`မကွေးမြို့နယ်မှ မြေယာမဲ့တောင်သူ(၄၃) ဦးတို့ ၏ သီးနှံများကို အချိန်မီ ရိတ်သိမ်းခွင့်မရ၍ အတိဒုက္ခရောက်နေကြောင်း မီဒီယာရှင်းလင်းပွဲ´
ဧပြီ(၂)နေ့မှာ မကွေးမြို့နယ် ကမ်းရင်ကျေးရွာနှင့် သဖန်းဆိပ်ကျေးရွာတို့၏ အငြင်းပွားနေသော ကွင်းအမှတ်(၁၆၂၉) မြေနုကျွန်းပေါ်တွင် ကမ်းရင်ကျေးရွာမှ မြေယာမဲ့တောင်သူ(၄၃) ဦးတို့ ၏ စိုက်ပျိုးထားခဲ့သော သီးနှံများကို အချိန်မီ ရိတ်သိမ်းခွင့်မရကြောင်း ရှင်းလင်းပွဲလုပ်ကြသည်ဟု သတင်းရရှိသည်။
အဆိုပါကိစ္စကို ကမ်းရင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဇင် အား စတင်မေးမြန်းကြည့်ရာ..၊ ဦးကျော်ဇင်က ဤသို့ဆို၏။
``ဒီကိစ္စကို ဧပြီလ(၁)ရက်နေ့က မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး နဲ့ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးကပြောပါတယ်။ ဒီမြေနုကျွန်းပေါ်မှာ စိုက်ပျိုးထားတဲ့ သီးနှံတွေကို ရိတ်သိမ်းဖို့ကိစ္စအတွက် ဘုံအဖွဲ့တစ်ဖွဲ့ထားပေးမယ်။ လက်ခံမလား။ အဲဒီဘုံအဖွဲ့က ကြီးကြပ်ပြီး သိမ်းဆည်းရတဲ့ သီးနှံအရေအတွက်တွေကို ကမ်းရင်ရွာက သီးနှံကိုလည်း ဘုံအဖွဲ့ကိုအပ်ရမယ်။ သဖန်းဆိပ်ရွာ က သိမ်းဆည်းတဲ့ သီးနှံတွေကိုလည်း ဘုံအဖွဲ့ကိုဘဲအပ်ရမယ်လို့ပြောပါတယ်။ ဘုံအဖွဲ့က ခေတ္တထိမ်းသိမ်း ထားမယ်။ နောက်ကိစ္စတွေကို တရားရုံးက ဆုံးဖြတ်ချက်ချပြီးမှ လိုအပ်သလို ဆက်လက်ဆောင်ရွက်ပေးမယ်လို့ ကျွန်တော့်ကိုပြောပြပါတယ်။ ကမ်းရင်ရွာက တောင်သူတွေ ကတော့ မိမိစိုက်ပျိုးထားတဲ့သီးနှံတွေကို မိမိတို့ဘာသာ သိမ်းယူချင်ကြတယ်လို့သာ ကျွန်တော့်ကိုပြောကြပါတယ်။ သူတို့ပြောတာက ဘုံအဖွဲ့ကနေသိမ်းဆည်းရင် စရိတ်စားခတွေ ထပ်ကုန်ကျမှာကို ကြောက်တယ်။ အချိန်အကြာကြီးစောင့်နေရပြီး စားစရာမရှိတာထက် ကြွေးပူခံနေရ မှာတွေကိုလည်း ကြောက်တယ်လို့ဆိုကြပါတယ်။ ပထမ ဆုံးသွားတဲ့ နှမ်းပန်းတွေကလည်း ဖေဖော်ဝါရီလထဲတုန်းက အချိန်မီ မသိမ်းဆည်း လိုက်ရလို့ ဆုံးရှုံးသွားခဲ့ရပါတယ်။ ယခု သိမ်းဆည်းဖို့ ကျန်တဲ့ နေကြာ နဲ့ မြေပဲကိုတော့ အချိန်မီ မသိမ်းဆည်းလိုက်ရလို့ ထပ်မံဆုံးရှုံးရမယ်ဆို ရင် တရားဝင်ဆန္ဒဖော်ထုတ်ဖို့ ကျွန်တော့်ဆီကို တောင်သူ(၄၃)ဦးက၀ိုင်းပြီး ခဏ ခဏလာပြီး ပြောဆိုနေကြပါတယ်။ ကျွန်တော်က ဆန္ဒမပြဖို့၊ တရားဥပဒေနဲ့ အညီသာ လိုက်နာလုပ်ဆောင်ကြဖို့ တောင်သူတွေကို ထိမ်းသိမ်းပြောဆိုထားရပါတယ်..။´´ ဟု ကမ်းရင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဇင် မှ ပြောည်။
တောင်သူများ စိုက်ပျိုးထားသော မြေနုကျွန်းကွင်းရှိ သီးနှံခင်းများသို့ သွားရောက်ခဲ့သည်။ ဖေဖော်ဝါရီလအတွင်းက ဆုံးရှုံးသွားသော ပန်းနှမ်းခင်းများနှင့် ယခု လောလောလတ်လတ် သိမ်းဆည်းချိန်ကျရောက်နေသော နေကြာခင်း နှင့် မြေပဲခင်းများသို့ သွားရောက်ပြီး မြေယာမဲ့တောင်သူ ဒေါ်နု နှင့် တောင်သူ ဦးအောင်မင်း တို့ကို တွေ့ခဲ့ရာ..၊
`` ကျွန်တော့်နာမည်အောင်မင်းပါ။ ဒီ(၄၃)ဦးထဲက မြေယာမဲ့တောင်သူတစ်ဦးပါ။ ကျွန်တော်တို့ မိသားစုတွေက လက်လုပ်လက်စားသမားတွေဆိုတော့ ကြွေးရှင်တွေကလည်း အချိန်ကျရောက်လာနေလို့ ပူနေကြပါပြီ။မိသားစုတွေမှာ ငိုမဖွယ် ရယ်မရကိုဖြစ်နေကြရတယ်။ စားစရာမရှိရတဲ့အထဲ ကြေးပူနေတော့ ရွာထဲကို မသွားရဲပါဘူးဗျာ..။ သီးနှံဖော်ချိန်ရောက်နေတာကို သက်ဆိုင်က ဖော်ခွင့်မပြုလို့ မြင်ရတဲ့အတိုင်း ပန်းနှမ်းတွေကလဲ ဆုံးရှုံးခဲ့ရပါပြီ ။ ယခု နေကြာကလည်း တစ်ဝက်လောက်ဆုံးရှုံး လေလွင့်နေပါပြီ...။ မြေပဲကလည်း ဒီရက်ထက် နောက်ကျရင် ဆုံးကုန်ဦးတော့မယ်ဗျာ။ ဆုံးသွားတဲ့ ပန်းနှမ်း တန်ဘိုးငွေကို ခန့်မှန်းတွက်ကြည့်ရင် သိန်း(၃၀)လောက်ရှိပါ့မယ်။ ဒီအထဲက တောင်သူ(၄၃)ဦးလုံးက ဘယ်သူမှ နွားလှည်းမရှိကြပါဘူးဗျာ.။ ဒီစိုက်ပျိုးစရိတ် သွင်းဖို့ငွေကို ချေးရပါတယ်။ ချေးငွေတစ်ရာကို တစ်ဆယ် အတိုးပေးရပါတယ်။´´ ဟု တောင်သူဦးအောင်မင်း ကပြောသည်။
``ကျမနာမည် မနု ပါတော်..။ ပန်းနှမ်းတွေကလည်း သိမ်းဆည်းခွင့်မရလို့ ဆုံးကုန်ခဲ့ပြီ။ ယခု နေကြာကလည်း ကြွေကျလာ ကုန်ပြီ၊ ဆုံးရှုံးရတော့်မယ်။ မြေပဲကလည်း ဟိုဘက်က အခင်းတွေဆို သိမ်းပြီးကုန်ကြပြီလေ..။ ကျမတို့ဘ၀ ဘယ်လို လုပ်ရမယ်ကိုး မသိတော့ဘူး။ ငတ်တာကတစ်မျိုး၊ စိုက်ပျိုးစရိတ်သွင်းငွေ ချေးပြီးလုပ်ရတာဆိုတော့ ကြွေးရှင်တွေလာရင် မျက်နှာကပူ၊ ငိုချင်စိတ်ကိုပေါက်နေပါတယ်တော်..။ ကျမတို့ တစ်တွေရဲ့ဘ၀ တော်တော်ကံဆိုးပါတယ်။ ဘာငွေ ဘာမြေမှလည်း မရှိပါဘူးတော်..။ ဒီသီးနှံတွေကိုသာ ဖော်ခွင့်မရရင်တော့် သူများတွေနဲ့အတူ မြို့တက်ပြီး ဆန္ဒပြရမှာဘဲ..။ ဟု မြေယာမဲ့ တောင်သူလက်လုပ်လက်စား ဒေါ်နု က ပြောသည်။
အဆိုပါ (အချိန်မီ)သီးနှံရိတ်သိမ်းခြင်းကိစ္စကို ဧပြီ(၃)ရက်နေ့အထိ သက်ဆိုင်ရာမှ တစ်စုံတစ်ရာ ဆောင်ရွက်ညှိနှိုင်း၍ မဆုံးဖြတ်ရသေးကြောင်း ကမ်းရင်ကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ စုံစမ်းသိရှိရပါသည်။
Artikel `မကွေးမြို့နယ်မှ မြေယာမဲ့တောင်သူ(၄၃) ဦးတို့ ၏ သီးနှံများကို အချိန်မီ ရိတ်သိမ်းခွင့်မရ၍ အတိဒုက္ခရောက်နေကြောင်း မီဒီယာရှင်းလင်းပွဲ´ ini dipublish oleh shwelannwelanwinkyi pada hari Monday, April 8, 2013. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan `မကွေးမြို့နယ်မှ မြေယာမဲ့တောင်သူ(၄၃) ဦးတို့ ၏ သီးနှံများကို အချိန်မီ ရိတ်သိမ်းခွင့်မရ၍ အတိဒုက္ခရောက်နေကြောင်း မီဒီယာရှင်းလင်းပွဲ´
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment