``၂၀၁၅ ခုနှစ်အလွန် စီးပွားရေးအသိုင်းအ၀ိုင်းနှင့် ရာသီဥတုဒဏ်ကြံ့ကြံ့ခံသည့်သီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ မကွေးမြို့တွင်ကျင်းပ´´
``မြေလတ်ဒေသတောင်သူလယ်သမားညီလာခံ မကွေးမြို့တွင်ကျင်းပ၍ မကွေးတိုင်းဒေသကြီး တောင်သူလယ်သမားများ သမဂ္ဂ ဖွဲ့စည်း´´
``မကွေးမြို့ ချမ်းမြေ့သာယာကျေးရွာအနီး၌ ဒဏ်ရာများဖြင့်သေဆုံးနေသော အမျိုးသမီးတစ်ဦး၏ အလောင်းတွေ့ရှိ´´
ဇန်န၀ါရီ(၂၉)ရက် နေ့(၁၂)နာရီအချိန်ခန့်တွင် မကွေးမြို့ ချမ်းမြေ့သာယာကျေးရွာအနီး ခွေးတိုင်ရိုး သုဿန်ဟောင်း၏ တောင်ဘက်ရှိ ကန္တာရတောထဲတွင် အမျိုးသမီးတစ်ဦး၏အလောင်းတွေ့ရှိကြောင်း သတင်းရရှိ သည်။
ဖြစ်စဉ်မှာ ၎င်းနေရာတွင် အမျိုးသမီးတစ်ဦး၏ အလောင်းအားတွေ့ရှိသူ ဗေဒင်ဆရာ ဦးအောင်အောင် (၅၃)နှစ် ကစတင်တွေ့ရှိကြောင်း၊ ဗေဒင်ဆရာက ကျေးရွာလူကြီးထံသတင်းပို့ပြီး ရဲစခန်းသို့ဖုန်းဆက်၍ သတင်း ပေးကြောင်း၊ အခင်းဖြစ်ပွားရာသို့
မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး/ခရိုင်ရဲတပ်ဖွဲ့မှူး နှင့်နယ်ထိန်းတပ်ဖွဲ့များနှင့် မူခင်းရဲတပ်ဖွဲ့ဝင်များ၊ သက်သေကျေးရွာ တာဝန်ခံ ဆယ်အိမ်မှူး ဦးအောင်ဝင်းရွှေ၊ ဦးညွန့်ဝင်း တို့နှင့်အတူ ရောက်ရှိကြ၍ ထိုအလောင်းအားစစ်ဆေးခဲ့ရာ အသက်(၂၅)ခန့်ရှိ အမျိုးသမီးတစ်ဦးသေဆုံးနေကြောင်း၊ အဆိုပါအမျိုးသမီး၏ ၀ဲဘက်မေးရိုးအောက်ထိုးသွင်းရာတစ်ချက်၊ ၀မ်းဗိုက်အလယ်၌ ထိုးသွင်းရာ တစ်ချက်နှင့် ယာဘက်ရင်အုံအထက် ပြတ်ရှရာတစ်ချက်တို့ဖြင့် သေဆုံး နေကြောင်း၊ အလောင်းအနီးတွင် အရိုး မပါသော ငါးမန်းသွားဓါးဦးချွန်(၈)လက်မခန့်ဓါးတစ်ချောင်း၊ အနီကွက်ပုဆိုးဟောင်းတစ်ထည် နှင့် နီညိုရောင် ကတ္တီပါအမျိုး သမီးစီး ၀ဲဘက်ဖိနပ်(၁)ဖက်အားတွေ့ရှိရာ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များက ရှာဖွှေပုံစံများဖြင့် သိမ်းဆည်း၍ မှတ်တမ်းတင် ဓာတ်ပုံများရိုက်ယူပြီး အလောင်းအား မကွေးတိုင်းဆေးရုံသို့ပို့ကြောင်း ဒေသခံတစ်ဦး က ပြောသည်။
သေဆုံးသူအားအတည်ပြုချက်ရယူရာ မနီနီမြင့်(၂၅)နှစ်၊(ဘ)ဦးသာမော်၊ ဈေးသည်၊ အမှတ်၁၀က/၂၊ မေတ္တာလမ်း၊ စိုးကောမင်းရပ်ကွက်တွင်နေထိုင်ကြောင်း၊ ကျောက်ပန်းတောင်းမြို့နယ် ပွေးကျစ်ရွာမှ မကွေးမြို့သို့ ပြောင်းရွေ့လာသည်မှာ တစ်လခွဲခန့်သာရှိသေးကြောင်း၊ သူမတွင်အသက်လေးနှစ်သား သားတစ်ယောက်ရှိ ကြောင်း၊ သူမ၏ယောက်ျားမှာ သက်နိုင်လင်း(၃၅)နှစ်၊(ယာဉ်နောက်လိုက် စပယ်ယာ)ဖြစ်ကြောင်း၊၎င်း သက်နိုင်လင်း နှင့် ကိုနေလင်းထွန်းတို့မှာ ညီဝမ်းကွဲတော်စပ်သူဖြစ်ပြီး ကိုနေလင်းထွန်း၏ယာဉ်တွင် စပယ်ယာ ယာဉ်နောက်လိုက်လုပ်၍ ခရီးထွက်နေကြောင်း သတင်းရရှိသည်။
သေဆုံးသူမနီနီမြင့်အား အသတ်ခံရမှုနှင့်ပတ်သက်၍ ၎င်း၏ခဲအိုဖြစ်သူ ကိုနေလင်းထွန်း(၄၂)နှစ်၊ (ဘ)ဦးထွန်းရွှေ၊ ယာဉ်ပိုင်ရှင်၊ ရန်ကင်းရပ်ကွက်၊ (၁)လမ်း၊ အမှတ်(၁၀၃)တွင် နေထိုင်သူမှ တရာလိုပြုလုပ်၍ ၂၀၁၄ ဇန်န၀ါရီ(၂၉)ရက်၊ ညနေ(၃)နာရီအချိန်မှာ မကွေးမြို့မရဲစခန်းတွင် (ပ) ၉/၂၀၁၄ ပြစ်မှုပုဒ်မ- ၃၀၂ ဖြင့် အမှုဖွင့်ကြောင်း၊ ၎င်းအမှုအား အမှုစစ်အဖြစ် မကွေးမြို့မရဲစခန်းမှူး ရဲမှူးထွေးကို မှ စစ်ဆေးဆောင်ရွက်နေ ကြောင်း (ရဲမှတ်တမ်း)အရ သတင်း ရရှိသည်။
မင်းဘူးခရိုင်အတွင်းရှိ အသက်သွေးကြောပမာ ဆည်တမံနှင့်မြောင်းမကြီးများ
မင်းဘူး ဇန်န၀ါရီ ၃၁
မကွေးတိုင်းဒေသကြီးအတွင်းရှိ မင်းဘူးခရိုင်သည် မြို့နယ် (၅)မြို့နယ်ပါဝင်ပြီး၊ယင်းမြို့နယ် များသည် ရေ၊မြေ၊ရာသီဥတု အနေအထားများအရ စိုက်ပျိုးရေးလုပ်ငန်းကိုသာ အဓိကထား လုပ်ကိုင် လျက်ရှိကြသည်။
မင်းဘူးခရိုင်၏ အနောက်ဘက်တွင် ရှိသော ရခိုင်ရိုးမတောင်တန်းကြီးမှ စတင်စီးဆင်းလာ သော မန်းချောင်းနှင့်မုန်းချောင်းများသည် စိုက်ပျိုးရေပေးဝေနိုင်ရေးအတွက် အဓိကအားထားရာများ ဖြစ်သကဲ့သို့ နိုင်ငံတော်မှ ဆည်၊တမံနှင့် မြောင်းမကြီးများ အဆင့်ဆင့် တည်ဆောက်ဖောက်လုပ်ပေး ထားသည့်အတွက် ခရိုင်၏အားကိုး အားထားရာ အသက်သွေးကြောပမာ မြောင်းမကြီးများ ဖြစ်ပေါ်လာခဲ့ပေသည်။
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မန်းစက်တော်ရာဘုရားသို့ ဦးခိုက်စီးဆင်းလျက်ရှိသော မန်းချောင်းမှာ ငဖဲမြို့နယ်အနီး မန်းချောင်းရေလှောင်တမံဖြင့် သိုလှောင်ထားရှိပြီး ၊မင်းဘူး (စကု)မြို့နယ်၊အိုင်းမရွာအနှီးတွင်တည်ရှိသော အိုင်းမရေလွှဲဆည် မှ တောင်မန်းမြောင်းမကြီးနှင့် မြောက်မန်း မြောင်းမကြီးတို့မှတစ်ဆင့် စိုက်ပျိုးရေဖြန့်ဖြူးပေးလျက်ရှိသည်။
အိုင်းမရေလွှဲဆည်သည် သက်တမ်းအားဖြင့် နှစ်ပေါင်း(၈၀)ကျော် ကြာမြင့်လာသည်နှင့်အမျှ ရေလွှဲဆည်အထက်ပိုင်းတွင် သဲနုံးပို့ချမှုများပြားနေ၍ ၂၀၁၃-ခုနှစ် ဇန်န၀ါရီလ(၁၄)ရက်နေ့မှစတင်ကာ နိုင်ငံတော်မှ ငွေကျပ်(၁၅၁.၁၀)သန်း အကုန်အကျခံ တူးဖော်ပေးခြင်းဖြင့် ရေစီးရေလာ ကောင်းမွန်လာပြီး စိုက်ပျိုးမြေ (၃၆၁၈၉)ဧကကို မြောင်းဖျားအထိ စိုက်ပျိုးရေအပြည့်အ၀ ပေးဝေနိုင်ခဲ့ပါသည်။
အိုင်းမရေလွှဲဆည်၏ တောင်မန်းမြောင်းမကြီးနှင့် မြောက်မန်းမြောင်းမကြီးတို့၏ မြောင်းလက်တံများသည် နှစ်စဉ် ဆည်ရေပေးဝေနေရသဖြင့် မြောင်းဘောင်ဘေးဆလံများနှင့် ကြမ်းခင်းတို့တွင် ရေတိုက်စားပျက်စီးနေ၍ မြေထိန်းနံရံတည်ဆောက်ခြင်း၊ မြေကာနံရံ တည်ဆောက်ခြင်းနှင့် မြောင်းပုံစံကျ ပြုပြင်ခြင်းလုပ်ငန်းများကို ၂၀၁၃-ခုနှစ်တွင် အပြီး ဆောင်ရွက်ပေးခြင်းဖြင့် စိုက်ပျိုးရေ အပြည့်အ၀ပေးဝေနိုင်ပြီး ဒေသသီးနှံထွက်နှုန်းများလည်း သိသာစွာ တိုးမြှင့်လာခဲ့သည်။၎င်းအပြင် မြောင်းဘောင်အနီးရှိကျေးရွာနေပြည်သူများ ရာသီမရွေးသွားလာနိုင်ရန်နှင့် မြောင်းမကြီးများ ရေစီးရေလာ ကောင်းမွန်ရေး မြောင်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရန် မြောင်းဘောင်းလမ်း မြေနီကျောက်စရစ်ခင်းခြင်း၊သံကူကွန်ကရစ်တံတားများ တည်ဆောက်ပေးခြင်းများလည်းဆောင်ရွက်ပေးခဲ့သည်။
စေတုတ္တရာမြို့နယ်၏ အနောက်ဘက်မှ စတင်စီးဆင်းလာသော မုန်းချောင်းအား ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအနီးတွင် နှစ်ပေါင်း(၁၀၀)ကျော်ခန့်မှစ၍ ရေလွှဲဆည်တည်ဆောက်ကာ တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှတစ်ဆင့် စိုက်ပျိုးမြေ(၇၂၁၅၆)ဧကအား ဆည်ရေပေးဝေနိုင်ခဲ့သည်။
မဲဇလီရေလွှဲဆည်၏ အထက်ပိုင်းတွင် သဲနုံးပို့ချမှုများဖြစ်ပေါ်နေပြီး မြောင်းမကြီးများအတွင်း သဲနုံးဝင်ရောက်ကာ မြောင်းရေစီးရေလာ အဟန့်အတားဖြစ်စေသဖြင့် သဲနုံးများတူးဖော်ခြင်း၊ အုတ်ရိုးမြေကာနံရံတည်ဆောက်ခြင်း၊မြေထိန်းနံရံတည်ဆောက်ခြင်း၊အုတ်လိုင်နင်စီခြင်း လုပ်ငန်း များကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း နိုင်ငံတော်မှ ငွေကျပ်(၈၈၂၉.၂၄)သန်း အကုန်အကျခံဆောင်ရွက်ပေးခဲ့သဖြင့် ယခင်ကထက် စိုက်ပျိုးရေ အပြည့် အ၀ ပေးဝေနိုင်ခဲ့သည်။
ပွင့်ဖြူမြို့နယ်သည် မဲဇလီရေလွှဲဆည်၏ ပင်မမြောင်းမကြီးများဖြစ်သော တောင်မုန်း မြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီး (၂)ခုအကြားနှင့် မုန်းချောင်းအနီး မြို့တည်ရှိနေ၍ စိုက်ပျိုးရေ အပြည့်အ၀ရရှိသဖြင့် လယ်၊ယာ၊ကိုင်းနှင့် ဥယျာဉ်ခြံလုပ်ငန်းများ အဓိကထားဆောင်ရွက်လျက်ရှိကြပါသည်။စပါးသီးနှံအနေဖြင့် မိုးစပါး၊နွေစပါးကို နှစ်စဉ် ပုံမှန်စိုက်ပျိုးနိုင်၍ ဒေသ၀မ်းစာ ဖူလုံသည့်အပြင် မကွေးတိုင်းဒေသကြီး၏ အားထားရာ စပါးကျီ တစ်ခုသဖွယ်လည်း ဖြစ်ပေသည်။မုန်းချောင်းအနီး နှစ်စဉ်သဲနုံးနုများ သောင်းထွန်းဖြစ်ပေါ်ရာမှ ကိုင်းမြေများရရှိပြီး၊ယင်းမြေအပေါ် ပဲမျိုးစုံ၊ဟင်းသီး၊ဟင်းရွက်နှင့် ငှက်ပျောစိုက်ခင်းများ စိုက်ပျိုး နိုင်သဖြင့် ကျေးလက်နေပြည်သူများ အပိုဝင်ငွေ တိုးပွားရရှိကြပါသည်။
နိုင်ငံတော်အစိုးရသစ်လက်ထက် ၂၀၁၂-ခုနှစ်၊မတ်လ(၃၁)ရက်နေ့တွင် ဖွင့်လှစ်ခဲ့သော ကြီးအုံ-ကြီးဝ ဘက်စုံ ရေလှောင်တမံ သည် ကန်ရေပြည့် ရေလှောင်ပမာဏ(၄၆၃၀၀၀)ဧက ရှိပြီး၊စိုက်ပျိုးမြေ(၉၆၇၇၇)ဧကအား ဆည်ရေပေးဝေ နိုင်ရန်နှင့် လျှပ်စစ်စွမ်းအားထုတ်ယူရရှိနိုင်ရန် ရည်ရွယ်တည်ဆောက်ခဲ့သည်။ မုန်းချောင်းမှ စီးဆင်းလာသောရေများအား ကြီးအုံ-ကြီးဝရေလှောင်တမံမှ သိုလှောင်းထိန်းထားကာ ရေအား လျှပ်စစ် (၃၇)မဂ္ဂါဝပ်ထုတ်လွှတ်နိုင်သော စက်နှစ်လုံးမှ လျှပ်စစ်ဓါတ်အား(၇၄)မဂ္ဂါဝပ်ထွက်ရှိ၍ ရခိုင်ပြည်နယ်၏ လိုအပ်သော လျှပ်စစ်ဓါတ်အား ဖြည့်ဆည်းပေးနိုင်သည့်အပြင် မဲဇလီရေလွှဲဆည်သို့ တစ်နှစ်ပတ်လုံး စိုက်ပျိုးရေ အပြည့်အ၀ပေးပို့နိုင်ခဲ့သည်။ယခုအခါ မိုးတွင်းကာလသာမက ၊နွေစပါးစိုက်ပျိုးရာသီပါ စိုက်ပျိုးရေ လုံလောက်စွာ ပေးဝေနိုင်သဖြင့် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်လျက်ရှိသော တောင်သူများ အောင်ရေပြည့်ဝစွာ ရရှိသဖြင့် စီးပွားရေး ကောင်းမွန်တိုးတက်လာခဲ့ပေသည်။
စလင်းမြို့နယ်မှ လင်းဇင်းရေလွှဲဆည်သည် သက်တမ်းအားဖြင့် နှစ်ပေါင်း(၈၀)ကျော် ကြာမြင့်ခဲ့ပြီး ရေလွှဲဆည်အထက်ပိုင်းတွင် သဲနုံးပို့ချနေ၍ မြောင်းမကြီးများအတွင်း သဲနုံးများဝင်ရောက်ကာ မြောင်းရေစီးရေလာအဟန့်အထားဖြစ်စေသဖြင့် ဆည်အထက်ပိုင်းရှိ လက်ဝဲ/လက်ယာသဲနုံးများတူးဖော်ခြင်း၊မြောင်းမကြီးများအတွင်း သဲနုံးများတူးဖော်ပေးခြင်း ၊မြောင်းပုံစံကျ ဆောင်ရွက်ခြင်း၊ရေလမ်းကြောင်းများဖြောင့်ပေးခြင်း၊မြေကာနံရံနှင့် မြေထိန်းနံရံများ တည်ဆောက်ခြင်း၊ကွန်ကရစ်လိုင်နင်တည်ဆောက်ခြင်း၊မြောင်းရေသွယ်လျှောက်များ ပြုပြင်ခြင်း ၊ရေတံခါးများ ပြုပြင်ခြင်း၊ရေဆိုးထုတ်ချောင်းရိုးများ ပြန်လည်းဖော်ပေးခြင်းလုပ်ငန်းများကို ၂၀၁၃-ခုနှစ်၊ဇန်န၀ါရီလမှစတင်ကာ နိုင်ငံတော်မှ ငွေကျပ်(၆၂၀၅.၄၁)သန်း အကုန်အကျခံဆောင်ရွက် ပေးခဲ့သဖြင့် စိုက်ပျိုးမြေ(၃၂၉၈၀)ဧကအား စိုက်ပျိုးရေ ပြည့်ဝစွာပေးဝေနိုင်၍ ဒေသအတွင်း ဆန်စပါးအပါအ၀င် ပဲမျိုးစုံ ထွက်နှုန်းများ သိသာစွာ တိုးတက်ရရှိခဲ့သည်။
နိုင်ငံတော်မှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွာတိုးတက်မြင့်မားလာစေရေးအတွက် ရေတို ရေရှည် ဘက်စုံစီမံကိန်းများချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သဖြင့် ယခင်ကာလ များနှင့် နှိုင်ယှဉ်ပါ က တိုးတက်ပြောင်းလဲနေမှုများကို တွေ့ရှိနေရသည်။
မင်းဘူးခရိုင်သည် မကွေးတိုင်းဒေသကြီး၏ စိုက်ပျိုးရေးလုပ်ငန်းအတွက် အဓိကအားထားရာ ခရိုင်ဖြစ်သည့်လျှော်ညီစွာ စိုက်ပျိုးရေပေးဝေနိုင်သည့် ဆည်တမံနှင့် ရေပေးမြောင်းမကြီးများ ရေရှည်ကြံခိုင် ကောင်းမွန်စေရေးအတွက် နိုင်ငံတော်မှ ငွေကြေးအမြောက်အများ အကုန်အကျခံ တည်ဆောက်ပြုပြင်ပေးခဲ့သဖြင့် စိုက်ပျိုးရေးလုပ်ငန်းများလည်း ယခင်နှစ်များကထက် သိသိသာသာ တိုးတက်အောင်မြင်ဖြစ်ထွန်းလာခဲ့သည်။ စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်ဖြစ်ထွန်းလာရာမှ ဒေသခံ လူတစ်ဦးချင်ဝင်ငွေများ တိုးတက်ရရှိကာ လူနေမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။
မန်းချောင်းနှင့်မုန်းချောင်းမှ အခြေခံဖြစ်ပေါ်လာသော အိုင်းမရေလွှဲဆည်နှင့် မဲဇလီရေလွှဲဆည်တို့အပြင် စလင်းတမံမှတဆင့် စိုက်ပျိုးရေပေးဝေနေသည့် လင်းဇင်းဆည်တို့သည် ခရိုင်အတွင်းရှိ မြို့နယ်များ၏ စိုက်ပျိုးရေးလုပ်ငန်းများ အားထားရာ အသက်သွေးကြောပမာ မြောင်းမကြီးများဖြင့် အစဉ်အမြဲ ယှက်နွယ် စီးဆင်းနေလျက် ရှိနေပေတော့သည်။
တင်ထွန်းဦး (IPRD)
ကျောက်တန်းကျေးရွာ အားကစားစုံညီပွဲတော်ကျင်းပ
မင်းဘူး ဇန်န၀ါရီ ၃၁
မင်းဘူးမြို့နယ် ကျောက်တန်းကျေးရွာ အမှတ်(၂၄) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယမန်နေ့က ကျောင်းသား /ကျောင်းသူများ ဥာဏစွမ်းအား၊ကာယစွမ်းအား ထူးချွန် ထက်မြက်ဖွံ့ဖြိုးတိုးတက်လာစေ ရန်ရည်ရွယ်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်လွင် တို့မှ ဦးဆောင်ကာ ကျောက်တန်းကျေးရွာ အားကစားကွင်းတွင် မီတာ ၁၀၀ လက်ဆင့်ကမ်းပြေးပွဲ၊အားလူး ကောက်ပြိုင်ပွဲ၊စကောရွက်ပြိုင်ပွဲ ၊အပ်ထိုးပြိုင်ပွဲ၊မုန့်စားပြိုင်ပွဲ၊အမြန်အင်္ကျီဝတ်ပြိုင်ပွဲ၊သင်္ချာအမြန်တွက် ပြိုင်ပွဲ၊အသင်းလိုက်ဘောလုံး ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြရာ ကျောင်းသားမိဘများနှင့် ဒေသခံပြည် သူများမှ လာရောက်ကြည့်ရှုအားပေးခဲ့သည်။
ပြိုင်ပွဲဆုရကျောင်းသား/ကျောင်းသူများအား ကျောင်းအကျိုးတော်ဆောင်အား/ကာကော်မတီ အဖွဲ့ဝင်များနှင့် ကျေးရွာဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီဝင်များမှ ဆုများအသီးသီးချီးမြှင့်ပေးအပ် ခဲ့ကြောင်းသိရသည်။
သူရထွန်း
သတင်းပေးပို့သူ ဦးတင်ထွန်းဦး
တိုင်းဒေသကြီးပြန်/ဆက်
နှစ်(၁၀၀)ကျော်သက်တမ်းရှိ ညောင်ခြေထောက်ပင်
မကွေး ဇန်န၀ါရီလ ၃၁
မကွေးမြို့နယ် သဖန်းဆိပ်ကျေးရွာ အ၀င်တွင် နှစ်သက်တမ်း (၁၀၀)ကျော်ရှိသော ညောင်ခြေထောက်ပင် တစ်ပင်ရှိသည်။အဆိုပါညောင်ခြေထောက်ပင်သည် ဧရာဝတီမြစ်ကမ်းဘေး တွင်ရှိသောလည်း မြစ်ရေတိုက်စားပြိုလဲမှုမရှိဘဲ ယခုထက်တိုင် တည်ရှိနေသည်။
ညောင်ခြေထောက်ပင်မှာ ပင်စည်းကိုင်းခက်လက်များမှ ထွက်ပေါ်လာသော မြစ်တက်များက မြေပေါ်သို့ထောက်လျှက်ရှိရာ အချို့ အမြစ်များသည် လုံးပတ် (၃)ပေကျော်ထိရှိသည်။
ဒေသခံတစ်ဦးမှ ဒီအပင်ကြီးက ကျွန်တော်တို့အဘိုးလက်ထက်ကတည်းက ရှိနေခဲ့တာ၊သက် တမ်းက နှစ်(၁၀၀)ကျော်မက ရှိနေပြီ၊ပြိုးလဲမသွားဘဲ နှစ်ရှည်ခံတာ ဒီအပင်ကြီးပဲရှိတာ၊နွေအခါ အပင်ရိပ် အောက်မှာပဲ ၀ိုင်းဖွဲ့စကားပြောကြ၊ကလေးတွေ ကစားကြနဲ့ လူနှင့် တိရိစ္ဆာန်များပါ အရိပ်မှီခိုရာ တစ်ခုပါပဲ ဟုပြောကြားသည်။
အဆိုပါ သက်တမ်းရင့် ညောင်ပင်အပါအ၀င် ညောင်ခြေထောက်ပင်ကြီးများကို အပူပိုင်းဒေသ များတွင် အောင်မြင်ဖြစ်ထွန်းအောင်စိုက်ပျိုးထားခြင်းဖြင့် စိမ်လန်းစိုပြေရေးနှင့် ရာသီဥတုကိုပါ တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုရာ ရောက်ပေမည်ဖြစ်ပေသည်။
တင်ထွန်းဦး
သတင်းပေးပို့သူ ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
အမှတ်(၂၄) မူလွန်ကျောင်းတွင် ပညာရေးစုံညီပွဲတော်ကျင်းပ
မင်းဘူး ဇန်န၀ါရီ ၃၁
မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာ အမှတ်(၂၄)အခြေခံပညာ မူလတန်းလွန် ကျောင်း တွင် (၂၀၁၃-၂၀၁၄) ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့က ကျောက်တန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျင်းပရာ အခမ်းအနားတွင် မြို့နယ် ပညာရေးမှူး မှ အဖွင့်အမှာစကားပြောကြားပြီး၊ ကျေးရွာအုပ်ချုပ် ရေးမှူးမှ အခမ်းအနားကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဆုရကျောင်းသား/ကျောင်းသူများအား ကျောင်းအုပ်ဆရာမကြီးနှင့်တာဝန်ရှိသူ များမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပေးအပ်ပြီး ကျောင်းသား/သူကလေးများမှ အကအလှ ပဒေသာ အစီအစဉ်များဖြင့် ကပြဖျော်ဖြေခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ကျောင်းသား/ကျောင်းသူ များနှင့် ကျောင်းသားမိဘများ ၊ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုအဖွဲ့ဝင်များ စုစုပေါင်း အင်းအား(၄၅၀)ဦးခန့်တက်ရောက် ခဲ့ကြောင်းသိရှိရသည်။
ချိုချိုဝင်း(ကျောက်တန်း)
သတင်းပေးပို့သူ - ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
``မကွေးမြို့မှ အံ့သြလောက်တဲ့ မိသားစုရဲ့ ဒါနကုသိုလ်အလှူတော် နတ်လူသာဓုခေါ်စေသော်´´
``မင်းဘူးမြို့တွင် နှစ်ပေါင်း(၅၀)ကျော်ကြာနေ့ထိုင်ခဲ့သော ရဲပင်စင်စားမိသားစု(၃)စုအား တရားမ-ဇာရီမှု အနိုင်ဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှ အိမ်ကြီးများဖျက်၍ ၀င်ရောက်သိမ်းဆည်း´´
``မကွေးမြို့ ဟော်တယ်တစ်ခု၌ ပူဇော်ထားသော ကြေးဆင်းတုမှ ဘယ်ဖက်မျက်လုံးပွင့်´´
ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ
မကွေး ဇန်န၀ါရီ ၂၉
မကွေးတိုင်းဒေသကြီး၊မကွေးမြို့တွင် (SCVG) လူမှုစောင့်ရှောက်ရေးစေတနာဝန်ထမ်းအဖွဲ့ မှ ဦးဆောင်ကျင်းပပြုလုပ်သော ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကို စင်ထရယ်(လ်)တည်ခိုးခန်းရှိ ခန်းမတွင် ဇန်န၀ါရီလ(၂၉)ရက် နံနက်(၉)နာရီက ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မကွေးမြို့ပေါ်ရှိ စာပေနှင့်စာနယ်ဇင်းအဖွဲ့ဝင်များ၊ကလေးသူငယ်အခွင့်အရေးဆိုင်ရာ စိတ်ပါဝင်စားသူများ အင်အား(၃၀)ဦးခန့်တက်ရောက် ဆွေးနွေး ခဲ့သည်။
ထိုအလုပ်ရုံဆွေးနွေးပွဲမှ ကလေးအခွင့်အရေးနှင့်ပတ်သက်သောအသိပညာများ စနစ်တကျ သိရှိစေရန်နှင့် ဆင့်ပွား ပညာပေးလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊လမ်းပျော်ကလေးငယ်မှစ၍ ကလေးငယ်များ၏ အခွင့်အရေးများကို ရရှိ ခံစားနိုင်ရန် ကျင်းပခြင်းဖြစ်ကြောင်းနှင့် ဆွေးနွေးပွဲကို ဇန်န၀ါရီလ(၂၉)ရက်နေ့မှ (၃၀)ရက်နေ့အထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။
ညီညီမောင် (IPRD)
သတင်းပေးပို့/ရိုက်ကူသူ ဦးညီညီမောင်(ဓါတ်ပုံ-၂)
``မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံရေးအကျဉ်းသားဟောင်းများ(နိုင်/ကျဉ်း)အဖွဲ့မှ နိုင်ငံရေးအကျဉ်းသားများ စာရင်းကောက်ယူ´´
``မကွေးမြို့နယ် ကံလှကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ဒဟတ်ကန်ကျေးရွာ(ရွာခွဲတာဝန်ခံ) ဆယ်အိမ်မှူးအား ပြည်သူလူထုဆန္ဒမပါဘဲ အမိန့်စာထုတ်ဖြုတ်ချ၍ တိုင်ကြား´´
``တောင်တွင်းကြီးမြို့တွင် တစ်ကိုယ်တော်ဆန္ဒပြ ၊ ၎င်းအား သက်ဆိုင်ရာမှ ဖမ်းဆီးထိမ်းသိမ်း´´
ဇန်န၀ါရီ(၂၆)ရက်နေ့ နံနက်(၉း)မှညနေ(၅)နာရီအချိန်တွင် တောင်တွင်းကြီးမြို့၌ မြို့တွင်းရှိ (၅၄)နယူးဒေး စက်သုံးဆီဆိုင် မြို့ပြင်သို့ အမြန်ဆုံးရွှေ့ပြောင်းပေးရန် ကိုကျော်ထွန်းဦး၊(ဘ)ဦးတင်ဦး၊ မောင်းတိုင်(၁)ရပ်ကွက်၊ အပိုင်း(၃)နေထိုင်သူသည် တစ်ကိုယ်တော်ဆန္ဒပြကြောင်း သတင်းရရှိသည်။ ၎င်းသည် (မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့လယ်ရှိ အမှတ်(၅၄)နယူးဒေးပုဂ္ဂလိက စက်သုံးဆီဆိုင်အား မြို့ပြင်ရွေ့ပေးရေး) ဆိုသော ကပ်ထူစက္ကူဆိုင်းဘုတ်ပေါ်တွင်အနီရောင်ဖြင့်စာရေးသားလျှက် ဆီဆိုင်ရှေ့ လက်ဘက်ရည်ဆိုင် မှ အေဂျီဒီဘက် ရှေ့သို့ လမ်းလျှောက်ကြောင်း၊၎င်းမှဖောင်တော်ဦးစေတီရှေ့သို့ ရောက်ရှိ လာရာတွင် ဥပဒေနှင့်အညီခွင့်ပြု မိန့်မရရှိသဖြင့် သက်ဆိုင်ရာရဲတပ်ဖွဲ့မှ တားဆီးကြောင်း၊ သို့သော် ၎င်းမှာ ထပ်မံသွားရောက်ခဲ့ကြောင်း၊ ထို့နောက် နယူးဒေး ဆီဆိုင်ရှေ့သို့ ပြန်လည်ရောက်ရှိလာကြောင်း၊ ညနေ(၅)နာရီ ခန့်အချိန်တွင် တစ်ကိုယ်တော် ဆန္ဒပြသူကိုကျော်ထွန်းဦး အား တောင်တွင်းကြီးမြို့မရဲစခန်းမှ ဒုစခန်းမှူး ရဲအုပ် စိုင်းထွန်းကျော်နှင့် အဖွဲ့မှဥပဒေနှင့်အညီခွင့်ပြုမိန့်မရ၍ ထပ်မံတားဆီးကြောင်း၊ ၎င်းမှာ ဆက်လက်သွားလာ ဆန္ဒဆက်လက်ပြနေ ကြောင်း၊ ထို့နောက်၎င်းအား ဖမ်းဆီးထိမ်းသိမ်းခေါ်ဆောင်သွားကြောင်း၊ အဆိုပါ ဆန္ဒပြသူကို တောင်တွင်းကြီး မြို့မရဲစခန်းတွင် (ပ)၁၈/၂၀၁၄ ပြစ်မှု ငြိမ်းချမ်းစွာစီတန်း လှည့်လည်ဆန္ဒပြခွင့်ဆိုင်ရာ ပုဒ်မ(၁၈)ဖြင့် တရားစွဲဆို အရေးယူထားကြောင်း၊ ဆန္ဒပြသူ ကိုကျော်ထွန်းဦးသည် ငြိမ်းချမ်းစွာစီတန်းလှည့်လည် ဆန္ဒပြခွင့်အား သက်ဆိုင်ရာသို့ကြိုတင်လျှောက်ထားခဲ့ရာ ဇန်န၀ါရီ(၂၄)ရက်နေ့က သက်ဆိုင်ရာမှငြင်းပယ်ခံခဲ့ရကြောင်း ဒေသခံ သတင်းထောက်တစ်ဦးထံမှ သတင်းရရှိသည်။
၎င်းမြို့တွင်းရှိ ဆီဆိုင်ကိစ္စမှာ ၂၀၁၃၊ ဒီဇင်ဘာ(၂)ရက်ကလည်း နံနက် (၁၀ မှ၁၁)နာရီအချိန်ခန့်တွင် တောင်တွင်းကြီးမြို့၌ မြို့တွင်းရှိ (၅၄)နယူးဒေး စက်သုံးဆီဆိုင်ကို မြို့ပြင်သို့ အမြန်ဆုံးရွှေ့ပြောင်းပေးရန် ကိုကျော်ထွန်းဦးပါ(၁၄)ဦးတို့က မကွေး တောင်တွင်းလမ်းမ တစ်လျှောက်နှင့် ၎င်းစက်သုံးဆီဆိုင်ရှေ့တို့မှာ ဆန္ဒပြ ကြောင်း၊ ၎င်းတို့အဖွဲ့အား ငြိမ်းချမ်းစွာစီတန်း လှည့်လည်ဆန္ဒပြခွင့်ဆိုင်ရာ ပုဒ်မ(၁၈)ဖြင့် တရားစွဲခံရကြောင်း၊ တရားရင်ဆိုင်နေရစဉ် ၂၀၁၃၊ ဒီဇင်ဘာ(၃၁)ရက်နေ့ က နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်ချမ်း သာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာကြကြောင်း သိရသည်။
``မကွေးမြို့နယ် ဒဟတ်ကန်ကျေးရွာ နှင့် မကြီးကန်ကျေးရွာ ယာမြေအသိမ်းဆည်းခံတောင်သူများ၏ ငိုပွဲ´´
Subscribe to:
Comments (Atom)
