ဒီနေ့အစည်းအဝေးမှာတော့တစ်ခုပဲစိတ်မကောင်းဖြစ်ရပါတယ် ........... တစ်ချို့ဆိုလည်းတော်တော်လေးကို ဒါကို

"ဒီနေ့အစည်းအဝေးမှာတော့တစ်ခုပဲစိတ်မကောင်းဖြစ်ရပါတယ် ...........
တစ်ချို့ဆိုလည်းတော်တော်လေးကို ဒါကို (ခွဲမထွက်ရေးမူ) တောင်းတောင်းပန်ပန်နဲ့ပြောကြတာတွေရှိပါတယ် သို့သော်ကျွန်တော်တို့ အဓိကကတော့ သက်ဆိုင်ရာ အစုအဖွဲ့ပေါ့နော် EAOအစုအဖွဲ့မှာ တစ်ချို့က ဒါကို (ခွဲမထွက်ရေးမူ) လက်မခံနိုင်ဘူးလက်မခံနိုင်တဲ့အခါ ကျန်တဲ့အချက်တွေကိုရှေ့ဆက်လို့မရဘူး မရတော့တဲ့အတွက်စိတ်မကောင်းစွာနဲ့ပဲ ဒီညီလာခံမှာချန်ထားခဲ့ရတယ် "
"အဓိကကတော့ကျွန်တော်တို့ပြောချင်တာကတော့ အဓိကမေးခွန်းဖြစ်တဲ့ပြည်ထောင်စုကခွဲမထွက်ပါဘူးဆိုတဲ့ကတိ မပြုနိုင်ဘူး အဲ့ဒါဆိုကျွန်တော်တို့မေးစရာရှိနိုင်တာကဘာလဲ ခွဲထွက်ချင်လို့လား ဖြစ်လာတယ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကဒါကိုကတိကဝတ်မပြုနိုင်ဘူး ကတိမပြုနိုင်တဲ့အတွက် ကျန်တဲ့ package လိုက် ဖြစ်တဲ့ ကျန်တဲ့ ကိုယ်ပိုင်အခြေခံဥပဒေ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ဒါတွေကိုလည်းကျွန်တော်တို့ မရတော့ဘူး ဒါပေမဲဒီအချက်တွေကိုနောင်မှာဆက်ဆွေးနွေးမယ်လို့သဘောတူညီခဲ့တယ် နောင်မှာဆိုတာကတော့ နောင်လာမည် Section မှာဖြစ်မလားဆိုတာ သက်ဆိုင်ရာအစုအဖွဲ့အပေါ်မှာမူတည်ပါတယ်
"အစုအဖွဲ့မှာတော့ တပ်မတော်ဘက်က အစိုးရဘက်က ဒါကိုအထူးပြုပြီးတော့ဆွေးနွေးပါတယ် တပ်မတော်နဲ့ အစိုးရလွှတ်တော် အားလုံးကတော့တစ်သဘောတည်းဖြစ်ပါတယ် "
ဦးဇော်ဌေး -၂၈-၅-၂၀၁၇ UPDJC အစည်းအဝေးအပြီး ၁၂:၅၄
ခရက်ဒစ် WY
 

0 comments: