``မကွေးမြို့ (အထက-၄) RC နှစ်ထပ်ကျောင်းဆောင်သစ် ရွှေတောင် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီမှ ဆောက်လုပ်လှူဒါန်းပွဲတွင် နိုင်ငံခြားသံအမတ်ကြီး(၆)ဦးတက်ရောက်´´
``မကွေးတက္ကသိုလ် RC သုံးထပ်ကျောင်းဆောင်သစ် (၃)ဆောင် ဖွင့်ပွဲကျင်းပ´´
ဇွန်(၂၉)ရက်နေ့ နံနက်(၈)နာရီတွင် ရွှေတောင်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ လက်အောက်ရှိ High Tech Concrete Technology Co.,Ltd မှတာဝန်ယူတည်ဆောက်သော မကွေးတက္ကသိုလ် RC သုံးထပ်ဆောင် ဖွင့်ပွဲအခမ်းအနား ကျင်းပ ကြောင်းသတင်းရရှိသည်။ အဆိုပါဆောက်အဦး(၃)ဆောင်ကို (၁၅-၁၀-၂၀၁၂) နေ့မှစတင်ဆောက်လုပ်၍ (၃၁-၃-၂၀၁၃)နေ့တွင်တည်ဆောက်ပြီးစီးကြောင်း၊ အဆိုပါ RC သုံးထပ်ဆောင် (၃)ဆောင်ကို ငွေကျပ်သိန်းပေါင်း (၁၉၁၅၀)သိန်း ဖြင့်တည်ဆောက်ခဲ့ကြောင်း၊ RC သုံးထပ်ဆောင် တစ်ဆောင်လျှင် အလျှားပေ(၁၉၂)၊ အနံပေ(၃၈)ပေ၊ မြေညီထပ်အမြင့်ပေ(၁၂.၆)၊ ပထမထပ်အမြင့်ပေ(၁၂)၊ ဒုတိယထပ်အမြင့်ပေ(၁၁.၆) ရှိကြောင်း၊ အဆောက်အဦးများ၏ အမျိုးအစား( 3 Storey RC Building) ဖြစ်ကြောင်း၊ စုံစမ်းသိရှိရသည်။``မကွေးမြို့ မြေလတ်ဒေသဆီအိုးကြီး မှ ပထမဆုံးအကြိမ် (နှမ်းဆီ)ကို နိုင်ငံခြားသို့တင်ပို့ပြီ´´
`` ရပ်ကွက်အုပ်ချုပ်ရေးမှူး လာဘ်ငွေတောင်းသည့်ကိစ္စကို တောင်တွင်းကြီးမြို့ က ထူးခြားစည်ကားသော သတင်းစာရှင်းလင်းပွဲ ´´

ယူနတီ ဂျာနယ် အတွဲ(၂) အမှတ်(၂၄) တွင်ဖော်ပြထားသော (တောင်တွင်းကြီးမြို့ ရွှေအိုး(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ငွေတောင်းသည့်ကိစ္စ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးစေချင် ) တင်ရွှေ(မင်းဘူး) ၏ သတင်းနှင့်ပါတ်သက်၍ ဇွန်(၂၃)ရပ်နေ့ နံနက်(၉)နာရီမှ နေ့လည်(၃)နာရီအထိ တောင်တွင်းကြီးမြို့တွင် ရွှေအိုး(၁)ရပ် အုပ်ချုပ်ရေးမှူး ဦးအောင်လှိုင်မိုး (ခ) ဦးပုကြီးက (အဆိုပါသတင်း မှာ မမှန်ကန်ကြောင်း) ရပ်ကွက်သူ ရပ်ကွက်သား တစ်ထောင်ကျော် ခန့်ဖြင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း ရွှေအို(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။
ဖြစ်စဉ်အကျဉ်းမှာ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ ရွှေအိုး(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်လှိုင်မိုး(ခ) ဦးပုကြီး နှင့် ဦးသိန်းဝင်း၊ ဦးအောင်သန်း တို့သည် ယစ်မျိုးလိုင်စင် နာမည်ပြောင်းနှင့် နေရာပြောင်းရွှေ့လို၍ လျှောက်ထားသူ ဦးမိုးမင်းဝင်း ထံက( ငွေလေးသိန်းလေးသောင်းကျပ်) ပေးရန်တောင်းခံသည်ကို မကျေနပ်၍ ဦးမိုးမင်းဝင်းက ၂၆-၃-၂၀၁၃ နေ့စွဲဖြင့် တောင်တွင်းကြီးမြို့နယ်အုပ်ချုပ်ရေးမှူး၊ မကွေးခရိုင်အုပ်ချုပ်ရေးမှူး နှင့် ပြည်ထဲရေးဌာနအထိ တိုင်ကြားထားခဲ့ သည် ဆိုသော သတင်းဖြစ်ပါသည်။ အတိုင်ခံရသူ ရွှေအို(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးထံ မေးမြန်းရာ….
``ဒီကိစ္စကို တောင်တွင်းကြီးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ကျွန်တော့်ကိုရော တိုင်ကြားသူကိုပါ အစစ်အဆေးခံပြီးပါပြီ၊ ယခု ဇွန်လဆန်းကလဲ မကွေးခရိုင် အုပ်ချုပ်ရေးမှူးရုံးကလည်း ကျွန်တော့်ကို ခေါ်ယူစစ်ဆေးပြီးပါပြီ။ ကျွန်တော့်မှာ အပစ်မရှိကြောင်း နောက်နောင်မှာ ဒီလိုအဖြစ်မျိုးကို သင်ခန်းစာယူပြီး ဂရုတစိုက်လုပ်ဖို့ မကွေးခရိုင်အုပ်ချုပ်ရေးမှူးက မှာကြားလိုက်ပါတယ်။ ဒါကြောင့် ရဲရဲတင်းတင်းနဲ့ ကျွန်တော့်ရပ်ကွက်ထဲက ဘုန်းကြီးကျောင်းမှာ ရပ်ကွက်ထဲက လူပေါင်းတစ်ထောင်ကျော် နဲ့ အတူ မီဒီယာ သတင်းသမားတွေကို သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဟို…တစ်ဘက်ကိုလဲ တရားစွဲဆိုဖို့ မရှိပါဘူး။ ကျွန်တော်ဟာ ဘယ်သောအခါကမှ မည်သူ့အပေါ်မျှ မဟုတ်တာကို မလုပ်ခဲ့ဘူးဆိုတာ အများပြည်သူသိရင် ကျေနပ်ပါပြီ။ ယနေ့လုပ်တဲ့ ဒီသတင်းစာရှင်းလင်းပွဲကို မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဆီကိုလည်း တင်ပြအစီရင်ခံထားပါတယ်…´´။ ဟု ရွှေအိုး(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်လှိုင်မိုး(ခ) ဦးပုကြီး က ဇွန်(၂၅)ရက်နေ့တွင် မြန်မာပို့စ် သို့ပြောသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲ နှင့်ပတ်သက်၍ တိုင်ကြားထားသူ ဦးမိုးမင်းဝင်းနှင့် သတင်းထောက် တင်ရွှေ(မင်းဘူး)တို့ နှစ်ဦး ဇွန်(၂၆)ရက်နေ့တွင် မြန်မာပို့စ် သို့လာရောက်ရှင်းလင်းရာ
`သတင်းစာရှင်းလင်းပွဲကို ကျွန်တော်မသွားခဲ့ပါဘူး။ ကျွန်တော်တို့ကို မခေါ်ပါဘူး။ သွားစရာလဲမလိုပါဘူး။ သူတို့ရပ်ကွက် ထဲက လူတွေကိုသာ ခေါ်ပြီးရှင်းတာပါ။ ဒီသတင်းစာရှင်းလင်းပွဲအကြောင်း တင်ပြမယ့် သတင်းဂျာနယ်တွေကိုလဲ စောင့်ဖတ်ကြည့်ပါဦးမယ်။ မမှန်မကန် တစ်ဘက်သတ် ရေးသားရင်ပြန်လည် တုန့်ပြန်ပါ့မယ်။ မကွေးခရိုင်အုပ်ချုပ်ရေးမှူး ရုံးက ကျွန်တော်တိုင်ထားတဲ့ကိစ္စု ကျွန်တော့်ဆီကို ဒီနေ့အထိ အဖြူ အမဲ ဘာမျှ အကြောင်းမပြန်သေးပါဘူး။ ဒါကြောင့် မကွေးခရိုင်အုပ်ချုပ်ရေးမှူးရုံးက အဖြေကိုစောင့်ပါဦးမယ်။ ကျွန်တော်တိုင်ထားတာက သက်သေသက်ကာယ အစုံနဲ့ပါ။ သက်သေများရှိ ပါတယ်။ ဒီကိစ္စမှာ မဟုတ်မမှန် တိုင်ကြားခဲ့ရင် ကျွန်တော့်ကို အရေးယူပါလို့ တိုင်ကြားထားတာဘဲ၊ ဟုတ်မှန်တယ် ဆိုရင်လဲ တိကျမှန်ကန်စွာနဲ့ ဒီလို အကျင့်ပျက်သူ တွေကို ထိရောက်အောင် အရေးယူပေးစေချင် ပါတယ်ခင်ဗျာ…´ ဟု တိုင်ကြားသူ ဦးမိုးမင်းဝင်း ကပြောသည်။ သတင်းရေးသူ တင်ရွှေ(မင်းဘူ)ကလဲ….
