မင်းဘူး မတ် ၈
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ အောင်မြေ(၈)လမ်းအား မြို့နယ်စည်ပင်သာယာရေး အဖွဲ့ ရန်ပုံငွေဖြင့်လမ်းအရှည်(၁၃၃၀)ပေ၊အကျယ်(၁၂)ပေ၊ ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုအား ယမန်နေ့က တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမောင်မောင်အောင် မှ ကွင်း ဆင်းစစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ၊ အမှုဆောင်အရာရှိနှင့် တာဝန်ခံအင်ဂျင်နီယာတို့မှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်း လင်းတင်ပြခဲ့သည်။
အဆိုပါ အောင်မြေရပ်ကွက်(၈)လမ်းသည် မိုးရာသီများတွင် ရေ၀ပ်မှုနှင့် ရွှံ့စေးများကြောင့် သွားလာရ ခက်ခဲ၍ ယခုအခါ ကျောက်ချောလမ်းခင်းပေးသဖြင့် ရပ်ကွက်နေပြည်သူများ စိတ်ချမ်းမြေ့ စွာ သွားလာနိုင်မည်ဖြစ်ကြောင်းသိရှိရသည်။
တင်ထွန်းဦး(IPRD)
သတင်းပေးပို့သူ - ဦးတင်ထွန်းဦး (တိုင်းဒေသကြီးပြန်/ဆက်)
Butterfly Diary ..... (Our Hidden Paradise)
4 days ago

0 comments:
Post a Comment