ပေါက် ဇန်န၀ါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ပေါက်မြို့နယ်၊ရွာသစ်စုကျေးရွာတွင် ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိစေရေးအတွက် စက်ရေတွင်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၈)နာရီက အဆိုပါ စက်ရေတွင်းသစ် မုဒ်ဦးရှေ့တွင်ကျင်းပပြုလုပ်ရာ စက်ရေတွင်းသစ်ဖွင့်ပွဲအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စက်ရေတွင်းသစ်တွင် ကျေးလက်နေပြည်သူများ သောက်သုံရေ ခပ်ယူနေမှု အခြေအနေများနှင့် (၅၀ H.p)နှစ်လုံးထိုးစက်ဖြင့် ရေတင်နေမှုတို့အား ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါစက်ရေတွင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ရန်ပုံငွေ(၁၅၀)သိန်းနှင့် ကျေးရွာလူထုထည့်ဝင်ငွေ(၁၅၀)သိန်းတို့ဖြင့် အနက်ပေ(၈၅၀)ပေမှမြေအောက်ရေအား (၅၀ H.P)နှစ်လုံးထိုးအင်ဂျင်နှင့် (၃၀H.P)ဒိုင်နမိုတို့နှင့်တင် ယူ၍ ဂါလံ(၁၀၀၀၀)ဆန့် အုပ်ရေကန်ဖြင့်သိုလှောင်ဖြန့်ဝေပေးလျှက်ရှိကြောင်းသိရှိရသည်။
တင်ထွန်းဦး
သတင်းပေးပို့သူ - ဦးတင်ထွန်းဦး(ဓါတ်ပုံ-၂)
သောက်သုံးရေဖူလုံစွာရရှိရေး စက်ရေတွင်းသစ်ဖွင့်ပွဲကျင်းပ

Subscribe to:
Post Comments (Atom)

0 comments:
Post a Comment