၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်၊ ကျောင်းတွင်း အာစရိယပူဇော်ပွဲ ပွင့်ဖြူ(အ.ထ.က)တွင် ကျင်းပ ပွင့်ဖြူ ဖေဖော်ဝါရီ ၂



         
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဖေဖော်ဝါရီ ၂ ရက်၊ ယနေ့နံနက် ၉ နာရီက (ထက်၊ လယ်၊ မူ)အဆင့် ကျောင်းသားကျောင်းသူများမှ ကျောင်းတွင်း အာစရိယပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
          အာစရိယပူဇော်ပွဲ အခမ်းအနားတွင် ရှေးဦးစွာ ပွင့်ဖြူမြို့(အ.ထ.က)ကျောင်းမှ ကျောင်းသားကျောင်းသူများက အပူဇော် ကန်တော့ခံ ဆရာ၊ ဆရာမ(၆၀)ဦးအား ဩကာသ ကန်တော့ကျိုးဖြင့် ရှိခိုးကန်တော့ခဲ့ကြသည်။ ထို့နောက် ပူဇော်ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများ ကိုယ်စား ကျောင်းအုပ်ဆရာကြီး ဦးသိန်းဇော်က ကျောင်းသားကျောင်းသူများအား ဩဝါဒစကား ပြောကြားရာတွင် ယခုလို နှစ်စဉ်နှစ်တိုင်း ကျောင်းသားကျောင်းသူများမှ ဆရာကြီး၊ ဆရာမကြီးများကို အသိအမှတ်ပြုပြီး အာစရိယပူဇော်ပွဲ မပျက်မကွက် ကျင်းပ ပြုလုပ်ကြတဲ့ အတွက် မိမိအနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ထို့အပြင် ကျောင်းသားကျောင်းသူများအနေဖြင့် လိမ္မာယဉ်ကျေးပြီး ဘက်စုံ ပညာရည် ထူးချွန်ထက်မြက်သော လူရည်မွန်ကောင်းများဖြစ်အောင် အစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့ သည်။ ဆက်လက်၍ (ထက် ၊ လယ် ၊ မူ) ကျောင်းသားကျောင်းသူများက အပူဇော်ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကို တစ်ဦးချင်း အလိုက် လှူဖွယ်ပစ္စည်းများ ကန်တော့ခဲ့ကြပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
            အဆိုပါ ကျောင်းတွင်းပြုလုပ်သည့် အာစရိယပူဇော်ပွဲ အခမ်းအနားသို့ ပွင့်ဖြူ(အ.ထ.က)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသိန်းဇော် နှင့် အပူဇော်ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီး(၆၀)ဦး၊ ကျောင်းဖွံ့ဖြိုးရေးကော်မတီဝင်များနှင့် (ထက် ၊ လယ် ၊ မူ)အဆင့် ကျောင်းသားကျောင်းသူ (၁၈၀၀)ကျော်ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။  ရဲဝင်းနိုင် (ညောင်ဦး)
READMORE
 

(၇၁)နှစ်​​မြောက်​ပြည်​​ထောင်​စု​နေ့ကိုကြိုဆိုဂုဏ်​ပြု​သောအားဖြင့်​စာစီစာကုံးပြိုင်​ပွဲကျင်းပ



နတ်​​မောက်​            ​ဖေ​ဖေါ်ဝါရီ ၂

မ​ကွေးတိုင်း​ဒေသကြီးနတ်​​မောက်​မြို့နယ်​ပြန်​ကြား​ရေးနှင့်​ပြည်​သူ့ဆက်​ဆံ​ရေးဦးစီးဌာနနှင့်​မြို့​ပေါ်ရှိ​အ​ခြေခံပညာအထက်​တန်း​ကျောင်းများနှင့်​ပူ​ပေါင်း၍(၇၁)နှစ်​​မြောက်​ပြည်​​ထောင်​စု​နေ့ကိုကြိုဆိုဂုဏ်​ပြု​သောအားဖြင့်​စာစီစာကုံးပြိုင်​ပွဲကို​ဖေ​ဖေါ်ဝါရီ၂ရက်​နံနက်​၉နာရီကမြို့နယ်​ပြည်​သူ့စာကြည့်​တိုက်​ Community Centre တွင်​ကျင်းပခဲ့သည်​။
အခမ်းအနားတွင်​မြို့နယ်​ပြန်​/ဆက်​ဦးစီးမှူးကစာစီစာကုံးပြိုင်​ပွဲကျင်းပရခြင်း၏ရည်​ရွယ်​ချက်​များကို​ပြောကြားခြင်းနှင့်​အမှတ်​​ပေးကြီးကြပ်​သူဒိုင်​ဦး​မောင်​ကြိုင်​(စာ​ရေးဆရာ​နွေလှိုင်း)ကစာစီစာကုံးများ၏အမှတ်​​ပေးစည်းမျဉ်းစည်းကမ်းများအ​ကြောင်းကိုရှင်းလင်း​ပြောကြားခဲ့သည်။ထို့​နောက်​အမှတ်​(၁)၊(၂)နှင့်​(၃)အ​ခြေခံပညာအထက်​တန်း​ကျောင်းများ၏​ကျောင်းသား/သူ(၁၅)ဦးတို့မှပြည်​​ထောင်​စု​နေ့မှ၊သည်​​ခေါင်းစဉ်​ဖြင့်​ယှဉ်​ပြိုင်​ခဲ့ကြရာပထမဆုကိုအမှတ်​(၃)အ.ထ.က၊ဒုတိယဆုကိုအမှတ်​(၁)အ.ထ.ကနှင့်​တတိယဆုကိုအမှတ်​(၃)အ.ထ.က​ကျောင်းများရှိ​ကျောင်းသား/သူများအား​ဖေ​ဖေါ်ဝါရီ၃ရက်​နံနက်​၁၀နာရီတွင်​ကျင်းပမည့်​ဖတ်​မှတ်​စွမ်းရည်​ပြိုင်​ပွဲတွင်​ဆုရရှိသူများနှင့်​အတူဆုများချီးမြှင့်​​ပေးသွားမည်​ဖြစ်​​ကြောင်းသိရသည်​။
လှဝင်း(နတ်​​မောက်​)
READMORE
 

မြေလတ်ဂျာနယ် အတွဲ(၃)၊ အမှတ်(၂၂)၊ ၂၀၁၈ ၊ ဖေဖော်ဝါရီလ(၁-၁၅)ရက်ထွက် ဂျာနယ်ကို ဇန်န၀ါရီ (၂၉)ရက်နေ့ မှာ ကြိုတင်၍ဖြန့်ချိပါမည်။



မြေလတ်ဂျာနယ် အတွဲ(၃)၊ အမှတ်(၂၂)၊
၂၀၁၈ ၊ ဖေဖော်ဝါရီလ(၁-၁၅)ရက်ထွက် ဂျာနယ်ကို
ဇန်န၀ါရီ (၂၉)ရက်နေ့ မှာ ကြိုတင်၍ဖြန့်ချိပါမည်။

မကွေးတိုင်းဒေသကြီး ၂၅ မြို့နယ်  နှင့် အခြားနယ်ပို့ ကိုယ်စားလှယ်များထံသို့  အချိန်မီ မရောက်လျှင် (၀၉-၄၄၀၂၂၅၁၀၀) ဖုန်းသို့  အကြောင်းကြားပေးစေလိုပါသည်။

            ၂၀၁၈၊ ဇန်န၀ါရီ ၁၅ ရက်နေ့က မြေလတ်ဂျာနယ်  သက်တမ်း သုံးနှစ်ပြည့်ခဲ့ပါသည်။
 အတွဲ-၁၊၂ နှင့် အတွဲ- ၃ အကြိမ် (၂၄) မှာ သုံးနှစ်တင်းတင်းပြည့်ပါ၏။ သုံးနှစ်မွေးနေ့ ကို ဂုဏ်ပြုသော အထိမ်းအမှတ်အဖြစ် အတွဲ(၃)၊ အမှတ်(၂၄)၊ ၂၀၁၈ မတ်လ ၁ ရက်နေ့ထုတ်ဂျာနယ်ကို   သုံးနှစ်ပြည့်အထူးထုတ်ဝေပါမည်။  သို့ပါ၍ စာမူများပေးပို့ကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။ စာမျက်နှာတိုးထားသော်လည်း ယခင်ဈေးနှုန်းအတိုင်းသာဖြန့်ချိပေးပါမည်။

                                          အယ်ဒီတာအဖွဲ့
 မြေလတ်ဂျာနယ်ရုံး            အမှတ်(၅)၊ ဟိန္ဒူဆိုင်တိုက်ခန်း၊
                                                                          ပြည်တော်သာလမ်း၊ ရွာသစ်ရပ်၊
                                                              မကွေးမြို့။ ၀၉- ၄၄၀၂၂၅၁၀၀- ၇၉၄၅၇၅၀၇၀
                                                                                          Email:                              myaylatmedia@gmail.com
                                                                                          Website:                      www.myaylatmedia.com
www.winkyi.net
Facebook :     uwin kyi /  myaylat Journal
Pages :   Myaylatt daily /  မြေလတ်မီဒီယာစင်တာ

READMORE
 

၂၀၁၈၊ ဇန်န၀ါရီ ၁၃ရက်နေ့က မင်းဘူးမြို့မှာ ငြိမ်းချမ်းစွာ စုဝေးလမ်းလျှောက်ဆန္ဒထုတ်ဖေါ်နေတဲ့မန်းရွှေစက်တော်က ဈေးသည်တွေ။

၂၀၁၈၊ ဇန်န၀ါရီ ၁၃ရက်နေ့က မင်းဘူးမြို့မှာ ငြိမ်းချမ်းစွာ စုဝေးလမ်းလျှောက်ဆန္ဒထုတ်ဖေါ်နေတဲ့မန်းရွှေစက်တော်က ဈေးသည်တွေ။
Ae Mon Phay added 13 new photos.

Comment

READMORE
 

မြေလတ်ဂျာနယ် အတွဲ(၃)၊ အမှတ်(၂၁)၊ ၂၀၁၈ ၊ ဇန်န၀ါရီလ(၁၆-၃၁)ရက်ထွက် ဂျာနယ်ကို ဇန်န၀ါရီ (၁၅)ရက်နေ့ မှာ ကြိုတင်၍ဖြန့်ချိပါမည်။



မြေလတ်ဂျာနယ် အတွဲ(၃)၊ အမှတ်(၂၁)၊
၂၀၁၈ ၊ ဇန်န၀ါရီလ(၁၆-၃၁)ရက်ထွက် ဂျာနယ်ကို
ဇန်န၀ါရီ (၁၅)ရက်နေ့ မှာ ကြိုတင်၍ဖြန့်ချိပါမည်။


မကွေးတိုင်းဒေသကြီး ၂၅ မြို့နယ်  နှင့် အခြားနယ်ပို့ ကိုယ်စားလှယ်များထံသို့  အချိန်မီ မရောက်လျှင် (၀၉-၄၄၀၂၂၅၁၀၀) ဖုန်းသို့  အကြောင်းကြားပေးစေလိုပါသည်။


            မကွေးတိုင်းဒေသကြီး ၂၅ မြို့နယ်မှ  တစ်မြို့နယ်လျှင် ဖြန့်ချီရေးကိုယ်စားလှယ် ၁  ဦး နှင့် တိုက်ပိုင်သတင်းထောက် ၁ ဦး၊ခန့်ထားလိုပါသည်။ (၃၁/၁/၂၀၁၈)နောက်ဆုံးထား၍  CV Form ကိုယ်ရေးအကျဉ်းဖြင့် စာတိုက်(သို့မဟုတ်) အီးမေလ် နှင့် ဖေ့စ်ဘွတ်ခ် မက်စင်ဂျာ တို့မှ  မြေလတ်ဂျာနယ်သို့  လျှောက်ထားနိုင်ပါသည်။ 
                                          အယ်ဒီတာအဖွဲ့
 မြေလတ်ဂျာနယ်ရုံး            အမှတ်(၅)၊ ဟိန္ဒူဆိုင်တိုက်ခန်း၊
                                                                          ပြည်တော်သာလမ်း၊ ရွာသစ်ရပ်၊
                                                              မကွေးမြို့။ ၀၉- ၄၄၀၂၂၅၁၀၀- ၇၉၄၅၇၅၀၇၀
                                                                                          Email:                              myaylatmedia@gmail.com
                                                                                          Website:                      www.myaylatmedia.com
www.winkyi.net
Facebook :     uwin kyi /  myaylat Journal
Pages :   Myaylatt daily /  မြေလတ်မီဒီယာ

READMORE
 

မကွေးမြို့တွင် မီဒီယာသမားများအတွက် မြေလတ်မီဒီယာစင်တာဖွင့်လှစ်

မကွေးမြို့တွင် မီဒီယာသမားများအတွက် မြေလတ်မီဒီယာစင်တာဖွင့်လှစ်

ဇန်န၀ါရီ ၆ ရက်က ဖွင့်လှစ်ခဲ့သော မြေလတ်မီဒီယာစင်တာကို တွေ့ရစဉ် (ဓာတ်ပုံ − မိုးကျော်)
မီဒီယာသမားနှင့် သတင်းထောက်များသို့ သတင်းအချက် အလက်ဝေမျှပေးရန်နှင့် သတင်း စာရှင်းလင်းပွဲများ အခမဲ့ကူညီပေး နိုင်ရန် မြေလတ်မီဒီယာစင်တာကို ဇန်န၀ါရီ ၆ ရက်တွင် ဖွင့်လှစ်ခဲ့ သည်။
မကွေးမြို့ ဗိုလ်ချုပ်လမ်း၊ တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီ ဆိုင်ခန်းတန်း ဆိုင်ခန်း အမှတ် (၂) တွင် မြေလတ်ဂျာ နယ်အယ်ဒီတာချုပ် ဦးဝင်းကြည် က မီဒီယာများအတွက် အဆိုပါ စင်တာကို ဖွင့်လှစ်ခဲ့သည်။
‘‘ဒီမီဒီယာစင်တာကို ဖွင့်တာ က မြေလတ်ဂျာနယ်နဲ့ ဆိုင်သလို မြေလတ်ဂျာနယ်ရဲ့ အောက်မှာရှိ နေတာ မဟုတ်ပါဘူး။ မကွေးမြို့ ပေါ်မှာရှိတဲ့ သတင်းထောက်တွေ အတွက်ရော မြန်မာနိုင်ငံမှာရှိတဲ့ အနယ်နယ်အရပ်ရပ်က သတင်း ထောက်တွေအတွက်ပါ မကွေးမြို့ပေါ်မှာ မီဒီယာကိစ္စတွေလုပ်ကြ တဲ့အခါ တတ်နိုင်တဲ့ဘက်က အကူအညီပေးနိုင်အောင်လို့ပါ’’ဟု ဦးဝင်းကြည်က ပြောသည်။
အဆိုပါမီဒီယာစင်တာတွင် သတင်းသမားများလိုအပ်သည့် အချက်အလက်များစုစည်းပေး နိုင်ရန်၊ ပြည်သူလူထုကောင်းကျိုး အတွက် အခမဲ့ သတင်းစာရှင်း လင်းပွဲများပြုလုပ်ပေးရန်နှင့် သ တင်းနှင့် ပတ်သက်သည့်ကိစ္စများ တိုင်ပင် ညှိနှိုင်းဆွေးနွေးနိုင်ရန်တို့ ရည်ရွယ်ကြောင်း ၎င်းက ဆိုသည်။
‘‘ဒီလိုမီဒီယာစင်တာဆိုတာ မကွေးမှာရှိသင့်တာကြာပါပြီ။ မကွေးမှာ သတင်းထောက်တွေ လည်း များလာပြီ။ ဒါပေမဲ့ မကွေး သတင်းထောက်တွေရဲ့ သတင်း စာတိုက်တွေက မကွေးမြို့မှာရှိမ နေဘူး။ သတင်းထောက်တွေမှာ ရုံးရယ်လို့မရှိတော့ တွေ့ရာလက် ဖက်ရည်ဆိုင်တို့ ဒါမှမဟုတ် အိမ် တို့မှာ လုပ်ကြရတယ်။ ခုလိုစင် တာရှိတော့ နားခိုရာလည်း ရှိလာ မယ်။ သတင်းထောက်နောက်မျိုး ဆက်တွေအတွက်လည်း လေ့လာ လို့ရတာပေါ့။ အများကြီးဝမ်းသာ ပါတယ်’’ဟု မကွေးတိုင်းအခြေ စိုက် မြန်မာတိုင်း(မ်) သတင်း ထောက်နေအောင်က ပြောသည်။ယင်းမြေလတ်မီဒီယာ စင် တာကို မြေလတ်ဂျာနယ် အယ်ဒီတာချုပ် ဦးဝင်းကြည်က အကုန်အကျခံ၍ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
READMORE