` ကျွန်တော်ရေးလိုက်တဲ့ ဒီသတင်းက ပြည်သူထဲမှာ အမှန်တစ်ကယ်ခံစားရသူ ဦးမိုးမင်းဝင်းပြော တဲ့အတိုင်း ရေးသားတာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး မကွေးတိုင်းဒေသကြီး သတင်းစာဆရာအသင်း အတွင်းရေးမှူးက တောင်းပန်ခိုင်း ထားတယ်ဆိုပြီး တောင်တွင်းကြီးမြို့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက် ဟင်္သာ(တောင်တွင်း) က ကျွန်တော့် အတွက် တောင်းပန်တယ်ဆိုရင်လဲ လုံးဝလက်မခံနိုင်ပါဘူး။ ဦးမိုးမင်းဝင်းပြောတဲ့အတိုင်း အမှန်တရားဘက်နဲ့ ပြည်သူ့ ဘက်က ရပ်တည်ပြီး ရေးသားလိုက်တာပါ။ ကိုယ့်ဖြစ် ကိုယ်ခံပါ့မယ်..။´´ ဟု သတင်းထောက် တင်ရွှေ(မင်းဘူး) က မြန်မာပို့စ် သို့ပြောသည်။
ဝိုင်းကြည်အောင်
``မကွေးမြို့ တွင် ကလျာဏမိတ္တဖောင်ဒေးရှင်း(ရန်ကုန်) မှ ဗုဒ္ဓဘာသာလူငယ်များ အမြင့်ဖွင့် ဆင့်ပွားသင်တန်းပေး´´
`` ငြိမ်းဖောင်ဒေးရှင်း(မြစ်ကြီးနား)ရုံးချုပ်မှ မကွေးမြို့တွင် ငြိမ်းချမ်းရေး တည်ဆောက်ခြင်းသင်တန်း(၅)ရက်ကျင်းပ ကြောင်းသိရ´´
``မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် ငနောင်မုန်းရေနံမှော် တွင် ကုမ္ပဏီဝန်ထမ်းများနှင့် ရေနံစိမ်းသယ်ယူသူများ အပြန်အလှန်ခိုက်ရန်ဖြစ်၍ ဆိုင်ကယ်(၈)စီးကို ဖျက်ဆီးခြင်းခံရ´´
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ငနောင်မုန်းရေနံမှော် (စိန်တံခွန် လက်ယက်တွင်း တူးဖော်ရေး) ကုမ္ပဏီမှ လုံခြုံရေး ၀န်ထမ်များ နှင့် ရေနံစိမ်းမှောင်ခို သယ်ယူ ရောင်းဝယ်သူများ. ဇွန်(၂၂)ရက်နေ့ ည(၈၁၅)နာရီခန့် အချိန်တွင် အပြန်အလှန် ရိုက်နက်၍ အထိကရုံးဖြစ်ကြောင်း၊ ရေနံမှောင်ခိုသယ်ယူရောင်းဝယ်ရခြင်းမှာ ၎င်းရေနံမှော်အတွင်း ၌ ထွက်ရှိသော ရေနံစိမ်းတစ်ပေပါလျှင်(၈၂၀၀၀ိ)ကျပ်ဖြင့် စိန်တံခွန်ကုမ္ပဏီသို့ မဖြစ်မနေ ပြန်လည်ရောင်းချပေးသွင်း ရကြောင်း၊ ကုမ္ပဏီ၏ ပြင်ပ(ဈေးကွက်တွင်) ရေနံစိမ်းတစ်ပေပါလျှင် (၁၂၀၀၀၀ိ)ကျပ်ဖြင့် ဈေးပေး၍ ၀ယ်ယူနေကြကြောင်း ဒေသခံတစ်ဦး က ပြော၍ မြန်မာပို့စ် မှသတင်းရရှိသည်။
ဖြစ်စဉ်မှာ မင်းလှမြို့၏အနောက်တောင်ဘက် မိုင်(၃၀)ခန့်ရှိ ဓါတ်ကုန်းကျေးရွာအနီးရှိ ငနောင်မုန်းရေနံမှော်လုပ်ကိုင် ခွင့်ရ စိန်တံခွန် လက်ယက်တွင်း တူးဖော်ရေးကုမ္ပဏီ ၀န်ထမ်းများဖြစ်ကြသော ဦးမောင်လွင် ပါ လုံခြုံရေး(၁၄)ဦးသည် ဇွန်(၂၂)ည (၈း၁၅)အချိန်ခန့် ကင်းလှည့်နေစဉ် ရေနံစိမ်း(၅)ဂါလံဝင် ၁၀ ဘူးကို တင်ဆောင်လာသော ဆိုင်ကယ်များနှင့် ပက်ပင်းတွေ့ဆုံကြသည်ဆို၏။ ဆိုင်ကယ်ဖြင့်သယ်ဆောင်လာသူ ကိုအောင်ဇော်ထွန်း(ရေနံမမြောက်ရွာသား)နှင့် အမည်မသိ သူ နှစ်ဦးတို့သည် လုံခြုံရေးများတားဆီးခြင်းအား လက်မခံဘဲ အပြန်အလှန် ရိုက်နက်ကြကြောင်း၊ ရေနံစိမ်းသယ်ဆောင် လာသူ ကိုအောင်ဇော်ထွန်း ၏ နောက်စေ့တွင် နှစ်လက်မခန့် ပေါက်ပြဲသွားကြောင်း၊ စိန်တံခွန်ရေနံ လုံခြုံရေးဝန်ထမ်း ကိုသန်းနိုင်အေး၏ ညာဘက်ခြေသလုံးပွန်းပဲ့ဒဏ်ရာရရှိ၍ ကိုဟန်ဇော်ထွန်း၏ ညာလက်ခါးတွင် လေးခွဖြင့်ထိမှန်၍ ဒဏ်ရာများ ရရှိကြောင်း အဆိုပါ ဒဏ်ရာရရှိသူများကို ရဲဆေးစာဖြင့် ရေနံမတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသ ထားကြောင်း သက်ဆိုင်ရာ မှစုံစမ်းသိရှိသည်။
အဆိုပါ ဇွန်(၂၂)ရက်ည(၈း၃၀) အချိန်ခန့်တွင် ရေနံစိမ်းသယ်ဆောင်လာသူ ကိုအောင်ဇော်ထွန်း ကို စိန်တံခွန်ရေနံကုမ္ပဏီလုံခြုံရေးများက ရိုက်နက်တိုက်ခိုက်လိုက်ခြင်းကြောင့် ဒဏ်ရာရရှိသွားကြောင်း သတင်းကို ရေနံမြေအတွင်းရှိ ရေနံစိမ်းတူးသူများက ကြားသိရသောအခါ ဆိုင်ကယ်အစီး(၃၀)ဖြင့် အမည်မသိသူများ (၃၀)ဦးခန့် တို့သည် အခင်းဖြစ်ပွားရာ ဓါတ်ကုန်းရွာတွင်းသို့ စုဝေးရောက်ရှိလာကြပြီး တစ်ဘက်နှင့် တစ်ဘက် အပြန်အလှန် ထပ်မံတိုက်ခိုက်ကြရန် လူစုလူဝေးဖြစ်လာကြသည်ဆို၏။ ထိုအချိန်တွင် ရေနံမနယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်ဝင်းနိုင် ဦးစီး၍ ရဲအင်အား(၁၀)ဦး၊ ရေနံမရွာ အရှေ့ကျောင်းဆရာတော် ဦးပညိန္ဒ၊ ဓာတ်ကုန်းရွာဘုန်းတော်ကြီးကျောင်းဆရာတော် ဦးသီရိဘ၀ါရ တို့နှင့် ဦးသန်းထွန်း ပါ ရပ်မိရပ်ဖ အဖွဲ့တို့ ရောက်ရှိလာပြီး တားဆီးထိမ်းသိမ်း၍ ၎င်းည(၉း၃၀)နာရီခန့်တွင် လူစုကွဲသွားခဲ့ကြောင်းသိရသည်။ အခင်းဖြစ်ပွားပြီး နောက်နေ့ ဇွန်(၂၃)ရက် နံနက်(၈း၃၀)နာရီတွင် စိန်တံခွန်ကုမ္ပဏီက အကြောင်းကြား၍ စခန်းမှူး ရဲအုပ် ဇော်ဝင်နိုင် နှင့်အဖွဲ့၊ ရေနံမကျေးရွာအုပ်ချုပ်ရေးမှူး ဦးသာလှိုင် နှင့် ဓါတ်ကုန်းကျေးရွာ ဆယ်အိမ်မှူး ဦးသိန်းလွင် တို့ သွားရောက်၍ စစ်ဆေးကြသည်သိရ၏။ အခင်းဖြစ်ပွာစဉ် ညက ကုမ္ပဏီဝန်ထမ်းများ စီးနင်းသော မော်တော်ဆိုင်ကယ်(၇)စီး နှင့် ပိုင်ရှင်မသိဆိုင်ကယ်(၁)စီး အဖျက်အဆီးခံထားရ၍ ပျက်ဆီးနေကြောင်း စစ်ဆေးတွေ့ရှိရသည်ဆို၏။ အဆိုပါ ဖြစ်စဉ်နှင့်ပါတ်သက်၍ နစ်နာသူများမှ တိုင်ကြားလာပါက ရေနံမ ရဲစခန်းမှူး ရဲအုပ်က အရေးယူဆောင်ရွက် ပေးမည် ဖြစ်ကြောင်း သက်ဆိုင်ရာနှင့် ဒေသခံများထံမှ စုံစမ်း၍ မြန်မာပို့စ် က သတင်းရရှိသည်။
``ဒေါ်အောင်ဆန်းစုကြည် ၏ (၆၈)နှစ်မြောက်မွေးနေ့ပွဲ အဖြစ် မကွေးမြို့ပွင့်လင်းလူ့အဖွဲ့အစည်း လူမှုကွန်ယက် က ဆေးလှူဒါန်း´´

ဇွန်(၁၉)ရက်နေ့ နံနက် ၁၀ နာရီမှ နေ့လည်(၁)နာရီအချိန်တွင် မကွေးမြို့နယ် ဒေါင်နေကျေးရွာအုပ်စု အင်တိုင်းကြီးကျေးရွာ သို့ မကွေးမြို့ပွင့်လင်းလူ့အဖွဲ့အစည်းလူမှုကွန်ယက်မှ အဖွဲ့ဝင်ပေါင်း(၅၀)ခန့် သွားရောက်၍ နိုင်ငံခြား ဆေးများ (၄)သိန်းကျပ်ခန့်ကို လှူဒါန်းကြောင်း သတင်းရရှိသည်။ ထိုပွဲကို ဒေါ်အောင်ဆန်းစုကြည် ၏ (၆၈)နှစ်မြောက် မွေးနေပွဲ အထိမ်းအမှတ်အဖြစ် ကျင်းပလှူဒါန်းကြောင်း၊ အင်တိုင်ကြီးရွာ ပရဟိတ(အခမဲ့) စာကြည့်တိုက်နှင့် တွဲဘက်၍ ဆောက်လုပ်ထားသော ကျေးရွာဆေးပေးခန်းတွင် အင်တိုင်ကြီးကျေးရွာအုပ်ချုပ်ရေးမှူး(ရွာခွဲတာဝန်ခံ) ဦးသာအေး က လက်ခံရယူကြသည်။ ၎င်း ကျေးရွာမှ မကွေးမြို့ပွင့်လင်းလူ့အဖွဲ့အစည်း လူမှုကွန်ယက် သို့ ကြိုတင်၍ ကမ်းလှမ်းအကူ အညီတောင်းခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနွေးပွဲအလှူအဖြစ် အမေစု၏ ဆန္ဒအတိုင်း အမှန်တကယ် ရှားပါးလိုအပ်နေသော အများပြည်သူများရဲ့ ကျမ်းမာရေးအတွက် ထိရောက်အောင်လာရောက်၍ လှူဒါန်းပေးခြင်းဖြစ်ပါကြောင်း မကွေးမြို့ပွင့်လင်းလူ့အဖွဲ့အစည်း လူမှုကွန်ယက်အဖွဲ့ဝင် ဦးဌေးဝင်း က မြန်မာပို့စ် သို့ပြောသည်။
``မကွေး NLD နှင့် မင်းဘူး(စကု) NLD ပါတီဝင်တို့ ဒေါ်အောင်ဆန်းစုကြည် ၏ မွေးနေ့ဆုတောင်းပွဲ အဖြစ် ဆွမ်းဆက်ကပ်၊ သစ်ပင်စိုက်၊ သွေးလှူဒါန်းပွဲများ ဒါနပြု´´
``ဆိပ်ဖြူ မြို့နယ်လူထု၏ ပဋ္ဌာန်း နှင့်ဆွမ်းဆန်းစိမ်းလောင်ပွဲကို ပြည်ခိုင်ဖြိုးပါတီ က ဦးဆောင်သည်ဟု မမှန်သတင်းထည့် ဟုဆို´´
ပြည်ခိုင်ဖြိုးပါတီမှ ထုတ်ဝေတဲ့ ဂျာနယ်တစ်ဆောင်မှာ မေလ(၂၇)ရက်နေ့တွင် (ဆိပ်ဖြူ ပြည်ခိုင်ဖြိုးပါတီ၏ ပဋ္ဌာန်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်လှူပွဲ) ခေါင်းစည်းဖြင့် (လေးမောင်-ဆိပ်ဖြူ) သတင်းထောက်က ရေးသားဖော်ပြထားပါသည်။ ပြည်ခိုင်ဖြိုးပါတီ တစ်ခုတည်းကျင်းပါတာ လုံးဝမဟုတ်ပါ။ ဆိပ်ဖြူမြို့နယ်အတွင်းရှိ လုပ်သားပြည်သူအများ၏ စုပေါင်း လှူဒါန်းသော ဒါနပွဲကြီးဖြစ်ပါသည်။ (၁၃-၅-၂၀၁၃) နေ့စွဲဖြင့် ဆိပ်ဖြူမြို့နယ် အထွေထွေအုပ်ချုပ် ရေးမှူးရုံးစာဖြင့် ပထမအကြိမ် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်လှူပွဲ ကြီးကြပ်ရေးကော်မတီနှင့် ကျင်းပရေးကော်မတီ ဖွဲ့ထားသော စာကိုကြည့်လျှင် အဖြေကရှင်းပါလိမ့်မည်..၊ (ရွာသားအလှူ သူကြီးကောင်းမှု) စကားပုံထက် ပိုဆိုးရွားပြီး တစ်မြို့နယ်လုံးက ပြည်သူလူထု၏အလှူကို (ပြည်ခိုင်းဖြိုးပါတီ) အမည် တစ်ခုတည်းဖြင့် အလှူရှင်နာမည်ခံထားခြင်းဖြစ်ပါကြောင်း ဇွန်(၁၇)ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်မှ မကွေးတိုင်း ဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိုးက မြန်မာပို့စ် သို့ လာရောက်၍ ပြောသည်။
``ချောက်မြို့တွင် မြန်မာ့ရေနံမြေ(ဂရမ်)လျှောက်ထား၍ နယ်မြေ(၁၄)ရပ်ကွက် ပြည်သူများမှ ကန့်ကွက်စာတင် ဧရာဝတီမြစ် ပြုပြင်ထိမ်းသိမ်းရေးအတွက် ကမ်းနားရပ်ကွက် (၄)ရပ်ကွက် ဖယ်ရှားပေးရမည် ဟုဆို´´
မကွေးတိုင်း ချောက်မြို့ရှိ ရေနံမြေနှင့်ထိစပ်နေသော နယ်မြေ(၁၄)ရပ်ကွက်နှင့် ဧရာဝတီမြစ်ကမ်းဘေးရှိ (၄)ရပ်ကွက် တို့တွင် နေထိုင်ကြသော လုပ်သားပြည်သူများ စိုးရိမ်ပူပင်သောကရောက်နေကြကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်း မှ မြန်မာပို့စ် သို့ပြောသည်။
ဖြစ်စဉ်မှာ မြေစာရင်းဌာန ဦးပိုင်အမှတ်(၂၃) ကွင်းအမှတ်(၁၉၃) ဧက(၃၁)ဧကခန့် ရှိ အမှတ်(၁၄)ရပ်ကွက် နှင့် ဦးပိုင်အမှတ်(၂၂-က) ကွင်းအမှတ်(၂၈) ဧက(၃၃)ဧကခန့်ရှိ ရွှေတွင်းကုန်းရပ် နယ်မြေများကို ဦးကျော်ဝင်း (အထွေထွေ မန်နေဂျာ မြန်မာ့ရေနံ) က မြေဂရမ်အသစ်လျှောက်ထားရာ ၂၀၁၃ ခုဇွန်(၈)ရက်နေ့မှာ ချောက်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက သက်ဆိုင်ရာရပ်ကွက်များသို့ ကန့်ကွက်လိုသူရှိပါက ဇွန်(၁၅)ရက်နေ့အတွင်းကန့်ကွက်နိုင်ကြောင်း ကြော်ငြာစာများ ကပ်ပေးသည်သိရသည်။ ၎င်းကွင်းအမှတ်(၁၉၃) ယခင်ကာလတွင် ဂရမ်သက်တန်း(၁၅)နှစ်ဖြင့် (၁-၁-၁၉၄၇ မှ ၃၁-၁၂-၁၉၆၃) နှစ်အထိ (B.O.C) ကုမ္မဏီအမည် ဂရမ်ပေါက်သည်၊ ၎င်းနှစ်မှစ၍ နိုင်ငံပိုင်မြေဖြစ်ခဲ့ကြောင်း၊ မြန်မာ့ရေနံအမည်ဖြင့် ယခုလူနေသောရပ်ကွက်မြေများကို လွှဲပြောင်းယူခဲ့ခြင်းမရှိကြောင်း၊ ရေနံမြေအဖြစ်အသုံးပြုမရသော ချောက်ကြို ချောက်ကြားများကို ပြုပြင်၍ နေခဲ့ကြသည်မှာ နှစ်ပေါင်း(၅၀)နှစ်ခန့်ကျော်လာပြီဖြစ်ကြောင်း၊ ထိုအချိန်ကသာ မြန်မာ့ရေနံအမည်ဖြင့်သာ ဂရမ်လျှောက်ထားခဲ့လျှင် ယခုလိုဖြစ်မည်မဟုတ်ပါကြောင်း၊ ယခု လုပ်သားပြည်သူအများ နေထိုင်သော ကွင်းအမှတ်(၁၉၃)ရှိ ရပ်ကွက်ပေါင်း(၉)ရပ်ကွက်ကို နိုင်ငံမြေခွန်များကို (၆)လ တစ်ကြိမ် အခွန်ဆောင်၍ နေထိုင်ခဲ့ကြပါကြောင်း၊ ၂၀၁၂ ဇန်န၀ါရီလ(၈)နေ့က စာအမှတ်(၅/၄၃-၅၃/ ဦး) ၆ ဖြင့် အဆိုပါရပ်ကွက်များကို မြို့မြေအဖြစ် သက်ဆိုင်ရာက တိုင်းတာခဲ့ကြောင်း၊ ယခုလိုနေထိုင်ပြီး လုပ်သားပြည်သူများအနေဖြင့် သက်ဆိုင်ရာမှ ဂရမ်ထုတ်ပေးခြင်းကို စောင်းဆိုင်းနေခဲ့ကြပါကြောင်း ထိုအချက်များကြောင့် သက်ဆိုင်ရာအဆင့်ဆင့်ထံ တင်ပြပြီး ကန့်ကွက်မှုပြုကြပါသည်။ မြန်မာလူမျိုး ဗုဒ္ဒဘာသာများပီပီ ကိုယ်ခြင်းစာနာပေးကြမည်ထင်ပါကြောင်း တိုင်ကြားစာ နှင့် တိုင်ကြားသူများက ပြောဆိုကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းက မြန်မာပို့စ် သို့ပြောသည်။
`` ကျွန်တော်တို့ချောက်မြို့မှာ ရေနံမြေဂရမ်အတွက် ဖယ်ပေးရမယ်ဆိုရင် ရပ်ကွက်တွေက အများကြီးပါ။ ချောက်မြို့ရှိ(၁၅)ရပ်ကွက်မှာ ရပ်ကွက်(၁)ခုသာ လွတ်လိမ့်မယ်။ အဲဒါအပြင် ယခု ဧရာဝတီဖြစ် လှပအောင် ပြုပြင်ထိမ်းသိမ်း ဖို့ ဆိုပြီး ကမ်းနားမှာရှိတဲ့ ရပ်ကွက်(၄)ခုမှာလဲ ရေတက်ချိန်မှာ ရေမြုပ်တဲ့နေရာတွေအထိ တိုင်းတာနေတယ်။ ရေမြုပ်တဲ့နေရာ ရပ်ကွက်တွေကိုလည်း ဖယ်ပေးဖို့သက်ဆိုင်ရာက စီစဉ်နေတယ်လို့သိရပါတယ်။ ဒါဆိုရင် ချောက်မြို့ တစ်မြို့လုံးနီးပါးလောက် ပြောင်းပေးရမလိုဖြစ်နေပါပြီ..။ ကျွန်တော့် သဘောထား ကတော့ လက်ရှိနေကြတဲ့ လုပ်သားပြည်သူတွေနဲ့ ညှိနှိုင်းပြီး နေစရာတွေအစားထိုးပေးဖို့ အဲ အစားပေးဖို့နေရာဆိုတာ ကလည်း ချောက်မှာ တော်တော် အခက်အခဲရှိပါ့မယ်။ ချောက်မြို့အ၀င်က မိုလာရွာနေရာအထိ ပြောင်းပေးမယ်ဆိုရင်လည်း လက်ရှိနေတဲ့ နေရာနဲ့ တော်တော်ကွာဝေးမယ်။ သီးခြားရပ်ကွက်နေရာချထားပေးရင် သွားရေးလာရေး နေရေးထိုင်ရေးတွေ အတွက် နဲ့ ရေမီး ပြည့်ပြည့်စုံစုံဖြစ်အောင် စီစဉ်ပေးရမယ်။ နောက် လုပ်ကိုင်စားသောက်ဖို့ ဈေးသစ် နဲ့ ပညာရေးအတွက် စာသင်ကျောင်းတွေ ကျန်းမာရေးအတွက် ဆေးရုံဆေးခန်းတွေ ကအစ သေသေချာချာ စနစ်တကျ စီစဉ်ပေးရမယ်။ ဒီလိုစီစဉ်ပေးရာမှာလည်း အုပ်ချုပ်ရေးဌာနက နေရာချထားမဲ့သူတွေ နဲ့ အများပြည်သူတွေကို အကြေအလည်သဘောထား ယူပြီး လုပ်ဆောင်ချက်တွေကို အများပြည်သူတွေသိအောင် ပွင့်လင်းမြင်သာမှုရှိရမယ်။ ယခုလို ကုန်ဈေးနှုန်းတွေက အစစအရာရာတက် စားဝတ်နေရေးတွေ ကြပ်တည်းနေတဲ့အခါမှာ ဒီလိုကြီး ပြောင်းရွှေ့ဖို့ မစီစဉ်သင့်ဘူးထင်ပါတယ်။ အများပြည်သူတွေကို ကြေနပ်အောင် ညှိနှိုင်းပြီး ပြေလည်အောင်မဆောင်ရွက်ကြဘဲနဲ့ အထက်က အမိန့်အတိုင်းလုပ်ကြရင် ဆူပူအုံကြွမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် လက်ရှိအနေအထားအတိုင်း ပိုနေမြဲကျားနေကြထားပြီး ပိုဆိုးမသွားအောင် ထိမ်းသိမ်းပြီး မှေးထားသင့်တယ် လို့ထင်ပါတယ်..´´ဟု ဇွန်(၁၆)ရက်နေ့မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းက သူ့၏ သဘောထားကို မြန်မာပို့စ် သို့ပြောသည်။
အဆိုပါကိစ္စများအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေ၀င်းသည် ဇွန်(၁၅)ရက်နေ့တွင် ချောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရေးရုံး သို့ရောက်ရှိလာခဲ့ကြောင်း၊ မြန်မာရေနံမြေဂရမ်အသစ်လျှောက်ထားမှုကို ကန့်ကွက်ကြသော ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စုစုပေါင်း(၁၅)ဦး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ တွေ့ဆုံ၍ ရပ်ကွက်နေပြည်သူများအနေဖြင့် လက်ရှိနေထိုင်သော နေအိမ်များတွင် ဆက်လက်နေထိုင်ကြရန်၊ နေအိမ်များ ဖယ်ရှားခြင်းအတွက် မြို့နယ်/ခရိုင်/တိုင်းဒေသကြီးအနေနဲ့ ဆောင်ရွက်ခိုင်းလို့ မရပါကြောင်း၊ မြန်မာ့ရေနံဌာနကလည်း ဖယ်ရှားခိုင်းလို့မရပါကြောင်း၊ နိုင်ငံတော်အဆင့်ဆင့်၏ ဆောင်ရွက်ချက်ဖြင့်သာ လုပ်ကိုင်ဆောင်ရွက်နိုင်ပါကြောင်း၊ ဒါကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့် လက်ရှိ ရေနံမြေပေါ်တွင် ကျူးကျော်နေထိုင်သည့် နေအိမ်စာရင်းများကို မြို့နယ်အုပ်ချုပ်ရေးမှူးထံတင်ပြထားပြီး နောက်ထပ်နေအိမ်များ ထပ်မံဆောက်လုပ်ခြင်း မဖြစ်အောင် ထိမ်းသိမ်းဆောင်ရွက် ကြရန် မှာကြားခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး က မြန်မာပို့စ် သို့ပြောသည်။
``မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း(UMFCCI) ရန်ကုန် ရွေးချယ်ပွဲ တွင် မကွေးမြို့နယ် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ကို တက်ရောက်ခွင့် ပိတ်ပင်ခံရ ဟုဆို´´
``မကွေးခရိုင် NLD ပါတီ အလုပ်အမှုဆောင်တွေ့ဆုံပွဲ၌ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီက တောင်ပြိုကမ်းပြို မဲ အနိုင်ရအောင် စည်းရုံးမည် ဟု ဥက္ကဋ္ဌ က ကြွေးကြော်´´
``မကွေးခရိုင် NLD ပါတီ အလုပ်အမှုဆောင်တွေ့ဆုံပွဲ၌
၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီက တောင်ပြိုကမ်းပြို မဲ အနိုင်ရအောင် စည်းရုံးမည် ဟု ဥက္ကဋ္ဌ က ကြွေးကြော်´´
( ပါတီဝင်ကတ် = စမတ်ကတ်)များ ထုတ်မသေးနိုင်သေး။ ပါတီဝင်များထံမှ ငွေတစ်ရာကိစ္စ ဆွေးနွေးကြရ)
မကွေးမြို့ မဲထီလမ်း မြင်သာရပ်ကွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဇွန်(၁၆)ရက်နေ့ နံနက်(၁၀)မှ နေ့(၁၂း၃၀)နာရီအချိန်မှာ မကွေးခရိုင် NLD ပါတီ အလုပ်အမှုဆောင်အဖွဲ့ ပထမအကြိမ် တွေ့ဆုံပွဲ ပြုလုပ်ကြောင်း သတင်းရရှိ သည်။ အစည်းအဝေး မစမီ မကွေးခရိုင် ဥက္ကဋ္ဌ ဦးခင်သောင်း နှင့် မြန်မာပို့စ် တွေ့ဆုံသည်။
`` မကွေးခရိုင်NLD ပါတီ နဲ့ အဖွဲ့ချုပ်ရုံးအပါဝင် မြန်မာပြည် တစ်နိုင်ငံလုံးပါတီဝင်တွေရဲ့ ရှေ့လုပ်ငန်းစဉ်ကတော့ ကျွန်တော်တို့ပါတီ အနိုင်ရရေးသာ အဓိကထားပြီးချမှတ်ထားပါတယ်၊ ပါတီဝင်တိုင်းက စည်းရုံးဆောင်ရွက်နေကြပါတယ်။ ပြည်သူလူထု က ၈၀% ထောက်ခံနေရင်တောင် ရာနှုန်းပြည့်ထောက်ခံအောင် တောင်ပြိုကမ်းပြို တဲ့အထိ မဲ အပြတ်အသတ် အနိုင်ရရှိအောင် စည်းရုံးနေကြပါတယ်။´´ ဟု မကွေးခရိုင် ဥက္ကဋ္ဌ ဦးခင်သောင်း က မြန်မာပို့စ် ကိုပြောသည်။
အဆိုပါ NLD မကွေးခရိုင်တွေ့ဆုံပွဲ၌ (၁၅)ဦးတက်ရောက်၍ ဆွေးနွေးချက်(၃)ချက်၊ ဆုံးဖြတ်ချက်(၃)ချက်ချမှတ်သည်။
ပါတီဝင်ကတ်(စမတ်ကတ်) အသစ်များ အမြန်ရရှိနိုင်ရန် စက်ဝယ်ယူရေးကိစ္စ ကို မကွေးတိုင်းNLD ပါတီသို့တင်ပြရန်၊ မကွေးတိုင်းရုံးမှ တဆင့် ဗဟိုသို့ ဆက်လက်တင်ပြပေးမည်ဖြစ်ကြောင်း မကွေးတိုင်းNLD ပါတီ အတွင်းရေးမှူး ဦးနေမျိုးကျော် မှ ပြောသည်။ NLD မကွေးခရိုင် နာယက ၏ ဆွေးနွေးချက်အရ ခရိုင်အစည်းအဝေးကို တစ်လတစ်ကြိမ် တွေ့ဆုံရန် ဆုံးဖြတ်သည်။ ဒုတိယအကြိမ် ခရိုင်တွေ့ဆုံပွဲကို ဇူလိုင်(၁၄)ရက်နေ့မှာ ကျင်းပမည်၊ ခရိုင်တွင်းရှိ မြို့နယ် ဥက္ကဋ္ဌ များကိုပါ မကျန်အောင်ဖိတ်ကြားရန်၊ ယခု ပထမအကြိမ် အစည်းအဝေး တွင် ချောက်မြို့နှင့် ရေနံချောင်းမြို့နယ်များသို့ ဖိတ်ကြားရန် ပျက်ကွက်၍ မကွေးခရိုင် ဒု ဥက္ကဋ္ဌ က တောင်းပန်ပြောကြားသည်။ မကွေးခရိုင် ဥက္ကဋ္ဌ က ၂၀၁၄ ခုနှစ်မှစပြီး မဲနိုင်ရေးအတွက် နယ်မြေများသို့ ပြဲပြဲစင်အောင် ကွင်းဆင်း၍ စည်းရုံးမည်ဟု ဆို၏။ ထို့နောက် ပါတီဝင်များထံ ငွေကျပ်တစ်ရာ ကောက်ခံရာ၌ ပါတီဝင်များက မပေးချင်တာမဟုတ်ကြောင်း မပေးဖြစ်သေးတာဖြစ်ကြောင်း ကောက်ခံတဲ့ သူကလည်း မကောက်ခံတာ မဟုတ်ဘဲ မကောက်ဖြစ်သေးတာဖြစ်ကြောင်း ပါတီတွင်းစည်းရုံးရေးအတွက် အသေးစိတ်များ ကို မကွေးခရိုင် ဥက္ကဋ္ဌ ကပြောကြားသွားကြောင်း သတင်းရရှိသည်။
``မေတ္တာရှင်ဆရာတော်(ရွှေပြည်သာ) ၏ နှလုံးသားဝယ် ဘုရားတည် ဘာသာယဉ်ကျေးမှုစာမေးပွဲ မှ ဆုရသူများကို မကွေးမြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတွင် ဆုပေးပွဲကျင်းပ´´
``ရပ်ရွာလူထုအခြေပြုဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးဆောင်ဆွေးနွေးသူများသင်တန်း မကွေးတိုင်းဒေသကြီးမှာ ဖွင့်လှစ်´´
``မကွေးမြို့တွင် မေတ္တာရှင်ဆရာတော်(ရွှေပြည်သာ) အရှင်ဇ၀န၏ တရားစာအုပ်များမှ မေးခွန်းဖြင့် စာမေးပွဲများ ပြုလုပ် ပ.ဒု.တ ဆုများ(၃-၂-၁)သိန်း ဟုသိရ´´
``မကွေးတိုင်း ဖွံ့ဖြိုးရေးဖောင်းဒေးရှင်း မှ မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံသို့ သိန်း(၃၀၀)တန် (AMBULANCE) လူနာတင်ယာဉ် လှူဒါန်း´´
``မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန မှ ကြီးမှူး၍ ကောက်ကွက်ဖွဲ့စည်းခြင်းနှင့် အဆောက်အဦးစာရင်းတင်ခြင်း သင်တန်းဖွင့်´´
``ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို အတွင်းရေးမှူး ဦးခင်အောင်မြင့်(ပြည်ထောင်စုလွှတ်တော် နာယက)နှင့် မကွေးတိုင်းဒေသကြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံး၌ တွေ့ဆုံပွဲ´´
Subscribe to:
Comments (Atom)
