`မကွေးမြို့နယ်NLD (၂-၉-၂၀၁၂)နေ့ ညီလာခံကော်မရှင် ပြန်လည်ရွေးချယ်ရေး ဗဟိုမှ လက်မခံ´

(၂-၉-၂၀၁၂) နေ့ နံနက်(၁၀)နာရီအချိန် မကွေးမြို့ မြင်သာရပ်ကွက် မဲထီလမ်းရှိ မကွေးမြို့နယ် NLD ရုံးအစည်းအဝေးခမ်းမ တွင် မကွေးမြို့နယ်NLD ညီလာခံကော်မရှင် ပြန်လည်ရွေးချယ်ရန်ဆွေးနွေးကြကြောင်းသတင်းရရှိ ပါသည်။ မြို့နယ်NLD အဖွဲ့ဝင်(၁၀၀)ခန့်နှင့် ခရိုင်ညီလာခံအဖွဲ့တို့တက်ရောက်ကြောင်းသိရ၏။ ကော်မရှင်ရွေးချယ်ရေးကိစ္စ၊ မြို့နယ်အဖွဲ့ဝင်များတစ်ဦးချင်း ပွင့်လင်းမြင်သာစွာ ဆွေးနွေးတိုင်ပင်ကြသည်။ မကွေးမြို့နယ် ညီလာခံကော်မရှင် ပြန်လည်ဖွဲ့စည်းရေးကို မဖွဲ့စည်းဖြစ်တော့ကြောင်း၊ NLD အဖွဲ့ဝင် ဦးရဲတင့်မှ ဤသို့ပြောကြားသည်။ `ပြန်လည်ဖွဲ့စည်းဖို့ရန်အတွက် NLD ဗဟိုမှ လက်မခံတဲ့အတွက် မဖွဲ့စည်းကြတော့ဘူး၊ နောက်ထပ် ထပ်တိုးဖို့ရန်အတွက် လည်း ထပ်မံပြီး မတိုးချင်တဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)ကချမှတ်ထားတဲ့အတိုင်း မြို့နယ်ကော်မရှင်(၁၆) ယောက်ပဲ ထားပြီး သူတို့က ရုံးလုပ်ငန်းများကိုသာဆက်လက်လုပ်ကိုင်ကြတော့မယ်ဆိုပြီး သဘောတူကြတယ်။ အဲ နောက်ဆက်တွဲအရေးကြီးတာတစ်ခုပြောအုံမယ်။ တော်ကြာ သတင်းထောက်ကို သူတို့ကရစ်နေကြအုံးမယ်။ ယခု ခရိုင်အဖွဲ့ကနေ ဖွဲ့စည်းပေးထားတဲ့ ကော်မရှင်ကို မကြေနပ်ကြတဲ့အကြောင်း မြို့နယ်အဖွဲ့ကနေ NLDဗဟိုသို့စာရေးပြီး ဆက်လက်တင်ပေးသွားမယ်လို့ ပြောကြပါတယ်။´ဟု ဦးရဲတင့်မှ ပြောကြား၍ သတင်းရယူခဲ့ပါသည်။
 

0 comments: