုးသား/အမျိုးသမီးမသိ) လူတစ်ယောက် ခုံချသည်ဟု (ကောလ ဟာလသတင်း)များ ထွက်နေကြောင်း ကြားသိရပါသည်(ယင်းတံတားပေါ်မှ ခုံချခြင်းအမှုအား သက်ဆိုင်ရာသို့ စုံစမ်းရာ ၎င်းနေ့ နံနက်(၁)နာရီခန့်အချိန်တွင် လူတစ်ဦး တံတားပေါ်မှခုံချကြောင်း၊ ထိုလူအားရေငုတ်၍ ရှာသော်လည်း မတွေ့ရကြောင်း ကမ်းနားတွင် ၀ိုင်းကြည့်သူတစ်ဦးမှပြော၍ သိရှိရသည်။ ထိုသေဆုံးသူအားလည်း ယနေ့အထိ ရှာမတွေ့သေးကြောင်း သိရသည်။ ၎င်း အမည်မသိ တံတားပေါ်မှ ခုံချသူအား သက်ဆိုင်သူ မိဘ၊ ဆွေမျိုးများ တစ်ဦးတစ်ယောက်မျှ ကာယကံရှင်မပေါ်၍ သက်ဆိုင်ရာတွင် သေမှုသေခင်းဖွင့်ဆိုထားခြင်း မရှိပါကြောင်း သိရသည်။ ထို့ကြောင့် ယင်းကိစ္စအား သတင်းအတည်ပြုချက် မရပါ။) ယခုဖြစ်စဉ် ကျောင်းသူ မမေသဇင်သက် ဘော်ဒါဆောင်မှ ထွက်သွားချိန်မှာ ညနေ(၃)နာရီကျော်အချိန်ခန့်တွင် ဖြစ်ကြောင်း ကြားသိရပါသည်။ ထို့ကြောင့် သက်ဆိုင်သူမိဘ၊ ဆရာသမားများနှင့် သတင်းကြားသိရသူ သူငယ်ချင်းများ၊ မိတ်ဆွေများမှာ စိုးရိမ်သောကများနေကြသည်ဟု သိရှိရသည်။ ၎င်းကျောင်းသူလေး မမေသဇင်သက် ပျောက်ဆုံးနေခြင်း အား ပြန်လည်တွေ့ရှိနိုင်ရန်အတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များနှင့် ………….ဘော်ဒါအုပ် ဆရာဦးသိန်းလွင်တို့ပူးပေါင်းပြီး ကြိုးစား၍ ရှာဖွှေနေကြကြောင်း၊ ယင်းဘော်ဒါဆောင်ပိုင်ရှင် အမျိုးသမီးမှ စက်တင်ဘာ(၁၆)ရက်နေ့တွင် မြန်မာပို့စ်မှ သွားရောက်စုံစမ်းစဉ်မှာ ပြောပါသည်။ ၎င်း မကွေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်၊ (၁၀)လမ်းရှိ ……………ဘော်ဒါကျောင်းတွင် အသက်(၁၆)နှစ်၊ (၁၀)တန်းကျောင်းသူတစ်ဦး ထွက်ပြေးပျောက်ဆုံးခြင်း အမှုအား ၎င်းကျောင်းသူ၏ မိခင်ဖြစ်သူ ဒေါ်သင်းသင်းမော် (အထက်မင်းလှမြို့)မှ (၁၅-၉-၂၀၁၂)နေ့တွင် မကွေးမြို့၊ အမှတ်(၂) ရဲစခမ်းတွင် လူပျောက်မှု အမှတ်စဉ် ၄/၁၂ ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။ အထက်ပါသတင်းနောက်ဆက်တွဲအား မကွေးအမှတ်(၂) ရဲစမခန်း သို့ ၀င်ရောက်စုံစမ်းရာ ယနေ့ စက်တင်ဘာ(၂၀)ရက်နေ့အထိ အဆိုပါကျောင်းသူလေး မမေသဇင်သက်(ခ) မဒီ ကို ပြန်လည်မတွေ့ရှိသေးကြောင်း တာဝန်မှူးနှင့် ဂတ်စာရေးကြီးတို့မှ ဖြေဆိုပါသည်။ စက်တင်ဘာ (၂၀)ရက် နေ့(၁၂း၁၅) မိနစ်အချိန်တွင် ပျောက်ဆုံးနေသော မမေသဇင်သက် ၏ ဖခင် ဦးမောင်မောင်သက် နှင့် မိခင် ဒေါ်သင်းသင်းမော်တို့က မြန်မာပို့စ် သို့ လာရောက်၍ အကူအညီတောင်းခံပါသည်။ `ကျွန်တော့်သမီးလေးကို အဲဒီ…………ဘော်ဒါကို (၉)တန်း ဂေဇက်မထွက်ခင်ကစပြီးအပ်ခဲ့တာပါ။ (၁၀)တန်းနှစ်သစ်ပါ။ ယခုအဲဒီဘော်ဒါမှာ (၆)လလောက်ရှိပါပြီ။ ကျွန်တော်တို့ကိုယ်စား ဘော်ဒါအုပ် ဆရာဦးသိန်းလွင် တို့ကို မိဘသဖွယ် ပြုစုစောင့်ရှောက်ဖို့ ယုံကြည်စွာနဲ့ အပ်နှံထားခဲ့တာပါ။ ယခုတော့ပျောက်သွားတာ(၆)ရက်ရှိနေပါပြီ။ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးမှာ ခေါင်းမီးတောက်မတတ်ခံစားနေပါပြီ။ သမီးလေးတစ်ခုခုဖြစ်သွားခဲ့ရင် အဲဒီဘော်ဒါနဲ့ ဘော်ဒါအုပ် ဦးသိန်းလွင် တို့တာဝန်သာဖြစ်ပါတယ်။ ရှာနေတယ်လိုသာ ပြောနေကြတာဘဲဗျာ…။ ကျွန်တော့်သမီလေးကို တွေ့ရှိသူများအနေနဲ့ အမြန်ဆုံး ဆက်သွယ်ကူညီပေးကြပါလို့ မေတ္တာရပ်ခံပါတယ်..။ ဖုန်း ၀၉-၄၀၁၅၂၂၇၀၄ / ၀၉-၄၀၁၅၂၃၂၉၉ သို့ဆက်သွယ်ပေးကြပါ..။´ ဟု ဖခင် ဦးမောင်မောင်သက် မှ မြန်မာပိုစ် သို့ လာရောက်ပြောကြားပါသည်။
 

0 comments: