`မကွေးမြို့တွင် မကွေးမြို့နယ်မြန်မာနိုင်ငံစာရေးဆရာများ သမဂ္ဂဖွဲ့စည်းပြီး´

မကွေးမြို့အောင်ဇေယျာရပ်ကွက် တောင်တွင်းလမ်းရှိ ကပ်ကျော် ဘုန်းတော်ကြီးကျောင်းတွင် အောက်တိုဘာ(၂၂)ရက် နေ့ ညနေ(၅)နာရီမှာ မကွေးမြို့နယ်မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ ဖွဲ့စည်းကြောင်း သတင်းရရှိသည်။ ရန်ကုန်မှ မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီ(ယာယီ) ဥက္ကဋ္ဌ ဆရာထက်မြက်၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ နှင့် ဘဏ္ဍာရေးမှူ အဖွဲ့(၄)ဦးတို့ မကွေးမြို့နယ် မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ အဖွဲ့ဝင် အဆိုပြုလွှာ(၁၀)ဦးအား လက်ခံ၍ ဖွဲ့စည်းကြောင်း သတင်းရရှိပါသည်။ ၎င်း အဆိုပြုလွှာများအား မကွေးမြို့နယ်အဖွဲ့ဝင် နေခြည်(မကွေး)မှ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဆရာထက်မြက်ထံသို့ ပေးအပ်ပါသည်။ မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂဖြစ်မြောက်ရေး ကော်မတီ(ယာယီ) မှ မကွေးမြို့နယ်အပါအ၀င် မြို့နယ်ပေါင်း(၇)မြို့နယ်ကို မြို့နယ်စာရေးဆရာများသမဂ္ဂများ ဖွဲ့စည်းပြီးခဲ့ကြောင်း၊ ယခု မကွေးမြို့မှ ချောက်မြို့နယ်၊ မင်းဘူးမြို့နယ်၊ တောင်တွင်းကြီးမြို့နယ်များသို့ သွားရောက်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဥက္ကဋ္ဌ ဆရာထက်မြက်မှ မြန်မာပို့စ် သို့ပြောသည်။ ၀ိုင်းကြည်အောင်
 

0 comments: