``မကွေးမြို့နယ်အတွင်း ဧပြီ(၂၃) ရက်နေ့မှာ (၁၅၀၀ိ)တန် ဖုန်း CDMA 800 MHz ဆင်းကဒ်ပေါင်း(၁၃၄၆) ရောင်းစာရင်း ဆက်သွယ်ရေးက စတင်ကြေငြာ´´
မကွေးတိုင်းဒေသကြီးအတွက် (၁၅၀၀ိ)တန်ဖုန်း CDMA 800 MHz ဆင်းကဒ်ပေါင်း ဧပြီလခွဲတမ်း(၁၅၀၀၀) ရရှိကြောင်း သတင်းရရှိသည်။ မကွေးမြို့နယ်အတွက် CDMA 800 Hmz ဆင်းကဒ်(၅၀၀၀)ရရှိသည်။ ဧပြီ(၂၁)နေ့အထိ လျှောက်ထားသူ လျှောက်လွှာ(၁၄၀၀)လက်ခံရရှိကြောင်း၊ အဆိုပါလျှောက်လွှာများမှ သတ်မှတ်မှတ်စည်းကမ်းချက်များနှင့်ပြည့်စုံသူ လျှောက်လွှာ(၁၃၄၆)ဦးကို ဧပြီ(၂၃)ရက်နေ့ညနေ(၄)နာရီတွင် မကွေးမြို့ ရွာသစ်ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ အော်တိုအိတ်ချိန်း မှာ စာရင်းများကပ်၍ ထုန်ပြန်ကြေငြာပေးသည်။ ဧပြီ(၂၄)ရက်နေ့မှစတင်၍ တစ်နေ့လျှင်ဖုန်းဆင်းကဒ်(၂၀၀)နှုန်းဖြင့် လျှောက်လွှာ နံပါတ်စဉ်အတိုင်း ဧပြီ(၃၀)ရက်နေ့အထိ နေ့စဉ်ရောင်းချပေးသွားမည်သိရသည်။ ၎င်း(၁၅၀၀ိ)တန် ဖုန်းဆင်းကဒ်များကို မကွေးမြို့ အစိုးရရပ် လမ်းငါးသွယ်လမ်းဆုံရှိ မကွေးတိုင်းဒေသကြီး လက်ထောက်မန်နေဂျာ ဆက်သွယ်ရေးရုံးမှာ ရောင်းချပေးမည်ဖြစ်ကြောင်း၊ ဖုန်းဆင်းကဒ်စာရင်းကြေငြာထားသော အော်တိုအိတ်ချိန်းရုံးမှ တာဝန်ခံအရာရှိ ဦးသန်းဦး နှင့်တွေ့ဆုံ၍ ပြောကြားချက်များမှ ကောက်နှုတ်ဖော်ပြချက်ဖြင့် သတင်းရယူခဲ့သည်။
`` ကျွန်တော်တို့ဆက်သွယ်ရေးက ဖုန်းလျှောက်လွှာတွေကို အခမဲ့ နမူနာ ပေးပါတယ်။ မိတ္တူပွားပြီး လျှောက်ထားနိုင်ကြပါ တယ်။ အချို့ကျေးရွာတွေမှာ ရောင်းတယ်ဆိုတာ ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး။ ယနေ့ကြေငြာပေးထားတဲ့(၁၃၄၆) ဦးထဲမှာ ၀န်ထမ်းတွေ မပါသေးပါဘူး။ ၀န်ထမ်းတွေကို ဒီလ(၂၆)ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားကြဖို့ သက်ဆိုင်ရာမှ စာထွက်အကြောင်းကြားထားပါတယ်။ ယနေ့စာရင်းက လျှောက်လွှာပေါင်း(၁၄၀၀)ထဲမှ (၁၃၄၆)ဦးကို ချပေးတာပါ။ ကျန်တဲ့လျှောက်လွှာတွေကို ပယ်ထားပါတယ်။ ဘာကြောင့်ပယ်တာလဲဆိုရင် မကွေးမြို့နယ် အိမ်ထောင်စုစာရင်းမဟုတ် သူများကိုပယ်ပါတယ်။ အိမ်ထောင်စု တစ်ခုမှာ တစ်ဦးနှုန်းနဲ့သာပေးပါတယ်။ အိမ်ထောင်စုစာရင်းတစ်ခုထဲက တစ်ဦးထက်ပိုနေသူတွေကို ပယ်ထားပါတယ်။ ဒါလည်း အားလုံးကို မျှမျှတတနဲ့ ရစေချင်လို့ပါ။ မကွေးမြို့နယ်အတွက် ခွဲတမ်း(၅၀၀၀)မှာ လျှောက်လွှာတင်သူ(၁၄၀၀)ဦးသာ ရှိပါတယ်။ နောက်လတွေမှာ ဒီလက်ကျန်စာရင်းပဲထားမလား ဆက်ပြီးခွဲတမ်းချပေးမလားဆိုတာတော့ မပြောနိုင်သေးပါဘူးခင်ဗျာ..´´ ဟု မကွေးတိုင်းဆက်သွယ်ရေး အော်တို အိတ်ချိန်းရုံးမှ အရာရှိ ဦးသန်းဦး က ပြောသည်။
Artikel ``မကွေးမြို့နယ်အတွင်း ဧပြီ(၂၃) ရက်နေ့မှာ (၁၅၀၀ိ)တန် ဖုန်း CDMA 800 MHz ဆင်းကဒ်ပေါင်း(၁၃၄၆) ရောင်းစာရင်း ဆက်သွယ်ရေးက စတင်ကြေငြာ´´ ini dipublish oleh shwelannwelanwinkyi pada hari Tuesday, April 23, 2013. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ``မကွေးမြို့နယ်အတွင်း ဧပြီ(၂၃) ရက်နေ့မှာ (၁၅၀၀ိ)တန် ဖုန်း CDMA 800 MHz ဆင်းကဒ်ပေါင်း(၁၃၄၆) ရောင်းစာရင်း ဆက်သွယ်ရေးက စတင်ကြေငြာ´´
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment