မင်းတုန်း ဇန်န၀ါရီ ၁၃
မကွေးတိုင်းဒေသကြီး၊မင်းတုန်းမြို့နယ် အမှတ်(၃)ရပ်ကွက် လေသာလမ်း ကျောက်ချောလမ်း သစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက အဆိုပါလမ်းသစ်မုဒ်ဦးရှေ့တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစောသိန်းဦးမှ ကျောက်ချော လမ်းသစ်ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးနိုင်၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦး၊မြို့နယ် စည်ပင်အမှုဆောင်အရာရှိ ဦးစောသိန်းဦး တို့က ကျောက်ချောလမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါလမ်းသစ်ဖွင့်လှစ်ပေးခြင်းအားဖြင့် မြို့ပေါ်ရပ်ကွက်များသို့ ဆက်သွယ်သွားလာနေကြ သည့် ကျေးရွာများမှ ပြည်သူတို့၏ ကျန်းမာရေး၊ပညာရေး၊စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့ မြန်ဆန်လွယ်ကူစွာ သွားလာနိုင်မည်ဖြစ်၍ ကျေးလက်နေပြည်သူများ ၀မ်းသာပျော်ရွှင်လျှက်ရှိကြောင်း သိရှိရသည်။
တင်ထွန်းဦး
သတင်းပေးပို့သူ ဦးတင်ထွန်းဦး(ဓါတ်ပုံ-၂)
Butterfly Diary ..... (Our Hidden Paradise)
4 days ago

0 comments:
Post a Comment