`` မကွေးပညာရေးကောလိပ်မှ သိမ်းဆည်းထားသော ယာမြေများကို ခြံဝန်းခတ်မည်ဆို၍ မကွေးမြို့နယ် နွားကူးကျေးရွာတောင်သူများက ငြိမ်းချမ်းစွာ စီတန်း၍ စောင့်ကြည့်နေကြ ´´
``မကွေးမြို့၊ တောင်တွင်းကြီးမြို့၊ မြို့သစ်မြို့များ၌ ဇွန်(၁)ရက်နေ့တွင် မေတ္တာရှင်ဆရာတော်၏ တရားစာအုပ်များမှ မေးခွန်းဖြင့် စာမေးပွဲပြုလုပ်မည် ဟုသိရ´´
``မကွေးမြို့နယ် ဇေယျာစမ်းကျေးရွာ ရေရရှိရေးအတွက် NLD(ဗဟို) မှ လာရောက်၍လှူးဒါန်း´´
မကွေးမြို့နယ် ကမ်းရင်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးအေးမြင့်အား တရားစွဲဆို ပထမအမှု အား (၂)လ ခွဲ ကျော်ကြာအထိ တရားခံအား ဖမ်းဆီးခြင်းမရှိ ဟုသိရ ´´
`` အစိုးရမူလတန်းကျောင်းအတွက် အသုံးပြုရန် ရွာပိုင်ရံပုံငွေများကို အလွှဲသုံစားပြုသူ မကွေးမြို့နယ် ကမ်းရင်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးအေးမြင့်အား တရားစွဲဆို
ပထမအမှု အား (၂)လ ခွဲ ကျော်ကြာအထိ တရားခံအား ဖမ်းဆီးခြင်းမရှိ ဟုသိရ ´´
(ပထမ အမှု)အား၂၀၁၃ ဖေဖော်ဝါရီ(၁၈)နေ့ကလည်း ကမ်းရင်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးအေးမြင့်အား အစိုးရမူလတန်း ကျောင်းနာယက အဖွဲ့ဝင် ဦးဖိုးဆိတ်က တရားလိုပြု၍ (ပ)၄၃/၂၀၁၃ ပုဒ်မ(၄၀၉) ဖြင့် မကွေးမြို့မရဲစခန်းတွင် အမှုဖွင့်ပြီး တရားစွဲဆိုထားခဲ့ကြောင်း၊ ကျေးရွာမူလတန်းပြင်ဆင်ရန်ငွေကျပ်(၂၁)သိန်းအား တရားခံဦးအေးမြင့်က ကိုယ်ကျိုးအတွက်သုံးစွဲထား၍ တရားစွဲဆိုခဲ့ကြောင်း၊ အဆိုပါအမှုကို ယနေ့မေ(၁၂)နေ့အထိ တရားခံအား ဖမ်းဆီးအရေးယူခဲ့ခြင်းမရှိသေးကြောင်း၊ တရားခံ ဦးအေးမြင့်အား လွှတ်ထားသောကြောင့် အဆိုပါအမှုအတွက် ပျက်ပြားစေရန် မတရားသက်သေများကို ငွေပေး၍ စည်းရုံးခြင်း၊ အမှန်ထွက်ဆိုမည့် ရွာသားသက်သေများကို ခြိမ်းချောက်ခြင်းများ ပြုလုပ်ဆောင်ရွက်ခံနေရကြောင်း၊ အဆိုပါကိစ္စအား မကွေးတိုင်းမှူးကြီးရုံး (၀၆၃-၂၈၀၈၈)ထံသို့ မတ်လ(၂၂)ရက် နေ့က တိုင်ကြားပြီးအကူအညီ တောင်းခဲ့သော်လည်း ဘာမျှမထူးခြားပါကြောင်း၊ အဆိုပါ အမှုနှင့်ပတ်သက်၍ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းသော်လည်း မကွေးမြို့နယ်ဥပဒေအရာရှိထံ အကြံပေးတင်ထား၍ ပြန်မကျသေးကြောင်း၊ မြို့နယ်တရားရုံးသို့ အမှုတွဲ မတင်နိုင်သေးကြောင်း၊ မကွေးမြို့နယ် ဥပဒေရုံး အရာရှိထံသို့ သွားရောက်မေးမြန်းသော်လည်း အမှုတွေများနေ၍ ၎င်းအမှုအား ပြန်မချနိုင်သေးကြောင်း၊ ယခု တစ်ရက်နှစ်ရက်အတွင်းမှာ ပြန်ချပေးမည်ဖြစ်ကြောင်း မကွေးမြို့နယ်ဥပဒေ အရာရှိ ဦးကျော်လွင် က ဖြေဆိုကြောင်း၊ ကမ်းရင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဟောင်း ဦးအေးမြင့်အနေဖြင့် ယခင်က ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ယူစဉ်အခါက ရဲစခန်း နှင့် တရားရုံးများကို အမြဲဝင်ထွက်ရင်းနှီးသူ ဖြစ်နေခြင်း၊ ကျေးရွာပိုင် အများပိုင်ငွေများအား လက်ဝယ်ကိုင်ဆောင်၍ သုံးစွဲနေနိုင်ခြင်းတို့ကြောင့် သက်ဆိုင်ရာမှ တရားခံအား ယနေ့အထိ မဖမ်းဆီးဘဲ အမှုကို နှစ်လခွဲကျော်ခန့် ကြာသည်အထိ အချိန်ဆွဲနေခြင်း ဖြစ်နိုင်ကြောင်း၊ ဒီကိစ္စကို သက်ဆိုင်ရာမှ တရားဥပဒေနှင့်အညီ ထိရောက်စွာ စစ်ဆေး အရေးယူပြီး ဆောင်ရွက်ပေးခြင်းမရှိလျှင် ဥက္ကဋ္ဌ တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းတည်ငြိမ်ရေးကော်မတီ ပြည်သူ့လွှတ်တော် နေပြည်တော် သို့ တိုင်ကြားရန် စီစဉ်နေပါကြောင်း ကမ်းရင်ကျေးရွာ အစိုးရမူလတန်းကျောင်း နာယက အဖွဲ့ဝင် တရားလို ဦးဖိုးဆိတ်က မေ(၁၂)ရက်နေ့ တွင် ပြောသည်။
ဒုတိယအမှု ကို မေ(၁၀) နေ့ နံနက်(၁၀)နာရီအချိန် မကွေးမြို့ မြို့မရဲစခန်းတွင် မကွေးမြို့နယ် ကမ်းရင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဟောင်း ဦးအေးမြင့်အား အုပ်ချုပ်ရေးမှူးအသစ် ဦးကျော်ဇင် က တရားလိုပြု၍ (ပ)၉၁/၂၀၁၃ ပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့်ပြီး (ဒုတိယ အမှု) စတင်တရားစွဲဆို သည်ဟု သတင်းရရှိသည်။ ဖြစ်စဉ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးအေးမြင့် သည် ကမ်းရင်ကျေးရွာအား သူတာဝန်ယူထမ်းဆောင်ခဲ့စဉ်အခါက အစိုးရ မူလတန်းကျောင်း မှ အလယ်တန်းကျောင်း ဖွင့်လှစ်ခွင့် ရစေနိုင်ရန် ကမ်းရင်ကျေးရွာပိုင် အများပိုင်ရံပုံငွေများထဲမှ ကျပ်သိန်း(၈၀)ခန့်ကို ကိုယ်ကျိုးအတွက် အလွှဲသုံးစားပြုခဲ့ကြောင်း၊ အဆိုပါ ငွေများရရှိရန် ကမ်းရင်ကျေးရွာသားများလုပ်ကိုင်စားသောက်သော မြေနုကျွန်း(ကိုင်း) တာများကို တစ်နှစ်လုပ်ကိုင် စားသောက်ခွင့်ဖြင့် လေလံတင်၍ရောင်းချပေးခဲ့သော ငွေများဖြစ်ကြောင်း၊ အဆိုပါလေလံတင်၍ ရောင်းချခဲ့သော အချိန်တွင် ကျေးရွာရပ်မိ၊ရပ်ဖ(၅)ဦးတို့ရှေ့တွင်ရောင်းချ၍ စုစုပေါင်းရငွေကျပ် သိန်း(၈၀)ခန့်အား အုပ်ချုပ်ရေးမှူးဟောင်း ဦးအေးမြင့်က လက်ခံရယူခဲ့ကြောင်း၊ ယနေ့ မေ(၁၀)ရက်နေ့အထိ ၎င်းငွေများကို ကျေးရွာသို့ စာရင်းမရှင်းလင်းခဲ့ကြောင်း၊ ၂၀၁၃ ၊ ဖေဖော်ဝါရီလတွင် အုပ်ချုပ်ရေးမှုးဟောင်း နှင့် အသစ် လွှဲပြောင်ခဲ့စဉ်မှာ ရငွေ/ သုံးငွေစာရင်းများ၌ (စာရင်း လုံးဝ မဖော်ပြဘဲ) စာမျက်နှာအလွှတ်ဖြင့်သာ လွှဲပြောင်းပေးအပ်၍ လက်ခံရယူခဲ့ကြောင်း ကမ်းရင်ကျေးရွာ အုပ်ချုပ်ရေးမှူး အသစ် ဦးကျော်ဇင် က ပြောသည်။
(မကွေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးများမှာ မီဒီယာသတင်းယူခွင့် မေးခွန်းအား ပယ်ချခံရ ဟုသိရ)
``ရွှေကိုမလို ငွေကိုမလို ရေကိုသာလို ဆိုသော မကွေးမြို့နယ်မှ သန်ဘိုကန်ကျေးရွာ´´
မေ(၁)ရက်နေ့ နွေရာသီကာလ အပူရှိန်ကပြင်းထန်နေချိန်၊ မြေလတ်ဒေသအချို့တွင် ရေရှားပါးခြင်းဒုက္ခများ နှင့်ရင်ဆိုင်နေရသည်။ ရေကန်များခန်းခြောက်ခြင်း၊ ရေတွင်းများခန်းခြောက်ခြင်း နှင့် ချောင်းတွင်းမှ စမ်းရေကြောများ ရေထွက်အားနည်းသွား၍ အချို့ဒေသများမှာ ရေတစ်အိုးရရှိရေးအတွက် နှစ်နာရီခန့်အထိစောင့်ဆိုင်းရသည်ဆိုကြ၏။ မကွေးမြို့နယ်၊ နတ်မောက်မြို့နယ်၊ချောက်မြို့နယ်၊ ရေနံချောင်းမြို့နယ် နှင့်ကျောက်ပန်းတောင်းမြို့နယ်များအတွင်းမှ ကျေးရွာများအချို့တို့တွင် ရေရှားပါးခြင်း ဒုက္ခများကို ခါးစီး၍ခံနေကြရသည်။ အဆိုပါ ရေရှားပါးသော ကျေးရွာနေ မိဘပြည်သူများအနေနှင့် ရွှေကိုမလို ငွေကိုမလို ရေကိုသာလိုကြသည်ဟုဆိုကြပါသည်။
ရွှေထက်အဖိုးတန်သော ရေကိုရကြ၍ အောင်ပွဲခံနေသော ရွာကလေးမှာ မကွေးမြို့နယ် သံဘိုကန်ကျေးရွာတွင် မေ(၁)ရက်က စက်ရေတွင်းအောင်ပွဲကျင်းပကြောင်းသိ၍ သတင်းယူခဲ့ပါသည်။ အလှူရှင်မှာ ရန်ကုန်မြို့ ဦးအေးကို+ဒေါ်နုနုခင်တို့ မိသားစုဖြစ်ကြောင်း၊ ငွေကျပ်(၉၅)သိန်းကုန်ကျပြီး ရေတွင်းမှာ(၄ လက်မ)ပိုက်တွင်း အနက်ပေမှာ ပေ(၄၂၀)ရှိကြောင်း၊ အဆိုပါစက်ရေတွင်းသည် တစ်နာရီလျှင် ရေဂါလံပေါင်း(၃၀၀၀)ခန့် ထွက်ရှိကြောင်းသိရ သည်။ အဆိုပါစက်ရေတွင်းအား တူးခြင်းလုပ်ငန်းကို မကွေးမြို့နယ် အမျိုးသားဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ နှင့်အလုပ်အမှုဆောင် အဖွဲ့က အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း၊ ယခု စက်ရေတွင်းဖွင့်ပွဲတွင် ဒု ဥက္ကဋ္ဌ ဒေါ်စန္ဒာဝင်း က ရှင်းလင်း တင်ပြသည်။ ရန်ကုန်မြို့မှ အလှူရှင်များ၏ကိုယ်စား မကွေးမြို့နယ် NLD ဥက္ကဋ္ဌ က စက်ရေတွင်းကို စည်းကမ်းရှိစွာဖြင့် ရေရှည်အသုံးပြုရန် ပြောကြား၍ သံဘိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးထံ လွှဲပြောင်းပေးအပ်ကြောင်း၊ အဆိုပါ စက်ရေတွင်းအောင်ပွဲကို နံနက်(၁၁)နာရီတွင် ကျင်းပပြီးကြောင်း သတင်းရရှိပါသည်။
``ဆရာကောင်းသန့်၏ လူငယ်များ လူရည်ချွန်စေရန် စာပေဟောပြောပွဲ´´

မေ(၃)ရက်နေ့ နံနက်(၁၀း၃၀)နာရီမှ(၁၁း၃၀)နာရီအချိန်ထိ မကွေးမြို့ အောင်ဇေယျာရပ်ကွက် တောင်တွင်းကြီးလမ်း ရှိ ကပ်ကျော် ကမ္ဘာအေး ၀ိပဿနာကျောင်းတွင် ရန်ကုန်မြို့မှ စာရေးဆရာ ကောင်းသန့် စာပေဟောပြောပွဲကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါဘုန်းတော်ကြီးကျောင်းထိုင် ဆရာတော်အရှင်သဇ္ဇန သည် သာကီနွယ်သွေး(မကွေး) ကလောင်ဖြင့် စာရေးဆရာတစ်ပါးဖြစ်၍ ဆရာကောင်းသန့် မှ လာရောက်ကူညီသည်ဆို၏။ အဆိုပါကျောင်းတွင် (မရှိဆင်းရဲသားများ၏ ၈ တန်း၊ ၉ တန်း၊ ၁၀ တန်း) ကျောင်းသား ကျောင်းသူလေးများကို နှစ်စဉ်ပညာဒါနပြု၍ ဖွင့်လှစ်ပေးထားသော ဘော်ဒါကျောင်း ဖြစ်သည်။ ကျောင်းသူ ကျောင်းသား (၁၀၀)ကျော်ခန့်ရှိ၏။ ၎င်း ကျောင်းသား/သူများကို ပညာရေးနှင့်ပတ်သက်၍ ဘ၀အတွက်တစ်သက်လုံး အသုံးချနိုင်သော ခွန်အားရှိသော ကဗျာများ နှင့် စာပေအကြောင်းအရာများကို ဆရာကောင်းသန့် က ဟောပြောပို့ချပေးသွားကြောင်း၊ ယခုလိုကျင်းပနိုင်ခြင်းမှာ မကွေးမြို့ အောင်မြေရတနာ စာသင်ကျောင်းတိုက်၌ ဒုတိယအကြိမ် ယဉ်ကျေးလိမ္မာသင်တန်း သို့လာရောက်စဉ် တဆင့်ကူညီပေးကြောင်းသိရ၍ သတင်းရယူ ခဲ့သည်။
Subscribe to:
Comments (Atom)
