မင်းဘူး မတ် ၈
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်သည် မန်းရေနံမြေနှင့် နီးကပ်စွာတည်ရှိပြီး တောင်ကုန်းများ အပေါ် မြို့တည်ထားသည့်အတွက် အချို့ရပ်ကွက်များမှာ မြေအောက်ရေစက်ရေတွင်းတူးဖော်ရန် ခက်ခဲမှု များကြောင့် မြို့ပေါ်နေပြည်သူများ သောက်သုံးရေဖူလုံးစွာ ရရှိနိုင်ရန် မင်းဘူးမြို့နှင့် တစ်မိုင်ခန့် အကွာရှိ ကျောက်တန်းကျေးရွာ ရေစိမ့်တွင်းမှ ရေအား စက်များဖြင့် တင်ယူ ဖြန့်ဝေပေးလျက်ရှိသည်။
မကွေးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွန်ကြားရေးမှူး ဦးမောင်မောင်အောင်မှ ယမန်နေ့က ရေစက်ရုံးသို့ ကွင်းဆင်း စစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးကော်မတီဥကဌ၊ အမှုဆောင်အရာရှိနှင့် တာဝန်ခံအင်ဂျင်နီယာတို့မှ ရေစက်ရုံ ကောင်းမွန်မှု၊ရပ်ကွက်များသို့ ရေပေးဝေမှု အခြေအနေအားရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါ ကျောက်တန်းရေစက်ရုံကို ၁၈၉၀-ခုနှစ်မှ စတင်တည်ဆောက် ရေပေဝေခဲ့ရာ ရေစိမ့်တွင်း (၂)တွင်းမှ တစ်ရက် ရေဂါလံ(၂၆၀၀၀၀)ကျော် အား မင်းဘူးမြို့ အမှတ်(၁)နှင့်(၂)ရပ်ကွက်တို့အား ယနေ့ အချိန်ထိ ရေပေးဝေနိုင်လျက်ရှိကြောင်းသိရှိရသည်။
သူရထွန်း(မကွေး)
သတင်းပေးပို့သူ - ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
Butterfly Diary ..... (Our Hidden Paradise)
4 days ago

0 comments:
Post a Comment