``မန်းရွှေစက်တော်ဘုရားပွဲတော်၊ အထက်သောင် VIP နမ္မဒါဧည့်ရိပ်သာမှ စတင်၍ အဆောင်များ မီးလောင်မှုဖြစ်ပွား´´
မင်းဘူးခရိုင်၊ မင်းဘူး/စကုမြို့နယ် မန်းရွှေစက်တော်ဘုရားပွဲတော်၌ မတ်(၁၉)ရက်၊ နံနက်(၂)နာရီ အချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ မတ်(၁၉)ရက်၊ နံနက်(၂)နာရီ အချိန်ခန့်တွင် မင်းဘူးမြို့၏အနောက်ဘက်(၃၈)မိုင်အကွာ မန်းရွှေစက်တော်ဘုရားပွဲတော် အထက်သောင် ဘုရားဂေါပကပိုင် VIP နမ္မဒါရိပ်သာမှ အလျား ဆယ်ပေ၊ အနံ တစ်ဆယ့်ငါးပေးအကျယ်၊ သက္ကယ်မိုး၊ ပြင်ခင်း အဆောင်အမှတ်(၆)အား ငှါးရမ်းနေထိုင်သူ ဦးဇော်မြင့်သိန်း (၄၅)နှစ် သည် ခြင်ဆေးခွေထွန်း၍အပ်စက်ရာ မှ ကာရံထားသော်ထရံကို စဆင်၍ မီးစွဲလောင်ကြောင်းသိရသည်။ ၎င်း မှတဆင့် အဆောင်အခန်းပေါင်း(၃၀)ခန့်အား မီိးကူးစက်သွားကြောင်း၊ ၎င်းမီးလောင်ရာသို့ မကွေးတိုင်း ဒေသကြီး မီးသတ်ဦးစီးမှူး ဦးအောင်ဝင်းစိန် ဦးဆောင်၍ သန္ဓေမီးသတ်(၂၇)ဦး၊ အရံမီးသတ်(၉၆)ဦး၊ မီးသတ်အုပ်ချုပ်ရေးယာဉ်တစ်စီ၊ မကွေးမြို့မီးသတ်ယာဉ်တစ်စီး၊ မင်းဘူမြို့မှ မီးသတ်ယာဉ်နှစ်စီး၊ ငဖဲမြို့မှ မီးသတ်ယာဉ်တစ်စီး၊ ရွှေစက်တော်မီးသတ်ယာဉ်တစ်စီး တို့ဖြင့် ၀ိုင်းဝန်း၍ မီးငြှိမ်းသတ်ရာ နံနက်(၃)နာရီတွင် မီးလုံးဝညိမ်းသွားကြောင်း၊ မီးလောင်သွားသော အကျယ်အ၀န်း အရွယ်စုံအခန်းပေါင်း(၃၀)ခန့်ရှိပြီး၊ ဆုံးရှုံးတန်ဘိုး ငွေကျပ် သိန်း(၃၀)ကျော်ခန့်သတ်မှတ်ကြောင်း၊ လူ အသေ အပျောက်မရှိ၊ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးရုံးမှ ကနဦး သတင်း ရရှိသည်။
`` မတ်(၁၉) နံနက်(၂)နာရီမှာ မီးစတင်လောင်ပါတယ်။ နံနက်(၃)နာရီမှာ မီးလုံးဝညိမ်းသတ်နိုင်ခဲ့ပါတယ်။ အထက်သောင် VIP နမ္မဒါဧည့်ရိပ်သာ အခန်း(၆)နေတဲ့ ဦးဇော်မြင့်သိန်းအခန်း ခြင်ဆေးမီးက စတင်လောင်တာပါ၊ ယခု ဦးဇော်မြင့်သိန်း ကို စကုနယ်မြေရဲစခန်းမှာ (ပ) ၂၅/၂၀၁၄ ပြစ်မှုပုဒ်မ၂၈၅ နဲ့ အမှုဖွင့်အရေးယူ ထားပါ တယ်..။´´ ဟု မီးသတ်တပ်ကြပ်ကြီး ဦးကျော်မြင့် က ပြောသည်။
Artikel ``မန်းရွှေစက်တော်ဘုရားပွဲတော်၊ အထက်သောင် VIP နမ္မဒါဧည့်ရိပ်သာမှ စတင်၍ အဆောင်များ မီးလောင်မှုဖြစ်ပွား´´ ini dipublish oleh shwelannwelanwinkyi pada hari Tuesday, March 18, 2014. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ``မန်းရွှေစက်တော်ဘုရားပွဲတော်၊ အထက်သောင် VIP နမ္မဒါဧည့်ရိပ်သာမှ စတင်၍ အဆောင်များ မီးလောင်မှုဖြစ်ပွား´´
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment