`NLD မကွေးခရိုင်ညီလာခံကော်မရှင်နှင့် မြို့နယ်ကော်မရှင်တို့မှ တိုက်နယ်အုပ်စု ကျေးရွာများတွင် စည်းရုံးရေးအလုပ်အမှုဆောင်အဖွဲ့များရွေးချယ်´
နိုဝင်ဘာ(၆)ရက်နေ့မှစတင်၍ မကွေးမြို့နယ် သစ်ရာကောက်ကျေးရွာအုပ်စုတွင် ကျေးရွာညီလာခံကော်မရှင်များရွေးချယ် သည်ဟု သတင်းရရှိပါသည်။ ၎င်း နေ့တွင် သစ်ရာကောက်ကျေးရွာအုပ်စု NLD ရုံးတွင် မကွေးခရိုင်ညီလာခံကော်မတီဝင် ဦးရဲတင့် နှင့် မကွေးမြို့နယ်ညီလာခံကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင် တို့နှင့် ပါတီဝင်စုစုပေါင်းအင်အား(၇၀)ဖြင့် ကျင်းပကြောင်း သိရသည်။ တက်ရောက်လာသော သစ်ရာကောက်တိုက်နယ်အုပ်စု NLD ပါတီဝင်များမှ ကျေးရွာစည်းရုံးရေး အလုပ်အမှုဆောင်(၁၁)ဦး အားရွေးချယ်ကြသည်။ ၎င်း အလုပ်အမှုဆောင်(၁၁)ဦးထဲမှ ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး နှင့် အဖွဲ့ဝင်များရွေးချယ်၍ NLDမကွေးမြို့နယ် ညီလာခံသို့တက်ရောက်ရန် တိုက်နယ်အုပ်စု တစ်စုလျှင် ညီလာခံကိုယ်စားလှယ်(၃)ဦးအားထပ်မံရွေးချယ်ကြမည်ဆို၏။ ၎င်း ရပ်ကွက်/ကျေးရွာအုပ်စု စည်းရုံးရေးအလုပ်အမှုဆောင် အဖွဲ့ဝင်များသည် ၂၀၁၅ ခုနှစ်ရွေးချယ်ပွဲအထိ အတည်ဖြစ်ကြောင်း မကွေးမြို့နယ် NLD ပါတီဝင်ပြန်ကြားရေးတာဝန်ခံ ဦးအောင်လွင် မှ ပြောသည်။
အလားတူ တိုက်နယ်အုပ်စု ကျေးရွာစည်းရုံးရေးအလုပ်အမှုဆောင်အဖွဲ့များနှင့် NLDမကွေးမြို့နယ် ညီလာခံသို့ တက်ရောက်ရန် ကိုယ်စားလှယ်များ ရွေးချယ်ပွဲများကို နိုဝင်ဘာ(၇)ရက်နေ့တွင် စမ်းမကြီးကျေးရွာ၊ နိုဝင်ဘာ(၈)ရက်နေ့တွင် အလယ်ဘိုကျေးရွာ၊ နိုဝင်ဘာ(၉)ရက်နေ့တွင် ညောင်ကြတ်စမ်းကျေးရွာ၊ နိုဝင်ဘာ(၁၀)ရက်နေ့တွင် ဆူးပစ်စမ်းကျေးရွာ၊ နိုဝင်ဘာ(၁၁)ရက်တွင် လယ်ယားကျေးရွာ၊ နိုဝင်ဘာ(၁၂)ရက်နေ့တွင် မြင်းစိုင်းကျေးရွာ၊ နိုဝင်ဘာ(၁၃)ရက်တွင် ယင်းသာစည်ကျေးရွာ နှင့် နိုဝင်ဘာ(၁၄)ရက်နေ့တွင် လက်ပံတောကျေးရွာအုပ်စုများတွင် အသီးသီး ဆက်လက်၍ ကျင်းပ ရွေးချယ်သွားကြမည်ဟု မကွေးမြို့နယ် NLD ပါတီဝင်ပြန်ကြားရေးတာဝန်ခံ ဦးအောင်လွင် မှ မြန်မာပို့စ် ကိုပြောသည်။
ဝိုင်းကြည်အောင်
Artikel `NLD မကွေးခရိုင်ညီလာခံကော်မရှင်နှင့် မြို့နယ်ကော်မရှင်တို့မှ တိုက်နယ်အုပ်စု ကျေးရွာများတွင် စည်းရုံးရေးအလုပ်အမှုဆောင်အဖွဲ့များရွေးချယ်´ ini dipublish oleh shwelannwelanwinkyi pada hari Friday, November 23, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan `NLD မကွေးခရိုင်ညီလာခံကော်မရှင်နှင့် မြို့နယ်ကော်မရှင်တို့မှ တိုက်နယ်အုပ်စု ကျေးရွာများတွင် စည်းရုံးရေးအလုပ်အမှုဆောင်အဖွဲ့များရွေးချယ်´
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment