`မကွေးမြို့နယ် ကြံခိုင်ဖွံ့ရေးပါတီမှ ကန်ပြားကျေးရွာတွင် (အခမဲ့)ကွန်ပျူတာသင်တန်းဖွင့်´

နိုဝင်ဘာ(၁)ရက်နေ့ နံနက်(၉)နာရီတွင် ကန်ပြားကျေးရွာ၊ ဦးကြည်ဆောင်အိမ်မှာ မကွေးမြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကွန်ပျူတာသင်တန်းဖွင့်ပွဲ ကျင်းပကြောင်း မဇ္ဈိမ က သတင်းရရှိပါသည်။ မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင် ဦးဟန်မောင် မှ အမှာစကား ပြောကြားသည်။ မြို့နယ်အတွင်းရေးမှူး ဦးအောင်သိန်းကျော် မှ ၁/၂၀၁၂ ကွန်ပျူတာအခြေခံ သင်တန်းဖွင့်လှစ်ရခြင်း အကြောင်းပြောသည်။ သင်တန်းသား(၈၀) နှင့် ပါတီဝင်အင်အား(၅၀) တက်ရောက်ကြောင်း၊ သင်တန်းကာလမှာ တစ်လတိတိ(အခမဲ့) အခြေခံသင်တန်းဖွင့်လှစ်ပို့ချပေးမည်ဖြစ်ကြောင်း နံနက်(၉)နာရီမှ ည(၈)နာရီအထိ နေ့စဉ် သင်တန်းပို့ချပေးမည် ဖြစ်ကြောင်း ကန်ပြားကျေးရွာသင်တန်းတာဝန်ခံတစ်ဦးမှ မဇ္ဈိမ သို့ပြောသည်။ ၀ိုင်းအောင်
 

0 comments: