မကွေး ဇန်န၀ါရီလ ၃၁
မကွေးမြို့နယ် သဖန်းဆိပ်ကျေးရွာ အ၀င်တွင် နှစ်သက်တမ်း (၁၀၀)ကျော်ရှိသော ညောင်ခြေထောက်ပင် တစ်ပင်ရှိသည်။အဆိုပါညောင်ခြေထောက်ပင်သည် ဧရာဝတီမြစ်ကမ်းဘေး တွင်ရှိသောလည်း မြစ်ရေတိုက်စားပြိုလဲမှုမရှိဘဲ ယခုထက်တိုင် တည်ရှိနေသည်။
ညောင်ခြေထောက်ပင်မှာ ပင်စည်းကိုင်းခက်လက်များမှ ထွက်ပေါ်လာသော မြစ်တက်များက မြေပေါ်သို့ထောက်လျှက်ရှိရာ အချို့ အမြစ်များသည် လုံးပတ် (၃)ပေကျော်ထိရှိသည်။
ဒေသခံတစ်ဦးမှ ဒီအပင်ကြီးက ကျွန်တော်တို့အဘိုးလက်ထက်ကတည်းက ရှိနေခဲ့တာ၊သက် တမ်းက နှစ်(၁၀၀)ကျော်မက ရှိနေပြီ၊ပြိုးလဲမသွားဘဲ နှစ်ရှည်ခံတာ ဒီအပင်ကြီးပဲရှိတာ၊နွေအခါ အပင်ရိပ် အောက်မှာပဲ ၀ိုင်းဖွဲ့စကားပြောကြ၊ကလေးတွေ ကစားကြနဲ့ လူနှင့် တိရိစ္ဆာန်များပါ အရိပ်မှီခိုရာ တစ်ခုပါပဲ ဟုပြောကြားသည်။
အဆိုပါ သက်တမ်းရင့် ညောင်ပင်အပါအ၀င် ညောင်ခြေထောက်ပင်ကြီးများကို အပူပိုင်းဒေသ များတွင် အောင်မြင်ဖြစ်ထွန်းအောင်စိုက်ပျိုးထားခြင်းဖြင့် စိမ်လန်းစိုပြေရေးနှင့် ရာသီဥတုကိုပါ တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုရာ ရောက်ပေမည်ဖြစ်ပေသည်။
တင်ထွန်းဦး
သတင်းပေးပို့သူ ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
နှစ်(၁၀၀)ကျော်သက်တမ်းရှိ ညောင်ခြေထောက်ပင်

Subscribe to:
Post Comments (Atom)

0 comments:
Post a Comment