မြန်မာနိုင်ငံနှင့် သတင်းမီဒီယာ လွတ်လပ်မှု

မြန်မာနိုင်ငံနှင့် သတင်းမီဒီယာ လွတ်လပ်မှု
D.မင်း
ယနေ့ဟာ ကမ္ဘာ့သတင်းလွတ် လပ်ခွင့်နေ့ World Press Freedom Day ဖြစ်ပါတယ်။ဒါကြောင့်လည်းမြန်မာနိုင်ငံနှင့် သတင်းမီဒီယာ လွတ်လပ်မှုအခြေအနေကို အနည်းငယ် ရေးသားဖော်ပြပါရစေ။
မတ် လအတွင်း က ရန်ကုန်မြို့တော်ခန်းမမှာ
ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံသတင်းမီဒီယာစာတမ်းဖတ်ပွဲမှာ ကျနော့်စာတမ်းဖြစ်တဲ့ မြန်မာနိုင်ငံသတင်းမီဒီယာအဖွဲ့အစည်းများ
သမိုင်းစာတမ်း ဖတ်ချိန်မှာ မြန်မာနိုင်ငံ မှာ သတင်းလွတ်လပ်ခွင့်ရပြီလား လို့ မေးခွန်းမေးခံရပါတယ်။
လွတ်လပ်တယ်ဆိုတာ ဒီအတိုင်းဝေဖန်သုံးသပ်လို့မရပါဘူး။
အရပ်တိုင်းသလိုပါပဲ။ ကျနော်က အရပ်ပုသူထက်စာရင်အရပ်ရှည်မယ်။
အရပ်ရှည်တဲ့သူထက်စာရင်ကျနော်ကအရပ်ပုမယ်လို့ ဥပမာပေးဖြေခဲ့ပါ တယ်။ ဆိုရသော် ကျနော်တို့နိုင်ငံမှာ သတင်းလွတ်လပ်ခွင့်ဘယ်လောက်ရှိလဲဆိုတာ အရင်အစိုးရလက်ထက်များ(ဦးသိန်းစိန်အစိုးရ၊တပ်မတော်အစိုးရ)တို့လက်ထက်ကာလထက် တော့လွတ်လပ်မှုရှိလာပါတယ်။ဒါပေမယ့် အခြားတိုးတက်နေတဲ့နိုင်ငံတွေထက်စာရင်တော့ နိမ့်နေပါသေးတယ်။
မေလ ၁ ရက် က မြစ်ကြီးနား မှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနဲ့ မြန်မာမာလ်တီပါတီဒီမိုကရေစီအစီအစဉ် MMDP ကပြုလုပ်တဲ့
ပဋိပက္ခ နှင့်ငြိမ်းချမ်းရေး ဆွေးနွေး ပွဲမှာလည်း ကျနော့်အနေနဲ့ လတ်တလော မြန်မာနိုင်ငံသတင်းမီဒီယာ လွတ်လပ်ခွင့်အနေအထား ခေါင်းစဉ်နဲ့ တင်ပြဆွေးနွေး ခဲ့ပါတယ်။
ဒီမှာလည်းမေးခွန်းတွေအများကြီးကိုဖြေကြားပေးခဲ့ရပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်မကြာသေးမီက နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ကနေပြီး ကမ္ဘာ့နိုင်ငံများရဲ့ သတင်းလွတ်လပ်ခွင့် ညွှန်းကိန်း ကိုထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်အရ မြန်မာနိုင်ငံဟာ ၂၀၁၆ ခုနှစ်မှာ ကမ္ဘာ့အဆင့် ၁၄၃ ကနေ ၁၃ ဆင့်ခုန်တက်ပြီး ၁၃၁ ကိုရောက်ခဲ့ပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာဆိုရင်အဆင့် ၃ ပါ။ ဒါဟာမြန်မာနိုင်ငံအနေနဲ့အမြင့်ဆုံးအဆင့်ကို ရောက်လာနိုင်ခဲ့တာပါ။ လွန်ခဲ့တဲ့ ဆယ်စု နှစ် ၂ ခု အကြာက မြန်မာဟာ အောက်ဆုံးက မြောက်ကိုရီးယား ရဲ့အထက်တစ်နေရာမှာရှိခဲ့တာပါ။ယနေ့မှာလည်းမြောက်ကိုရီးယားက အဆင့် ၁၈၀ မှာပဲ ရှိနေဆဲပါ။
သတင်းလွတ်လပ်ခွင့် စစ်တမ်းကို
ယင်းနိုင်ငံအတွင်းမှာ မီဒီယာတွေ ဖိနှိပ်ခံနေရလား။ အစိုးရကဘယ်လောက်ပါဝင်ပတ်သက်နေလဲ။ မီဒီယာ ရဲ့ Infrastructure တွေဘယ်လောက်ရှိလည်း။ မီဒီယာတွေ များများပေါ် ပေါက်နေပြီလား။တစ်ဦးတစ်ယောက်က ချုပ်ကိုင်လွှမ်းမိုးမှုရှိနေလား။ မီဒီယာနဲ့ပတ်သက်တဲ့ဥပဒေတွေ ဘယ်လောက်ပြဌာန်းနိုင်နေပြီလဲ စတဲ့အချက်တွေပေါ်မှာအခြေခံပြီး
ကောက်ယူပြုစုထားတာဖြစ်ပါတယ်။
ုမြန်မာနိုင်ငံမှာလွတ်လပ်စွာသတင်းရေးသားခွင့်တွေယခင်ကထက်ပွင့်လင်းလာပေမယ့် သတင်းရယူပိုင်ခွင့် Access to Information ပိုင်းမှာတော့ ထင်သလောက် မရသေးပါဘူးဆိုတာ သတင်းသမားတွေအများဆုံးတွေ့ကြုံနေရဆဲပါ။
Print Media မှာဖော်ပြထားတဲ့သတင်းတွေကို အွန်လိုင်းမှာတင်တဲ့အခါ သဘောမတွေ့ရင် ၆၆ ဃ နဲ့ တရားစွဲဆိုခံနေရတာ၊ ၆၆ ဃ ကြောင့် သတင်းသမားအတော်များများအရေးယူခံနေရတာတွေက ရှိနေလျက်မို့ သတင်းမီဒီယာလွတ်လပ်ခွင့်ကတော့ အတိုင်းအတာတစ်ခုအနေနဲ့ရှိနေဆဲပါ။
ဒီမိုကရေစီအားကောင်းဖို့ CSO ,Media တွေအားကောင်းဖို့လိုပါတယ်။မီဒီယာတွေဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်မှ ပြည်သူ့အသံတွေပိုကြားလာမယ်၊ဒီမိုကရေစီအားကောင်းလာပါမှာဖြစ်ပါကြောင်း
တိုက်တွန်းရေသားလိုက်ရပါတယ်။
လေးစားခင်မင်စွာဖြင့်
ကျော်စွာမင်း@D.မင်း
ခေတ္တမြစ်ကြီးနား

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel မြန်မာနိုင်ငံနှင့် သတင်းမီဒီယာ လွတ်လပ်မှု ini dipublish oleh shwelannwelanwinkyi pada hari Wednesday, May 3, 2017. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan မြန်မာနိုင်ငံနှင့် သတင်းမီဒီယာ လွတ်လပ်မှု
 

0 comments: