`မကွေးမြို့ အဝေးပြေးကားကွင်း မှာ စာပေရေချမ်းစင် စာကြည့်တိုက်ဖွင့်´
နိုဝင်ဘာ(၄)ရက်၊ နံနက်(၈)နာရီတွင် မကွေးမြို့ အဝေးပြေးကားကွင်းအတွင်းမှာ ပြည်သူ့ဝန်ဆောင်မှု စာပေရေချမ်းစင် စာကြည့်တိုက်ဖွင့်ကြောင်း မြန်မာပို့စ် မှ သတင်းရရှိပါသည်။ နံနက်(၈)နာရီမှ ညနေပိုင်း(၆)နာရီအထိ နေ့စဉ်ဖွင့်လှစ်မည် ဟုသိရသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ မြန်မာတစ်ပြည်လုံးတွင် နိုဝင်ဘာ(၅)ရက်နေ့တွင်ဖွင့်လှစ်ရန် စီစဉ်ညွှန်ကြားထားကြောင်း သိရသည်။ ယခု ပြည်သူ့ဝန်ဆောင်မှု စာပေရေချမ်းစင် စာကြည့်တိုက်ကို မကွေးတိုင်းဒေသကြီး မှာ စတင်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ အလားတူ လူစည်ကားရာနေရာများဖြစ်သည့် မကွေးမြို့မဈေးမှာလည်းဖွင့်လှစ်ဖို့ အလှူရှင်များနှင့် စီစဉ်ဆောင်ရွက်နေကြောင်း ခရိုင်ပြန်/ဆက်ရုံးမှ ဒု ဦးစီးမှူး ဦးမျိုးမောင်မောင်ကျော်မှ မဇ္ဈိမ ကို ပြောသည်။
``ယနေ့ဖွင့်လှစ်တဲ့ ပြည်သူ့ဝန်ဆောင်မှု စာပေရေချမ်းစင် (ဘုတ်ကွန်နာ)စာကြည့်တိုက်ကတော့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာတော့ ကျွန်တော်တို့မကွေးမြို့က အစောဆုံးလို့ထင်ပါတယ်။ ရည်ရွယ်ချက်ကတော့ ပြည်သူတွေ စာပေဗဟုသုတကို အားတဲ့အချိန်မှာ လေ့လာဖတ်ရှုနိုင်အောင် ယခုလို လူစည်ကားတဲ့နေရာတွေမှာ ကားမထွက်ခင် အချိန်လေးကို စာဖတ်နိုင်အောင်လို့ စီစဉ်ဆောင်ရွက်ပေးတာပါ။ နေ့စဉ် နံနက်(၈)နာရီမှ ညနေ(၆)နာရီအထိ ၀န်ထမ်းတစ်ဦး ကိုချထားပြီး ဆက်လက်ဖွင့်သွားမှာပါ။ မကွေးမြို့တွင်းမှာ မြို့မဈေးကြီးမှာလည်း ထပ်မံဖွင့်လှစ်ပေးဖို့ အလှူရှင်များနဲ့ စီစဉ်နေပါတယ်။ တစ်ဦးချင်းအနေနဲ့ လှူဒါန်းလိုတယ်ဆိုရင် မကွေးတိုင်း/ပြန်ဆက်ရုံး ဖုန်း( ၀၆၃-၂၅၀၅၅)၊ ခရိုင်ပြန်/ဆက်ရုံး (၀၆၃-၂၆၃၁၉) များသို့ ဆက်သွယ်နိုင်ပါတယ်။ အလှူရှင်တွေဆီကို ကျွန်တော်တို့ကိုယ်တိုင်လာရောက်လက်ခံပေးပါ့မယ်။ စာပေရေချမ်းစင်မှာ ဖတ်နိုင်မဲ့ စာအုပ် စာစောင်များကတော့ မဂ္ဂဇင်းစုံ၊ ဂျာနယ်စုံ၊ နေ့စဉ်ထွက်တဲ့ သတင်းစာအစုံများကို ထားပေးပါတယ်။ မည်သူမဆိုအခမဲ့ ယူပြီးဖတ်နိုင်ပါတယ်။ အများပြည်သူတွေအနေနဲ့ လှူချင်တယ်ဆိုရင်လည်း မိမိတို့ နာမည်လက်မှတ်ထိုးပြီး စာအုပ် စာစောင် ဂျာနယ် သတင်းစာများကိုလည်း ဒီစာပေရေချမ်းစင်လေးမှာဘဲ လှူဒါန်းနိုင်ကြပါတယ်။ လှူဒါန်းတဲ့အခါမှာ အလှူဖြတ်ပိုင်းလေးတွေ ပေးပြီး မှတ်တမ်းတင်ထားပါ့မယ်။ သွားရင်း လာရင်း မအားတဲ့ကြားက ကားစောင့်ရတဲ့အချိန်လေးမှာ လူတိုင်း လူတိုင်းစာဖတ်လာနိုင်အောင် အဓိကထားပြီး ပြည်သူ့ဝန်ဆောင်မှု စာပေရေချမ်းစင် စာကြည့်တိုက် (ဘုတ်ကွန်နာ)များကို ဖွင့်လှစ်ပေးခြင်းဖြစ်ပါတယ်ခင်ဗျာ..။´´ဟု ဦးမျိုးမောင်မောင်ကျော် မှ မဇ္ဈိမ ကိုပြောသည်။
ဝိုင်းအောင်
Artikel `မကွေးမြို့ အဝေးပြေးကားကွင်း မှာ စာပေရေချမ်းစင် စာကြည့်တိုက်ဖွင့်´ ini dipublish oleh shwelannwelanwinkyi pada hari Tuesday, November 6, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan `မကွေးမြို့ အဝေးပြေးကားကွင်း မှာ စာပေရေချမ်းစင် စာကြည့်တိုက်ဖွင့်´
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment