`မကွေးမြို့တွင် မကွေးမြို့နယ်မြန်မာနိုင်ငံစာရေးဆရာများ သမဂ္ဂဖွဲ့စည်းပြီး´

မကွေးမြို့အောင်ဇေယျာရပ်ကွက် တောင်တွင်းလမ်းရှိ ကပ်ကျော် ဘုန်းတော်ကြီးကျောင်းတွင် အောက်တိုဘာ(၂၂)ရက် နေ့ ညနေ(၅)နာရီမှာ မကွေးမြို့နယ်မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ ဖွဲ့စည်းကြောင်း သတင်းရရှိသည်။ ရန်ကုန်မှ မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီ(ယာယီ) ဥက္ကဋ္ဌ ဆရာထက်မြက်၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ နှင့် ဘဏ္ဍာရေးမှူ အဖွဲ့(၄)ဦးတို့ မကွေးမြို့နယ် မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ အဖွဲ့ဝင် အဆိုပြုလွှာ(၁၀)ဦးအား လက်ခံ၍ ဖွဲ့စည်းကြောင်း သတင်းရရှိပါသည်။ ၎င်း အဆိုပြုလွှာများအား မကွေးမြို့နယ်အဖွဲ့ဝင် နေခြည်(မကွေး)မှ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဆရာထက်မြက်ထံသို့ ပေးအပ်ပါသည်။ မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂဖြစ်မြောက်ရေး ကော်မတီ(ယာယီ) မှ မကွေးမြို့နယ်အပါအ၀င် မြို့နယ်ပေါင်း(၇)မြို့နယ်ကို မြို့နယ်စာရေးဆရာများသမဂ္ဂများ ဖွဲ့စည်းပြီးခဲ့ကြောင်း၊ ယခု မကွေးမြို့မှ ချောက်မြို့နယ်၊ မင်းဘူးမြို့နယ်၊ တောင်တွင်းကြီးမြို့နယ်များသို့ သွားရောက်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဥက္ကဋ္ဌ ဆရာထက်မြက်မှ မြန်မာပို့စ် သို့ပြောသည်။ ၀ိုင်းကြည်အောင်
READMORE
 

`အညာဒေသမှာ နွားတွေကို အရုပ်ရေး၍ ကြည့်ရတော့မည် သားသတ်ရုံများတွင် တစ်ရက် နွား(၁၀/၂၀)ကောင်အထိ စည်းကမ်းမဲ့စွာ သတ်ဖြတ် ဟု ကြားသိနေရ´

အညာဒေသဖြစ်သော ဆိပ်ဖြူမြို့သို့ စက်တင်ဘာလထဲတွင် ရောက်ရှိခဲ့သည်။ ဤသို့ရောက်ရှိစဉ် ဆိပ်ဖြူမြို့နယ်တွင်းမှ လုပ်သားပြည်သူများ၏ ရင်တွင်းခံစားချက်များအား မြန်မာပို့စ် သို့ လာရောက်ပြောကြား၍ သတင်းပေးကြပါသည်။ ``ကျွန်တော်တို့ ဆိပ်ဖြူမြို့နယ်မှာ ခိုင်းကျွဲ(၁၂၅၅)ကောင်၊ ခိုင်းနွား(၈၀၄၄၀)ကောင်ရှိလို့ တိ-ကု-မွေးမှာဖော်ပြထားပါတယ်။ စက်မှုလယ်ယာခေတ်ကို ကူးပြောင်းနေပေမယ့် လက်မှုလယ်ယာလုပ်ငန်းကတော့ သားစဉ်မြေးဆက်တည်ရှိနေအုံးမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ ဆိပ်ဖြူမြို့နယ်တွင်းမှာ ခိုင်းနွား ခိုင်းကျွဲတွေ မျိုးပြုတ်တော့မယ်ဗျာ..။ ၂၀၁၂ ခု ဧပြီ၊ မေ၊ ဇွန်လတွေထဲတုန်းက အောက်ပြေအောက်ရွာကို တင်ပို့ဖို့ဆိုပြီး ခိုင်းနွားတစ်ကောင်းကို ကာလပေါက်ဈေး(၄/၅)သိန်းတန် နွားတွေကို (၇/၈/၉)သိန်းနဲ့ ဈေးပြိုင်ပေးပြီး လာဝယ်ကြတယ်။ အဲဒီနွားတွေကို ဧရာဝတီမြစ်ကြောင်းကနေ ဘိလပ်မြေများသယ်ဆောင်ပြီး ပြန်ဆင်းတဲ့ သင်္ဘော စီဘီတွဲတွေနဲ့ တင်ဆောင်သွားတာကို မြင်တွေ့ရပါတယ်။ နောက်ပြီး ဆိပ်ဖြူမြို့ကနေ ချောက်မြို့ဘက်ကိုကူးတဲ့ အနော်ရထာတံတား ပေါ်ကလည်း ညနေခင်းနဲ့ ညပိုင်းတွေမှာနေ့စဉ် ခိုင်းနွား ခိုင်းကျွဲတွေ (၅)ကောင်မှ (၁၀)ကောင်အထိ (တရားမ၀င်) သက်ဆိုင်ရာကို ဆက်ကြေးပေးပြီး ဖြတ်သန်းနေကြပါတယ်။ တစ်ကောင်းကို ငွေတစ်ထောင်ငါးရာပေးကြရပါတယ်။ နောက်ပိုပြီးဆိုးတာက ဆိပ်ဖြူမြို့က သားသတ်လိုင်စင် သားသတ်တဲ့နေရာကို မြို့နဲ့ အလွန်နီးကပ်တဲ့နေရာမှာချပေးထားပါတယ်။ သားသတ်ရုံက စီးဆင်းလာတဲ့ရေများမှာ ရေဆိုးကန်ကြီးတွင် စုပေါင်းထားသလိုဖြစ်ပြီး ပုတ်စော် အနံ့အသက်များထွက်နေပါတယ်။ အများပြည်သူများရဲ့ လူမြင်ကွင်းဖြစ်တဲ့ ကုန်းစောင်းပေါ်မှာ သားသတ်နေကြပါတယ်။ သတ်မှတ်ထားတဲ့ နွားကောင်ရေထက်ကျော်လွန်ပြီး တစ်နေ့မှာ(၁၀)ကောင်မှ အကောင်(၂၀)အထိသတ်ဖြတ်ပြီး မိထ္ထီလာစည်သွပ်စက်ရုံသို့ ပို့နေကြပါတယ်။ အဲဒီကနေ တရုပ်ပြည်ကိုချိတ်ဆက် တင်ပို့တယ်လို့လည်း ကြားသိရပါတယ်။ သားသတ်လေလံဈေးနှုန်း တွေက အလွန်များပြားနေတော့ သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့ အညီမဆောင်ရွက်တော့ဘူး။ အရွယ်ကောင်းနွားများ၊ နို့စားနွားများ၊ လုပ်ငန်းခွင်အသုံးပြုနိုင်ဖို့ နွားသိုးပေါက်များ နဲ့ ခိုင်းနွား၊ ခိုင်းကျွဲများကို မသတ်ရဘူး ဆိုပေးမယ့် အဲဒီနွားတွေ ကျွဲတွေပါ မကျန်အောင် နေ့စဉ်သတ်ဖြတ် နေကြတာမြင်တွေ့နေ့ရပါတယ်ဗျာ..။ ကျေးလက်နေပြည်သူများမှာ ဘိုးစဉ် ဘောင်ဆက်ကတည်းက ခိုင်းလာခဲ့တဲ့ အိုသေခိုင်းနွားများကို အချို့တတ်နိုင်သူများက မြေမြုပ်သင်္ဂြိုလ်ကြတယ်။ ဆင်းရဲနွမ်းပါးသူးများကတော့ အိုသေ ခိုင်းနွားများကို အသားဖျက်ပြီး နီစပ်ရာ ဆွေမျိုးအပေါင်းအသင်းများဆီကို တောင်းတောင်းပန်ပန်နဲ့ အလှူခံတဲ့ သဘောနဲ့ ရောင်းချကြပါတယ်။ အဲဒီက ရတဲ့ငွေလေးများကိုစုဆောင်းပြီး နောက်နွားပေါက်လေးတစ်ကောင်ကို ပြန်ဝယ်ကြရပါတယ်။ သေသွားတဲ့ နွားအိုကြီးရဲ့သားရေကိုလည်း လယ်ယာသုံးပစ္စည်း အဖြစ်နဲ့ လှည်းတွင်အခင်းပြုလုပ်ခြင်း၊ လှည်းစည်းကုန်း၊ ထွန်ညွှတ်ကွင်းပြုလုပ်ကြပြီး အမြတ်တနိုးအသုံးပြုကြရပါတယ်။ ဒါပေမယ့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန က ၁၉၉၂ ခုနှစ်မှာ အမဲလိုင်စင်(သားသတ်)ပေါ်လာတော့ ရပ်ကွက်၊ ကျေးရွာအုပ်စုအတွင်းမှာ နွားအိုသေကြောင်း သိလိုက်တာနဲ့ နွားတစ်ကောင်လျှင် ငွေကျပ်တစ်သောင်းနဲ့ နွားသားရေ တစ်ချပ်ကို အမဲလိုင်စင်စီထံ မဖြစ်မနေပေးကြရပါတယ်။ ယခုကဲ့သို့ သားသတ်လိုင်စင်စီများက မတရားသဖြင့် ကျေးလက်နေအများပြည်သူများကို အနိုင်ကျင့်နေခြင်းနဲ့ သားသတ်လိုင်စီများမှ သတ်မှတ်စည်းကမ်းများနဲ့အညီ မဆောင်ရွက်ကြဘဲ ပြည်တွင်း ပြည်ပဈေးကွက်ရှိရင် ရှိသလို နွားများ ကျွဲများကိုသာ အတိုင်းမရှိ အတားအဆီမရှိ သက်ဆိုင်ရာများနဲ့ နားလည်မှုယူပြီး ယခုလို လုပ်ဆောင်နေကြမယ်ဆိုရင် ကျွန်တ်ာတို့ အညာဒေသမှာ ရှေးလူကြီးတွေပြောကြားခဲ့တဲ့ နွားနဲ့ ကုလားအရုပ်ရေးယူရမယ့်ကိန်းကို ဆိုက်ကြရပါတော့မယ်ဗျာ..။´´ဟု တောင်သူကြီး ဦးဘိုးမောင်ဆိုသူက ဆိပ်ဖြူမြို့၊ ဦးမြင့်စိုး(မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်)၏အိမ်တွင် မြန်မာပို့စ်ကို လာရောက် ပြောသည်။ ၀ိုင်းကြည်အောင်
READMORE
 

` ဧရာဝတီမြစ်ရေတိုက်စား၍ ကမ္ဘားပြိုနေသော သံဇလုံကျေးရွာရွှေ့ပြောင်းရန် မြေနေရာများ အငြင်းပွားပြဿနာဖြစ်´

ဆိပ်ဖြူမြို့နယ်၊ သံဇလုံကျေးရွာ နှင့် ကိုင်းမြေများအား ယခုနှစ်တွင် ဧရာဝတီမြစ်ရေးတိုက်စား၍ ကမ္ဘားများပြိုကျနေ ကြောင်း သတင်းရရှိပါသည်။ ၎င်း ရွာသည် ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းတွင်တည်ရှိ၍ အိမ်ခြေ(၉၀)ခန့်ရှိသည်။ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မင်းဘူး- ဆိပ်ဖြူကားလမ်းဘေး သို့ ခေတ္တပြောင်းရွှေ့ပေးထားရကြောင်းသိရသည်။ ၎င်း ရွာတွင် အိမ်ခြေ အနည်းငယ်မျှသာကျန်ရှိသည်။ သံဇလုံကျေးရွာမှ အခြေခံမူလတန်းကျောင်းအား တောင်ငယ်လုံကျေးရွာ မှ ကွင်းအမှတ်(၁၁၁၆) အတွင်းရှိ ဒေါ်ရင်မေ၏ ယာမြေ(၁.၄၉)ဧကတွင် မူလမြေပိုင်ရှင်၏မြေးမှ လှူဒါန်းပေး၍ ရွှေ့ပြောင်းဆောက်လုပ်ပြီး ဖြစ်ကြောင်းမြင်တွေ့ရသည်။ ၎င်း သံဇလုံကျေးရွာ ရွှေ့ပြောင်းရန် သက်ဆိုင်ရာမှ တောင်ငယ်လုံကျေးရွာပိုင် ကွင်းအမှတ်(၁၁၁၆)၊ ဧက(၁၈.၇၁)ရှိ တောင်သူ(၁၁)ပိုင်းယာမြေများနှင့် ကွင်းအမှတ်(၁၁၁၇) တောင်သူ(၄)ဦးပိုင်ယာမြေနေရာ(၂)ခုတွင် တစ်နေရာမှာ အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်နေကြကြောင်းသိရသည်။ ယင်း ကိစ္စအား အဖြစ်မှန်ကိုသိလို၍ သံဇလုံကျေးရွာဟောင်း(ကမ်းနား) နှင့် တောင်ငယ်လုံကျေးရွာမှ ယာမြေပိုင်ရှင်များထံသို့ သွားရောက်ကြည့်ရှု၍ စုံစမ်းမေးမြန်း ခဲ့ပါသည်။ တောင်ငယ်လုံကျေးရွာမှ ကွင်းအမှတ်(၁၁၁၆) ယာမြေပိုင်ရှင်(၁၁)ဦးမှ ဦးဝင်းလွင်ဦး နှင့် ဦးဥာဏ်စော တို့နှင့်တွေ့ဆုံရာတွင် ၎င်းတို့၏ ပြောစကားများအား ကောက်နုတ်ဖော်ပြပါသည်။ `` သံဇလုံကျေးရွာရဲ့ မြောက်ဘက်မှာ သူတို့လုပ်စားနေတဲ့ ကိုင်းမြေဧက(၂၀)ကျော်ရှိနေပါတယ်။ သူတို့ပိုင်ဆိုင်တဲ့ ကိုင်းမြေတွေမှာတော့ ကွမ်းခြံတွေစိုက်ပျိုးထားပြီး ယခု သူတို့လိုချင်တဲ့ ကျွန်တော်တို့ယာမြေကောင်းတွေကို ရယူဖို့တောင်းဆိုနေတာ လက်မခံနိုင်ပါဘူး။ ကျွန်တော်တို့မှာ လုပ်စားစရာဆိုလို့ ကိုင်းမြေမရှိပါဘူး၊ ဒီယာမြေလေးတွေသာ ရှိကြပါတယ်။ ယာမြေတွေနဲ့အတူ နှစ်ပေါင်းတစ်ရာကျော်သက်တန်းရှိတဲ့ ထန်းပင်ပေါင်း(၁၅၀၀)လောက်ကိုလည်း ဖျက်ဆီးပစ်ရမယ်ဆိုတော့ မဖြစ်နိုင်ပါဘူး။ ယခု မူလတန်းကျောင်းဆောက်ထားတဲ့ ကျောင်းဝိုင်းအ၀င်လမ်းကိုလည်း ကျွန်တော်တို့ ကွင်းအမှတ်(၁၁၁၆) ထဲက ယာခင်းမြေတွေကို လှူဒါန်းပေးထားပါသေးတယ်။ ဒါကြောင့် သံဇလုံကျေးရွာဟောင်းကို သူတို့ရွာမြောက်ဘက်ရှိ ကိုင်းမြေဧက(၂၀)မှာပဲ ရွှေ့ပြောင်းစေချင်ပါတယ်။ ဒီကိစ္စကို ကျွန်တော်တို့ တောင်သူ(၁၁)ဦး လက်မှတ်ရေးထိုးပြီး(၁၉-၈-၂၀၁၂)နေ့က သက်ဆိုင်ရာ အဆင့်ဆင့်သို့ မေတ္တာရပ်ခံစာ တင်ပြထားပါတယ်..။´´ ဟု တောင်ငယ်လုံရွာသားများ ဦးဝင်းလွင်ဦးနှင့် ဦးဥာဏ်စောတို့ နှစ်ဦးမှ ပြောသည်။ ၀ိုင်းအောင်
READMORE
 

`ဆိပ်ဖြူမြို့မှာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မှ (၆၆/၁၁)ကေဗွီ (၅)အမ်ဗွီအေ (ကိုယ်ပိုင်) ဓာတ်အားခွဲရုံ တည်ဆောက်ဟုသိရ´

ဆိပ်ဖြူမြို့မှာ လျှပ်စစ်ဓာတ်အားကို ယနေ့အထိ ၀ါဇီစက်ရုံ၊ လျှပ်စစ်ဓာတ်အားခွဲရုံမှ ဆက်သွယ်သုံးစွဲနေရကြောင်း လျှပ်စစ်မြို့နယ်အင်ဂျင်နီယာ ဦးစန်းဦးမှ မဇ္ဈိမ ကိုပြောသည်။ ဆိပ်ဖြူမြို့မှာ ယခင်အခါက အင်ဂျင်မီးစက်ကြီးဖြင့် ညအချိန်တွင်သာ (ညနေ(၆)နာရီမှ ည(၁၀)နာရီအထိ) လျှပ်စစ်ဓာတ်အား ပေးခဲ့ကြောင်း၊ ထို့နောက် ၀ါဇီစက်ရုံတည်ဆောက် ပြီးချိန်တွင် ကျွန်းချောင်း၊ ၀ါဇီစက်ရုံဓာတ်အားလိုင်း မှ ဆက်သွယ်ဆောင်ရွက်၍ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ခဲ့ကြောင်း၊ ဤကဲ့သို့အခြားလိုင်းမှ လျှပ်စစ်သုံးစွဲခဲ့ရာတွင် ဆိပ်ဖြူမြို့တွင်းမှာ လိုအပ်သလောက် လျှပ်စစ် ဓာတ်အား သုံးစွဲဆောင်ရွက်နိုင်ခြင်းမရှိခဲ့ကြောင်း၊ ဆိပ်ဖြူမြို့တွင်းလျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ ကီလို (၁၀၆၅)ခန့်ရှိကြောင်း၊ ၎င်း ကီလိုအထိ အပြည့်အ၀ လျှပ်စစ်ဓာတ်အား အပြည့်အ၀ အသုံပြုနိုင်ကြောင်း၊ ကီလို(၉၀၀)မှ(၁၀၀၀)ခန့်သာ အသုံးပြုနိုင်ကြောင်း ဦးစန်းဦးမှပြောသည်။ ယခင်ကာလများတွင် ကျွန်းချောင်း၊ ၀ါဇီစက်ရုံလိုင်းမှ မီးအားမနိုင်၍ လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်ဦးမြင့်စိုး မှပြောသည်။ ထို့ကြောင့် ယခုအခါ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဆိပ်ဖြူမြို့တွင် (၆၆/၁၁)ကေဗွီ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံ အား ဆိပ်ဖြူမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးဝန်းအတွင်း၌ တည်ဆောက်ရန် စီစဉ်ဆောက်ရွက်နေပြီဖြစ်ကြောင်း၊ ဆိပ်ဖြူမြို့ ကိုယ်ပိုင်ဓာတ်အားခွဲရုံ တည်ဆောက်ပြီးလျှင် ၀ါဇီစက်ရုံ ဓာတ်အားခွဲလိုင်းမှ မယူတော့ကြောင်း၊ ချောက်မြို့မဟာဓာတ်အားခွဲရုံမှ ယခင် မုန်းစီမံကိန်းသို့သွယ်တန်းထားသော ယခင်လိုင်းရှိကြောင်း၊ ၎င်းလိုင်းနှင့် ချိတ်ဆက်ထားသော တညောင်မြစ်ရေတင် စီမံကိန်း ဓာတ်အားခွဲရုံလိုင်းမှ ဆက်သွယ်ဆောင်ရွက် နေပြီဖြစ်ကြောင်း၊ ယခု ဒီဇင်ဘာလကုန်မှာ လုပ်ငန်းများပြီးစီးအောင် ကြိုးစားဆောင်ရွက်နေပါ ကြောင်း၊ ယခု(၆၆/၁၁)ကေဗွီ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံပြီးလျှင် ဆိပ်ဖြူမြို့အပြင် ကျေးရွာများအထိ(လျှပ်စစ်ဓာတ်အား ဆက်သွယ်အသုံးပြုလိုလျှင်) လျှပ်စစ်ဓာတ်အားများကို ပိုမိုဖြန့်ဖြူးပေးသွားနိုင်မည်ဖြစ်ကြောင်း၊ ဤ လုပ်ငန်းများအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ငွေစာရင်းဖြင့် ကျခံသုံးစွဲထားခြင်း ဖြစ်ကြောင်း ဆိပ်ဖြူမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစန်းဦး မှ မဇ္ဈိမ သို့ ပြောသည်။ ၀ိုင်းအောင်
READMORE
 

`ဆိပ်ဖြူမြို့နယ်ပညာရေးမှူး အား သက်ဆိုင်ရာ ပညာရေးဌာန စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးပြီး´

အောက်တိုဘာ(၂၀)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့အထက်တန်းကျောင်း ၊ ဆိပ်ဖြူမြို့နယ်ပညာရေးမှူးရုံး နှင့် ဆိပ်ဖြူမြို့တွင်းမှ၊အလယ်ရပ် မြို့မမူလတန်းကျောင်း တို့မှ တာဝန်ရှိသူများအား မဇ္ဈိမ က သွားရောက်တွေ့ဆုံခံပါသည်။ ဆိပ်ဖြူမြို့နယ်ပညာရေးမှူး မှာ တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ခေါ်၍ သွားကြောင်းသိရသည်။ လက်ထောက် ပညာရေးမှူး ဦးကျော်အောင်နှင့် တွေ့ဆုံရာ မြို့နယ်ပညာရေးမှူးမှာ မကွေးသို့သွားနေကြောင်း၊ မြို့နယ်ပညာရေးမှူးအား စစ်ဆေးသည့်ကိစ္စတွင် သူအားစစ်ဆေးရာတွင် မပါဝင်ကြောင်း၊ ထို့ကြောင်း ယင်းကိစ္စနှင့်ပါတ်သက်၍ မပြောဆိုချင်ကြောင်း မဇ္ဈိမ ကိုပြောပါသည်။ ထို့ကြောင့် ဆိပ်ဖြူမြို့ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးထံသို့ မဇ္ဈိမ ကသွားရောက် တွေ့ဆုံခဲ့ပါသည်။ ကျောင်းအုပ်ကြီး ဦးဇော်ဝင်း မှ အောက်ပါအတိုင်းပြောပါသည်။ `` ဆိပ်ဖြူမြို့နယ် ပညာရေးမှူး ဦးဌေးဝင်း ကို တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးရုံးက စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစေလွှတ်လိုက်ပါတယ်။ အောက်တိုဘာ(၁၃/၁၄)နေ့က (၂)ရက်စစ်ဆေးသွားပါပြီ။ အဲဒီစစ်ဆေးရေးအဖွဲ့မှာ ပခုက္ကူခရိုင်ပညာရေးမှူး ဦးမိုးဆွေ က အဖွဲ့ခေါင်းဆောင်ပါ။ အဖွဲ့ဝင်များကတော့ ရေနံချောင်းမြို့နယ်ပညာရေးမှူး ဒေါ်သောင်းမြင့်၊ ချောက်မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဦး တို့ (၃)ဦးအဖွဲ့က လာစစ်တာပါ။ အဲ လာရောက်စစ်ဆေးမဲ့ အဖွဲ့ခေါင်းဆောင် ပခုက္ကူခရိုင်ပညာရေးမှူး ဦးမိုးဆွေ ကို ဆိပ်ဖြူမြို့နယ်ပညာရေးမှူးဌေးဝင်း က သူ့ဂျစ်ကားနဲ့ ပခုက္ကူမြို့ကိုသွားခေါ်ပါတယ်။ သူတို့ နှစ်ဦးက ရင်းနှီးတဲ့ သူငယ်ချင်းများ ဖြစ်ကြပါတယ်။ ကျွန်တော်သိသလောက် အစစ်ဆေးခံရသူများကတော့ ကျွန်တော်အပါအ၀င် မြို့နယ်ပညာရေးမှူးရုံးက စာရေးကျွမ်းကျင်(၆) ဦးဝင်းမိုး၊ စာရေးအဆင့်(၁) ဦးလှဝင်း၊ လက်ထောက်ပညာရေးမှူး ဦးကြည်ထွန်း၊ အောက်ဆိပ်အထက်တန်းကျောင်းခွဲ ကျောင်းအုပ် ဒေါ်ခင်စန်းရီ နဲ့ မြို့ပေါ်ရှိ မူလတန်းကျောင်းအုပ်များ ကို ခေါ်ယူစစ်ဆေးခံကြရပါတယ်။ ကျွန်တော်ကို စစ်တဲ့နေရာမှာ ကျွန်တော်သိသမျှကို ဖြေဆိုခဲ့ပါတယ်။ အချို့ကိစ္စတွေက မှန်နေပါတယ်။ ကျွန်တော့်ကျောင်းအတွက် ပညာရေးဌာနက အခမဲ့ပေးတဲ့ MRC ကဒ် နဲ့ CPR ကဒ်တွေကတော့ (၁၀၀ိ) ၀ယ်ရပါတယ်။ ပညာရေးမှူးရုံးက ရောင်းတာလို့သိရပါတယ်။ ပညာရေးမှူးနဲ့ မဆိုင်ဘူးလို့သိရပါတယ်။ ကျွန်တော်တို့ကတော့ ပညာရေးဌာန၀န်ထမ်းခြင်း ကာကွယ်ရမယ့် ၀တ္တရားရှိနေတော့ ဖေးဖေးမမ ထိမ်းပြောရပါတယ်။ ဖြစ်စေချင်တာကတော့ ကိုယ့်ကြောင့်တော့ လုပ်ဖော်ကိုင်ဖက်ချင်း ဒုက္ခမရောက်စေချင်ပါဘူး။ ဒီကိစ္စကို ယခုစစ်ဆေးရေးအဖွဲ့က စစ်ဆေးပြီး သုံးသပ်ချက်များကို မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်း နဲ့ မကွေးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဦးဖေတင်ဆီကို တင်ပြကြမှာပါ။ အဲဒီကနေမှ ဘယ်လိုဆောင်ရွက် တယ်ဆိုတာ အဖြေထွက်ပါ့မယ်။ မကြာဘူး ဒီကိစ္စ အဖြေထွက်မယ်လို့ထင်ပါ တယ်ခင်ဗျာ..။´ ဟု အထက်တန်း ကျောင်းအုပ်ကြီး ဦးဇော်ဝင်းမှ မဇ္ဈိမ ကိုပြောသည်။ ထို့နောက် အစစ်ဆေးခံရသူများထဲမှ စာရေး ဦးဝင်းမိုး၊ စာရေး ဦးလှဝင်း၊ ဆရာမကြီး ဒေါ်ခင်စန်းရီ နှင့် ဆရာမဒေါ်အမာရီ တို့အား မဇ္ဈိမ က အချိန်ရသလောက် သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါသည်။ အစစ်ဆေးခံရသူ ဆရာမကြီးဒေါ်ခင်စန်းရီ မှ ပညာရေးဌာနအတွင်းမှာ ဒီလိုမျိုးကြီး မကြားဝန့်မနာသာ အကြောင်းအရာတွေကို အစစ်ဆေးခံရတာ ကျမစိတ်မကောင်းပါဘူး။ ကျမကျောင်းကတော့ အခမဲ့ပေးတဲ့ MRC ကဒ် နဲ့ CPR ကဒ်တွေ အားလုံးကို အခမဲ့ရပါတယ်။ မြို့နယ်ပညာရေးမှူးနဲ့ ဘာမှ ပြဿနာမရှိပါဘူး ဟု ပြောသည်။ ဦးလှဝင်း စာရေး(၁)မှ ပြောဆိုရာတွင် တိုင်ကြားလို့ ယခုလာစစ်တဲ့ကိစ္စတွေ အားလုံးနည်းပါးလောက်မှန်ပါတယ်။ ကျွန်တော်တို့ရုံးကို ဘာမှပြန်မကြည့်ပါဘူးဗျာ..။ ကျွန်တော်လုပ်သက်(၃၃)နှစ်ရှိပါပြီ။ ပညာရေးမှူး(၁၀)ဦးလောက်ရှိပါပြီ ဒီလောက်ဆိုးတဲ့သူ မတွေ့ဘူးပါဘူးဗျာ..။ သူ့ကို အပြစ်ပြောတာတော့ မဟုတ်ပါဘူးဗျာ..၊ ဒီပုဂ္ဂိုလ်မျိုး ဒီမှာ မထားသင့်ပါဘူးလို့ဘဲ ပြောချင်ပါတယ်..။ဟု စာရေးဦးလှဝင်း မှပြောသည်။ အထက်တန်းကျောင်းမှ စာရေးကြီး ဦးအောင်ဆန်းဝင်း နှင့် မြို့မ မူလတန်းကျောင်းအုပ်ဆရာမ ဒေါ်အမာရီတို့ နှင့်တွေ့ဆုံရာ ၎င်း မြို့နယ်ပညာရေးမှူးမှာ ပညာရေးဌာန၀န်ထမ်းများ အချို့၏ ခရီးစရိတ်ငွေများ ကျန်နေပါသေးတယ်။ နောက် ကျောင်းသားတွေကို ကျောင်းပြောင်းရင် ကျောင်းအုပ်လက်မှတ်ထိုးပြီးလို့ သူ့ဆီကို လက်မှတ်ထိုးသွားရင် (၁၀)ရက်လောက်စောင့်ရပါတယ်။ ခုနှစ်ရက်သားသမီးတွေ စိတ်ဆင်းရဲရပါတယ်။ ကျွန်တော့်သဘောထားကတော့ ဒီကနေ မြန်မြန်ပြောင်းသွားစေချင်ပါတယ် ဟု ဆို၏။ ရေလောင်းအိမ်သာ(၁၀)သိန်း (၂)ခန်းတွဲ ဆောက်လုပ်ထားသော မြို့မ မူလတန်းကျောင်းဆရာမ ဒေါ်အမာရီ မှ ငွေ(၁၀)သိန်းကို အရစ်ကျထုတ်တဲ့အခါ ပညာရေးမှူးကို အရစ်ကျပေးရကြောင်း၊ ယခု ကိစ္စတွေကို အမှန်အကန်ဘဲ ဖြစ်စေချင်ပါတယ်..၊ ဟု အစစ်ခံသူများမှ မဇ္ဈိမ သို့ ပြောသည်။ ၀ိုင်းအောင်
READMORE
 

`ဆိပ်ဖြူမြို့နယ် ပညာရေးမှူးလုပ်ရပ်ကြောင့် ပညာရေးဝန်ထမ်းများ မခံမရပ်နိုင်ဖြစ် ဟု သိရ´

ဆိပ်ဖြူမြို့နယ်တွင် မူလတန်းကျောင်း(၁၃၄)ကျောင်း၊ အလယ်တန်းကျောင်း(၁၇)ကျောင်း နှင့်အထက်တန်းကျောင်း (၂)ကျောင်းရှိသည်။ ကျောင်းသား ကျောင်းသူ စုစုပေါင်း(၁၉၀၀၀)ကျော်ရှိသည်။ ပညာရေးဝန်ထမ်းပေါင်းအင်အား (၈၆၅)ဦးရှိကြောင်း သိရှိသည်။ ၎င်းပညာရေးဝန်ထမ်းများထံမှ ၂၀၁၁ ခု ဒီဇင်ဘာလမှစ၍ ၂၀၁၂ ခုနှစ် ဇွန်လအတွင်း၌ ၀န်ထမ်းလစာငွေများထုတ်ပေးရာတွင် လစဉ် လတိုင်း တစ်လလျှင်(၁၇၀၀/၂၅၀၀)ကျပ် အား အကြောင်းအမျိုးမျိုးပြပြီး မြို့နယ်ပညာရေးမှူးမှ ဖြတ်တောက်ယူနေကြောင်း သိရသည်။ ထို့အပြင် ပညာရေးဌာနမှ အခမဲ့ဖြန့်ဖြူးထုတ်ပေးသော (၁) လစဉ်ပညာရည်မှတ်တမ်းကဒ် MRC နှင့် (၂) အရည်အချင်းမှတ်တမ်း C.P.R ကဒ်တို့ကို တစ်စောင်လျှင်(၁၀၀)ကျပ်နှုန်းဖြင့် ကျောင်းအသီးသီးသို့ ဖြန့်ဝေနေပါသည်။ ၎င်းအပြင် ကျောင်း(၁၀)ကျောင်းတွင် (၁၀)သိန်းတန် ရေလောင်းအိမ်သာများ ဆောက်လုပ်ရန်ချထားငွေများအား (၅း၃း၂)အချိုးအရ ငွေ(၃)ကြိမ်ထုတ်ပေးရာတွင် ပထမအကြိမ်(၁၆၀၀၀)ကျပ်၊ ဒုတိယအကြိမ်(၇၀၀၀)ကျပ်၊ တတိယအကြိမ်(၇၀၀၀) ကျပ်ဖြင့် ယင်းကျောင်း(၁၀)ကျောင်းမှ ဖြတ်တောက်ယူ၍ ငွေထုတ်ပေးကြောင်းသိရသည်။ ၎င်းအပြင် ၂၀၁၂၊ သြဂုတ်လတွင် မြို့နယ်ပညာရေးမှူးက ၎င်းကိုယ်ပိုင်ဂျစ်ကား (လိုင်စင်မဲ့)ဖြင့် ကျောင်းစစ်သွားတိုင်း အစစ်ဆေးခံရသော ကျောင်းများမှ ဓာတ်ဆီဘိုးငွေများ(၅၀၀၀ိ/ ၁၂၀၀၀ိ)ထိ ကျခံပေးကြရသည်ဆို၏။ ဆိပ်ဖြူမြို့နယ် ပညာရေးမှူးသည် ကျောင်းဆရာ/ဆရာမများနှင့် ပြောဆိုဆက်ဆံရာတွင်လည်း ပညာရေးဝန်ထမ်း အကြီးအကဲတစ်ဦး နှင့် မလျှော်ညီသော ယုတ်ညံ့ ရိုင်းပျစွာ ပြောဆိုဆက်ဆံသည်ဟု ဆရာ/ဆရာမများမှ ပြောဆိုကြသည်။ ရုံးချိန်တွင်လည်း ရုံး၌ မရှိခြင်း၊ ရုံးမှာနေထိုင်လျှင်လည်း ရုံးချိန်အတွင်း ကာရာအိုကေစက်ဖြင့် သီချင်းများအား ကျယ်လောင်စွာ ဟစ်အော်သီဆိုနေခြင်း၊ အလားတူ ညအိပ်ချိန်တွင်လည်း ကာရာအိုကေ သီးချင်းများအား အော်၍ သီဆိုနေခြင်းကြောင့် ပတ်ဝန်းကျင်အိမ်များမှ စိတ်ညစ်လျှက်ရှိနေကြကြောင်း၊ ထို့ကြောင့် ဤကိစ္စများအား သက်ဆိုင်ရာသို့တင်ပြပေးပါရန် အမည်မဖော်လိုသူ ဆရာ/ဆရာမ များမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ထံ လာရောက် အသိပေး၍ အကူအညီတောင်းခံနေစဉ် မဇ္ဈိမ က သတင်းရရှိပါသည်။ ၀ိုင်းအောင်
READMORE
 

`မကွေးမြို့နယ် ဒေါင်းနေရွာ မှ NLDပါတီမှ ကြံခိုင်ဖွံ့ဖြိုးရေးပါတီသို့ ပြောင်း၍၀င်လာသူများ အကြောင်း တွေ့ဆုံမေးမြန်းခြင်း´

အောက်တိုဘာ(၁၁)နေ့မှ ကျင်းပခဲ့သော ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွင့်ဖြိုးရေးပါတီ၊ မကွေးမြို့နယ် ပါတီဝင်အင်အား (၂၈၀) ရှိကြောင်း မကွေးမြို့နယ် အတွင်းရေးမှူး ဦးအောင်သိန်းကျော်မှ ပြောသည်။ ၎င်း နေ့ပွဲတွင် ပါတီဝင်ကဒ်(၂၂၀)ဦး ကိုသာ ပေးအပ်ခဲ့ကြောင်း၊ (၁၀)ရက်နေ့က အဆိုပြုလွှာတင်ထားတဲ့သူတွေ ကျန်ပါသေးသည်၊ ဟု ဒေါင်းနေကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဖိုးစိန် မှ ပြောသည်။ ပါတီဝင်ကဒ်ပေးအပ်ပွဲ အခမ်းအနားမှာ ဒေါင်းနေကျေးရွာ ပါတီဝင်များ ဦးဆောင်စည်းရုံးပေးသူ ဦးစိုးနိုင်အိမ်ရှေ့ ရွာလည်လမ်းမတွင်ကျင်းပကြောင်း၊ မှတ်ပုံတင် ပြုလုပ်လိုသူများအတွက် ပုံစံဖြည့် စာရင်းယူခြင်းလုပ်ငန်းမှာ ဒေါင်းနေရွာ ဘုန်းတော်ကြီးကျောင်းတွင် သီးခြားပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ မှတ်ပုံတင်လုပ်လိုသူ များအား ကြံခိုင်ဖွံ့ဖြိုးရေးပါတီသို့ ၀င်ရမည်ဟု ပြောဆို၍ စည်းရုံးခဲ့ခြင်း မရှိခဲ့ကြောင်း၊ နေရာတစ်ခြားဆီမှာ ပြုလုပ်ခဲ့ကြောင်း၊ ကျွန်တော်တို့သည် ရိုးသား၍ ဆင်းရဲသော တောသူတောင်သားများဖြစ်ကြပြီး ကိုယ့်ရွာအား တိုးတက်အောင် ကူညီဆောင်ရွက်ပေးမည့် ဘယ်ပါတီမဆို လက်ကမ်းကြိုဆိုပါကြောင်း၊ ဒေါင်းနေရွာအုပ်ချုပ်ရေးမှူး ဦးဖိုးစိန် နှင့် ဦးစိုးနိုင်တို့ မှ မြန်မာပို့စ် သို့ပြောသည်။ ၎င်းနေ့တွင် မကွေးမြို့နယ်NLD ပါတီမှ ကြံခိုင်ဖွံ့ဖြိုးရေးပါတီသို့ ပြောင်း၍ ၀င်လာသူ (၈)သာရှိကြောင်း ဟုတ်၊ မဟုတ်အား အောက်တိုဘာ(၁၉)ရက်နေ့ မကွေးမြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွင့်ဖြိုးရေးပါတီရုံး၊ အတွင်းရေးမှူးရုံးခန်းတွင် တွေ့ရှိရသော ဒေါင်းနေကျေးရွာ မှ ဦးစိုးနိုင် အားမေးမြန်းခဲ့ပါသည်။ `` NLDပါတီဝင်ကနေ ကြံခိုင်ဖွံ့ဖြိုးရေးပါတီကို ပြောင်းသူ(၈)ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး၊ စုစုပေါင်းသေခြား စစ်ကြည့်ရင် NLDပါတီကနေ ပြောင်းဝင်သူ (၇၀)ကျော်ပါ့မယ်။ ယခု ကျွန်တော်တို့ ဒေါင်းနေရွာက ကြံခိုင်ဖွံ့ဖြိုရေးပါတီဝင်စာရင်း စုစုပေါင်းစာရင်းများကို လာတောင်းယူတာပါ။ ယခုဒီနေ့မှာကို ဒေါင်းနေရွာက ကြံခိုင်ဖွံ့ဖြိုးရေးပါတီဝင်အင်အား (၃၀၀) ပြည့်သွားပါပြီ ခင်ဗျာ..။´´ ဟု NLDပါတီမှ ကြံခိုင်ဖွံ့ဖြိုးရေးပါတီသို့ ဒေါင်းနေရွာမှ ဦးဆောင်စည်းရုံး၍ ၀င်လာသူ ဦးစိုးနိုင် မှ မြန်မာပို့စ် သို့ပြောပါသည်။
READMORE
 

`မကွေးမြို့နယ် NLD ပါတီ မှာ ပါတီဝင်(၈)ဦးသာ လက်ခံစာရင်းမှာရှိပါသည် ကြံခိုင်ဖွံ့ ဖြိုးရေးပါတီဝင်သို့ အင်အား(၅၀)ခန့် ပြောင်းဆိုသည်မှာ မဟုတ်ပါ ဟုဆို´

အောက်တိုဘာ(၁၈)ရက်၊ နံနက်(၉)နာရီအချိန် NLD မကွေးခရိုင်/တိုင်းဒေကြီးညီလာခံကိုယ်စားလှယ် ဦးစိုးမိုးနှင့်အဖွဲ့မှ မြန်မာပို့စ် သို့လာရောက်ရှင်းလင်းပြောဆိုပါသည်။ `မကွေးမြို့နယ်NLD ပါတီမှ ကြံခိုင်ဖွံ့ဖြိုးရေးပါတီကို ၀င်သွားတာ ဦးစိုးနိုင် အပါအ၀င် (၈)ဦးသာဖြစ်ပါတယ်။ အဲဒီကိစ္စအတွက် မနေ့က(၁၇-၁၀-၂၀၁၂) ကျွန်တော်တို့အဖွဲ့ အင်တိုင်းကြီးကျေးရွာအုပ်စုသို့ သွားရောက်တွေ့ဆုံမေးမြန်းခဲ့ ပါတယ်။ အင်တိုင်းကြီးကျေးရွာသားများဖြစ်ကြတဲ့ ကိုဘိုသိန်း နဲ့ ကိုကျော်ရဲအောင်တို့က ရွာသားများကိုယ်စား အဲဒီနေ့က အကြောင်းကို ရှင်းပြပေးပါတယ်။ အောက်တိုဘာ(၁၁)ရက်နေ့က အင်တိုင်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူးမှ အသံချဲ့စက်ဖြင့် `ဒေါင်းနေရွာမှာ မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းများကို အခမဲ့လုပ်ပေးမှာဖြစ်ပါတယ်။ ယခုသွားရောက်ကြရန် နိုးဆော်ပါတယ်´လို့ကြေငြာပါတယ်။ ဒါနဲ့ အင်တိုင်းကြီးရွာက ကျွန်တော်တို့ရွာသားတွေ မှတ်ပုံတင်လုပ်ပေးမဲ့ ဒေါင်းနေရွာ ဘုန်းကြီးကျောင်းသို့သွားကြပါတယ်။ မှတ်ပုံတင်ပြုလုပ်လိုတဲ့ အင်တိုင်းကြီးရွာကအဖွဲ့ ဒေါင်းနေရွာ ရွာလယ်လမ်းမပေါ်က မဏ္ဍာပ်သို့ လာကြပါခေါ်ပြန်ပါတယ်။ အဲဒီကို ကျွန်တော့်တို့ရွာသားတွေရောက်တော့ မှတ်ပုံတင်လုပ်မပေးဘဲ ကြံခိုင်ဖွံ့ဖြိုးရေး ပါတီက စာရွက်များဇွတ်ဝေပြီး ကြံခိုင်ဖွံ့ဖြိုးရေးပါတီကဒ်များ ပေးအပ်ပွဲဖြစ်နေပါတယ်။ ယခင်မဏ္ဍပ်ထဲမှာ လူ(၁၀)ဦးခန့်သာရှိ ရာက ကျွန်တော်တို့ရွာသားများရောက်သွားတော့ လူအားများသွားပါတယ်။ ကျွန်တော်တို့ ရွာသားများမှာ ဘုမသိ ဘမသိ ရောက်သွားပါတယ်။ မှတ်ပုံတင်လုပ်ပေးမယ်လို့ အကြောင်းပြပြီး လိမ်ညာခေါ်ကြောင်းသိလိုက်ရပါတယ်။ အဲဒီနေ့က မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းများကို အခမဲ့လုပ်ပေးမယ် ပြောပြီး (၁၇-၁၀-၂၀၁၂) နေ့မှာ ဒေါင်းနေရွာ အုပ်ချုပ်ရေးမှူး ဦးဖိုးစိန်က မှတ်ပုံတင်လုပ်လိုသူများကို တစ်ဦး(၃၀၀ိ)၊ အိမ်ထောင်စုစာရင်းလုပ်လိုသူများကို တစ်ဦး(၁၅၀၀ိ) ကောက်ခံသွားပါတယ်။ အဲဒီကိစ္စ ကျွန်တော်တို့ လုံးဝ မကြေနပ်ပါဘူးခင်ဗျာ..။´ ဟု အင်တိုင်းကြီးရွာသား ကိုဘိုးသိန်း နှင့် ကိုရဲအောင်တို့ မှ မကွေးNLD ညီလာခံကိုယ်စားလှယ် ဦးစိုးမိုး တို့အဖွဲ့အား ရှင်းလင်းပြောကြားခဲ့ကြောင်း ဦးစိုးမိုး မှ မြန်မာပို့စ် ကို ပြော၍ ကြံခိုင်ဖွံ့ဖြိုးရေးပါတီသို့ ၀င်သွားသော NLD ပါတီဝင်(၈)ဦးစာရင်းကိုလည်း ပေးခဲ့ပါသည်။ ထို့နောက် မကွေးမြို့နယ်ကြံခိုင်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးအောင်သိန်းကျော်ထံသို့ နေ့လည်(၃)နာရီတွင် မြန်မာပို့စ် ကသွားရောက်တွေ့ဆုံမေးမြန်းကြည့်ရာ အတွင်းရေးမှူး မှ ဤသို့ပြောဆိုပြသည်။ ``ဒေါင်းနေရွာ က အိမ်ခြေ(၂၀၀)ကျော်ရှိတယ်။ လူဦးရေ(၁၀၀၀)ကျော်ရှိပါတယ်။ အသက်(၁၈)နှစ်ပြည့်လို့ ပါတီဝင်နိုင်သူပေါင်း(၇၀၀)ကျော်ရှိပါတယ်။ တစ်ခြားမှာ သွားပြီးအလုပ်လုပ်သွားတဲ့ သူတွေပြန်လာရင် ထပ်ပြီး ၀င်ကြအုံးမယ် လို့ ဦးစိုးနိုင်ကပြောပါတယ်။ အဲဒီအထဲကမှ အောက်တိုဘာ(၁၁)ရက်နေ့မှာ ကျွန်တော်တို့ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် အင်အားစုစုပေါင်း(၂၈၀)ဦး ၀င်ပြီးဖြစ်ပါတယ်။အားလုံးပါတီဝင်များကလည်း ဒေါင်းနေရွာက ပါတီဝင်တွေ ပါဘဲ။ အဲဒီနေ့ကတော့ ဒေါင်းနေရွာက စုစုပေါင်း(၂၂၀)ကိုသာ အဖွဲ့ဝင်ကဒ်များ ပေးခဲ့နိုင်ပါတယ်။ အောက်တိုဘာ(၁၀)ရက် နေ့က ၀င်ပြီး အဆိုပြုလွှာဖြည့်သူတွေဘဲ ကျန်ခဲ့ပါတယ်။ အဲဒီစာရင်းတွေကို ယူပြီးကြည့်နိုင်ပါတယ်။ စာရင်းတွေကိုတော့ ပေးလို့မရပါဘူး။ ဒေါင်းနေရွာက ဘယ်သူက ပါတီဝင်အသစ်၊ ဘယ်သူတွေက အခြားပါတီက ပြောင်းတယ်ဆိုတာတော့ သိလည်းမသိပါဘူး၊ မေးလည်းမမေးပါဘူး။ ဦးစိုးနိုင် ကစုစည်းပေးတဲ့ ဒေါင်းနေရွာက ပြည်ထောင်စုကြံခိုင်ဖွံ့ဖြိုးရေးပါတီဝင် အသစ်များကို အဖွဲ့ဝင်ကဒ်ပေးခဲ့ရတာတော့ အဲဒီနေ့ကစုစုပေါင်း(၂၂၀)ဦးပါ။ အင်တိုင်းကြီးကျေးရွာအုပ်စု ရွာတွေထဲက ဒေါင်းနေရွာဖိုင်မှာ စာရင်းကြည့်သွားနိုင်ပါတယ်ခင်ဗျာ..။ အဲဒီနေ့က သတင်းဓာတ်ပုံတွေလည်း မနက်ဖြန်ပေးပါ့မယ်။´´ဟု ဦးအောင်သိန်းကျော် မှ မြန်မာပို့စ် သို့ပြောသည်။
READMORE
 

`မကွေးမြို့နယ် ဒေါင်းနေကျေးရွာ တွင် ကြံခိုင်ဖွံ့ဖြိုးပါတီဝင် အသစ်အင်အား(၂၂၀)ယောက် အဖွဲ့ဝင်ကဒ်များပေးအပ် ဟုသိရ´

အောက်တိုဘာ(၁၄)ရက်နေ့၊ နေ့(၁၂)နာရီအချိန်တွင် မကွေးမြို့နယ် ဒေါင်းနေကျေးရွာ မှ ဦးစိုးနိုင်ထံသို့ သွားရောက်တွေ့ဆုံခဲ့သည်။ အောက်တိုဘာလ(၁၁)နေ့က ဒေါင်းနေရွာတွင် ကြံခိုင်ဖွံ့ဖြိုးရေးပါတီဝင် အသစ်ပေးအပ်ပွဲ၏ အကြောင်း နှင့် NLD ပါတီဝင်များ နှုတ်ထွက်ရခြင်း အကြောင်းကိစ္စ အားမေးမြန်းခဲ့ရာ ဦးစိုးနိုင်ဖြေဆိုပေးချက်များမှ မြန်မာပို့စ် ကကောက်နှုတ်ဖော်ပြပါသည်။ `အောက်တိုဘာ(၁၁)ရပ်နေ့မှာ ကျွန်တော့်အိမ်ရှေ့မဏ္ဍပ်ထိုးပြီး ကြံခိုင်ဖွံ့ဖြိုးရေးပါတီဝင် (၂၂၀)ကဒ်ပေးအပ်ပွဲကျင်းပတာ ဟုတ်ပါတယ်။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေက ဧည်သည်အဖြစ်တက်ရောက်လာပါတယ်။ မကွေးမြို့နယ်စည်ပင်သာယာ က ရွာအတွက် ရေလောင်းအိမ်သာပြုလုပ်ရန် ပလပ်စတစ်ခွက်များ(၁၅၀) အခမဲ့ပေးလှူ ပါတယ်။ ကျွန်တော် မကွေးရောက်စဉ် ဂေါက်ကွင်းရောက်မှာ စည်ပင်သာယာက လူကြီးတစ်ယောက်နဲ့ တွေ့လို့ ကျွန်တော်ကိုယ်တိုင် အကူအညီတောင်းခံခဲ့တာပါ။ ကျွန်တော်တို့ရွာ အစိုးရအလယ်တန်းကျောင်းဖွင့်ပေးဖို့ကိုလည်း သက်ဆိုင်ရာကို တောင်းဆိုထားပါတယ်။ ကျောင်းက မပွင့်သေးပါဘူး။ နောက် အဲဒီနေ့က နိုင်ငံသားကဒ် မပြုလုပ်ရသေးများ(၃၁၄)ယောက် အတွက် မြို့နယ်လ.၀.က မှ လာရောက်ဓာတ်ပုံရိုက်ပြီး ပုံစံများ ဖြည့်သွားပါတယ်၊ (ဒေါင်းနေရွာ အုပ်ချုပ်မှူး ဦးဘိုးစိန်က ပြောလို့သိလိုက်ရပါတယ်။) ကြံခိုင်ဖွံ့ဖြိုးရေးပါတီက တိုက်တစ်လုံး ကားတစ်စီးပေးမယ်ဆိုပြီး စည်းရုံးတာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ကိုယ့်ရပ်ရွာကို အကျိုးပြုမယ့် ဘယ်ပါတီမဆို ကူညီနေသူပါ။ စပါးနှံပါတီကိုလည်း ကူညီပေးတာပါဘဲ။ အရင်က NLD ပါတီဝင်တစ်ယောက်ပါ။ အဲဒီထွက်တဲ့ကိစ္စကို မနေ့က (၁၃-၁၀-၂၀၁၂) နေ့မှာ မကွေးမြို့နယ်NLD ရုံးအဖွဲ့က လာရောက်တွေ့ဆုံမေးမြန်းပြီး ပြန်စည်းရုံးကြပါတယ်။ ကျွန်တော်က ခံစားချက်တွေကို အကုန်ရင်ဖွင့်လိုက်ပါတယ်။ NLD ပါတီကို အရင်ဖမ်းတဲ့ဆီးတဲ့အချိန်နဲ့ ၂၀၁၀ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲအနိုင်ရရှိရေးမှာ စည်းရုံခဲ့တာ ကျွန်တော့်အိမ်က ကိုယ်ပိုင်ဘောက်စက်တွေနဲ့ အခမဲ့ ရွာစဉ်ဆက်တိုက် ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ NLDပါတီမဲအောင်နိုင်တုန်းက ကျွန်တော်တော်တော်ပျော်ခဲ့ရပါတယ်ဗျာ။ NLD ပါတီက လူတွေ ကျွန်တော့်ရွာကို ရောက်ရင် ကျွန်တော်အားလုံးကို တာဝန်ကျေပွန်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရွာက ပါတီဝင်လူတွေ မြို့ကခေါ်လို့သွားရင် လူမှုရေးတာဝန်မကျေကြပါဘူး။ စားချင်သောက်ချင်လို့ ပြောတာ မဟုတ်ဘူးနော်။ အရေးတစ်ယူဘယ်သူကမှ ဂရုမစိုက်ကြပါဘူး။ စည်းရုံးရေးမှူးဆိုသူတစ်ဦးကတော့ သူ့စားရိတ်နဲ့သူ တာဝန်ကျေအောာင်ဧည့်ခံပါတယ်။ NLD ပါတီကထွက်တာ ယခုတစ်ကြိမ်သာဘဲ ရှိပါတယ်။ ၁၉၉၄ ခုနှစ်ကထွက်တယ်၊ ၀င်တယ်ဆိုတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ တောသူတောင်သားတွေဟာ ရိုးသားဖြူစင်ကြပါတယ်။ ကျွန်တော့်နေရာကနေကြည့်စမ်းပါ။ ဒေါင်းနေရွာမှ NLD ပါတီကိစ္စဆိုရင် အိမ်က မိန်းမ အညိုအညင်ခံပြီး ဘာမဆို အချိန်ပြည့်(အိပ်စိုက်ငွေနဲ့) ကူညီဆောင်ရွက်ခဲ့ပါတယ်။ ဘာကြောင့်လုပ်သလဲဆိုရင် အမေစု ကိုချစ်လို့ လေးစားလို့ပါ။ NLD ဆိုင်းဘုတ်ကအစ ကိုယ့်စရိတ်နဲ့ကိုယ် ဗီနိုင်းစအပ်တယ်။ ဘောင်လုပ်ပြီး ကျွန်တော့်ဒီအိမ်မှာတင်ထားပါတယ်။ ဆိုင်းဘုတ်ချတော့မယ်ဆိုတော့ ကျွန်တော် တော်တော်တောင်း ပန်ပန်ပြောပါသေးတယ်။ ဒါပေမယ့် မရပါဘူး။ ဆိုင်းဘုတ်ချလိုက်ရတယ်။ တောရွာဆိုတော့ ကျွန်တော့် ဂုဏ်သိက္ခာ တော်တော်ကျသွားပြီး ကျွန်တော်လည်းတော်တော် ခံစားလိုက်ရပါတယ်။ ဒါကြောင့် ဆရာတို့ ပြန်လာပြီးစည်းရုံးလဲ လက်မခံပါရစေနဲ့ လို့သာ မကွေးမြို့နယ်NLD အဖွဲ့ကို ပြောပြီးတောင်းပန်လွှတ်လိုက်ရပါတယ်..´။ ဟု ဒေါင်းနေရွာ ဦးစိုးနိုင်မှ မြန်မာပို့စ် ကို ရင်ဖွင့်ပြောပြသည်။
READMORE
 

`မကွေးမြို့နယ် အင်တိုင်းကြီးကျေးရွာအုပ်စု ဒေါင်းနေကျေးရွာNLD ပါတီဝင်အချို့ ကြံခိုင်ဖွံ့ဖြိုးရေးပါတီသို့ပြောင်း ဟုသိရ´

အောက်တိုဘာ(၁၁)ရက်နေ့မှာ မကွေးမြို့နယ် အင်တိုင်းကြီးကျေးရွာအုပ်စု၊ ဒေါင်းနေကျေးရွာတွင် NLD ပါတီဝင် ဦးစိုးနိုင် ဦးဆောင်၍ ပါတီဝင်အဖွဲ့ အချို့သည် ၎င်းနေ့မှာပင် ကြံခိုင်ဖွံ့ရေးပါတီအဖွဲ့ဝင်အဖြစ်သို့ ပြောင်းရွှေ့ဝင်ရောက် သွားကြောင်း မြန်မာပို့စ် ကသတင်းရရှိပါသည်။ အဆိုပါကိစ္စအား မကွေးမြို့နယ်NLD ပါတီရုံးသို့သွားရောက်မေးမြန်းရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းနှင့် ရုံးအဖွဲ့မှ မဖြစ်နိုင်ကြောင်း၊ ဤသတင်းနှင့်ပါတ်သက်၍ မကွေး NLD ရုံးမှ ဒေါင်းနေရွာသို့ သွားရောက်စုံစမ်းပြီးမှ အကြောင်းပြန်ကြားပေးမည်ဖြစ်ကြောင်း ဖြေဆိုသည်။ အောက်တိုဘာ(၁၂)ရက်နေ့၊ နေ့လည်(၃)နာရီအချိန်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းနှင့် ထပ်မံတွေ့ဆုံ၍ ဤကိစ္စအား မေးမြန်းရာ၊ ဦးမြင့်သိန်းမှဤသို့ဆိုသည်။ `အင်တိုင်းကြီးကျေးရွာအုပ်စု၊ ဒေါင်းနေကျေးရွာက ကျွန်တော်တို့NLDပါတီဝင် ဦးစိုးနိုင် အိမ်ရှေ့က မဏ္ဍပ်မှာ ပြည်ခိုင်ဖြိုးပါတီဝင်အဖြစ် ပေးအပ်ပွဲလုပ်တယ်ဆိုရင် ဒီကိစ္စဖြစ်နိုင်ပါတယ်။ ဘာကြောင့်ဒီလိုဖြစ်ရတာလည်းဆိုရင် ကျွန်တော်တို့ NLD ကျေးရွာအုပ်စုရုံး ဆိုင်းဘုတ်ကို ဒေါင်းနေရွာက ဦးစိုးနိုင်အိမ်မှာတင်ပေးခဲ့ပါတယ်။ နောက် NLD ပါတီ(ဗဟို)က လမ်းညွှန်ချက်အရ ကျေးရွာတစ်အုပ်စုမှာ၊ တိုက်နယ်အုပ်စုရွာအဖြစ် မြို့နယ်မှသတ်မှတ်ထားတဲ့ရွာကိုသာ NLD ရုံးဖွင့် ဆိုင်းဘုတ်တင်ရမယ်လို့ ညွှန်ကြားပါတယ်။ အဲဒီညွှန်ကြားချက်အရ ကျေးရွာအုပ်စုတခုတည်းမှာ NLD ရုံး တစ်ရုံးကိုသာ ဆိုင်ဘုတ်တင်ပြီး ဖွင့်လှစ်ရမယ်ဆိုတော့ ဒေါင်းနေကျေးရွာက အင်တိုင်းကြီးရွာအုပ်စုထဲကဖြစ်နေတော့ NLD ပါတီရုံးနဲ့ ဆိုင်းဘုတ်ကို အုပ်စုကျေးရွာဖြစ်တဲ့ အင်တိုင်းကြီးရွာသို့ ပြောင်းရွှေ့ဖွင့်ပေးလိုက်ရပါတယ်။ ဒေါင်းနေရွာက ဦးစိုးနိုင် အိမ်မှာ တင်ပြီးသားဆိုင်ဘုတ်ကို ပြန်ချပေးလိုက်ရတယ်။ အဲဒီကစပြီး မကြေနပ်ကြတာဖြစ်ပါ့မယ်။ မကွေးမြို့နယ်တွင်းမှာ ဒီလိုဖြစ်တာ ကျေးရွာအုပ်စု(၃)ခုလောက်ရှိပါတယ်။ ကျန်တဲ့အုပ်စု(၂)ခုကတော့ စည်းရှုံးရေးပြုလုပ်ပြောဆိုလို့ အဆင်ပြေကြ ပါတယ်။ ယခု ဒေါင်းနေရွာ ဦးစိုးနိုင် တို့အဖွဲ့ကတော့ စည်းရှုံးချိန်မရလိုက်ဘူးထင်ပါတယ်ဗျာ…။´ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်းမှ မြန်မာပို့စ် ကိုပြောသည်။ အောက်တိုဘာ(၁၃)ရက်နေ့တွင် ဒေါင်းနေရွာ ဦးစိုနိုင်နှင့်အဖွဲ့ထံသို့ မကွေးမြို့နယ်NLD ရုံးမှသွားရောက်တွေ့ဆုံကြောင်း သိရသည်။ ညနေပိုင်းတွင် ဒေါင်းနေရွာမှပြန်လာသော ယင်းအဖွဲ့မှပါတီဝင်တစ်ဦးအားမေးမြန်းရာ `ကျွန်တော်တို့ ညနေ(၄)နာရီမှာ ဒေါင်းနေရွာက ပြန်ရောက်ကြပါတယ်။ ဒေါင်းနေရွာက ကိစ္စကတော့ ဟိုဘက်ပါတီကို ပြောင်းသွားတာ ပေါ့ဗျာ။ လူဦးရေကတော့ သိပ်တော့မများပါဘူး။ အဓိက သူဦးဆောင်တာပေါ့။ (၁၅၀) ဦးပြောင်းတယ်ဆိုတာမဟုတ်ပါဘူး။ အရေးအတွက်က မများပါဘူး။ စာရင်းတော့ မသိရသေးပါဘူး။ သူတို့ရွာကို မကွေးမြို့နယ်စည်ပင်သာယာကနေပြီး ရေလောင်းအိမ်သာခွက်တွေ (အခမဲ့)ပေးတယ်ဗျ။ နောက် အဲဒီရွာမှာ အလယ်တန်းကျောင်းဖွင့်ခွင့်က သူ့ဘာသာ အထက်ကကျတာကို သူတောင်းဆိုလို့ကျ တယ်ဆိုပြီး ပြောတယ်တဲ့ ဗျာ။ ကျောင်းဖွင့်ပေးတဲ့ကိစ္စမှာ ကျွန်တော်တို့NLD ပါတီတစ်ခုတည်းလည်း လုပ်ပေးလို့မရဘူး။ ကြံခိုင်ဖွံ့ဖြိုးရေးပါတီ တစ်ခုတည်းနဲ့လည်း လုပ်ပေးလို့မရပါဘူး။ ရပ်ရွာရဲ့လိုအပ်ချက်ကို ပညာရေးဌာနကနေပြီး တဆင့် အဆင့်ဆင့်တင်ပြပေးလို့ အမှန်တစ်ကယ်လိုအပ်ချက်အရ ဘယ်နှစ်မှာ ဘယ်နှစ်ကျောင်းဖွင့်မယ်ဆိုတဲ့ စီမံချက်အရ ဖွင့်တာပါလို့ ကျွန်တော်ကရှင်းပြပါသေးတယ်။ အဲဒါကို သူတို့က နားလည်မှုလွဲပြီးပြောင်းသွားကြတာပါ။ သူ(ဦးစိုးနိုင်)ကလည်း ပါတီပြောင်းတာကို ၀န်ခံပါတယ်။ ယခင်(၁၉၉၄)နှစ် တုန်းကလည်း ကျွန်တော်တို့NLD ပါတီကထွက်ဘူးပါတယ်။ နောက်ပြန်ဝင်တယ်၊ သူက ဒါကောဆိုရင်NLD ပါတီကထွက်တာ (နှစ်)ခါ (နှစ်)ကြိမ်ရှိကြောင်း မကွေးမြိုနယ်NLD ပါတီရုံးကပြောလို့သိရပါတယ်ဗျာ..။ ရွာအတွက် လောလောဆယ် အဆင်ပြေအောင်လုပ်ပေးမဲ့ ဘယ်ပါတီမဆို အားကိုးမယ်လို့ သူကပြောပါတယ်..။´ဟု မကွေးမြို့နယ်NLD ပါတီဝင် ဦးတင်လှ မှ မြန်မာပို့စ် သို့ပြောသည်။
READMORE
 

`မကွေးခရိုင် ချောက်မြို့နယ်၊ စလေတိုက်နယ် ရှိ ရွာများအား ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းဘားများပြိုကျပြီး ရေဘေးဒုက္ခရောက်နေကြကြောင်း သိရ´

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ စလေတိုက်နယ်၊ လက်ပံကျွန်းရွာအုပ်စု ကျွန်းသစ်အနောက်ရွာနှင့် ဦးယျာဉ်ကျေးရွာအုပ်စု ရေလယ်(မြောက်)ရွာများသည် (၉-၁၀-၂၀၁၂) နေ့ ည(၁၂)နာရီအချိန်မှစတင်၍ ရွာကမ်းဘားများကို ဧရာဝတီမြစ်ရေ တိုက်စားပြီး ကမ်းဘားများလျှင်မြန်စွာဖြင့် ဒလကြမ်းပြိုကျလာကြောင်း သတင်းရရှိသည်။(၉-၁၀-၂၀၁၂)နေ့၊ ည(၁၂)နာရီမှာ ကျွန်းသစ်အနောက်ရွာတွင် စတင်ကမ်းဘားပြိုကျနေကြောင်း၊ ၎င်းရွာ၌ အိမ်ခြေ(၆၅)အိမ်အား ကမ်းဘားပြိုမကျမီ ဖျက်ဆီး၍ ဘေးလွတ်ရာသို့ရွေ့ပြောင်းပေးရကြောင်း၊ ၎င်းရွာမှ လူဦးရေ(၂၇၉) ဦးခန့် အိုးမဲ့ အိမ်မဲ့ဖြစ်၍ အတိဒုက္ခရောက်နေကြကြောင်း၊ အလားတူ (၁၀-၁၀-၂၀၁၂)နေ့၊ ညနေ(၅)နာရီအချိန်မှာ ရေလယ်(မြောက်)ရွာတွင်လည်း အိမ်ခြေ(၅၃)အိမ် နှင့် လူဦးရေ(၁၀၀)ကျော်ခန့် အိုးမဲ့ အိမ်မဲ့ဖြစ်၍ အတိဒုက္ခရောက် နေကြကြောင်း၊ လူ နှင့်တိရိစ္ဆာန်များ အသေအပျောက်မရှိကြောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းပေါင်းစုံမှ အချိန်မီ လာရောက်ကူညီ ဖျက်ဆီးပြီး ကမ်းပါးနှင့်ဝေးသော ဘေးလွတ်ရာနေရာများသို့ ပြောင်းရွေ့ပေးနိုင်၍ ဧရာဝတီမြစ်ရေတိုက် စားပြီး ကမ်းဘားပြိုကျခြင်းဘေးရန်မှ သီသီကလေးသာ လွှတ်မြောက်ခဲ့ရကြောင်း၊ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းဘားများမှာ ယခုသတင်းရေးနေချိန်အထိ ဆက်လက်၍ ပြိုကျနေကြောင်း၊ စလေမြို့ NLD ပါတီဝင် ဦးကျော်ဝင်း မှ သတင်းပေးပို့ပါသည်။ မဇ္ဈိမ သတင်းဂျာနယ် အတွဲ(၁) အမှတ်(၄)တွင်ဖော်ပြထားပါသည်။
READMORE
 

`မီးလောင်ပြီးသော ပိတောက်ပင်ရေနံမှော်တွင်း၌ ရေနံသိုလှောင်ရုံဂိုဒေါင်အား လူတစ်စုမှ ၀င်ရောက်အကြမ်းဖက်၍ ဖျက်ဆီး လုယှက်မှုဖြစ်´

အောက်တိုဘာ(၇)ရက်ည(၉း၃၀)အချိန်ခန့်တွင် ပိတောက်ပင်ရေနံမှော် `ရွှေရာသီကုမ္ပဏီပိုင်´ ရေနံလက်ယက်တွင်း လုပ်ငန်းမှ ရေနံစိမ်း သိုလှောင်ရုံအား လူတစ်စု(၆၀)ခန့်က အကြမ်းဖက်ဝင်ရောက်လုယှက်ကြောင်း မဇ္ဈိမ ကသတင်းရရှိသည်။ ဖြစ်စဉ်မှာ ဆီကယ်ရီသည်ယူရောင်းချနေသူ (၄)ဦး၏ (၅)ဂါလံဝင် (၆)ပုံးအား ရွှေရာသီကုမ္ပဏီ လုံခြုံရေးအဖွဲ့မှ ဖမ်းဆီးမှုက စတင်သည်ဟု ဆီသည်သူတစ်ဦးက ပြောသည်။ သက်ဆိုင်ရာ လူကြီးများနှင့် ညှိနှိုင်း၍ ၎င်း ဆီ(၆)ပုံးအား ပြန်ပေးသော်လည်း အဖမ်းခံရသူ(၄)ဦးမှ မကြေနပ်၍ လူစုပြီး ရွာသား(၆၀)ခန့်က ခဲများ တုတ်များဖြင့် ပြန်လည် ပစ်ခတ် ထုရိုက်ကြပြီး တုန့်ပြန်သည်ဟု သိရသည်။ ၎င်း အကြမ်းဖက်မှုဖြစ်ပွားမှုကြောင့် ရေနံသိုလှောင်ရုံအနီး ဘောလုံးကွင်းထဲရှိ ကုမ္ပဏီပိုင် နံပါတ်မပါ ထော်လာဂျီတစ်စီးအား တွန်းလှဲဖျက်စီးခြင်း။ နီးဆန်း ဆီဘောက်ဆာ ကားတစ်စီး ရှေ့မှန်ကွဲသွား၍ ဖန်ချောင်း(၇)ချောင်းကွဲသွားခြင်း တို့ဖြစ်ကြောင်း၊ ယင်းသို့ အကြမ်းဖက်မှုအား သက်ဆိုင်ရာလုံခြုံရေး အဖွဲ့များ၊ သရက်ခရိုင်ရဲတပ်ဖွဲ့ဝင်များမှ လူစုခွဲ၍ တားဆီနိုင်လိုက်ကြောင်း၊ လူတစ်ဦးတစ်ယောက်မျှ ထိခိုက် ဒါဏ်ရာရရှိခြင်းမရှိဟု ဆို၏။ ကာလတန်ဘိုး ကျပ်ငွေ တစ်သိန်းကျော်ဘိုးခန့် ပျက်စီး ဆုံးရှုံးသွားသည်ဟုသိရသည်။ ယင်းအကြမ်းဖက်မှုအား အမှုမှန်ပေါ်ရေးအတွက် သက်ဆိုင်ရာမှ ဆက်လက်စုံစမ်း စစ်ဆေးဆောင်ရွက်နေကြောင်း မဇ္စမ သို့ ရေနံမှော်တွင်းရောက် သတင်းသမားတစ်ဦးမှ သတင်းပို့ပြောသည်။
READMORE
 

`သရက်ခရိုင် သရက်မြို့နယ်မှ ပိတောက်ပင်ရေနံမှော်တွင် မီးလောင်မှုဖြစ်ပြန်ပြီ..´

သရက်မြို့နယ်မှ ပိတောက်ပင်ရေနံမှော်တွင် အောက်တိုဘာ(၅)ရက်နေ့ နံနက်(၁၀း၄၀)နာရီအချိန်မှာ မီးလောင်မှုဖြစ် ကြောင်း မဇ္ဈိမ ကသတင်းရရှိပါသည်။ ဖြစ်စဉ်မှာ ဦးသက်လွင် ပိုင်ဆိုင်သော ရေနံမှော် ရေနံကျင်းအမှတ်(၆)တွင် ရေနံခပ်နေစဉ် ရေနံခပ်သောခွက်နှင့် သံပိုက်တို့ ပွတ်တိုက်မှုများကြောင့် မီးစတင်လောင်သွားသည် ဟု ဆို၏။ ၎င်း မီးလောင်သော ပိတောက်ပင်ရေနံမှော်သို့ သရက်မြို့မှ သရက်ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အတူ မီးသတ်မော်တော်ယာဉ်များ၊ သရက်မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ နှင့် တပ်မတော်သားများမှ အချိန်မီ လာရောက်၍ မီးငြိမ်းသတ်နိုင်ခဲ့ကြကြောင်း သိရှိရသည်။ ဤမီးလောင်မှုကြောင့် ရေနံကျင်း(၈)ကျင်း၊ အင်ဂျင်(၃)လုံး၊ ကလပ်စုံ(၃)စုံ နှင့် ရေနံစိမ်းပေးပါများ ပျက်စီး၍ ကာလဆုံးရှုံးတန်ဘိုး (၅)သိန်းဟုသာ စာရင်းတွက်ထားကြောင်း သက်ဆိုင်ရာမှသိရ၏။ လူအသေ အပျောက်မရှိ၊ အလုပ်သမား မောင်လှမျိုးထွန်း၏ ခြေထောက်နှစ်ဘက် နှင့် ညာလက်မောင်းတို့တွင် မီးလောင်ဒါဏ်ရာများရရှိသွား၍ သရက်မြို့ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသနေရသည်။ ဤမီးလောင်မှုနှင့်ပတ်သက်၍ ရေနံတွင်းပိုင်ရှင်များဖြစ်ကြသော ဦးသက်လွင်နှင့် ဦးကြည်နိုင်တို့ နှစ်ဦးအား သရက်မြို့ရဲစခန်းတွင် (ပ)၁၂၆/၁၂ ပုဒ်မ ၂၈၅/ ၃၃၇/ ၃၃၈ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း မဇ္ဈိမ က သတင်းရယူခဲ့ပါသည်။ ပိတောက်ပင်ရေနံမှော်စတင်ကာလမှ ယခုအထိ မီးလောင်ခဲ့မှုပေါင်း အကြိမ်မှာ (၈)ကြိမ်ဖြစ်ကြောင်း၊ အလားတူ မီးလောင်မှုမျိုး ဒဟတ်ပင်ရေနံမှော်တွင်လည်း(၂)ကြိမ် မီးလောင်ခဲ့ပြီးကြောင်း၊ မီးလောင်ဆုံးရှုံမှုများကို ဆုံးရှုံးမှုတန်ဘိုးများလျှော့၍သာ ပြကြကြောင်း တို့အား ရေနံမှော် နယ်ခံ သတင်းသမားတစ်ဦးမှ မဇ္ဈိမ ကို ပြောပါသည်။
READMORE
 

`အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မကွေးခရိုင်ညီလာခံ ကျင်းပရေး ကော်မရှင်၏ ညှိုနှိုင်းဆွေးနွေးပွဲ´

(၆-၁၀-၂၀၁၂)နေ့ နံနက်(၁၀)နာရီတွင် မကွေးမြို့၊ မြင်သာရပ်ကွက်၊ မဲထီလမ်းရှိ မကွေးမြို့နယ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ရုံး အစည်းအဝေးခမ်းမ၌ မကွေးခရိုင်ညီလာခံကော်မရှင်၏ညှိုနှိုင်းဆွေးနွေးပွဲကျင်းပကြောင်း မဇ္ဈိမ ကသတင်း ရရှိပါသည်။ ၎င်း မကွေးခရိုင်ကော်မရှင်အဖွဲ့ဝင် ဦးရဲတင့် ထံ မဇ္ဈိမ ကသွားရောက်သတင်းရယူခဲ့ပါသည်။ ``ယခုဆွေးနွေးပွဲက မကွေးခရိုင်ညီလာခံကျင်းပရေးကော်မရှင် ညှိုနှိုင်းကြတာပါ။ တက်ရောက်သူများကတော့ မကွေးခရိုင်၊မြို့နယ်စုစုပေါင်း(၂၇)ဦးတက်ပါတယ်။ နာယက ဦးအောင်စိုး၊ မကွေးခရိုင်ကော်မရှင် ဥက္ကဋ္ဌ ဦးသာအောင်(မြို့သစ်)၊ အတွင်းရေးမှူး ဦးတင့်လွင့်(ရေနံချောင်း)၊ နှင့် ခရိုင်ကော်မရှင်အဖွဲ့ဝင်စုစုပေါင်း (၁၄)ဦး တက်ရောက်ကြပါတယ်။ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်များအလိုက် ညီလာခံများကို ၂၀၁၂ ခု အောက်တိုဘာလ ဒုတိယပါတ်(၁၅)ရက်နေ့၊ နောက်ဆုံးထားပြီး အောင်မြင်စွာကျင်းပကြရန် (ဗဟို) ခွင့်ပြုပြီးဖြစ်ပါတယ်။ ဒါကြောင့် ယနေ့အစည်းအဝေးဟာ လိုအပ်တာများကို အပြန်အလှန် ညှိုနှိုင်းကြပြီး တာဝန်ခွဲယူကြပါတယ်။ မကွေးမြို့မှာ တိုက်နယ်(၇)ခု၊ အုပ်စုပေါင်း(၇၆)ခု မြို့ပေါ်(၂၅)ရပ်ကွက်ပါ ပါတယ်။ အောက်ခြေအဆင့်ဆင့် ကျေးရွာအုပ်စုတွေအထိ NLD ပါတီ ညီလာခံတွေလုပ်ပေးကြရမှာ ဖြစ်ပါတယ်ခင်ဗျာ..။´ဟု မကွေးခရိုင်ညီလာခံကျင်းပရေးကော်ရှင်အဖွဲ့ဝင် ဦးရဲတင့်မှ မဇ္ဈိမ ကိုပြောသည်။ မဇ္ဈိမ သတင်းဂျာနယ် အမှတ်(၁) အတွဲ(၃)တွင် ဖော်ပြထားပါသည်။
READMORE
 

`ဆိပ်ဖြူမြို့အား စတုထ္ထအကြိမ် မီးဘေးဒုက္ခမကျရောက်အောင် ထိမ်းသိမ်းစောင့်ရှောက်ပေးစေလို´

ဆိပ်ဖြူမြို့မှာ မီးလောင်လိုက်လျှင် မြို့လုံးကျွတ်နီးပါးကုန်ဆုံးကြောင်း အရန်မီးသတ်ရဲဘော်တစ်ဦးမှ မဇ္ဈိမ ကိုပြော၍ သတင်းရရှိခဲ့ပါသည်။ ``ကျွန်တော်တို့ ဆိပ်ဖြူမြို့မှာ မီးသုံးကြိမ်း အကြီးအကျယ်လောင်ခဲ့ရပါတယ်။ (၆-၃-၁၉၉၀) မှာ ပထမအကြိမ်၊ ((၉-၄-၁၉၉၂) မှာ ဒုတိယအကြိမ်၊ (၃၁-၁-၁၉၉၆) မှာ တတိယအကြိမ် သုံးကြိမ်းလုံး မြို့လုံးကျွတ်နီးပါး တက်တက်ပြောင်အောင် လောင်သွားခဲ့ရတာပါ။ ယခု အစိုးရသစ် ဒီမိုကရေစီခေတ်ရောက်လာပြန်တော့ လောင်စာစက်သုံးဆီများကို ပုဂ္ဂလိက လုပ်ပိုင်ခွင့် ပေးလိုက်တော့ တစ်မြို့လုံးမှာ ဓာတ်ဆီ ဒီဇယ်ဆီတွေကို အပြိုင်အဆိုင်နဲ့ မြို့တွင်းမှာ ဆိုင်ဖွင့်ရောင်းနေကြ တယ်ဗျာ။ ဘယ်ဆိုင်ကတရားဝင်ဆိုတာမသိပါဘူး။ ဒီကိစ္စကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို တင်ပြ လိုက်ပါတယ်။ ဒါကြောင့် (၁၁-၁-၂၀၁၂) နေ့စွဲနဲ့ အမိန့်အမှတ်၁/၂၀၁၂ မှာပါရှိတဲ့ အချက်(၁၇)ချက်နဲ့အညီ တိကျစွာဖြင့် စစ်ဆေး လိုက်နာဆောင်ရွက်သွားကြရန် မြို့နယ်/ရပ်ကွက်၊ ကျေးရွာ၊ ဌာနဆိုင်ရာများကို ဖြန့်ဝေခဲ့ပါတယ်။မြို့တွင်းမှာ တရားမ၀င် လောင်စာဆီရောင်းချ သူများကိုလည်းခေါ်ယူလက်မှတ်ရေးထိုးခိုင်းခဲ့ပါတယ်။ ဒါပေမယ့် အဲဒါလည်းပြီးရော အရင်လိုမြို့ထဲမှာ ယခုအထိ ရောင်းနေကြပါတယ်ဗျာ။ ဆိပ်ဖြူမြို့ စည်ပင်သာယာဈေးပတ်လည်နဲ့ မြို့နယ်အားကစားကွင်း တောင်ဘက်က ဆိုင်ခန်း (၄)ခန်းမှာ ယနေ့အထိရောင်းချနေကြတယ်။ အဲဒီဆိုင်ခန်းထဲက တစ်ခန်းဆိုရင် (၂၁-၈-၂၀၁၂) နေ့ ည(၁၁း၃၀)မှာ ၀ါယာရှော့ဖြစ်ပြီး မီးလောင်တယ်။ အိမ်နီချင်းများက အချိန်မီ ၀ိုင်းဝန်းတားဆီခဲ့လို့ အကြီးအကျယ်မီးမလောင် တာပါ။ အဲဒီကိစ္စကို (၄-၉-၂၀၁၂)နေ့မှာ ရပ်ကွက်နေပြည်သူ(၂၀)ဦးက လက်မှတ်ရေးထိုးပြီး သက်ဆိုင်ရာကိုတိုင်ကြား ခဲ့ကြတယ်။ ဒီတင်ပြချက်အရ သက်ဆိုင်ရာအဖွဲ့အစည်းပေါင်းစုံမှ အဲဒီ(၄-၉-၂၀၁၂)နေ့ ညနေ(၅း၃၀)နာရီမှာ ၀င်ရောက်စစ်ဆေးပါတယ်။ တရားမ၀င်ရောင်း္စချနေတဲ့ လောင်စာဆီများကို တွေ့လို့ သိမ်းဆီးကြပါတယ်။ ဒါပေမယ့် (၆-၉-၂၀၁၂)နေ့အထိ အမှုဖွင့် အရေးယူခြင်းမလုပ်ပါဘူး။ အမှုမဖွင့်တဲ့အပြင် သိမ်းဆည်းထားတဲ့ လောင်စာဆီများကိုလည်း ပြန်ပေးကြောင်းသိရပါတယ်။ အဓိက ကျွန်တော်ပြောချင်တာက အထက်ကိုပိုင်တယ်ဆိုပြီး တစ်မြို့လုံးမီးလောင်တိုက်သွင်း မယ့်အဖြစ်မျိုး ဆိပ်ဖြူမြို့ကြီးကို စတုထ္ထအကြိမ် မီးမလောင်အောင် သက်ဆိုင်ရာမှ တရားဥပဒေ၏ အထက်တွင် မည်သူမှမရှိစေဘဲ ဥပဒေနဲ့အညီ မီးဘေးအန္တရာယ်ကို ၀ိုင်းဝန်းတားဆီစောင့်ရှောက်ပေးစေလိုပါတယ်ခင်ဗျာ..။´ ဟု အရန်မီးသတ်ရဲဘော် (အမည်မဖော်လို သူ) တစ်ဦးမှ မဇ္ဈိမ ကိုပြောပါသည်။ မဇ္ဈိမ သတင်းဂျာနယ် အမှတ်(၁) အတွဲ(၄)တွင်ဖော်ပြထားပါသည်။
READMORE
 

` ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် သရက်မြို့မှ (၉)ကြိမ်မြောက် အာစရိယပူဇော်ပွဲ´

သရက်မြို့၊အထက(၁) စိန်ရတုခမ်းတွင် အောက်တိုဘာ(၅)ရက် နံနက်(၈း၃၀)နာရီမှာ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်(၉)ကြိမ်မြောက် အာစရိယပူဇော်ပွဲကြီး ကျင်းပကြောင်း သတင်းရရှိသည်။ ၎င်းအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ၀န်ကြီး ဦးကြည်မင်း တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် သရက်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှဝေနှင့် မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းအေးတို့မှ ကမ္ဘာ့ ဆရာများနေ့အကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် အာစရိယ ဆရာ၊ဆရာမကြီးများ(၁၄၃)ယောက်တို့အား ကန်တော့ချိုးဖြင့်ကန်တော့၍ အလှူငွေများနှင့် ပူဇော်ကြသည်။ ကန်တော့ခံ ဆရာကြီး ဦးတင်ရွှေနှင့် ဆရာမကြီး ဒေါ်ကြည်တို့ မှ ဆုတောင်းမေတ္တာပို့သပေးကြသည်။ ၎င်းအခမ်းအနားတွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဆောင်းပါး၊ ကဗျာ၊ စာစီစာကုံး ဆုရသူ ဆရာ ဆရာမများနှင် ကျောင်းသူ ကျောင်းသားများအား ဗဟိုအဆင့်၊ တိုင်းအဆင့်၊ မြို့နယ်အဆင့် ဆုများကို သက်ဆိုင်ရာတာဝန်ရှိသူများမ ဆုများ အသီးသီးချီးမြှင့်ကြောင်း မြန်မာပို့စ် မှ သတင်းရယူခဲ့သည်။
READMORE
 

`သရက်မြို့ စေတနာဖြူသာရေး၊နာရေးအသင်းသို့ ရန်ကုန်နာရေးကူညီမှုအသင်းက (မော်တော်ယာဉ်မှူး)ဟုဆို၍ လိမ်လည်မှုဖြစ်ပွား´

မကွေးတိုင်းဒေသကြီး သရက်ခရိုင် သရက်မြို့ စေတနာဖြူ သာရေး နာရေးကူညီမှုအသင်းသို့ အောက်တိုဘာ(၂)ရက် နေ့တွင် လူပုဂ္ဂိုလ်တစ်ဦး လာရောက်၍ ငွေကြေးလိမ်လည်မှု နှင့် ကားကိုလိမ်ညာ ငှါးရမ်းမှုဖြစ်ကြောင်း သတင်းရရှိပါသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ(၂)ရက်နေ့မှာ ဦးစိုးမောင်ဆိုသူ တစ်ဦးတည်း သရက်မြို့ စေတနာဖြူအသင်းသို့ရောက်လာသည်။ `ကျွန်တော်က နာရေးကူညီမှုအသင်း(ရန်ကုန်မြို့) မော်တော်ယာဉ်မှူး တာဝန်ခံပါ။ အထက်မင်းလှကနေ ရခိုင်သို့ လှူဒါန်းမည့်ပစ္စည်းများဖြစ်ကြတဲ့ မီးစက်(၃)လုံး နဲ့ သီတဂူဆရာတော်ဘုရားကြီးက လှူဒါန်းထားပေးတဲ့ စောင်များကို သွားရောက်ပေးပို့တာဖြစ်ပါတယ်။ ယခု ကျွန်တော့်ကားမှာ ပုသိမ် မုံရွာကားလမ်းအတိုင်း မောင်းလာခဲ့တာပါ။ သရက်လမ်းဆုံအရောက်မှာ ရေတိုင်ကီပေါက်သဖြင့် အကူအညီပေးကြပါ..´။ဟု ပြောဆိုကြောင်း၊ ထို့နောက် စေတနာဖြူအသင်းမှ တာဝန်ရှိသူများနှင့် ဦးစိုးမောင် တွေ့ဆုံပြီး သူ့ကားပေါ်တွင် ပါလာသော ဒီဇယ်တစ်ပေပါကိုလည်း ရောင်းချ၍ ကားပြင်ရမည်ဖြစ်ကြောင်း၊ ဒါကြောင့် စေတနာဖြူ အသင်းမှ ကားလေးအား သရက်မြို့မှ ပုသိမ် မုံရွာ ကားလမ်းဆုံအထိ ပို့ပေးပါရန် ငွေကျပ်တစ်သိန်းပေးပါမည်ဟု ဌါးရန်း၍ အကူအညီတောင်း၏။ ယခုလောလောဆယ် ပစ္စည်းဝယ်ရန်ငွေလိုနေ၍ ငွေငါးသောင်းအား ခေတ္တချေးပါဟု ဆိုပြီး ငွေချေးသည်။ ၎င်း စေတနာဖြူအသင်းမှ ကားလေးနှင့် ဦးစိုးမောင်အတူလိုက်လာစဉ် မြို့မှ မထွက်မီ မင်းတုန်းမြို့မှ ရဲစခန်းမှူးအဖွဲ့မှ လမ်းကြုံလိုက်ပါလာ၍ ဦးစိုးမောင်က သရက်ရဲစခန်းသို့ဝင်စရာရှိသည်၊ နောက်ကနေ အမှီ လိုက်လာခဲ့မည်ဆိုပြီး ထွက်ခွာ၍ နေခဲ့သည်။ စေတနာဖြူကားလေးနှင့်အဖွဲ့သည် ပုသိမ် မုံရွာလမ်းမကြီး၏ သရက်လမ်းဆုံသို့ရောက်သောအခါ မည်သည့်ကားမျှ တစ်စုံတစ်ရာ မတွေ့ရတော့ပါ။ ထို့ကြောင့် စေတနာဖြူ သာရေး၊ နာရေးအသင်းမှ ဥက္ကဋ္ဌ ဦးဝင်းအောင် နှင့် ဘဏ္ဍာရေးမှူး ဦးပေါက်စိတို့သည် နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ ဖုန်းဆက်၍ မေးမြန်းစုံစမ်းကြသည်။ ထိုအခါ နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ယခုကဲ့သို့ မည်သူ့ကိုမျှ မည်သည့်ကားနှင့်မျှ ပို့ဆောင်တာဝန်ပေးအပ်ထားခြင်း မရှိကြောင်း အကြောင်းပြန်ကြားသည်ဆို၏။ ယင်းကိစ္စအား သရက်မြို့စေတနာဖြူ သာရေး နာရေးအသင်းမှ တရားစွဲဆိုခြင်း မပြုကြောင်း၊ ၎င်း ဦးစိုးမောင် ဆိုသူ အသက်(၆၀)ခန့်၊ ခေါင်းဖြူ၊ ကွမ်းစားပါးစပ် (ဓာတ်ပုံ) လူလိမ် လူညာအား သက်ဆိုင်ရာမှ ဖမ်းဆီနိုင်ရန်နှင့် အခြား နာရေးကူညီမှုအသင်းများကို ယခုကဲ့သို့ အဖြစ်မျိုး မဖြစ်အောင် အသိပေးပြောဆိုခြင်းသာ ဖြစ်ပါကြောင်း ဓာတ်ပုံရှင်အားတွေ့လျှင် သရက်မြို့ စေတနာဖြူ သာရေး နာရေးအသင်း ဖုန်း ၀၉-၄၀၁၆၁၉၁၂ / ၀၉-၅၃၃၀၇၆ များသို့ ဆက်သွယ်ပေးကြပါရန် ဥက္ကဋ္ဌ ဦးဝင်းအောင် မှ မြန်မာပို့စ် ကို ပြောသည်။ (မှတ်ချက်။ ဦးစိုးမောင် ဆိုသူ၏ ဓာတ်ပုံမှာ သူရောက်နေစဉ် ငွေအလှူရှင်တစ်ဦးအား ဓာတ်ပုံရိုက်စဉ် သူပါသော အုပ်စုထဲမှ ပုံအား ဆွဲထုတ်ပြထားခြင်းဖြစ် ပါသည်။)
READMORE
 

မကွေးမြို့ မှာ အမျိုးသမီးငယ်လေးများ ပျောက်နေကြသည်။

မကွေးမြို့တွင် အနယ်နယ်မှ (လူစိမ်း)အမျိုးသား အမျိုးသမီး ဒုစရိုက်သမားများကြောင့် ဤကဲ့သို့အဖြစ်မျိုး မကြားစဖူး ကြားသိနေကြ၍ အများပြည်သူများအနေဖြင့် လုံခြုံရေးအား အထူးသတိထားသင့်ပေသည်။ မကွေးမြို့၊ အမှတ်(၂)စခန်းတွင် (၁၀)ကျောင်းသူတစ်ဦး မမေသဇင်သက်(၁၅-၉-၂၀၁၂)နေ့နှင့် (၂၉-၉-၂၀၁၂)နေ့တွင် အမျိုးသမီးငယ်တစ်ဦး မ……..တို့ ပျောက်သွားကြောင်း လူပျောက်အမှုဖွင့်လှစ်တိုင်ကြားထားရာတွင် (၁၀)တန်းကျောင်းသူလေးမှာ ယနေ့အထိ သတင်းမရပါ။ အမျိုးသမီးငယ် တစ်ဦးသာ တရုပ်ပြည်နယ်စပ်မှ ပြန်လည်ဖမ်းဆီး၍ ရောက်ရှိလာကြောင်း၊၎င်းအမျိုးသမီးငယ်အား ခေါ်ဆောင်သွားသော ရပ်ကွက်တွင်းလာရောက်ဌါးနေသော ဧည်သည် အမျိုးသမီးနှစ်ဦးတို့မှာ ဗိုနေမြဲ ကျားနေမြဲ ဖြင့်ရှိနေကြောင်း၊ ထို့ကြောင့် ကျမသမီးလိုမဖြစ်စေရအောင် မိဘ၊ဆရာသမား များလည်း လုံခြုံရေးအထူးသတိထားကြ စေလိုကြောင်း ၎င်းအမျိုးသမီးငယ် ၏ မိခင်ဒေါ်ကြည်မှ(၆-၁၀-၂၀၁၂)နေ့မှာ မြန်မာပို့စ်သို့ လာရောက်ပြောပါသည်။ မြန်မာပို့စ် အတွဲ(၄) အမှတ်(၂၉)တွင်ဖော်ပြထားပါသည်။
READMORE
 

`မကွေးမြို့ ကံမ္ဘောဇဘဏ်မှ ငွေထုတ်ယူလာသူ အမျိုးသမီး(၂)ဦးအား လမ်းမလယ်တွင် ငွေလုခံရ´

(၄-၁၀-၂၀၁၂)နေ့ နေ့(၁၁း၁၅)နာရီအချိန်ခန့်တွင် မကွေးမြို့ ကံမ္ဘောဇဘဏ်မှ ငွေ(၁၅)သိန်း ထုတ်ယူလာသူ အမျိုးသမီးနှစ်ဦး ထံမှ အမျိုးသားတစ်ဦးက မော်တော်ဆိုင်ကယ်ဖြင့်ကပ်၍ ပြည်တော်သာလမ်းနှင့် သစ္စာလမ်းထောင့် နေရာမှာ ငွေထုပ်အားလုယူထွက်ပြေးသွားကြောင်း မြန်မာပိုစ် ကသတင်းရရှိပါသည်။ ဖြစ်စဉ်မှာ မကွေးမြို့ဆုံရပ်ကွက်၊ (၁၂)လမ်း မှုန့်ဟင်းခါးရောင်းချသူ မထက်ထက်ခိုင် (အသက်၂၅) နှင့် သူငယ်ချင်းဖြစ်သူ မခိုင်ရွှေရည်တို့နှစ်ဦးသည် ၎င်း(၄-၁၀-၁၀၁၂)နေ့ နံနက်ပိုင်းတွင် မကွေး ကမ္ဘောဇဘဏ်ခွဲ သို့ ငွေ(၁၅)သိန်းထုတ်ယူထွက်ခွာလာကြသည်။ ယင်းငွေ(၁၅)သိန်းမှာ မထက်ထက်ခိုင် ၏ မိခင်ဒေါ်ညွှန့်လှိုင်အား ဆေးကုသရန်အတွက် စေခိုင်းသဖြင့် မော်တော်ဆိုင်ကယ်တစ်စီးအား သူငယ်ချင်းနှစ်ယောက်စီးပြီးထုတ်ယူလာ ကြောင်းသိရ သည်။ အပြန်၌ ကန်သာရပ်ကွက် သစ္စာလမ်းနှင့် ပြည်တော်သာလမ်းအရောက်တွင် သူတို့ဆိုင်ကယ်နောက်မှ လူငယ်တစ်ဦး အသက်(၂၀)ကျော်ခန့် အင်ကျီအနက်ရောင်၊ ဂျင်ဘောင်ဘီရှည်ဝတ်၍ အသားအညိုရောင်၊ နှုတ်ခမ်းထူ၊ ဆံပင်ဘိုကေရှည် (လူမြင်လျှင် မှတ်မိသည်) ဆိုသောလူငယ်တစ်ယောက်က (၁၂၅)တရုပ်ဖြစ်(နံပါတ်မပါ) ဆိုင်ကယ်ဖြင့် ဆိုင်ကယ်ချင်းယှဉ်၍ ကပ်လိုက်လာသည်ဆို၏။ အခင်းဖြစ်ပွားရာနေရာအရောက်တွင် ရန်ကင်းဈေးကိုဘယ်ကသွားရလဲဟု မေး၍ မထက်ထက်ခိုင် တို့၏ ဆိုင်ကယ်ရှေ့ချင်းထဲမှ ကြွပ်ကြွပ်အိပ်ဖြင့်ထည့်ယူလာသောငွေ(၁၅)သိန်းထုပ်ကို ဇတ်ကနဲ လုယူ ထွက်ပြေး မောင်းနှင်သွားသည်ဟု ဆိုသည်။ ၎င်းဖြစ်စဉ်အား မထက်ထက်ခိုင်(၂၅)နှစ်၊ (ဘ)ဦးဘိုပါ မှမကွေးမြို့ မြို့မရဲစခန်းတွင် (ပ)၂၄၈/၂၀၁၂ ပုဒ်မ ၃၈၂ ဖြင့် အရေးယူဆောင်ရွက်ပေးပါရန် အမှုဖွင့်ထားကြောင်းသိရသည်။ (၄-၁၀-၂၀၁၂)ထိုနေ့ ညနေ(၅း၃၅)နာရီမှာပင် ၎င်းတရားခံအား ရဲတပ်ဖွဲ့ဝင်များမှဖမ်းဆီရရှိကြောင်းသိရသည်။ ယင်းတရားခံမှာ ကျော်သူ(၂၆)နှစ်၊ (ဘ) ဦးစိုးမြင့်၊ သမန်းကုန်းလမ်း၊ (ဘ/၃)ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးနေသူဖြစ်ကြောင်းသိရသည်။ တရားခံအား ၎င်းနေ့တွင်းချင်းပင် မကွေးမြို့ သစ်တောရုံးဝင်းဘေး လမ်းကြားမှာ လုယူသွားသောငွေ(၁၅)သိန်းနှင့် မော်တော်ဆိုင်ကယ်တို့နှင့်အတူ ဖမ်းဆီးရမိကြောင်း သက်ဆိုင်ရာမှ စုံစမ်း သိရှိရပါသည်။
READMORE
 

``လူကြီးစကား ဂတိမတည်ပါဘူးဗျာ…´´ (၁၉၉၆) ခုနှစ်မှ ယာမြေအသိမ်းခံရသော တောင်သူ(၁၁)ဦးအား ယခုအထိ အိမ်ဝိုင်းမပေး

`မကွေးမြို့ တန်(၃၀)သ/မဆီစက်ရှေ့ေ့မြယာများကို (၂)အုပ်စု အငြင်းပွား၍ မြေလုနေရာမှ နောက်(၁၁)ဦးအုပ်စုက ထိုနေရာကို ရလိုကြောင်း တောင်းဆိုသည် ဟုထပ်မံ၍သိရ´ ယင်း မကွေးမြို့ တန်(၃၀)သ/မဆီစက်ရှေ့မှ မြေယာ အိမ်ဝိုင်းကွက်(၂.၅၀)ဧကများအား လက်ရှိနေထိုင်သူ ဦးသိန်းလှိုင်အဖွဲ့နှင့် မကျီးကန်ကျေးရွာတိုက်နယ် သန်းတောကုန်းကျေးရွာရှိ ရွာသူရွာသားများမှ သက်ဆိုင်ရာသို့ လက်မှတ်ရေးထိုးတိုင်ကြားခြင်း၊ အသစ်ဆောက်လုပ်နေသောအိမ်များထံ လူစုလူဝေးဖြင့်သွားရောက်တားမြစ်ခြင်း ကိစ္စအား မြန်မာပို့ဂျာနယ်အတွဲ(၄) အမှတ်(၂၆)တွင်ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ယခုတောင်းဆိုသောတောင်သူ(၁၁)ဦးမှာ ၁၉၉၆ ခုနှစ်အတွင်းက မကွေးမြို့၊တောင်တွင်းကြီးမြို့အထွက်လမ်း၊ အောင်ဇေယျာရပ်ကွက်၊ ဆုံမန်းကျီးပင်နှင့် နွားကူးကျေးရွာ ရေကန်အကြားရှိ ယာမြေများကို ရဲရပ်ကွက်ဖော်ထုတ်ရန် မကွေးတိုင်းငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ရုံး အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီးသိန်းကြိုင် မှ ဥက္ကဋ္ဌ(ကိုယ်စား) စာအမှတ်၊၁-၈၀/၁-၈၁/ တ၀တ(မကွေး)ဖြင့် ၁၉၉၆ ခု၊ ဒီဇင်ဘာလ(၂၃)ရက်တွင် သက်ဆိုင်ရာ အမှုဆောင်အရာရှိ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မကွေးမြို့သို့ စာထွက်၍ ဖြန့်ဝေခဲ့ကြောင်း မြန်မာပို့စ်သို့ ယာခင်းရှင်ဦးခင်မောင်ရွှေမှ ထိုစာကိုပြသသည်။ ၎င်းစာပါအချက်(၂)ချက်မှ ယာမြေများအသိမ်းခံတောင်သူ(၁၁)ဦးအား ယာမြေဧက တစ်ဧကလျှင် (၃၀၀၀၀ိ) သုံးသောင်းကျပ်နှုန်းဖြင့် မြေဧကပေါင်း(၁၆.၃၅)အတွက် ငွေကျပ်(၄၉၀၅၀၀) ကျပ်ပေးရမည်။ ထို့ပြင် ယင်းမြေယာပိုင်ရှင်(၁၁)ဦးအား တစ်ဦးလျှင် အိမ်ဝိုင်းကွက်တစ်ကွက်ကို အခမဲ့ပေးကြရန်ဟု စာမှာ ထုတ်ဖော်ပြထားပါသည်။ `` ကျွန်တော်တို့လည်း အဲဒီအချိန်က အထက်ကိုကြောက်ရတာတစ်ကြောင်း၊ အထောက်အထားစာကလည်း မရသေးတော့ သက်ဆိုင်ရာကို မတင်ပြရဲခဲ့ပါဘူး။ ၂၀၀၂ ခုနှစ်ကစတင်လာတာပါ အဲဒီစာတွေကရှာမတွေ့ဘူးဗျ။ (၂၃-၄-၂၀၀၇)နေ့မှာတော့ တ.ယ.ကရဲ့ အမိန့်ထုတ်ထားတဲ့ စာလည်းရရော ဥက္ကဋ္ဌ၊ တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်းစီ၊ မကွေးတိုင်းသို့ သူတို့ထုတ်ပြန်ထားတဲ့စာကို ရည်ညွှန်းချက်ထည့်ပြီး ဦးစိုးတင့်နဲ့ တောင်သူများ ဦးဆောင်လို့ စာတင်ခဲ့ပါတယ်။ နောက် (၂၁-၉-၂၀၀၉)နေ့စွဲနဲ့လည်း ဥက္ကဋ္ဌ တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသို့ ဦးမျိုးဝင်း နာမည်နဲ့ စာတင်ခဲ့ပါတယ်။ အဲဒီတုန်းကလည်း ဘာမှအကြောင်းမထူးခဲ့ပါဘူး။ ဒါနဲ့ ယခုအစိုးရအသစ်လက်ထက် ဦးခင်မောင်ဆွေ နာမည်လိပ်စာနဲ့ ဦးဆောင်ပြီး တောင်သူ(၁၁)ဦးတို့ရဲ့ ဓာတ်ပုံများ၊ မှတ်ပုံတင်နံပါတ်များနဲ့ (၁၁-၂-၂၀၁၂)နေ့မှာ ၀န်ကြီးချုပ် မကွေးတိုင်းဒေသအစိုးရအဖွဲ့သို့ မြေယာအိမ်ဝိုင်းကွက်များရရန် အသနားခံလွှာ ထပ်မံစာတင်ခဲ့ပါတယ်။ ဘာမှအကြောင်းမထူးတော့ (၄-၅-၂၀၁၂)နေ့စွဲနဲ့ တောင်သူ(၁၁)ဦးကိုယ်စား ကျွန်တော်ဦးကျော်ဆန်းက ဦးဆောင်းပြီး ဦးရဲမြင့် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဆီကို ထပ်မံတင်ပြအသနား ခံကြပြန်ပါတယ်။ ယခုတော့ အခြားမြေများနှင့် လယ်ယာမြေများသိမ်းဆည်းမှု စီစစ်ရေးကော်မရှင်အဖွဲ့ နေပြည်တော်သို့ (၁၂-၉-၂၀၁၂) နေ့က ထပ်မံပို့လိုက်ရပြန်ပါပြီ။ ဒီကြားထဲမှာ ကျွန်တော်တို့ကို ခေါ်ယူစစ်ဆေးပါတယ်။ အိမ်ဝိုင်းကွက်ကတော့ မပေးသေးပါဘူး။ သူတို့အနေနဲ့ ကျွန်တော်တို့ကိုပေးရန်အတွက် ရှာဖွှေနေရရင်ခက်မှာစိုးလို့ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်သို့ ပူးတွဲတင်ပြချက်နဲ့ တင်ပြထားပါတယ်။ ကျွန်တော်တို့တောင်သူ(၁၁)ဦးကို အိမ်ဝိုင်းကွက်များ အစားပေးမည် ဆိုရင် မကွေး-တောင်တွင်းကြီးကားလမ်းရဲ့တောင်ဘက် တန်(၃၀) သ/မဆီစက်ရှေ့က ကွင်းအမှတ် (၁၆၅၇/ခ)ရှိ ပလပ်မြေ(၂)ဧကကို ဖော်ပြပေးထားပါတယ်။ မကျီးကန်ကျေးရွာ အုပ်ချုပ်ရေးဟောင်းဦးသန်းထွန်း နဲ့ အုပ်ချုပ်ရေးမှူးအသစ် ဦးဇော်မျိုးထွန်း တို့နှစ်ဦး၊နွားကူးကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦခင်မောင်ဆွေနဲ့ အုပ်ချုပ်ရေးမှူးဟောင်း အသစ် ဦးအောင်ကျော်ညွှန့်တို့ကလည်း ထောက်ခံစာတွေပေးလို့ ပူးတွဲတင်ပြ တောင်ခံထားပါတယ် ခင်ဗျာ…´´။ ဟု နောက်ဆုံးဦးဆောင်၍ တိုင်ကြားထားသူ ဦးကျော်ဆန်း (MGE 008970) အမှတ်(၄၃၉) ရန်နိုင်ရပ်(၃၂)လမ်း၊ အောင်ရတနာရပ်ကွက် မကွေးမြို့တွင်နေသူမှ မြန်မာပို့စ်သို့လာရောက်ပြောဆိုပါသည်။ ၎င်းတိုးချဲ့မြေယာများနှင့် မကွေးလေယာဉ်ကွင်းသစ်၊ လေတပ်နယ်မြေများအသုံးပြုရန်အတွက် မြေဧက စုစုပေါင်း(၁၉) ဧကခန့်အသိမ်းခံရသော ဦးဘိုဦး (စည်ပင်သာယာ)၀န်ထမ်းကလည်း ရင်ဖွင့်လာပါသည်။ ``ကျွန်တော်က မြေယာတွေအသိမ်းခံလိုက်ရလို့ စည်ပင်သာယာဝန်ထမ်းအလုပ်ရတာပါ။ အဲဒီတုန်းက ကျွန်တော့် ဆရာ…..(တယက အထူးအရာရှိ)ကိုယ်တိုင်ပြောတဲ့စကား ယနေ့အထိနားထဲကမထွက်ပါဘူး။ မင်းတို့ယာခင်းရှင်တွေ(၁၁)ဦး ကို အိမ်ဝိုင်းကွက်တွေပေးမယ်။ တစ်လအတွင်း အုပ်တံတိုင်းခပ်ပေးရမယ်။ (၆)လပြည့်ရင် လူနေစရာ တိုက်/အိမ်ဆောက် ရမယ်။ အဲသလို မဆောက်နိုင်ရင်တော့ မင်းတို့ပေးထားတဲ့ အိမ်ဝိုင်းကွက်တွေကို ပြန်လည်သိမ်းပြစ်မယ်လို့ပြောတယ်။ ဒါပေမယ့် ကျွန်တော်တို့ကို မပေးခဲ့ပါဘူး။ လူကြီးစကား ဂတိမတည်ပါဘူးဗျာ။ အဲဒီဝိုင်းကွက်တွေကို လမ်းမဘက် မျက်နှာစာမှာ ပေတစ်ရာXနောက်ပေ၈၀ အကွက်ရိုက်ပြီး သူကထိပ်ဆုံးဝိုင်းကိုယူထားပြီး ။အဲဒီတုန်းက တပ်ကလူကြီးတွေ (၇၅)ယောက်နာမည်နဲ့ ချပေးထားတာ ကျွန်တော့်ဆီမှာ စာရင်းရှိပါတယ်။ အချို့ဝိုင်းတွေဆိုယခုအချိန်အထိ ဘာအုပ်တံတိုင်း မှလည်းမခပ်ပါဘူး။ ဘာအဆောက်အဦးမှလည်း မရှိပါဘူးဗျာ ။ ဒါပေမယ့်အဲဒီအိမ်ဝိုင်းတစ်ဝိုင်းကို သိန်းရာဂဏန်းလောက် တော့ တန်နေပါပါပြီဗျာ..။´´ဟု ဦးဘိုဦးမှ မြန်မာပို့စ်သို့ ပြောပါသည်. တောင်သူ(၁၁)ဦး၏ အမည်မှတ်ပုံတင်များမှာ (၁)ဦးခင်မောင်ဆွေ (MGE-027296)။ (၂)ဦတင့်လွင် (MGE-027255)။ (၃)ဦးကောင်းလှ(MGE-027177)။ (၄)ဦးကျော်ဆန်း (MGE 008970)။ (၅)ဒေါ်ခင်ရီ (MGE-002738)။ (၆)ဦးသန်းဝင်း (MGE-002811)။ (၇)ဦးလှခိုင် (MGE_009014)။ (၈)ဒေါ်ခင်ကြိုင် မှတ်ပုံတင်မသိ။ (၉) ဦးစိုးတင့် (MGE-100580)။ (၁၀)ဦးမျိုးဝင်း (MGE-002856)။ (၁၁)ဦးဘိုဦး (MGE-002810) တို့ ကိုယ်စီလိုင်စင်ဓာတ်ပုံများကပ်၍ လက်မှတ်ရေးထိုးတင်ပြ တောင်းခံထားကြောင်း မြန်မာပို့စ် သို့လာရောက်ပြသ ပြောဆိုသွားကြပါသည်။ မြန်မာပို့စ် အတွဲ(၄) အမှတ်(၂၉) တွင် ဖော်ပြထားပါသည်။
READMORE