ဝန်ထမ်းတစ်ဦးရာထူးတက်ဖို့ဘာအရေးကြီးလဲ???
ရာထူးတိုး စာမေးပွဲ မဖြေရသေးခင် အောင်စာရင်းအဖြေကြိုသိနေတာ ဘာကြောင့်လဲ???
ကျောင်းးသားတစ်ဦး၏ ရည်မှန်းချက်က
စာမေးပွဲ အောင်ဖို့
ဝန်ထမ်းတစ်ဦး၏ ရည်မှန်းချက်က
ရာထူးတိုးတက်ရေး စသည်ဖြင့် မိမိဘဝတိုးတက်ရေးအတွက် အိမ်မက်များဖြင့် ရှင်သန်နေကြသည်။
ဝန်ထမ်းလောကတွင် လက်ရှိအချိန်ထိ အဆင့်ဆင့် အုပ်ချုပ်စီမံနေမှုများတွင် ယခင် အစိုးရ လက်ထက်အတိုင်း မညီမျှမှု များစွာဖြင့် လိုအပ်ချက်များစွာ ရှိနေသေးသည်ကိုတွေ့မြင်နေရဆဲဖြစ်သည်။အထူးသဖြင့် ဝန်ထမ်းများ၏ အိပ်မက်ဖြစ်သော ရာထူးတိုး များတွင် မိမိနှင့်ရင်းနှီးကျွမ်းဝင်သောသူ မိမိလက်လှမ်းမှီသူများသာ ကောင်းစားနေကြသည်ကို အထင်အရှား တွေ့မြင်နေရဆဲ ဖြစ်သည်။
ဝန်ထမ်း တစ်ယောက် ရာထူးတိုးတက်ရေးအတွက် အဓိကအခြေခံ အချက်များမှာ အဘယ်နည်း
*ဝန်ထမ်း၏ လုပ်သက် သည် အဓိကလား
*ဝန်ထမ်း၏ ပညာအရည်အချင်းသည် အဓိလား
*ဝန်ထမ်း၏ လုပ်ငန်းကျွမ်းကျင်ခြင်း သည် အဓိကလား
*ထိုသုံးချက်ထက် အထက်လူကြီးများမိမိအား သဘောကျနှစ်သက်စေမည့်
ချဉ်းကပ်မှုပေးကမ်းမှုက အဓိကလား
*တပ်မတော်တွင် အတူ တာဝန်ထမ်းဆောင်ခဲ့ဖူးခြင်းဆိုတဲ့  အစ်ကိုကြီး ညီလေး ဆက်စပ်မှုက အဓိကလား
စသည်ဖြင့် ဝိဝါဒ ကွဲပြားခြားနေပြီး အမှန်တကယ် အရည်အချင်းပြည့်စုံပြီးပညာတတ် ဝန်ထမ်းများမှာ နောက်ကျကျန်နေခဲ့ရခြင်းများ ဝန်ထမ်းလောတွင် ရှိနေဆဲဖြင့် တိုင်းပြည်တိုးတက်ရေးအတွက် အနှောက်အယှက် ဖြစ်လျှက် ရှိသည်ကို မြင်တွေ့နေရပါသည်။ထိုသို့ လုပ်ကိုင်ဆောင်ရွက် နေမှု့ကြောင့်
ပညာအရည်အချင်း အပာအဝင် လုပ်ငန်းကျွမ်းကျင်မှု့ နဲပားသော်လည်း သူတပါး ဦးနှောက်
ဖောက်စား၊ ဟောက်စား နဲ့ နေရာယူနေကြသူများ အထက်သို့ အဆင်ဆင့်ရောက်ရှိသွားခြင်းသည် ၊နိုင်ငံအတွက် အသာထား ဌာနအတွက် တောင် အကျိုးရှိနိုင်ပာ့ မလား?
စာမေးပွဲ မဖြေဆိုရသေးမီ
ကြိုတင် သိနေသော result အတိုင်း
သေချာနေသောအခါ စာမေးပွဲကလည်းတန်ဖိုးမရှိ၊ ရာထူးရသူကလည်း အရည်အချင်း မရှိ သော အခြေအနေများဖြင့်သာ....
ယခုအချိန်မှစတင်၍ ဝန်ထမ်းလောက ပြုပြင်ပြောင်းလဲမှုကို နိုင်ငံအကြီးအကဲများ ဆောင်ရွက်နိုင်ကြပါစေလို့ တိုက်တွန်းဆန္ဒပြုအပ်ပါသည်။

Credit...
0 comments:
Post a Comment