` NLD (ဗဟို)၏ တစ်နိုင်ငံလုံးညီလာခံကျင်းပနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးNLD ကော်မရှင်အဖွဲ့ ကြိုတင်ဆွေးနွေး၊ ညီလာခံကိုယ်စားလှယ်များ ရွေးချယ်မှုကို မကြေနပ်ကြဟု သိရ´

မကွေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကော်မရှင်အဖွဲ့သည် မကွေးမြို့NLD ရုံးတွင် သြဂုတ်(၂၆/၂၇)ရက်နေ့ နှစ်ရက်၊ NLD ၏ တစ်နိုင်ငံလုံးညီလာခံကျင်းပနိုင်ရေးအတွက် ခရိုင်/မြို့နယ်ကော်မရှင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးကြောင်း သတင်းရရှိပါသည်။ ယင်း တွေ့ဆုံဆွေးနွေးပွဲတွင် ညီလာခံကိုယ်စားလှယ်ရွေးချယ်ရေး ကော်မရှင် အဖွဲ့၏ သဘာပတိ အဖြစ်ဦးလှိုင်အေး မှဆောင်ရွက်သည်။ ထိုပွဲမှ NLD မကွေးတိုင်းဒေသကြီးကော်မရှင် ဥက္ကဋ္ဌ ဦးလှိုင်အေး(ပခုက္ကူ) ၏ အဖွင့်အမှာစကားများကို ကောက်နှုတ်ဖော်ပြပါသည်။ ``တစ်ခါတစ်လေမှ တွေ့ကြရတဲ့ ရောင်းရင်းများခင်ဗျာ..၊ကျွန်တော်ပြောစရာတွေကတော့ အများကြီးရှိပါတယ်။ ဒါပေမယ့် လိုရင်းကို အတိုချုပ်ပြီးပြောပါ့မယ်။ ယနေ့တွေ့ဆုံဆွေးနွေးပွဲကတော့ အဓိက တစ်နိုင်ငံလုံးရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ ညီလာခံကြီးကျင်းပနိုင်ရေးကို အဓိကထားပြီး ညှိနှိုင်းဆွေးနွေးကြရပါ့မယ်။ ညီလာခံကျင်းပရေးကို ဘယ်လိုအောင်မြင် အောင် လုပ်ကြမည်လဲ။ ဘယ်လိုမှန်မှန်ကန်ကန်ဖြစ်အောင်လုပ်ကြမည်လဲ။ ဘယ်လိုအလေးနက်ထားပြီး တိတိကျကျ မှန်မှန်ကန်ကန်နဲ့ ကျွန်တော်တို့လိုချင်တဲ့ ကျွန်တော်တို့ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်လိုချင်တဲ့ ကျွန်တော်တို့ ဗဟိုစည်းဝင်များလိုချင်တဲ့အတိုင်းကို လူထုရဲ့ဆန္ဒနဲ့အညီအောင်မြင်အောင် ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ ဒီညီလာခံကို ပေါ့ပေါ့လေးစဉ်းစားလို့မရပါဘူး။ ဒီညီလာခံက ကျွန်တော်တို့တိုင်းပြည်ရဲ့ ပြောင်းပြန်လှန်လိုက်တဲ့အနေ အထားပါ။ ပြည်သူ့အာဏာအစစ်ကို ဖော်ထုတ်နိုင်အောင်လို့ လုပ်တဲ့ညီလာခံပါ။ ပြည်သူ့ဆန္ဒတွေကို ဗဟိုသို့ တိုက်ရိုက်တင်ပြနိုင်ပါတယ်။ ဗဟိုကလည်း ပြည်သူ့ဆန္ဒအစစ်အမှန်တွေကိုစတင်ဖော်ထုတ်နိုင်ဖို့အတွက် လက်ခံမယ်။ ဒီညီလာခံကြီးဟာ အမျိုးသားဒီမိုကရေစီပါတီအတွက်၊ အများပြည်သူဆန္ဒများအတိုင်း ဒီမိုကရေစီနည်းလမ်းကျစွာနဲ့ တိုင်းပြည်ကိုဦးဆောင်သွားမှာဖြစ်ပါတယ်။ တစ်ကယ့်ပြည်သူ့အာဏာကို ပြည်သူတွေထိုက်ထိုက်တန်တန်ရရှိခံစားနိုင်အောင် ကျင်းပတဲ့ အရေးကြီးတဲ့ ညီလာခံကြီးဖြစ်ပါတယ်။ ယခုဒီရွေးချယ်ပွဲမှာ အခြေခံအကျဆုံးဖြစ်တဲ့ ဒီမိုကရေစီအပီပြင်ဆုံး ဖြစ်အောင်ရည်ရွယ်တဲ့ ခိုင်မာတဲ့သံဓိဌာန်နဲ့ အောင်မြင်အောင် မဆုတ်မနစ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ကော်မရှင်အနေနဲ့ ဗဟိုကို ညီလာခံကျင်းပနိုင်ရေးအတွက် အောက်ခြေကနေ ကော်မရှင်ဖွဲ့ပါဆိုလို့ ကြားခံအနေနဲ့ ဖွဲ့ပြီး ဗဟိုကိုတင်ပြပေးနေတာပါ။ ကျွန်တော်တို့အားလုံး ကွင်းဆင်းပြီးတော့ ကိုယ့်မြို့နယ်အလိုက်ဖွဲ့ပေးလိုက်ကြတာပါ။ ကျွန်တော်တို့ဖွဲ့ပေးလို့တင်ပေးတာကို ဗဟိုကပြန်ချလို့လည်း ပြန်ကျလာကြပါပြီ။ ဒီမကွေးမြို့နယ်မှာတော့ အစည်းအဝေး မခေါ်ဘဲ ဖွဲ့တယ်လို့ကြားသိရပါတယ်။ အဲဒီပြောတဲ့သူကလည်း စေတနာနဲ့ပြောတာပါ။ သူ့ကို ဒီအထဲမှာဝင်လုပ်ဖို့ခေါ်ပါ တယ်။ဒါပေမယ့် သူလည်း ဒီအထဲကိုဝင်ပြီးမလုပ်နိုင်ပါဘူး။ အဓိက ကျွန်တော်ပြောခဲ့သလို အခြေခံဒီမိုကရေစီကျကျနဲ့ လုပ်လာခဲ့ရင် ဒီလိုမျိုးတွေဖြစ်လာစရာအကြောင်းမရှိပါဘူး။ ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်တော်မေတ္တာရပ်ခံချင်တာကတော့ ညီလာခံအောင်မြင်ဖို့က အဓိကထား လုပ်ပေးကြပါ။ ညီလာခံကျင်းပတော့မယ့် ဒီ(၄)လကိုတော့ ဘယ်လိုဘဲဖြစ်ဖြစ် သည်းခံပေးကြပါ။ မကြေနပ်ကြလို့ မြို့နယ်၊ ခရိုင်တွေက NLDဗဟိုကို ဘယ်လိုဘဲစာတွေတင်တင် ပြောင်းလှဲပေးနိုင်စရာ လုံးဝရှိမှာ မဟုတ်ပါဘူး။ ယခုလို မကြေနပ်တာတွေကိုသာ ဖြေရှင်းပေးနေရမယ်ဆိုရင် ညီလာခံကြီးကို သတ်မှတ်တဲ့ လမှာ ကျင်းပနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုဘဲ အင်မတန်အရေးကြီးတဲ့ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်တွေရွေးချယ်ပြီးတုန်းကလဲ ဗဟိုက ချမှတ်ရွေးချယ်ပေးတဲ့အတိုင်း အတည်ပါဘဲ။ မကြေနပ်ကြလို့ စာနဲ့၊ လူကိုယ်တိုင် တစ်ယောက်၊ နှစ်ယောက်၊သုံးယောက်လောက် သွားပြီး ဗဟိုကို (အခေါက်ခေါက်အခါခါ)တိုင်ကြပါတယ်။ ဒါပေမယ့် ဗဟိုက လုံးဝပြင်မပေးခဲ့ပါဘူး။ ယခု ညီလာခံကျင်းပရေးအတွက်ကိုလည်း ဒီတစ်ခုပြန်ရှင်းပြီး ရွေးချယ်နေကြရင် ညီလာခံကဖြစ်မှာကို မဟုတ်ပါဘူး။ လက်ရှိ အားလုံးကို ဗဟိုကချမှတ်ပြီး ရွေးချယ်ပေးတဲ့အတိုင်း လက်ခံဆောင်ရွက်ပေးလိုက်ကြပါ။ တစ်ခြား ဧရာဝတီတိုင်းဒေသကြီးဘက်က မြောင်းမြမြို့မှာလို ဆန္ဒပြတာမျိုးတွေမဖြစ်စေဖို့ သက်ဆိုင်ရာအဖွဲ့တွေက အဆင့်ဆင့် ထိမ်းသိမ်းပေးကြဖို့ အထူးမေတ္တာရပ်ခံလိုပါတယ်။ ကိုယ့်တိုင်းဒေသကြီးရဲ့ ဂုဏ်သိက္ခာကို စောင့်ထိမ်းပေးကြပါခင်ဗျာ..။´ ဟု မကွေးတိုင်းဒေသကြီး NLDကော်မရှင်အဖွဲ့ နာယက ဦလှိုင်အေး (ပခုက္ကူ) မှ ပြောဆိုသွားပါသည်။ သို့သော် မကွေးမြို့နယ်အဖွဲ့အား ရွေးချယ်ရာတွင် NLD ညီလာခံကျင်းပရေးအတွက် အစည်းအဝေးမခေါ်ဘဲ ညီလာခံကိုယ်စားလှယ်များအား ရွေးချယ်ထား၍ မကွေးမြို့နယ်NLD အဖွဲ့ဝင်များမှ လုံးဝ မကြေနပ်ကြကြောင်း၊ ထို့ကြောင့် ယခုလာမည့် (၂-၉-၂၀၁၂) တနင်္ဂနွေနေ့တွင် ၎င်း ကော်မရှင်အဖွဲ့မှ ပြန်လည်ရွေးချယ်ပေးမည်ဟု NLD အဖွဲ့ဝင် ဦးရဲတင့်နှင့် ၈၈ မျိုးဆက်ကျောင်းသား(မြေလတ်)အဖွဲ့ ဦးသန်းထွန်းအောင်တို့မှ ပြောကြားပါသည်။
READMORE
 

`မကွေးတိုင်းဒေသကြီးမှာ သတင်းသမားဆိုသူ(၃)ဦးကို ခွင့်ပြုချက်မရဘဲ ၀င်ရောက်သတင်းယူပြီး ဓာတ်ပုံနှင့် ဗွီဒီယိုများရိုက်ကူး၍ သက်ဆိုင်ရာမှ အရေးယူ ဟုသိရ´

မကွေး သြဂုတ်(၂၆)။ သြဂုတ်(၂၄)ရက်၊ နေ့(၁၆း၃၅)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီးပညာရေးမှူးရုံးအပေါ်ထပ်သို့ အမည်မသိ လူနှစ်ဦးသည် ဒီမိုကရက်တစ် မြန်မာ့အသံ(DVD)မှ ဆို၍ စာရေးအဆင့်(၁) ဦးခင်အောင်၏ အခန်းတွင်းသို့ ရုတ်တရက်ဝင်ရောက်လာကြသည် ဆို၏။ ထိုအချိန်တွင် ၎င်းအခန်းတွင်း၌ လိုင်းစာရေး(၂) ဒေါ်ဌေးဌေးမြင့်မှာ လက်နှိပ်စက်ရိုက်နေစဉ် ထိုလူနှစ်ဦးမှ Kieuna Project အစီအစဉ်ဖြင့် န၀မတန်းကျောင်းသူ၊ ကျောင်းသားများအား ဂျပန်နိုင်ငံသို့ ပို့သောအစီအစဉ်ကို သိလိုကြောင်းမေးမြန်းသည်ဟုဆိုသည်။ ယင်းအခန်းတွင်းရှိ ဒေါ်ဌေးဌေးမြင့်၊ ဒေါ်ခင်စိုးဦး၊ ဒေါ်ဝါ၀ါလင်း၊ ဒေါ်ဝင်းဝင်းသန်း၊ ဒေါ်စုမွန်အောင်နှင့် ဒေါ်နေခြည်တို့မှ ``လူကြီးများ ဆွေးနွေးပွဲသွားနေကြကြောင်း၊ လ/ထ ပညာရေးမှူး (စစ်ဆေးရေးမှူး) မှ သာမန်ကိစ္စများကို တာဝန်ယူဆောင်ရွက်နေပါကြောင်း၊ အထက်အမိန့်မရဘဲ ဌာန၏လုပ်ငန်းကိစ္စများကို ပြောပြခွင့်မရှိပါ..´´ဟု တားမြစ်ပြောဆိုကြသည်ဆို၏။ ထို့နောက် ၎င်းလူနှစ်ဦးအား ဒေါ်ဌေးဌေးမြင့်မှ လ/ထ ပညာရေးမှူး (စစ်ဆေးရေး) ဦးမောင်ငွေ၏ ရုံးခန်းသို့ပို့ဆောင်ခဲ့သည်ဆိုပါသည်။ ဦးမောင်ငွေမှ `၎င်းမှာ ဌာန၏ စည်းကမ်းအတိုင်း လုပ်ဆောင်နေသည်ဖြစ်ကြောင်း၊ အထက်အမိန့်မရဘဲ ပြောပိုင်ခွင့်မရှိကြောင်း၊ ထိုလူများကို ပြောဆိုနေသည်ဆိုသည်။ ၎င်း ပြောဆိုနေစဉ်အချိန်တွင် လူတစ်ဦးက အခန်းတွင်း ဇွတ်အတင်းဝင်ရောက်၍ ဓာတ်ပုံများနှင့် ဗွီဒီယိုများ ရိုက်နေကြောင်း ဦးမောင်ငွေမှ ဆို၏။ ထိုအခါ ဦးမောင်ငွေမှ အခန်းအပြင်သို့ ပြေး၍ထွက်သွားခဲ့သည်ဆိုသည်။ ထိုစဉ် ရုံးရှေ့၌ ၎င်းတို့စီးလာသော ကားနံပါတ် (၈ခ/ ၉၀၁၈) ဂျစ်ကား(ခဲရောင်) ပေါ်တွင် လူတစ်ဦးက ထိုင်၍စောင့်နေကြောင်း ဦးမောင်ငွေမှဆိုသည်။ ထို့နောက်ယင်းကိစ္စအား သြဂုတ်လ(၂၅)ရက်နေ့၊ နံနက်(၉း၄၅)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ လ/ထ ပညာရေးမှူး (စစ်ဆေးရေး) ဦးမောင်ငွေမှ တရားလိုပြု၍ မကွေးမြို့ အမှတ်(၁)ရဲစခမ်းသို့သွားရောက်တိုင်းတန်းအမှုဖွင့်ကြောင်း သတင်းရရှိပါသည်။ အမည်မသိသူတို့က အခန်းတွင်းတွင် ၎င်း၏ခွင့်ပြုချက်မရဘဲ ဓာတ်ပုံများ ဆက်တိုက်ရိုက်ကူးနေခြင်း၊ ခွင့်မတောင်းဘဲ ရုံးခန်းတွင်းသို့မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခြင်းနှင့် တာဝန်ဝတ္တရားထမ်းဆောင်နေသော ၀န်ထမ်းများအား လည်း တာဝန်ဝတ္တရားထမ်းဆောင်နိုင်ခြင်း မရှိအောင် တာဝန်ဝတ္တရားများအား နှောက်ယှက်ဟန့်တားမှုများ ပြုလုပ်ခဲ့ကြကြောင်း၊ တိုင်းပညာရေးမှူးရုံးအတွင်းသို့လည်း ခွင့်ပြုချက်မရဘဲ ဇွတ်အတင်းအဓမ္မ၀င်ရောက်ကျူးကျော်ကြ၍ ၀န်ထမ်းများနှင့် ရုံးအတွင်း ဓာတ်ပုံများ၊ ဗွီဒီယိုများ ရိုက်ကူးခဲ့ကြသော အမည်မသိ ထိုလူသုံးဦးအား ဥပဒေအရ အရေးယူဆောင်ရွက်ပေးပါရန် လ/ထ ပညာရေးမှူး (စစ်ဆေးရေး) ဦးမောင်ငွေ ပြောဆိုအမှုဖွင့်ကြောင်းသိရသည်။ ထိုသတင်းသမားဆိုသူ(၃)ဦးတို့မှာ (၁) ဦးသူရသက်တင် (အသက်- ၄၂) (အဘ) ဦးသက်တင် ကံသာရပ်၊(၁၅)လမ်း၊ မကွေးမြို့။ (၂) ဦးလှိုင်လှိုင်(ခ) ၀င်းမြင့်ဦး (အဘ) ဦးစိုးမြင့်၊ တောင်တွင်းကြီးမြို့။ (၃) ဦးစိုးမြင့် တောင်တွင်းကြီးမြို့။ တို့ဖြစ်ကြောင်း သက်ဆိုင်ရာအမှုတွဲမှ စုံးစမ်းသိရှိရပါသည်။ ယင်းအမှုအား မကွေးမြို့ အမှတ်(၁)ရဲစခန်းမှ (ပ)၂၀၄/၂၀၁၂ ပြစ်မှု ပုဒ်မ ၄၄၈/၃၅၃/၁၁၄ ဖြင့်အမှုဖွင့်၍ ဒုရဲအုပ် မင်းသန့်ဇင်မှ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရိပါသည်။ ၀ိုင်းကြည်အောင်
READMORE
 

`အောက်ခြေမှ အသေးအဖွဲကိစ္စလေးတွေကို လုပ်မပေးကြလို့ သမ္မတထံသို့ စာတင်နေရပါတယ်၊ ဒီလိုမဖြစ်သင့်ပါ´

``အမှိုက်ကစ ပြဿဒ်မီးလောင် ဟု ရှေးစကားရှိပါတယ်ဗျာ။ ဒီပုံကိုကြည့်ပါ ရပ်ကွက်လမ်းကြားလေး(၁၀)ပေအကျယ်ရှိ ပါတယ်။ ဒီလမ်းကြားလေးကို ကျွန်တော့်တိုက်ဘေးက ယခုမြင်နေရတဲ့အိမ်က ဖျက်ပြီး တိုက်ဆောက်ပါတယ်။ လက်ရှိအိမ်ဝိုင်းအကျယ်အတိုင်း မဆောက်ဘဲ လမ်းမြေဘက်ကို ချဲ့ပြီး တိုက်ဆောက်ပစ်လိုက်ပါတယ်။ ဒီကိစ္စကို သူတို့တိုက်မဆောက်ခင် ယခုအိမ်ရှိစဉ်ကထဲက သက်ဆိုင်ရာရပ်ကွက်၊ မကွေးမြို့နယ်၊မကွေးခရိုင် နဲ့ မကွေးတိုင်းအေးချမ်းသာယာရေးကောင်စီ ဥက္ကဋ္ဌ အထိ အဆင့်ဆင့်သို့ ကျွန်တော်နာမည်နဲ့ လက်မှတ်ထိုးပြီး(၁-၂-၂၀၁၁)နေ့ကစတင် အသိပေးတိုင်ကြားခဲ့ပါတယ်။ နောက် ၂၀၁၁ ခုနှစ် မတ်လထဲက တစ်ခါထပ်ပြီးတိုင်ခဲ့ပါတယ်။ အကြောင်းမထူးလို့ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ(၁၂)ရက်နေ့မှာ တတိယအကြိမ် ထပ်မံတိုင်ကြားခဲ့ပါတယ်။ ဒါပေမယ့် ဘာမှ အကြောင်းမထူးဘဲ ယခင်က မြင်နေရတဲ့ အိမ်ကနေ ယခု တော့ တိုက်အဆောက်အဦးကြီးကို ဖြစ်သွားပါပြီ..ဗျာ။ လမ်းနယ်မြေ(၁၀)ပေအကျယ်ကနေ ယခုတော့ (၆)ပေခန့်သာရှိပါ တော့တယ်။ ရပ်ကွက်တွင်း မီးတွင်းကိစ္စဖြစ်ရင် မီးသတ်ကားလုံးဝ ၀င်မရတော့ပါဘူး။ ဒါကြောင့် ယခုတော့ ၂၀၁၂ ခုနှစ်၊ဇွန်လ(၁၅)ရက်နေ့က ထပ်ပြီး နိုင်ငံတော်သမ္မတ ထံသို့ လိပ်မူလို့ ဒီစာကိုတင်လိုက်ရပါတယ်ဗျာ…..။ ယခုလို အသေးအဖွဲကိစ္စလေးကို အောက်ခြေအဆင့်ဆင့်က မဆောင်ရွက်ကြဘဲ နာလည်မှုယူပြီးမျက်ကွယ်ပြုနေကြလို့ နိုင်ငံတော်သမ္မတထံကို တင်လိုက်ရတာ အားနာပါတယ်ဗျာ..။ ဒါကြောင့် ဒီလမ်းမြေချဲ့ယူတဲ့ကိစ္စကို ဆရာတို့ မီဒီယာတွေကနေ အများသိအောင် ကူညီပေးကြပါအုံးခင်ဗျာ…။´´ဟု မကွေးမြို့ ဆုံရပ်ကွက်၊ အမှတ်၁၄၂/က နေ ဦးအောင်မြင့်(၈/မကန(နိုင်) ၀၁၃၄၇၅) မှ ပြောဆိုသွားပါသည်။ ၀ိုင်းကြည်အောင်
READMORE
 

`နယ်သတင်းသမားများကို စာမဖွဲ့သော မိုးယံရွှေလမင်းထီဆိုင်ကြီး´

သြဂုတ်(၁၉)၊ ညနေ(၅)နာရီတွင် မကွေးမြို့ ရန်ဝေးရပ်၊ ပြည်တော်သာလမ်း၊ Center စားတော်ဆက် မှာ(၁၈၃)ကြိမ် အောင်ဘာလေထီဖွင့်ပွဲမှ သိန်း(၁၅၀၀)၊ သိန်း(၁၀၀၀) နှင့် သိန်း(၅၀၀) ကံထူးရှင်များအား ထိုင်းနိုင်ငံ မြဘုရားဖူးပို့ခြင်း အထူးဂုဏ်ပြုညစာစားပွဲ ကျင်းပကြောင်းသတင်းရရှိပါသည်။ သိန်း(၁၅၀၀) ကံထူးရှင်မှာ ကိုဝသန်ဦး မြို့သစ်မြို့မှ `အမေ´ဆိုသောအတိတ်ဖြင့် ထီထိုး၍ (န-၄၃၁၀၃၀)နံပါတ်ဖြင့် ဆွတ်ခူးသွားသည်။ သိန်း(၁၀၀၀) ကံထူးရှင်မှာ ဆရာတော် ဦးသုစိရတ္တ မှ (ဃ- ၈၈၇၄၁၄) နှင့် သိန်း(၅၀၀) ကံထူးရှင်မှာ ဆရာတော် ဦးဝိသုဒ္ဒိစာရ မှ (ဈ- ၇၆၄၀၈၈) တို့ဖြင့် အသီးသီးဆွတ်ခူးရရှိသွား၍ ယနေ့ပွဲအား ခန်းနားထည်ဝါစွာကျင်းပခြင်း၊ သိန်း(၁၅၀၀) ကံထူးရှင်ကြီးအား မကွေးမြို့နှင့် မင်းဘူးမြို့များတွင် အလှပြယာဉ်နှင့် ထီကား မော်တော်ယာဉ် တန်းဖြင့်အတူ ရုပ်ရှင်မင်းသား၊ မင်းသမီးများဖြင့် လှည့်လယ်ကြောင်း သတင်းရရှိပါသည်။ ယခုနှစ်စပိုင်းတွင်လည်း (၁၈၁)ကြိမ်အောင်ဘာလေထီဖွင့်ပွဲမှ သိန်း(၁၅၀၀) ကံထူးရှင် (ရခိုင်ပြည်နယ်) မှ ကံထူးရှင်အမျိုးသမီးအား မကွေးမြို့ မြို့တော်ခမ်းမတွင် ခြိမ့်ခြိမ့်သဲ မြို့တွင်း၌ အလှပြကားများဖြင့် လှည့်လယ်၍ ဂုဏ်ပြုပွဲကြီးများကို ကျင်းပခဲ့ကြောင်းသိရသည်။ မိုးယံရွှေလမင်းနှင့်မြတ်ဆုကုဋေထီဆိုင်ကြီးသည် ထိုကဲ့သို့ပွဲများအား ရန်ကုန်မြို့၊ မန္တလေးမြို့ကြီးများတွင် အကြိမ်ကြိမ် ကျင်းပလာခဲ့ကြောင်း ဂျာနယ်သတင်းများတွင် အမျိုးမျိုးဖော်ပြပေး၍ သိရှိခဲ့ရသည်။ ယင်းပွဲများတွင် သတင်းမီဒီယာများအား အထူး အလေးထား၍ ဖိတ်ကြားခဲ့ကြောင်းသိရ၏။ သို့သော်.. ယခုလို နယ်မြို့ကြီးများတွင်ကျင်းပပြုလုပ်သော သိန်း(၁၅၀၀) ဂုဏ်ပြုပွဲများနှင့် ကိုယ်စားလှယ်တော်ကြီးများနေ့ပွဲများတွင် နယ်မှ သတင်းသမားများကို ဖိတ်ကြားဖို့နေနေသာသာ မည်သူကိုမှ အသိမပေးဘဲ (ရန်ကုန်မြို့မှ မိမိခေါ်လိုသော ဂျာနယ်တစ်စောင်သာ) ပါရင်ပြီးရော့ဟု ကျင်းပသွားကြောင်း နယ်သတင်းသမားများမှ မကြေမနပ်စွာဖြင့် ရင်ဖွင့်ပြောဆိုသံများကြားရ၏။ `(၁၈၁)ကြိမ် သိန်း(၁၅၀၀)ကံထူးရှင် ဂုဏ်ပြုပွဲတုန်းကလုပ်ပုံကို ပြောပါအုံးမယ်ဗျာ..။ မိုးယံ မန်နေဂျာများက ကျွန်တော်တို့သတင်းသမားအချို့ကို စားတော်ဆက်တစ်ခုမှာ နံနက်ပိုင်းမှာ ဖိတ်ကြားပါတယ်။ ကျွန်တော်တို့ကို ဧည့်ခံကြွေးမွေးပါတယ်။ ထမင်း(ပုံစား) ၉၀၀ိ တန်ပါ။ လက်ဆောင်ပေးပါတယ်။ တစ်ဦးကို မိုးယံဗလာစာအုပ်(၃)အုပ်နဲ့ (၈၀ိ)တန် ဘောပင်တစ်ချောင်း၊ မိုးယံတီရှပ်( ကလေးဝတ်) တစ်ထည် တို့ကို ပေးပါတယ်။ ပြီးတော့ ဘာပြောလည်းဆိုတော့ ညနေကျင်းပမဲ့ သိန်း(၁၅၀၀) ကံထူးရှင်ပွဲကို မဖိတ်ဖြစ်လို့ ယခုလို ကြိုတင်ပြီးဧည့်ခံတာပါ။ နောက်တစ်ခု အထူး မေတ္တာရပ်ခံချင်တာက အဲဒီပွဲသတင်းကို မကွေးမြို့ပေါ်က သတင်းများ မရေးကြဖို့အတွက် အထူးမေတ္တာရပ်ခံပေး ပါခင်ဗျာ…´။ ဟု ပိန်ပိန်ပါးပါး မိုးယံထီဆိုင် မန်နေဂျာတစ်ဦးကဆိုပါသည်။ (သတင်းမရေးစေချင်သော ဒီလိုပွဲမျိုးအား တစ်ခါမျှ မကြားဘူးကြပါ။) (သတင်းမရေးဖို့ ထမင်းကြွေးသည် ဆိုကြပါသည်။) ဟု မကွေးသတင်းထောက်တစ်ဦးမှ အော်ပြောပါသည်။ (၁၈၃) ကြိမ် အောင်ဘာလေဆု သိန်း(၁၅၀၀) ဂုဏ်ပြုပွဲကြီးတွင်လည်း မကွေးမြို့မှ မည်သည့်သတင်းသမားတစ်ဦးကိုမျှ မဖိတ်ကြား၍ သတင်းထောက်တစ်ဦးက စာရေးသူအားဤ သို့ဆိုပြန်၏။ `မိုးယံရွှေလမင်းတို့ကတော့ ရန်ကုန်က (ဂျာနယ်အသစ်)တစ်ဆောင်ကို ခေါ်လာတယ်လို့သိရတယ်ဗျို့။ ဒီပွဲကို အဲဒီဂျာနယ်အသစ်မှာ (၃)မျက်နှာတောင် နေရာပေးပြီး ဖော်ပြပေးမယ်လို့ ကြားတယ်ဗျ..။ လုပ်ကြပေါ့ဗျာ..။ ရှင်ဘုရင့်ပုဆိုး ပိုးကြီးပါဘဲဗျာ..။ သူတို့ထီဆိုင်ကြီးက အောင်မြင်သွားပြီကိုး။ မိုးယံထီဆိုင်ကြီးပိုင်ရှင်က ရန်ကုန်၊ မန္တလေးက အယ်ဒီတာကြီးတွေကိုသာ အားကိုးကြတာပါ။ ကျုပ်တို့ နယ်က သတင်းသမားလေးတွေကို ဖုတ်လေတဲ့ ငပိ ရှိလေတယ်တောင် မထင်ပါဘူးဗျာ..။ စားချင်လို့ လက်ဆောင်လိုချင်လို့ ပြောတာမဟုတ်ပါဘူး။ လူရာ မသွင်းလို့ ပြောရတာပါဗျာ။ နယ်က ကျွန်တော်တို့သတင်းသမား တွေမှာလည်း လက် တွေ ကိုယ်စီရှိကြပါသည် လို့ ပြောပေးစမ်းပါဆရာရယ်..။´ ဟု စိတ်ထိခိုက်စွာဖြင့် သတင်းသမားတစ်ဦး က ဆိုပါသည်။ ၀ိုင်းကြည်အောင်
READMORE
 

`ကိုမင်းကိုနိုင် နှင့် ၈၈ မျိုးဆက်ကျောင်းသားများ၏ ဧရာအနောက် ပွင့်လင်းလူ့အဖွဲ့အစည်းခရီးစဉ်´

သြဂုတ်(၁၅) ။ ။ နံနက်ပိုင်းမှစ၍ ကိုမင်းကိုနိုင်ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများသည် ဆင်ဖြူကျွန်းမြို့မှ ပြန်လည်ထွက်ခွါကြောင်းသတင်းရရှိသည်။ ယမန်နေ့ညတွင် ဆင်ဖြူကျွန်းမြို့မှာ ညအိပ်ရပ်နားကြောင်းသိရသည်။ ၎င်း ဆင်ဖြူကျွန်းမြို့မှာ ကိုဌေးကြွယ်၏ မိဘများနေထိုင်၍ ၎င်းတို့အဖွဲ့မှ ကိုဌေးကြွယ်၏မိခင်ကြီးမွေးနေ့ပွဲကျင်းပပေးကြောင်း ၈၈ မျိုးဆက်ကျောင်းသားတစ်ဦးမှ ပြောကြားသည်။ ၎င်း တို့အဖွဲ့သည် မန္တလေးမြို့မှ မုံရွာမြို့။ မုံရွာမြို့မှ ပခုက္ကူမြို့။ ပခုက္ကူမြို့မှ စတင်၍ ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းရှိ ဆင်ဖြုကျွန်း၊ စလင်း၊ ပွင့်ဖြူ၊ စကု၊ မင်းဘူးမြို့များမှ သြဂုတ်လ (၁၅)ရက်နေ့ည (၁၀)နာရီခန့်တွင်ရောက်ရှိလာကြသည်။ ၎င်း ကိုမင်းကိုနိုင်ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများ အား မကွေးမြို့ရှိ ၈၈ မျိုးဆက်ကျောင်းသားများ(မြေလတ်)အဖွဲ့ ကသွားရောက်ကြိုဆိုခဲ့ကြကြောင်း ကိုသန်းထွန်းအောင် မှ ပြောသည်။ ` ဒီခရီးစဉ်ကို သြဂုတ်လ(၁၅)ရက်နေ့ နေ့လယ်(၂)နာရီမှ ဖုန်းဆက်လို့သိရပါတယ်။ ကျွန်တော်တို့အဖွဲ့ ကိုမင်းကိုနိုင်တို့ အဖွဲ့ကိုသွားကြိုကြပါတယ်။ ယခု ၈၈ မျိုးဆက်ကျောင်းသားများက ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ ကိုမင်းဇေယျာ၊ မီးမီး၊ မနီလာသိန်း၊ ကိုဌေးကြွယ်နဲ့ အဖွဲ့ဝင်များ လိုက်ပါကြောင်းသိရပါတယ်။ စကုမြို့ကို ည(၇း၄၅)နာရီမှာ သူတို့အဖွဲ့ရောက် လာပါတယ်။ စကုမြို့NLD ရုံးမှာ မိနစ်(၃၀)လောက်ကြာအောင် ကိုမင်းကိုနိုင်နဲ့ အဖွဲ့က မိတ်ဆက်ပြောဆိုပြီး အထွေထွေကိစ္စများကို ဆွေးနွေးကြ ပါတယ်။ အဲဒီကနေ ည(၉)နာရီကျော်လောက်မှာ မင်းဘူးမြို့ကိုရောက်ကြပါတယ်။ မင်းဘူးမှာလည်း မိနစ်(၃၀)လောက်သာ ဆွေးနွေးပြောဆိုကြပါတယ်။ စကုမြို့နဲ့ မင်းဘူးမြို့မှာတော့ လာရောက်ကြိုဆိုနားထောင်ကြသူ ပရိတ်သပ် ထောင်ဂဏန်းခန့်ရှိမယ်ထင်ပါတယ်။ မကွေးမြို့ကို ည(၉း၄၅)နာရီလောက်မှာ ရောက်လာပါတယ်။ မကွေးမြို့ကိုရောက်တာနဲ့ ရွာသစ်ရပ်ကွက် (၁၅)လမ်းက ဦးမောင်မောင်စိုး (ပွင့်လင်းလူ့အဖွဲ့အစည်း) အိမ်မှာ ညစာနဲ့ ဧည့်ခံကြပါတယ်။ နောက် မကွေးမြို့နယ် NLD ရုံးမှာ တွေ့ဆုံပွဲကျင်းပကြပါတယ်။ မကွေးမြို့မှာတော့ အချိန်တော်တော်ကြာအောင် ဆွေးနွေးဖြစ်ကြ ပါတယ်။ တက်ရောက်သူ (၁၀၀)ကျော်လောက်သာရှိပါတယ်။ မကွေးမြို့မှာ အချိန်က တော်တော်ညဉ့်နက်သွားတော့ တစ်ချို့က မလုပ်ဖြစ်တော့ဘူးထင်သွားကြပါတယ်။ မကွေးမြို့ကနေ ည (၁၂း၁၅)နာရီလောက်မှာ ကိုမင်းကိုနိုင်ဦးဆောင် သော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ နေပြည်တော်သို့ ဆက်လက်ထွက်ခွါသွားကြပါတယ်။ သူတို့အဓိကထားပြီးပြောသွားတာကတော့ အများပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စတွေကို လိုအပ်သလိုကူညီဆောင်ရွက်သွားကြဖို့အတွက် NGO ပရဟိတလုပ်ငန်းအဖွဲ့ကလေးတွေ များများဖွဲ့ပြီး ဆောင်ရွက်ပေးကြဖို့ ပြောပါတယ်။ ကိုယ်ဒေသ အောက်ခြေမှာတင် ဆောင်ရွက်ပေးနိုင်တာများကို အောက်ခြေအဖွဲ့များက ဆောင်ရွက်ပေးကြပါ။ အောက်ခြေမှာတင် ဖြေရှင်းလို့မရတဲ့ ကိစ္စကြီးငယ်များကိုတော့ ကျွန်တော်တို့နဲ့ ဆက်သွယ်ဆောင်ရွက်ကြပါ။ ကျွန်တော်တို့ အတတ်နိုင်ဆုံးထားပြီး အကောင်းဆုံးဖြစ်အောင် မိဘပြည်သူတွေအတွက် အကူအညီပေးသွားမှာပါခင်ဗျာ လို့မှာကြားသွား ပါတယ်။´ဟု ၈၈ မျိုးဆက် ကျောင်းသား များ(မြေလတ်)အဖွဲ့မှ ကိုသန်းထွန်းအောင်မှ မြန်မာပို့စ်သို့ ပြောကြားသည်။ ၀ိုင်းကြည်အောင်
READMORE
 

`အောက်တိုဘာအောင်ကြီးဖြေဆိုတဲ့ ဘာမှမပြောချင်ပါဘူးဗျာ..´

သြဂုတ်(၁၀)ရက်နေ့ တွင် ဂျာနယ်တိုက်တစ်ခုသို့ စာမူခလာထုတ်သော အောက်တိုဘာ အောင်ကြီးနှင့် ခဏတာ တွေ့ဆုံခဲ့သည်။သူ့ဘ၀ သူ့အမြင်တစ်စိတ် တစ်ပိုင်းအား သိလို၍ ဤသို့မေးမြန် ပြောဆိုဖြစ်ပါသည်။ မေး။ ။ ဆရာအောက်တိုဘာအောင်ကြီးခင်ဗျာ.. မနက်ဖြန်ဆိုရင် မြန်မာနိုင်ငံသတင်းစာဆရာများအသင်းဖွဲ့စည်းတော့မယ့် ကိစ္စနဲ့ ယနေ့(၁၀-၈-၂၀၁၂)နိုင်ငံပိုင်သတင်းစာမှာ ပါတဲ့ မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီဖွဲ့လိုက်တဲ့ကိစ္စများကို ဆရာဘယ်လို သဘောထားရှိပါသလဲ…?။ နောက် အများပြည်သူလူထုတွေ လက်ထဲရောက်အောင် ဆရာစာအုပ်တွေ ကာတွန်းတွေကို ဘယ်လိုများဆောင်ရွက်ထားပါသလဲ..? ။ ဆရာအောင်ကြီး။ ။ ပထမ မေးထားတဲ့ မေးခွန်းကိုတော့ ကျွန်တော်မဖြေချင်ပါဘူး။ ဘာကြောင့်မဖြေချင်တာလဲဆိုရင်တော့ ဘာမှကို မပြောချင်လိုပါဗျာ..။ ယခုအချိန်က ညောင်သီးလည်းစား လေသံလည်းကြည့် ဆိုတဲ့ အချိန်မျိုးပါဗျာ…။ နောက် ကျွန်တော့်မိန်းမ မလှရီကလည်း `ဘာမှ မပြောရဘူးလို့´ မှာထားလို့ပါ။ ဒုတိယ မေးခွန်းကတော့ ကျွန်တော်စာအုပ်တွေကို လူထုထဲကိုရောက်စေချင်တယ်။ ဒါကြောင့်ခပ်ပါးပါးလေး(လေးဖေါင်)နဲ့ စာအုပ်တစ်အုပ်ကို (၂၀၀ိ)ကျပ်နဲ့ ရောင်းပါတယ်။ ယခုလောလောဆယ် ထွက်ပြီး သင်္ဘောပေါ်၊ ကားပေါ်တွေမှာ အော်ပြီးရောင်းနေတဲ့စာအုပ်တွေကတော့ သုံးအုပ်ရှိပါပြီ (၁)ဗိုလ်ချုပ်စကား မိုးကြိုးသွား။ (၂) ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအမြုတေ။(၃) ၀ရန်းပြေးဖြစ်ခဲ့ဘူးသည့် သခင်အောင်ဆန်း ဆိုတဲ့ စာအုပ်တွေဖြစ်ပါတယ်။ အဲဒီစာအုပ်တွေမှာ ကျွန်တော့်ကလောင်နာမည်ကတော့ ကျွန့်တော့် အမေကို ဂုဏ်ပြုတဲ့ အနေနဲ့ ( ဒေါ်အုံးကြည်သား) ဆိုတဲ့နာမည်နဲ့ ရေးထားပါတယ်။ ကာတွန်းတွေကိုတော့ အောက်တိုဘာ အောင်ကြီး ဆိုတဲ့ကလောင်နာမည်ဘဲ သုံးထားပါတယ်။နောက်ဆက်ထွက်မယ့်စာအုပ်တွေကတော့ ဗိုလ်ချုပ်မိခင် ဒေါ်စုစာအုပ်။ နောက် ငြိမ်းချမ်းရေးကာတွန်းများစာအုပ်။ ဗိုလ်အောင်ကျော်စာအုပ်က စီစစ်ရေးမှာတင်ထားပါတယ်။ လက်ရှိရေးနေတာကတော့ သခင်ကိုယ်တော်မှိုင်းကို ဆရာလွမ်းလို့ ခေါင်းစဉ်ပေးထားပါတယ်။ ပန်းတနော် ဦးသန့် အဲဒီစာအုပ်တွေကို ရေးသားနေပါတယ်။ ကျွန်တော်ရေးသားပြီးစာမျက်နှာပေါ်မှာ ဖော်ပြထားတဲ့ (ပြောရအုံးမယ် မလှရီရေ )စာအုပ်တွေကိုလည်း စာအုပ်လေးတွေအဖြစ် ပြန်ထုတ်ဖို့စီစဉ်နေပါတယ်။ အားလုံးကျွန်တော့်စာအုပ်တွေကို စာပေစီစစ်ရေးဌာနကို တင်ရပါတယ်။ စာအုပ်တစ်အုပ်ထွက်လာဖို့ စာပေစီစစ်ရေးမှာ အနည်းဆုံး(၆)လလောက်စောင့်ရ ပါတယ်ဗျာ.။ မေး။ ။ ဆရာအနေနဲ့ ယနေ့လူငယ်စာရေးဆရာများနဲ့ ဂျာနယ်လစ်တွေကို ဘယ်လိုများ အကြံပြုပြောဆိုချင်ပါသလဲ..?။ အောင်ကြီး။ ။ ကျွန်တော်တို့လည်း ဒီလိုဘဲဘ၀က စတင်ဖြတ်သန်းလာရတာပါဘဲ။ ကျွန်တော်တို့ခေတ်ကဆို သတင်းစာဘဲ အားကိုးနေရတာ မဂ္ဂဇင်းတွေကျတော့ ဆရာကြီးတွေရှိနေတော့တိုးလို့မရခဲ့ပါဘူးဗျာ။ ကျွန်တော်ဆိုရင် တစ်လမပြောပါနဲ့ တစ်နှစ်နေလို့ တစ်ပုံတောင် မပါတဲ့ ဘ၀က စတင်လာတာပါ။ ဒါကြောင့် ယနေ့လူငယ်တွေခေတ်က ကံကောင်းပါတယ်။ ဂျာနယ် မဂ္ဂဇင်းတွေ အများကြီးရှိနေပါပြီ။ ဒါကြောင့် ကြိုးစားကြပါ။ များများရေးပါ။ များများတွေးပါ။ အဲသူများတွေ ဘာတွေရေးနေကြသလဲဆိုတာကိုလည်း သိအောင် များများဖတ်ကြပါ။ ကိုယ်ထင်ရာကို တစ်ယောက်တည်း စာမဖတ်ဘဲ ရေးနေလို့ကတော့ မဖြစ်ပါဘူး။ ဒီအလုပ်ကို တန်ဘိုးထားပြီး အလုပ်သဘောမျိုးနဲ့ ဇယားသတ်မှတ်ပြီး လုပ်ကြပါ။ ကျွန်တော်ဆိုရင် တစ်နေ့ကို (၃)နာရီစာဖတ်တယ်။ (၃)နာရီစာရေးပါတယ်။ ဒီနေ့စိတ်မပါလို့ မရေးဘူးဆိုပြီး ပြစ်ထားလို့မရပါဘူး။ ကျွန်တော့်မှာ ဒီအလုပ်နဲ့ ထမင်းစားရတာဆိုတော့ မနက်(၉)နာရီကနေ (၁၁)နာရီအထိ ထိုင်ရေးတယ်။ ည(၈)နာရီကနေ (၁)နာရီ၊ (၂)နာရီအထိ တစ်ခါတစ်လေ မိုးလင်းသွားအောင်ထိ စာဖတ်ရပါတယ်။ စာရေးရပါတယ်။ အဲ တကုပ်ကုပ်နဲ့ စာဖတ် စာရေးနေလို့ မနက်ကျပြန်တော့် ကျမ်းမာရေးအတွက် လမ်းလျှောက်ရပါတယ်။ ကျမ်းမာရေးထိခိုက်ရင်လည်း သိကြတဲ့အတိုင်း အားလုံးက ဘရိတ်ဒါးတွေ သဇင်တွေနဲ့ တိုးကြရပါ့မယ်လေ။ မေး။ ။ ဆရာအောင်ကြီးခင်ဗျာ ဆရာဘယ်အချိန်က စတင်စာရေးတာပါလဲ၊ ဆရာမိသားစု ဘ၀အကျဉ်းလေးကို သိပါရစေ။ ဆရာအောင်ကြီး။ ။ ကျွန်တော်(၁၆)နှစ်သားက စတင်ပြီး စာရေးတယ်။ ကာတွန်းဆွဲခဲ့ပါတယ်။ ယခု အသက်(၅၁)နှစ်ရှိနေပါပြီ။ စာပေလောကသက်တန်း(၃၅)နှစ်ရှိပါပြီ။ သားသမီးတစ်ယောက်ရှိပါတယ်။ သမီးလေးအသက် (၁၃)နှစ်ပါ။ ကျွန်တော်က အသက်(၃၉)နှစ်ရှိမှ မိန်းမယူခဲ့တာပါ။ ကျွန်တော်ယူမယ့် မိန်းမကိုလည်း မယူခင်ကကြိုပြောတယ်။ `ငါ့ကိုယူရင် နင်ဆင်းရဲမယ်။ တစ်ခြားအလုပ်ကိုမလုပ်ဘူး။ ကာတွန်းရေးမယ်။ စာရေးမယ်။ သဘောကျမှ ယူနော့်လို့´ပြောပြီး ယူလာခဲ့တာပါ။ သူကလည်း ငတ်ချင်လည်းငတ် ယူမယ်၊ လက်ထပ်မယ်တဲ့။ မိန်းမမယူတော့ဘူးလို့နေခဲ့တာပါ။ ဖူးစာပေါ့ဗျာ..။ မေး။ ။ ဆရာအောင်ကြီးပြောတဲ့အထဲမှာ လက်ရှိမိန်းမလို့ကြားလိုက်ရပါတယ်။ ဒါကြောင့် အရင်ကမိန်းမ ရခဲ့ဘူးပါသလား.?။ ဆရာအောင်ကြီး။ ။ ကျွန်တော့်မိန်းမ မလှရီနဲ့ ပြဿနာတက်အောင် ပြဿနာ မရှာပါနဲ့ဗျာ…။ အရင်က မိန်းမမရှိခဲ့ပါဘူး။ လူပျိုသိုး စစ်စစ်ကြီးပါဗျာ..။ ကျွန်တော့်မိန်းမက သ၀န်တိုတယ်ဗျ။ ကျွန်တော် ယခု မိုးဟေကိုနဲ့ ဖြစ်နေတာတောင် သိပ်သဘာကျဘူးဗျ.. ဟဲဟဲ..။ အင်း… ဒါပေမယ့် နောက်ထပ်မိန်းမယူဖို့ စိတ်မကူးရဲပါဘူးဗျာ..။ ယခု ဒီဘ၀ ဒီလောက်နဲ့ကို စိတ်ကုန်နေပါပြီဗျာ…။ ဟု အောက်တိုဘာအောင်ကြီးမှ ရင်ဖွင့်ပြောဆို၍ သတင်းရယူခဲ့ပါသည်။ ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

`မကွေးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း၏ မြေယာမှုဆောင်ရွက်ချက်များ´

မကွေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူလွှတော်ကိုယ်စားလှယ် ဦးမြင့်သိန်းအား (၈-၈-၂၀၁၂) နေ့တွင် မကွေးမြို့၊ အောင်စေတနာရပ်ကွက်မှ မွန်လှိုင်မြင့် ကျူရှင်ကျောင်းသို့ ကိုယ်တိုင်သွားရောက်တွေ့ဆုံ၍ အင်တာဗျူးခဲ့ပါသည်။ ၎င်း တို့မှ အများပြည်သူများသိရှိစေနိုင်သော အချက်အလက်တစ်ချို့အား ကောက်နုတ်ဖော်ပြအပ် ပါသည်။ မေး။ ။ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းခင်ဗျာ..။ ဦးမြင့်သိန်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ရွေးချယ်ခံပြီးစဉ်မှာ ` ကျွန်တော်က မကွေးမြို့နယ်အတွင်းမှ တောင်သူလယ်သမားများ အတွက် မြေယာအသိမ်းခံထားရသော အမှုကိစ္စများအား အဓိကထားပြီး စတင်ဆောင်ရွက်ပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်သက်တန်းရက်(၁၀၀) အတွင်းမှာ ဘာတွေကို ဘယ်လောက်အထိ ဆောင်ရွက်ခဲ့နိုင်ပြီး မဆောင်ရွက်နိုင်သေးတဲ့ မြေယာကိစ္စများကို သိပါရစေ..။ ဦးမြင့်သိန်း။ ။ ကျွန်တော်ယခု လွှတ်တော်ကိုယ်စားလှယ်သက်တန်းရက်(၁၀၀)ကျော်အတွင်းမှာ ဆောင်ရွက်နိုင်ခဲ့တဲ့ မြေယာမှုကိစ္စတွေကတော့ ပုထိုးစမ်းရွာက တောင်သူတွေရဲ့ယာမြေတွေကို တာတာ မော်တော်ကား စက်ရုံကသိမ်းထား တဲ့ကိစ္စအချို့ကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပြန်ရတာတော့မဟုတ်ပါဘူး။ သိမ်းထားတဲ့မြေယာခင်းအလွတ် ယာခင်းတွေကို စက်ရုံက တစ်ဧကငွေ(ဘယ်လောက်ဆိုပြီး)သတ်မှတ်နှုန်းနဲ့ သီးစားခချပြီး နှစ်စဉ်လုပ်နေရပါတယ်။ ယခုတော့ ၂၀၁၂ ခုနှစ်ကစပြီး ဘာသီးစားခမှ မပေးရတော့ဘဲ ကိုယ့်ယာခင်းကို ကိုယ်ပြန်လုပ်နေရပါပြီ။ မေး။ ။ နောက် ကျွန်တော်ကြားရတဲ့သတင်း ဒဟတ်ကန်ရွာနဲ့ မြင်းကင်းကျေးရွာက မြေကိစ္စတွေကိုလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းကိုလာရောက်အကူအညီတောင်းခံထားတယ်လို့သိရပါတယ်။ အဲဒီကိစ္စလေး ကို သိပါရစေ..။ ဦးမြင့်သိန်း။ ။ မနေ့က ဒဟတ်ကန်ရွာကိုသွားခဲ့ပါတယ်။ သက်ဆိုင်ရာ လေတပ်မှ တာဝန်ရှိသူတစ်ဦးထံကိုသွားရောက်ပြီး လူမှုရေးအရအကူအညီတောင်းဆို ပြောကြားပေးခဲ့ပါတယ်။ ရွာသားတွေဖြစ်စေချင်တဲ့ ကိစ္စ(၃)ခုကို (၂)ခုညွှိနှိုင်းဆောင်ရွက် ပေးခဲ့နိုင်ပါတယ်။ ရေကိစ္စရယ်၊ နွားစားကျက်ကိစ္စရယ်တို့ကို လေတပ်က အားလုံးအဆင်ပြေအောင်ဆောင်ရွက်ပေးပါတယ်။ ခြံစည်းရိုးရွှေ့ခပ်ပေးဖို့ကိစ္စကတော့ မဖြစ်နိုင်ပါဘူး။ ဒီလေယာဉ်ကွင်းကြီးက အင်တာနေရှင်နယ်လေယာဉ်ကွင်း ကြီးဖြစ်ပါ တယ်။ ဒီလေယာဉ်ကွင်းကြီးလုံခြုံရေးနဲ့ လေတပ်ကို ကပ်ထားတာဖြစ်ပါတယ်။ ဒီမြေကိစ္စကိုလည်း တရားဝင်ပြောဆို ဆောင်ရွက်ပေးခဲ့တာမဟုတ်ပါဘူး။ လူမှုရေးအရ ကြားဝင်ပြီး ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ သူတို့လေတပ်ကလည်း ရွာသူ ရွာသားတွေကို တော်တော်ပြန်ကြည့်ပြီး လုပ်ပေးနိုင်တာတွေကို လုပ်ဆောင်ပေးကြပါတယ်။ မေး။ ။ မြင်ကင်းကျေးရွာက အိမ်ထောင်စု(၃၂)စုနဲ့ မြင်းကင်းရွာမကြီးမြေယာကိစ္စကိုလည်း သိပါရစေ..။ ဦးမြင့်သိန်း။ ။ မြင်ကင်းမြေကိစ္စကတော့ လွန်ခဲ့တဲ့ နှစ်(၅၀)လောက်က ဒီမြေနုကျွန်းပေါ်မှ အိမ်ထောင်စု(၃၂)ခုတို့ နေထိုင်ခဲ့ကြပါတယ်။ အဲဒီအိမ်တွေကို ရွာမကြီးနဲ့ပြန်ပေါင်းတဲ့ကိစ္စတွေမှာ ပြဿနာဖြစ်နေကြတာပါ။ အပြန်အလှန်တိုင် နေတဲ့ကိစ္စပါ။ ဦးသိန်းမောင်ဆိုသူ ဦးဆောင်ပြီး(၂၄)ဦးလာရောက်ပြီး ကျွန်တော့်ကို အကူညီတောင်းခံနေကြပါတယ်။ ကျွန်တော်အနေနဲ့ တစ်ရွားတည်းသားချင်းတွေကို အိမ်ကြက်ခြင်း အိုးမဲသုတ်ပြီး အခွပ်ခိုင်းနေသလိုဖြစ်နေကြရင် မကောင်းပါဘူး။ ဒီကိစ္စကို မြေစာရင်းမှာသွားပြီး သိချင်တာကို တိကျအောင် မေးမြန်းရပါအုံးမယ်။ ဒါကြောင့် ဒီကိစ္စကို အချိန်ယူပြီးမှ လုပ်ဆောင်နိုင်ပေးနိုင်မှာဖြစ်ပါတယ်။ မေး။ ။ နောက်ပြီး မီးချောင်းရဲနယ်ဘက်မှာ ရထားလမ်းသိမ်းထားတဲ့ကိစ္စရယ်။ ပထနဂိုရွာဘက်က MPPE ဌာနမှ သိမ်းထားတဲ့ ယာမြေကိစ္စတွေကိုလည်း သိပါရစေ။ ဦးမြင့်သိန်း။ ။ ဟုတ်ကဲ့ မီးချောင်းရဲဘက်က ရထားလမ်းသိမ်းထားတဲ့ မြေယာကိစ္စတွေကိုလည်း စုံစမ်းမေးမြန်းဆဲဖြစ်ပါတယ်။ မဆောင်ရွက်နိုင်သေးပါဘူး။ နောက် MPPE ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးက သိမ်းထားခံရတဲ့ ယာမြေတွေကိုက သူတို့လုပ်ငန်းနဲ့ မိုင်တော်တော်ဝေးဝေးမှာ တည်ရှိနေပါတယ်။ ဌာနကနေပြီး အဲဒီယာမြေတွေကို နှစ်ပြတ်သီးစားချပေးပြီး လုပ်ခိုင်းနေပါတယ်။ အဲဒီဘက်က တောင်သူတွေက လူမညီကြဘူးဗျ။ ပုထိုးစမ်းဘက်က တောင်သူတွေလို သီးစားခ မပေးဘဲ ကိုယ့်ယာမြေကို ၀င်ရောက်ပြီး မလုပ်ရဲကြဘူးဖြစ်နေပါတယ်။ သူတို့က လူမညီကြတော့ အဲဒီကိစ္စကို မလုပ်နိုင်သေးပါဘူး။ မေး။ ။ နောက်တစ်ခုမေးချင်တာက အောင်ဇေယျာရပ်ကွက်တောင်ဖျားမှ ကျူးကျော်အိမ်တွေကိစ္စမှာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းကို အကူအညီတောင်းထားတယ်လို့သိရပါတယ်။ အဲဒီကိစ္စကို ဘယ်လိုဆောင်ရွက် ထားတယ်ဆိုတာ သိပါရစေ။ ဦးမြင့်သိန်း။ ။ ဟုတ်ကဲ့ အဲဒီကိစ္စကတော့ သူတို့က အမှန်တစ်ကယ် ကျူးကျော်နေထိုင်သူများဖြစ်နေပါတယ်။ အဲဒီမိသားစုတွေကို စည်ပင်ဌာနက ဇူလိုင်လကုန်မှာ သူတို့ကို အပြီးထွက်ပေးဖို့ စာထွက်ထားပါတယ်။ အဲဒီကိစ္စကို ကျူးကျော်နေထိုင်ကြတဲ့ မရှိဆင်းရဲသား မိသားစုတွေမှာ ပညာသင်ကြားနေတဲ့ ကျောင်းသူ၊ ကျောင်းသားလေးတွေအတွက် ငဲ့ညာပေးဖို့ တစ်နှစ်နေခွင့်ပေးပါရန် သက်ဆိုင်ရာကို မေတ္တာရပ်ခံပေးထားပါတယ်။ သူတို့ကို တစ်နှစ်နေခွင့်ပြုပေး ထားပါတယ်။ မေး။ ။ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း အနေနဲ့ ကိုယ့်ရဲ့မဲဆန္ဒရှင်လုပ်သားပြည်သူတွေကို ဘာများပြောချင်ပါသလဲခင်ဗျာ…။ နောက်ပြီး ယခုတက်ရောက်နေတဲ့ ပြည်သူ့လွှတ်တော်ထဲမှာ မကွေးမြို့နယ်အတွင်းက မြေယာကိစ္စတွေနဲ့ ပတ်သက်ပြီး ဘာတွေများ အဆိုပြုမေးမြန်းထားပါသလဲ။ ဦးမြင့်သိန်း။ ။ အများပြည်သူတွေကို ကျွန်တော်အသိပေး တောင်းပန်ပြောကြားချင်တာကတော့ မိမိတို့တွေ့ကြုံခံစားနေရတဲ့ မြေယာကိစ္စ လူမူရေးကိစ္စတွေ တိကျခိုင်လုံတဲ့ အထောက်အထားတွေနဲ့ မှန်မှန်ကန်ကန် ရဲရဲဝန့်ဝန့် ညီညီညာညာစုပေါင်းပြီး အကြောက်တရားကင်းစွာနဲ့ ပွင့်လင်းမြင်သာအောင် ပြောဆိုပြီး ရင်ဆိုင်ပေးဖို့လိုပါတယ်။ ကျွန်တော်တို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေချည်း အားကိုးမနေဖို့ ပြောချင်ပါတယ်။ ဒါမှ ရှေးကဦးဆောင် တင်ပြရတဲ့ ကျွန်တော်ကိုက ဆောင်ရွက်ပေးနိုင်မှာပါ။ နောက်ဆုံးမေးထားတဲ့ လွှတ်တော်မှာတင်ပြထားတဲ့ မြေယာကိစ္စကို တော့ သီးခြား သတင်းရေးသားနိုင်အောင် အချက်အလက်ပြည့်ပြည့်စုံစုံပေးပါမယ်ခင်ဗျာ..။ ဟု မကွေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း မှပြောကြားပါသည်။ ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

မြန်မာနိုင်ငံသတင်းစာဆရာများအသင်း(ဗဟို) အလုပ်အမှုဆောင်ကော်မတီ အောင်မြင်စွာ ဖွဲ့စည်းပြီး

ရန်ကုန်၊ သြဂုတ် (၁၁) ။ ။ မြန်မာနိုင်ငံသတင်းစာဆရာများအသင်း(ဗဟို) အလုပ်အမှုဆောင်ကော်မတီရွေးချယ်ပွဲကို ယနေ့နံနက် (၉) နာရီမှစတင်၍ ရန်ကုန်၊ ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်းရှိ ယုဇနဂါးဒင်းဟိုတယ်ခန်းမ၌ အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ အဆိုပါရွေးချယ်တင်မြှောက်ပွဲသို့ မြန်မာနိုင်ငံတ၀ှမ်းရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ သတင်းစာဆရာများအသင်းဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ညီလာခံကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ယင်းရွေးချယ်တင်မြှောက်ပွဲကို မြန်မာနိုင်ငံသတင်းစာဆရာများအသင်းဖြစ်မြောက်ရေးကော်မတီက ဦးစီးကျင်းပပေးခဲ့ခြင်းဖြစ်သည်။ ၎င်းအခမ်းအနားမှာ ဒီမိုကရေစီနည်းကျကျ လျှို့ဝှက်မဲပေးစနစ်ဖြင့် ဗဟိုဦးစီးအဖွဲ့ဝင် (၅၅) ဦးကို ပထမဦးစားပေးရွေးချယ်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင် (၂၁) ရွေးချယ်ခဲ့ရာတွင် အောက်ပါပုဂ္ဂိုလ်များ ရွေးချယ်ခံခဲ့ရကြောင်း သိရှိရသည်။ မြန်မာနိုင်ငံသတင်းစာဆရာများအသင်း(ဗဟို) ဥက္ကဋ္ဌ- မောင်ဝံသ ဒုတိယဥက္ကဋ္ဌ(၁) - ဦးကိုကို(စက်မှု) ဒုတိယဥက္ကဋ္ဌ(၂) - ဦးသီဟစော ဒုတိယဥက္ကဋ္ဌ(၃) - ဦးဝင်းငြိမ်း အတွင်းရေးမှူး- ဦးဖိုးနိုင်လင်း တွဲဖက်အတွင်ရေးမှူး(၁) - ဒေါက်တာမျိုးမင်းထိုက် တွဲဖက်အတွင်းရေးမှူး(၂) -ဦးကျော်စွာမင်း တွဲဖက်အတွင်းရေးမှူး(၃) - ဒေါ်မေသင်္ကြန်ဟိန် ဘဏ္ဍာရေးမှူး- ဒေါ်ဆင့်ဆင့်အောင် စာရင်းစစ်မှူး - ဦးအောင်သူမြိုင် ပြန်ကြားရေးမှူး - ဦးမြတ်ခိုင် နိုင်ငံခြားဆက်ဆံရေးမှူး - ဦးအောင်လှထွန်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ- ဦးစောလင်းအောင်၊ ဦးနေဘုန်းလတ်၊ ဒေါက်တာဇော်သန်း၊ ဦးရဲမင်းဦး၊ ဦးစိန်ဝင်း၊ ဦးဇေယျာမြတ်ခိုင်၊ ဒေါ်အိအိမြတ်၊ ဦးအောင်ရဲမောင်မောင်၊ ဦးအေးချမ်းဟိန်။ ရွေးချယ်တင်မြှောက်ရာတွင် ရရှိသည့်မဲအရေအတွက်များ မြန်မာနိုင်ငံသတင်းစာဆရာများအသင်းနိုင်ငံလုံးဆိုင်ရာညီလာခံရလဒ် သတင်း agency ကိုယ်စားပြုဗဟိုဦးစီးအဖွဲ့ဝင်(၃)ဦး ၁။ဒေါ်မေသင်္ကြန်ဟိန် (၉၆)မဲ ၂။ဦးအောင်လှထွန်း (၉၄)မဲ ၃။ဦးအောမြိုင် (၆၉)မဲ Online ကိုယ်စားပြုဗဟိုဦးစီးအဖွဲ့ဝင် (၃)ဦး ၁။ ဦးနေဘုန်းလတ် (၉၈)မဲ ၂။ ဦးစိန်ဝင်း (၉၂)မဲ ၃။ ဦးအေးချမ်းဟိန်(၅၇)မဲ ရုပ်သံကိုယ်စားပြုဗဟိုဦးစီးအဖွဲ့ဝင် (၃)ဦး ၁။ ဒေါ်အိအိတင် ၂။ ဒေါ်ဆင့်ဆင့်အောင် ၃။ ဦးအောင်ရဲမောင်မောင် ပုံနှိပ်မီဒီယာကိုယ်စားပြုဗဟိုဦးစီးအဖွဲ့ဝင် (၃၂)ဦး ၁။ ဦးစိုးသိန်း (မောင်ဝံသ) (၁၀၂)မဲ ၂။ ဦးကိုကို (၁၀၀)မဲ ၃။ ဦးသီဟစော (၉၀)မဲ ၄။ ဦးမြတ်ခိုင် (၈၇)မဲ ၅။ ဦးဝင်းငြိမ်း (၈၇)မဲ ၆။ ဦးကျော်စွာမင်း (၈၁)မဲ ၇။ ဦးဖိုးနိုင်လင်း (၇၈)မဲ ၈။ ဦးဇေယျာမြတ်ခိုင် (၇၆)မဲ ၉။ ဒေါက်တာဇော်သန်း (၇၄)မဲ ၁၀။ ဦးလှိုင်ဘွား (၇၂)မဲ ၁၁။ ဦးစောလင်းအောင် (၇၁)မဲ ၁၂။ ဒေါက်တာမျိုးမင်းထိုက် (၆၉)မဲ ၁၃။ ဒေါ်အိမ့်မှူးခင် (၆၃)မဲ ၁၄။ ဦးကြည်အောင် (၅၇)မဲ ၁၅။ ဒေါက်တာစိန်စိန်သိန်း (၅၇)မဲ ၁၆။ ဦးအောင်နိုင် (၅၇)မဲ ၁၇။ ဦးဇော်လင်း (ရဲရဲ-ပျဉ်းမနား) (၅၆)မဲ ၁၈။ ဒေါ်ချိုအိဇင် (၅၃)မဲ ၁၉။ ဦးထွန်းဝင်း (၄၇)မဲ ၂၀။ ဦးဘဦး (၄၇)မဲ ၂၁။ ဦးရဲမင်းဦး (၄၄)မဲ ၂၂။ ဦးမျိုးမင်းဦး (၄၄)မဲ ၂၃။ ဦးစိန်ရွှေ(၄၃)မဲ ၂၄။ ဦးအောင်မြင့် (၄၃)မဲ ၂၅။ ဦးခင်မောင်သိန်း (၄၃)မဲ ၂၆။ ဦးဘသန်းတင် (၄၂)မဲ ၂၇။ ဦးဝင်းကြည် (၄၀)မဲ ၂၈။ ဦးရန်နိုင် (၃၈)မဲ ၂၉။ ဦးမြင့်အောင် (၃၈)မဲ ၃၀။ ဦးခင်မောင်ဝင်း (၃၇)မဲ ၃၁။ ဦးမိုးကျော်မြင့် (၃၇)မဲ ၃၂။ ဦးသက်အောင်ထွန်း (၃၅)မဲ
READMORE
 

`မြန်မာနိုင်ငံသတင်းစာဆရာအသင်းညီလာခံ အကြိုနေ့ ပြဿနာဂယက်များ´

သြဂုတ်(၁၀)ရက်၊ နံနက်(၄)နာရီအချိန်မှစတင်ပြီး အနယ်နယ်အရပ်ရပ် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ သတင်းထောက်များ ရန်ကုန်မြို့သို့ ရောက်လာကြ သည်။ ရန်ကုန်မြို့ အနော်ရထာလမ်းနှင့် ဗိုလ်တစ်ထောင်လမ်းထောင့်မှ Orchid ဟော်တယ်မှာသတင်းပို့ကြရပါသည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ သတင်းထောက်အမှုဆောင်များ ညီလာခံကိုယ်စားလှယ်များ အားလုံးတက်ရောက်ရမည်ဟု မော်နီတာသတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။ သို့သော် စာရင်းပေးသောနေရာတွင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲ အတွင်းရေးမှူးများနှင့် အမှုဆောင်အပြင် ညီလာခံ ကိုယ်စားလှယ်များသာဟု ဆိုပြန်၏။ အားခဲ၍ မဖြစ်ဖြစ်အောင်လာရောက်ခဲ့ကြသော နယ်မှ သတင်းထောက်များ အချို့မှာ လမ်းစားရိတ်ငွေ နေ့တွက်စရိတ်များ ထုတ်မပေးနိုင်ကြောင်းကြားသိရပါသည်။ ဤသို့မဖြစ်သင့် ကြပါ။ မနက်ဖြန် ညီလာခံမှာ တင်ပြစရာတစ်ခုဖြစ်နေပြန်သည်။ အရေးကြီးပြဿနာတစ်ခုမှာ ယနေ့မြန်မာသတင်းစာ နှစ်စောင်တွင် မြန်မာနိုင်ငံအမြုတေစာနယ်ဇင်းကောင်စီဖွဲ့စည်းခြင်း သတင်းကြောင့် များစွာဂယက်ထသွားပါသည်။ ဘာကြောင့်ဆိုသော် ၎င်းညီလာခံတွင် အမည်စာရင်းမှာပါဝင်သူများ ကိုယ်တိုင် မသိလိုက်ကြဘဲ ကော်မတီတွင်ပါဝင်နေခြင်းဖြစ်သည်။ ဒီကိစ္စကို သတင်းထောက်အများစုက လုံးဝမကြေ နပ်ကြပါ။ မနက်ဖြန် မြန်မာနိုင်ငံသတင်းစာအသင်းညီလာခံတွင် အမှုဆောင်ရွေးချယ်ဖွဲ့စည်းပြီးမှ ဖွဲ့စည်းသင့် ပါကြောင်း အများကပြောဆိုနေကြပါသည်။ ယနေ့ဖွဲ့စည်းပြီးသော မြန်မာနိုင်ငံအမြုတေစာနယ်ဇင်းကောင်စီ အောက်တွင် မြန်မာနိုင်ငံသတင်းစာဆရာအသင်း သည် စာနယ်ဇင်းကောင်စီ၏ လက်အောက်ခံအဖြစ် လုံးဝမဖြစ်နိုင်ကြောင်း မန္တလေးသတင်းထောက်များနှင့် မကွေးသတင်းထောက်များက ပြောဆိုနေကြောင်းသိရပါသည်။ တတိယ ပြဿနာတစ်မှာ မကွေးတိုင်းဒေသကြီးသတင်းစာဆရာအသင်း ဥက္ကဋ္ဌ ဒေါက်တာသက်လွင်မှ သူ၏ မကွေးတိုင်းဒေသကြီးအတွင်းက သတင်းထောက်များအား ရွှေဘဲစားတော်ဆက်တွင် ညစာဖိတ်ခေါ်၍ ဧည့်ခံပါသည်။ ၎င်းညစာ စားပွဲတွင် မကွေးတိုင်းဒေသကြီး သတင်းထောက်အဖွဲ့မှာ မပါဝင်သော ဇက်(ပွင့်ဖြူ) ကလောင်အမည်နှင့်(ဗွီဒီယို ထရိုက်နေသူ) သတင်းထောက်က အသားလွတ်ကြီး ဆရာကြီးထလုပ်ပါသည်။ သူပြောသောစကားမှာ ( သတင်းထောက် အားလုံးသိထားဖို့က ကျုပ်က ၀န်ကြီးတွေနဲ့ လေယာဉ်စီးပြီး သတင်းယူသွားလာနေတာပါ။ ခင်ဗျားတို့ သိထားဖို့က ယခုလိုဧည့်ခံညစာစားပွဲမှာ လူကြီးများစတင်စားပြီးမှ သတင်းထောက်များ စားကြရမှာ ဖြစ်ပါတယ်။ နောင်ကို ဒီလို မဖြစ်အောင် ကျုပ်ကပြောပြတာပါ) ဟု ဆရာကြီးလုပ်ပါသည်။ ထိုအခါ ကျွန်တော်အပါအ၀င် စတင်၍ ထမင်းစားမိကြသော သတင်းထောက်များမှာ နေမထိ ထိုင်မသာ စိတ်မကောင်းစွာ ဖြစ်သွားကြပါသည်။ ၎င်းကိစ္စအား မကွေးတိုင်းဒေသကြီး သတင်းဆရာအသင်းမှ ဘဏ္ဍာရေးမှူး ဟင်္သာ(တောင်တွင်းကြီး) က စိတ်ဆိုး၍ ( ယခုလို မကွေးတိုင်း ဒေသကြီးသတင်းထောက်များကို စော်ကားမှုကြောင့်) အသားတွေတုန်ရီစွာဖြင့် သည်းမခံနိုင်၍ ပြောဆိုသူ ဇက်(ပွင့်ဖြူ) အား ကန့်ကွက်ရှုံ့ချကြောင်း ထိုနေရာတွင် ပြန်လည်ပြောဆိုခဲ့ပါသည်။ ဖြစ်မှ ဖြစ်ရပလေ..။ အလှူထမင်းတိုက်မှာ ကြားကလူက ဟောက်လွှတ်လိုက်သလို မကွေးတိုင်းဒေသကြီးသတင်းစာဆရာအသင်း အမှုဆောင်များအားလုံး ခံလိုက်ရပါသည်။ ထမင်းရှင် ဒေါက်တာသက်လွင်အား များစွာအားနာကြပါသည်။ မနက်ဖြန် (၁၁-၈-၂၀၁၂)နေ့တွင် ကျင်းပမည်ဖြစ်သော မြန်မာနိုင်ငံသတင်းစာဆရာအသင်းအား စောင့်မျှော်ကြည့်ရှုကြပါကုန်လော့….။ ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

`ချောက်မြို့နယ်တွင်းမှ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက် စက်ရုံတွင် မီးလောင်ပေါက်ကွဲ´

ချောက် သြဂုတ်(၂)ရက်။ ချောက်မြို့နှင့် စလေမြို့ကြားရှိ ဧရာဝတီမြစ်၏ အရှေ့ဘက်တွင် တည်ထားသော ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် စက်ရုံအား ယနေ့ နေ့လယ်(၁)ခန့်မှာ မီးလောင်ပေါက်ကွဲမှုဖြစ်ကြောင်းသတင်းရရှိပါသည်။ ၎င်း စက်ရုံအား အချို့သူများက အစွန်းချွတ်ဆေးစက်ရုံ ဟုသာသိကြ၏။ ထိုစက်ရုံသည် စက်မှုဝန်ကြီးဌာန၊ စက္ကူနှင့် အိမ်သုံးပစ္စည်းလုပ်သော စက်ရုံအောက်ရှိ စက်ရုံတစ်ရုံဖြစ်ကြောင်းသိရသည်။ ထိုစက်ရုံ၏ တောင်ဘက်တွင် ကြွေသီးစက်ရုံ၊ ဆောက်လုပ်ထားသည်ဟု ပြောဆိုကြသည်။ ထို Main Unit ရှိ Oxidation Tower မှ ဟိုက်ဒရိုဂျင် ဓါထုရည်များ ယိုထွက်လာပြီး ပါဝါစစ်စတန် အဲယာတက်သွားခြင်းဟု ဆိုကြသည်။ ယင်းဓါတုရည်များအား ကွန်ပျူတာ ရီမုဖြင့်သာပိတ်လို့ရသည်ဟု ဆိုပါသည်။ ထိုစဉ် ဒိုင်းကနဲ ၀ုန်းကနဲ တုန်ခါသွားပြီး အသံကျယ်လောင်စွာဖြင့် ပေါက်ကွဲမှုကြီး (၅)ခါ ဖြစ်၍ မီးလောင်မှုများဖြစ်သည်ဟု ပြောဆိုကြသည်။ စလေမြို့နှင့် ချောက်မြို့မှ လူထုများ အထိပ်တလှန့်ဖြစ် သွားကြသည်ဆို၏။ စလေမြို့တွင်လည်း ဓာတ်မြေသြဇာစက်ရုံကြီး ရှိ၏။ ချောက်မြို့တွင်လည်း မိုလာရေနံမြေ၊ ချောက်ရေနံမြေမှ ရေနံတွင်းများ၊ သဘာဝဓာတ်ငွေတွင်းများ နှင့် ချောက်မြို့တွင်း၍ ရေနံချက်စက်ရုံတည်ရှိနေကြ၍ ချောက်မြိုမှ လူများသည် ပိုမိုထိပ်လန့်စိုးရိမ်နေကြသည်ဟု ပြောဆိုသံများကြားရပါသည်။ ၎င်း မီးလောင်သောနေရာသည် ချောက်မြို့နှင့် စလေမြို့အကြားတွင်ဖြစ်၍ လူနေအိမ်ခြေရပ်ကွက်များနှင့် ဝေးသည်။ အနီးဆုံးတွင် ကျေးရွာများရှိ ကြသည်။ ၎င်းရွာများမှာ ကန်ပေါက်ရွာ၊ ရေတွင်းရွာ(ရွာသစ်)၊ နှောချောင်းရွာတို့ ကပ်လျှက်ရှိကြသည်။ စလေမြို့မှ (၃)မိုင်ခန့်နှင့် ချောက်မြို့မှ (၁၂)မိုင်ခန့်ဝေး၍ ကွေ့ပါတ်ဝင်ရသည်။ ယင်း မီးလောင်ရာသို့ ချောက်မြို့၊ စလေမြို့၊ ကျောက်ပန်းတောင်းမြို့၊ရေနံချောင်းမြို့၊ မကွေးမြို့၊ဆိပ်ဖြူမြို့ နှင့် ညောင်ဦးမြို့များမှ မီးသတ်ကားများရောက်ရှိ၍ မီးငြိမ်းသတ်ပေးကြသည်။ ချောက်မြို့မှ ဆီဘောက်ဆာပိုင်ရှင် ဦးချိုနှင့်အဖွဲ့က (၂၈၀၀)ဂါလံဆံ ရေကား(၇)စီးလာကြသည်။ မီးသတ်ရဲဘော်တစ်ဦး လက်ကိုအနည်းငယ်ထိခိုက်သည်ဟုသိရသည်။ စုစုပေါင်း(၅)ဦးသာ ဒါဏ်ရာအနည်းငယ်စီ ထိခိုက်သည်ဆို၏။ လူအသေ အပျောက်လုံးဝမရှိကြောင်း စုံစမ်းသိရှိရသည်။ ညနေပိုင်း (၅)နာရီခန့်တွင် မီးငြိမ်းသတ်နိုင်ကြောင်း သိရသည်။ ၊ ဤစက်ရုံကြီးအား (၂၀၀၆)ခုနှစ်တွင် တရုပ်ပညာရှင်များဖြင့် မြန်မာငွေကျပ်သန်းပေါင်း(၁၆၇)သန်းကုန်ကျသည်ဟု သက်ဆိုင်ရာသို့ စုံစမ်း၍ ကြားသိရပါသည်။ ဆုံးရှုံးမှုအတည်ပြုချက် များနှင့် မီးလောင်မှုအား တရားစွဲဆိုခြင်းများကို (၃-၈-၂၀၁၂)နေ့အထိ စုံစမ်းရရှိခြင်းမရှိသေးပါ။ သတင်းဓာတ်ပုံများ နှင့် မျက်မြင်သက်သေများအား အင်တာဗျူးသတင်းများအား ကောက်နှုတ်၍ မြန်မာပို့စ် မှတင်ပြလိုက်ရပါသည်။ ဆီဘောက်ဆာ ပိုင်ရှင် ဦးချိုမှ ဤသို့ ဆို၏။ `ကျွန်တော်က ရန်ကုန်ကပြန်ရောက်လို့ အိပ်နေတာဗျ။ နေ့(၁၂)ကျော်လောက်မှာ မီးမီးဆိုလို့ လန့်နိုးတယ်။ ယခု ကျွန်တော်နေတဲ့ အိမ်ကနေ ဟိုးမှာ မြင်နေရတဲ့ ခေါင်းတိုင်းမဲမဲကြီးက စက်ရုံပါ။ ဒါနဲ့ ဆီဘောက်ဆာတွေ ရေထည့်ပြီး ကျွန်တော်တို့ ကားတွေ(၇)စီးပြေးကြပါတယ်။ (၅)ခါလောက်ပေါက်ကွဲမှုဖြစ်တယ်ဗျ။ စက်ရုံက မျက်နှာကြက်တွေ ကွာကျတယ်။ ဒီမီးလောင်မှုကို မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းအေးလွင် နဲ့ မကွေးတိုင်းဒေသကြီး မီးသတ်တိုင်းမှူး ဦးတင်မင်းတို့လည်း ရောက်လာကြပါတယ်။ ချောက်မြို့က အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲမှူးနှင့်ရဲတပ်ဖွဲ့များ မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းငြိမ်းသတ်ကြပါတယ်ဗျာ..။ ချောက်မြို့ရေနံချက်စက်ရုံကလာပေးတဲ့ မီးသတ်ဆေးဘူး ပေပါအပြာကြီးတွေ လာပေးလို့ မီးငြိမ်းသတ်လို့ရသွားတာပါ။ ဒီလိုစက်ရုံမျိုးတွေမှာ အဲဒီလို မီးသတ်ဆေးဗူးမျိုးတွေ ကြိုတင်ဆောင်ထားပေး သင့်ပါတယ်ဗျာ..။ အဲဒီဆေးတွေသာ ကြိုရှိထားရင် ဒီလိုကြီး မီးမလောင်ဘူးထင်ပါတယ်။ ဒီလိုစက်ရုံ မီးငြိမ်းသတ်တဲ့ နည်းကိုသိတဲ့ မကွေးတိုင်းမီးသတ်တိုင်းမှူးတစ်ယောက်သာရှိ ပါတယ်။ သူခိုင်စေတဲ့ အတိုင်း ကျွန်တော်တို့ လုပ်ဆောင်ကြရပါတယ်။ ´ဟု ရေဘောက်ဆာမောင်းသူ ပိုင်ရှင် ဦးချိုမှ မြန်မာပို့စ် ကိုပြောပါသည်။ ချောက်မြို့မှ မီးသတ်တပ်ဖွဲ့တပ်ကြပ်ကြီးတစ်ဦးကလည်း ဤသို့ဆိုပါသည်။ ``ကျွန်တော့်လုပ်သက်(၃၅)နှစ်ရှိပါပြီ။ ဒီလိုစက်ရုံကို မီးလောင်တာ လုံးဝမရှိခဲ့ပါဘူး။ ညက သတင်းဌာနတစ်ခုမှာ ကျွန်တော်တို့ မီးသတ်ရဲဘော်တစ်ဦးထိခိုက်တယ် လို့ ပြောဆိုသွားပါတယ်။ လက်ကို နည်းနည်းလေးဘဲ ခိုင်းမိသွားတာပါ။ လူအသေ အပျောက်လုံးဝမရှိပါဘူး။ မီးလောင်တာနဲ့ ကိုချိုတို့ ရေဘောက်ဆာတွေရော ကျွန်တော်တို့ ချောက်မြို့ကမီးသတ်ကား၊ ချောက်ရေနံမြေမီးသတ်ကား၊ ရေနံချောင်း၊ ကျောက်ပန်းတောင်း၊စလေမြို့၊ ဆိပ်ဖြူ၊ ညောင်ဦးမြို့ကမီးသတ်ကားတွေလာကြပါတယ်။ အဲ မီးသတ်နေတုန်း အတွေ့အကြုံကတော့ တော်တော်လေးကို သက်စွန့်ဆံဖြားလုပ်ကြရပါတယ်။ အောက်ကရေထုတ်မြောင်းတွေထဲကနေ မီးတောက်တွေက ပြေးလာပါတယ်။ အက်စစ်ရိုင်းတွေ ထားတဲ့ ကန်တွေနဲ့ ပေ(၂၀)လောက်သာ ကွာဝေးပါတော့တယ်။ အဲဒီ ရေထုတ်မြောင်းထဲကမီးတောက်တွေကို ရေနဲ့ ဖြန်းရင် မီးတောက်က ပိုကြီးလာပါတယ်။ ဒါနဲ့ ရေမြောင်းထဲက မီးတောက်တွေကို ရေမွှာသေးသေးလေးတွေနဲ့ ဖြန်းပြီးတားထားရပါတယ်။ နောက်တော့ မြောင်းထဲကမီးတွေကို ငြိမ်းသတ်ပြီးတားထားနိုင်လိုက်ကြပါတယ်။ အဲဒီမီးတောက် ရေမြောင်းနဲ့ အက်စစ်ရိုင်းသိုလှောင်ကန်ကြီး(၄)လုံးက ပေ(၂၀)လောက်မှာသာဝေးပါတော့တယ်။ အဲဒီကန်ရဲ့ ဟိုဘက်မှာ လည်း အက်စစ်ကန်(၂)ကန်ရှိနေပါတယ်။ အဲဒီအက်စစ်ကန်တွေပေါက်သွားရင်(၅)မိုင်ပါတ်လည်အတွင်း မပြင်းဆုံးပေါက်ကွဲ သွားနိုင်တယ်လို့ ကြားသိရပါတယ်။ အာနိသင်ကတော့ (၇)မိုင်ပါတ်လည်ထိ သက်ရောက်နိုင်တယ်လို့ ပြောသံကြားထားတော့ တော်တော်လေး စိတ်ပူပြီး ဆောင်ရွက်လိုက်ရပါတယ်ခင်ဗျာ..။ မကွေးတိုင်းဒေသကြီး မီးသတ်တိုင်းမှူးရဲ့ဦးဆောင်မှုကြောင့် ညနေ(၅)နာရီလောက်မှာ မီးညွှန့်ကျိုးသွားပြီး ညနေ(၆)နာရီမှာ မီးလုံးလုံးငြိမ်းသတ်နိုင်ခဲ့ကြပါတယ်။ ရေနံချောင်းမီးသတ်ကားနဲ့ ကျောက်ပန်းတောင်းမီးသတ်ကားတွေက အဆင့်မီကြတယ်။ ဓာတ်ငွေ့မီးတောက်ငြိမ်းတဲ့ ဖုံးဆေးရေတွေကို ပရက်ရှာအလိုက် စပ်ပေးနိုင်ကြပါတယ်။ ရေနံချောင်းကမီးသတ်ကားဟာ ရန်ကုန် သံလျင်မှာ မီးငြိမ်းသတ်တာကို ပထမ ရထားတဲ့ကားဖြစ်ပါတယ်။ ကျွန်တော်တို့ချောက်ရေနံမြေမှာလည်း အဲဒီလိုကားမျိုးတွေ ရှိထားသင့်ပါတယ်ခင်ဗျာ…။´ ချောက်မြို့ မီးသတ်တပ်ဖွဲ့(သံသေ) တပ်ကြပ်ကြီး ဦးဝင်းတင်မှ မြန်မာပို့စ်ကို ပြောဆိုပါသည်။ (၃-၈-၂၀၁၂) နေ့ နံနက်ပိုင်းတွင် ၎င်းမီးလောင်ပေါက်ကွဲသောစက်ရုံသို့ စက်မှုဝန်ကြီး ဦးစိုးသိမ်း နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် သီရိပျံချီ ဦးဘုန်းမော်ရွှေ တို့လာရောက်ကြည့်ရှုစစ်ဆေးကြောင်း သတင်းရရှိခဲ့ပါသည်။ ၀ိုင်းကြည်အောင်
READMORE
 

` မကွေးမြို့ မြသလွန်စေတီ တိုးချဲ့ရင်ပြင်တော်တွင်

` မကွေးမြို့ မြသလွန်စေတီ တိုးချဲ့ရင်ပြင်တော်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့်အများပြည်သူများ၏ မဟာဝိဇယရံသီ/မဟာအတုလရံသီတန်ဆောင်းတော် ရေစက်ချပွဲနှင့် (ဒုတိယအကြိမ်) စုပေါင်းဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်း´ သြဂုတ်(၂)ရက်။ ၀ါဆိုလပြည့်နေ့၊ နံနက်(၉)နာရီအချိန်တွင် မကွေးမြို့ မြသလွန်စေတီ တိုးချဲ့ရင်ပြင်တော်ပေါ်၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်အများပြည်သူများသည် သမိုင်းဝင် မြသလွန်စေတီတော်ရင်ပြင်တိုးချဲ့ခြင်း၊ မဟာဝိဇယ ရံသီ တန်ဆောင်းတော်၊(စေတီတောင်ဘက်) ၊ မဟာအတုလရံသီတန်ဆောင်းတော်(စေတီမြောက်ဘက်) တန်ဆောင်းတော် အသစ်များ ရေစက်ချပွဲအား မဟာဝိဇယ ရံသီတန်ဆောင်းတော်အတွင်း ကျင်းပကြောင်းသိရသည်။ ၎င်း ရေစက်ချပွဲနှင့် အတူ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (ဒုတိယအကြိမ်) စုပေါင်းဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းသော မင်္ဂလာ အခမ်းအနား ကျင်းပကြောင်း သိရ၏။ မကွေးမြို့မြသလွန်စေတီတော်မြတ်ကြီး၏ တောင်ဘက် မြောက်ဘက် ရင်ပြင်တော်တိုးချဲ့ခြင်းနှင့် ယခု အာရုံခံ တန်ဆောင်းများ အသစ်တည်ဆောက်ခြင်းများအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြသလွန်စေတီတော် သြ၀ါဒဆရာတော်ကြီးများထံသို့ လျှေက်ထားသြ၀ါဒခံယူပြီး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ မကွေးတိုင်းဒေသကြီးအစိုးရ ၀န်ကြီးချုပ် သီရိပျံချီ ဦးဘုန်းမော်ရွှေ၏ ဦးဆောင်လမ်းညွှန်ချက်အရ မြသလွန်စေတီတော်ဘုရားဂေါပကအဖွဲ့မှ အနီးကပ်ကြီးကြပ်၍ ဆောက်လုပ်ခဲ့ကြောင်းသိရသည်။ စတင်မဆောက်လုပ်မှီ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒုတိယ၀န်ကြီး ဦးကျော်လွင်၊ ဦးဝင်းဖေ( ဒု ဦးဆောင်ညွှန်ကြားရေးမှူး၊) (ပြုပြင်ထိန်းသိမ်းရေး) ပုံထုတ် ခန့်မှန်း သုတေသနဦးစီးဌာနနှင့် ဗိသုကာဦးစီးဌာနမှ ကျွမ်းကျင်အင်ဂျင်နီယာများလာရောက် ကြည့်ရှုကြသည်။ ထို့နောက်အကြို အင်ဂျင်နီယာများဆောင်ရွက် ရန် (၁၉-၉-၂၀၁၁)တွင် မကွေးမြသလွန်စေတီတော်မြတ်ကြီး၏ လက်ရှိရင်ပြင်တော်ကို ကွင်းဆင်း တိုင်းတာလေ့လာ ခဲ့ကြသည်။ ထို့နောက် ပထမ အဆင့်အနေဖြင့် (၂၂-၆-၂၀၀၉)နေ့တွင် တိုးချဲ့ဖွင့်လှစ်ခဲ့သော အနောက်ဘက်ရင်ပြင်တော် တိုးချဲ့စဉ်က စမ်းသပ်ရရှိပြီး အချက်အလက်များပေါ်တွင် တည်ဆောက်မှု ပုံစံများကို ရေးဆွဲခဲ့ကြပါသည်။ မြေသန့်မဂ်လာ အခမ်းအနားကို (၇-၁၀-၂၀၁၀) နေ့တွင်ကျင်းပ၍ ပန္နက်တင်မဂ်လာအခမ်းအနားကို (၁၂-၁၀-၂၀၁၁)နေ့တွင်ကျင်းပခဲ့သည်။ ထို့နောက် ၎င်းလုပ်ငန်းများကို High Tech Concrete Technology Co, Ltd သို့ပေးအပ်၍ တည်ဆောက်ခဲ့ပါသည်။ ၎င်း လုပ်ငန်းများကို မကွေးတိုင်းဒေသကြီး အင်ဂျင်နီယာမှူးကြီး၊ ခရိုင်အင်ဂျင်နီယာမှူး၊ မကွေးမြို့နယ်လက်ထောက် အင်ဂျင်နီယာနှင့် အငယ်တန်းအင်ဂျင်နေယာများမှ လုပ်ငန်းခွင်အား အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့သည်။ မဟာအတုလရံသီတန်ဆောင်းတော် (စေတီမြောက်ဘက်) မှာ (၂)ထပ်ဖြစ်ပြီး အလျား (၁၀၈)ပေ၊ အနံ (၃၀)ပေ အကျယ်ရှိ၍ RC အဆောက်အဦးဖြစ်သည်။ ထို တန်ဆောင်းအား ငွေကျပ်(၃၈၇၆.၈၈)သိန်းသုံးစွဲ၍ (၁၅-၁၀-၂၀၁၁) နေ့တွင်စတင်ပြီး (၃၀-၄-၂၀၁၂)နေ့မှာ လုပ်ငန်းပြီးစီးခဲ့ကြောင်းသိရ၏။ မဟာဝိဇယရံသီ တန်ဆောင်းတော် (စေတီတောင်ဘက်) တန်ဆောင်းတော်မှာ (၃)ထပ်ဖြစ်၏။ အလျား(၇၂)ပေ၊ အနံ(၄၅)ပေ အကျယ်ရှိ၍ RC အဆောက်အဦးဖြစ်သည်။ ထိုတန်ဆောင်းအားငွေကျပ်(၆၁၀၈.၉၁)သိန်းသုံးစွဲ၍ (၁၅-၁၁-၂၀၁၁)နေ့တွင်စတင်ပြီး (၃၁-၇-၂၀၁၂) နေ့မှာ လုပ်ငန်းပြီးစီးခဲ့ကြောင်းသိရသည်။ ဤတန်ဆောင်းတော်ကြီးနှစ်ဆောင် ဆောက်လုပ်ရန်အတွက် အများပြည်သူများ၏ စုပေါင်းလှူဒါန်းငွေများမှာ ငွေကျပ်(၉၉၈၅၇၉.၀၀) သိန်းပေါင်း ဖြစ်ကြောင်း ထိုအခမ်းအနားမှ မြသလွန်စေတီတော် ဂေါပကဥက္ကဋ္ဌ ဦးမင်းအေးလွင် (မကွေးခရိုင်အုပ်ချုပ်ရေးမှူး) မှ ရှင်းလင်းပြောကြား၍ သိရသည်။ ယင်းအခမ်းအနားအား မြသလွန်စေတီတော်သြ၀ါဒဆရာတော်ကြီးများကြွရောက်ပြီး ပရိပ်တရားတော်များရွတ်ဖတ် ပူဇော်၍ သာဓုအနုမောဒနာခေါ်ဆိုကြသည်။ မဟာဝိဇယရံသီတန်ဆောင်တော်(အသစ်)ကြီးကို မြသလွန်စေတီတော် သြ၀ါဒဆရာတော်ဘုရားကြီးများမှ ဥက္ကဋ္ဌ သြ၀ါဒဆရာတော်ဘုရားမှ စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။ ဤ မင်္ဂလာအခမ်းအနားသို့ မြန်မာနိုင်ငံအစိုးရအဖွဲ့မှ ပြည်ထောင်စုဝန်ကြီး များ ဖြစ်ကြသော အမှတ်(၁)လျှပ်စစ် ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းနှင့် ဒုတိယ၀န်ကြီး၊ သာသနာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယ ၀န်ကြီးဦးမောင်မောင်ဌေး(ဒေါက်တာမောင်မောင်ဌေး) တို့တက်ရောက်ကြောင်းသိရသည်။ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် သီရိပျံချီ ဦးဘုန်းမော်ရွှေ နှင့်ဝန်ကြီးအဖွဲ့၊ မြသလွန်စေတီတော် ဂေါပကအဖွဲ့၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော် အလှူရှင်များ တက်ရောက်ဖွင့်လှစ်ကြ၍ တန်ဆောင်းတော်ကြီးများ၏ ကမ္ပည်းမော်ကွန်း မှတ်တမ်းအား မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် သီရိပျံချီ ဦးဘုန်းမော်ရွှေမှ စက်ခလုပ်နှိပ်၍ဖွင့်လှစ် ပေးသည်။ ဤနေ့ထူးနေ့မြတ် ၀ါဆိုလပြည့်နေ့တွင် မြသလွန်စေတီတော်ရင်ပြင်ပေါ်မှာ ဘုရားဖူးပရိတ်သပ်များလည်း ကြက်ပျံမကျ စည်ကားနေကြောင်း မြန်မာအင်ဒီပဲန်ဒင့် မှ တွေ့မြင်သတင်းရရှိခဲ့ပါသည်။
READMORE
 

`၀ါဆိုလပြည့်နေ့မှာ မကွေးမြို့နယ်NLD ပါတီမှ သုံးနေရာခွဲ၍ (ပထမ အကြိမ်) ၀ါဆိုသက္ကန်းများကပ်လှူ´

သြဂုတ်(၂)ရက်၊ ၀ါဆိုလပြည့်နေ့၊ မကွေးမြို့၊ မြသလွန်ဘုရားအရှေ့ဘက်၊ အောင်ပုံရွာထိပ်ရှိ အတုလ၀ံသ ဘုန်းတော်ကြီးကျောင်း၊ ဦးပညာသာမိ ကျောင်းထိုင်ဆရာတော်ထံတွင် မကွေးမြို့နယ်NLD အဖွဲ့ဝင်၊ ပြည်တော်သာပါတီဝင် များမှ ၀ါဆိုသက္ကန်း ဆက်ကပ်ပွဲပြုလုပ်ကြောင်းသတင်းရရှိပါသည်။ မကွေးမြို့နယ် NLD ပါတီရုံးမှ မကွေးမြို့နယ် ကန်ပြား အနောက်ရွာ ဘုန်းတော်ကြီးကျောင်းနှင့် မကွေးမြို့ ကန်သာရေကန်ကြီး အရှေ့ဘက်ရှိ ဝေယံဘုံမြင့် ဘုန်းတော်ကြီး ကျောင်းတို့တွင် ၀ါဆိုသက္ကန်းများဆက်ကပ်လှူဒါန်းကြကြောင်း သိရပါသည်။ `ကျွန်တော့်နာမည် ဦးစိန်မောင်ပါ။ အမာခံအဖွဲ့(၄/၅)ယောက်လောက်စုပေါင်းမတည် လှူဒါန်းကြတာပါ။ ကျွန်တော်တို့ ပြည်တော်သာ NLD အဖွဲ့ဝင်အင်အားက(၁၀၀)လောက်ရှိပါတယ်။ ကျွန်တော်တို့ မကွေးမြို့နယ် NLD ရုံးအဖွဲ့က စုပေါင်း လှူဒါန်းပွဲကတော့ ကန်ပြားအနောက်ရွာဘုန်းကြီးကျောင်းနဲ့ ကန်သာကန်ကြီးဘေးက ဝေယံဘုံမြင့်ဘုန်းကြီးကျောင်း တို့မှာ ၀ါဆိုသက္ကန်းကပ်ကြပါတယ်။ နေရာ(၃)နေရာမှာ ခွဲပြီးလှူဒါန်းကြပါတယ်။ ဒါ ပထမအကြိမ် ကျွန်တော်တို့NLD ပါတီက ၀ါဆိုသက္ကန်း ဆက်ကပ် လှူဒါန်းကြတာပါ။ မကွေးမြို့နယ် NLD ရုံးအဖွဲ့သားတွေကတော့ ကျွန်တော်တို့ဆီကို နံနက်(၁၀)နာရီမှာ စုပေါင်းရောက်လာကြမှာပါခင်ဗျာ..။´ဟု NLD ပြည်တော်သာပါတီဝင်တစ်ဦးမှ ပြောပါသည်။ ၀ိုင်းကြည်အောင်
READMORE
 

`မကွေးတိုင်းဒေသကြီးသတင်းစာဆရာအသင်း ထိန်ထိန်သာဟော်တယ်မှာ ဖွဲ့စည်းပြီး´

ဇူလိုင်(၂၉) ၊ နံနက်(၉)နာရီမှာ မကွေးမြို့ ရွာသစ်/ပွဲကြိုရပ်ကွက်၊ (၁၇)လမ်း၊ ထိန်ထိန်သာဟော်တယ်တွင် မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဖြစ်မြောက်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မကွေးတိုင်းဒေသကြီးသတင်းစာဆရာ အသင်း အဖွဲ့ဝင်အင်အားစာရင်း(၇၀)၊ အဆိုပြုလွှာနောက်တိုး(၁၀)ဦး စုစုပေါင်း(၈၀)ဖြင့် ဖွဲ့စည်းကြောင်းသတင်းရရှိပါသည်။ ရွေးချယ်ရေးကော်မရှင်အဖြစ် မကွေးမြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဆရာ မကွေးဝင်းမြင့်၊ ဒု ဥက္ကဋ္ဌ ဆရာတင်လင်းဇော်(အမျိုးသားစာပေဆုရှင်)၊ ဆရာနေခြည်(မကွေး) နှင့် အခမ်းအနားမှူး စာရေးဆရာမ ရွှေယင်းမြေ ခင်စံပယ်ဖြူတို့မှ ကော်မရှင်များအဖြစ် တာဝန်ယူဖွဲ့စည်း၍ ရွေးချယ်ပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံသတင်းစာ အသင်း ဖြစ်မြောက်ရေးကော်မတီဝင် ဆရာဦးမြတ်ခိုင်( လျှပ်တစ်ပြက်/မော်နီတာ အယ်ဒီတာချုပ်) မှ ရွေးချယ်ဖွဲ့စည်းပေး သော မကွေးတိုင်းဒေသကြီးသတင်းစာဆရာအသင်း အလုပ်အမှုဆောင်(၂၁)ဦး နှင့် မြန်မာနိုင်ငံသတင်းစာဆရာအသင်း ညီလာခံကိုယ်စားလှယ်(၅)ဦးတို့ကို အတည်ပြုလက်ခံပါသည်။ ထို့နောက် မကွေးတိုင်းဒေသကြီးသတင်းစာဆရာအသင်း ဥက္ကဋ္ဌ ဒေါက်တာသက်လွင် မှ နိဂုံးချုပ်ကျေးဇူးတင်စကားပြောကြားသည်။ ၎င်းအခမ်းအနားတွင် မကွေးတိုင်းဒေသကြီး သတင်းစာဆရာအသင်း အတွက် ရံပုံငွေများကို ဒေါက်တာသက်လွင်မှ ငွေကျပ်(၁)သိန်း ၊ ဟင်္သသာ(တောင်တွင်း)မှ ငွေကျပ်(၂)သောင်း မတည်စိုက်ထူ လှူဒါန်းကြကြောင်း သတင်းရရှိပါသည်။ မကွေးတိုင်းဒေသကြီးသတင်းစာဆရာအသင်းအလုပ်အမှုဆောင်အဖွဲ့ (၁) ဥက္ကဋ္ဌ ဒေါက်တာသက်လွင် - ကလောင်အမည်= ဒေါက်တာသက်လွင် ပခုက္ကူမြို့။ (၂) ဒု ဥက္ကဋ္ဌ ဦးလှမြင့် ။ မကွေးလှမြင့် မကွေးမြို့။ (၃) အတွင်းရေးမှူး ဦးဝင်းကြည် ။ ရွှေလမ်းငွေလမ်းဝင်းကြည် မကွေးမြို့။ (၄) တွဲဘက် အတွင်းရေးမှူး ဦးသိန်းဇံ ။ နေဦးမောင် ပခုက္ကူမြို့။ (၅) ဘဏ္ဍာရေးမှူး ဦးလှဖုန်း ။ ဟင်္သာ(တောင်တွင်း) တောင်တွင်းမြို့။ (၆) တွဲဘက် ဘဏ္ဍာရေးမှူး ဦးဆန်းညွှန့် ။ ဆန်းညွှန့်(ရေနံချောင်း) ရေနံချောင်းမြို့။ (၇) စာရင်းစစ် ဦးဝင်းဌေး ။ ၀င်းဌေး(ဘဏ်) မင်းဘူး/စကုမြို့။ (၈) ပြန်ကြားရေး ဦးဝင်မောင် ။ မကွေးဝင်းမောင် မကွေးမြို့။ (၉) အဖွဲ့ဝင် ဦးခင်မောင် ။ မောင်ပွင့်စော(ပခုက္ကူ) ပခုက္ကူမြို့။ (၁၀) ။ ဦးမင်းသန့် ။ မင်းသန့်ဇင်(ပခုက္ကူ) ပခုက္ကူမြို့။ (၁၁) ။ ဦးစောလင်းနိုင် ။ ဇေယျာစော ပခုက္ကူမြို့ ။ (၁၂) ။ ဦးဝင်းချို ။ ကာတွန်း အောင်ချမ်းမြေ့/မင်းဘူး မင်းဘူး/စကုမြို့။ (၁၃) ။ ဦးခင်မောင်စိုး ။ ပေါက်ကလေး(သရက်) သရက်မြို့ ။ (၁၄) ။ ဦးကိုကိုအောင် ။ အောင်ကြီး(သရက်) သရက်မြို့။ (၁၅) ။ ဦးတင်ဆွေဦး ။ ပေါ်ဦး(နတ်မောက်) နတ်မောက်မြို့။ (၁၆) ။ ဦးကျော်သိန်းဦး ။ နတ်မောက် ကျော်သိန်းဦး နတ်မောက်မြို့။ (၁၇) ။ ဦးမြင့်သန်း ။ မကွေးမြင့်သန်း မကွေးမြို့။ (၁၈) အဖွဲ့ဝင် ဦးအောင်ကိုကိုဝင်း ကလောင်အမည် ကာတွန်း အေကေ(AK) မကွေးမြို့။ (၁၉) ။ ဦးသိန်းညွှန့် ။ စောလှနွယ် မကွေးမြို့။ (၂၀) ။ ဦးအောင်ကျော်ညွှန့် ။ ကာတွန်း ဇေယျတု မကွေးမြို့ ။ (၂၁) ။ ဒေါ်ဥမ္မာခင် ။ ဥမ္မာခင်(မကွေး) မကွေးမြို့ ။ အထက်ပါ အလုပ်အမှုဆောင်(၂၁)ဦးသည် မြန်မာနိုင်ငံသတင်းစာဆရာအသင်း ညီလာခံကိုယ်စားလှယ်များဖြစ်ကြသည်။ `မြန်မာနိုင်ငံသတင်းစာဆရာအသင်း သို့တက်ရောက်ရန် သီးခြားရွေးချယ်သော ညီလာခံကိုယ်စားလှယ်များ´ (၁) ဦးဝင်းလွင် ကလောင်အမည် ၀င်းလွင်(ရေနံချောင်း) ရေနံချောင်းမြို့။ (၂) ဦးမြင့်ဦး ။ လွမ်းထား(မကွေး) မကွေးမြို့။ (၃) ဦးလှဝင်း ။ ကောင်းသုတ(မင်းဘူး ) မင်းဘူး/စကုမြို့။ (၄) ဦးမောင်မောင်မြင့် ။ ချစ်မင်းဧရာ မကွေးမြို့ (၅) ဦးဇော်ဝင်း ။ နတ်မောက်သား မြွေဟောက် နတ်မောက်မြို့။ ရွှေလမ်းငွေလမ်းဝင်းကြည် ဦးဝင်းကြည် (အတွင်းရေးမှူး) မှတ်တမ်းတင်သူ မကွေးတိုင်းဒေသကြီးသတင်းစာဆရာအသင်း၊ မကွေးမြို့။ ဖုန်း ၀၉၄၄၀၂၂၅၁၀၀
READMORE
 

`အဲဒီ သက်ဆိုင်သူမပါတဲ့ လူနာအတွက် ဆေးဘိုးကဘယ်သူရှင်းမှာလဲ..?

`အဲဒီ သက်ဆိုင်သူမပါတဲ့ လူနာအတွက် ဆေးဘိုးကဘယ်သူရှင်းမှာလဲ..? ဆိုသော မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးမှ ၀န်ထမ်းတစ်ချို့´ ၂၀၁၂ ၊ ဇူလိုင်(၁၇)ရက်နေ့ ည(၁၀း၃၀)နာရီခန့်တွင် မကွေးမြို့၊ တောင်တွင်းလမ်း၊ ဖန်းခါးမြေဘိုးဘွားရိပ်သာအနီး မော်တော်ဆိုင်ကယ်နှစ်စီး ယာဉ်တိုက်မှုဖြစ်ကြောင်း သတင်းရရှိသည်။ ၂၂ယ/၃၀၀၅၄ ဆိုင်ကယ်စီးသူ အသက်(၅၈)နှစ် ဦးခင်မောင်တိုး(မကွေးမြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး မြန်မာပြည်ဆရာဟိန်း) နှင့် မက/၅၁၄၉၁ ဆိုင်ကယ်စီးသူ အသက်(၂၇)နှစ် ကိုဇင်သူအောင်(နိုင်ငံခြားသင်္ဘောသား၊ ရန်ကုန်)ဧည့်သည် တို့ဖြစ်ကြောင်းသိရ၏။ ကိုဇင်သူအောင်သည် သူငယ်ချင်း ကိုဘုန်းမြင့်ကျော်၊ မကွေးတက္ကသိုလ်ဝန်ထမ်းရိပ်သာတွင် တည်းခိုနေထိုင်ကြောင်း၊ အခင်းဖြစ်ပွားစဉ် လက်ကိုင်ဖုန်း(၀၉-၅၀၉၁၂၈၆) တယ်လီဖုန်းနှင့် ငွေများပါကြောင်း၊ ယင်းပစ္စည်းများမှာ ပျောက်ဆုံးနေကြောင်းကို မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးပေါ်တွင် ဇူလိုင်(၁၈)ရက်နေ့ နံနက်(၆း၃၀)မှာ ကိုဇင်သူအောင်မှ မြန်မာပို့စ်သို့ ပြောဆိုပါသည်။ ယင်း ဆိုင်ကယ်နှစ်စီးမျက်နှာချင်းတိုက်မှုကို (ပ)၁၈၃/၂၀၁၂ ပုဒ်မ ၃၃၇/၃၃၈ ဖြင့် မကွေးမြို့ အမှတ်(၁)ရဲစခန်းတွင် တိုက်သော ဆိုင်ကယ်များနှင့် ဆိုင်ကယ်စီးသူ နှစ်ဦးတို့အား အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိ ပါသည်။ ထို ဆိုင်ကယ်တိုက်သောနေရာတွင် သက်ဆိုင်ရာရဲတပ်ဖွဲ့ ယာဉ်ထိမ်းများနှင့် မကွေးမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဦးလှဝင်း(တပ်ခွဲမှူး)တို့အဖွဲ့သည် ဒဏ်ရာရသူနှစ်ဦးကို အချိန်မီ စစ်ဆေးဆောင်ရွက်၍ မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်လူနာအဖြစ် တင်ပေးခဲ့ကြောင်း၊ ကိုဇင်သူအောင်၏ နောက်မှာ သက်ဆိုင်သူ မည်သူတစ်ဦးတစ်ယောက်မှ ပါမလာကြောင်း၊ ကိုဇင်သူအောင်သည် နားထဲ၊ နှာခေါင်းထဲမှ သွေးများထွက်၍ လူးလွန့်ခံစားနေရကြောင်း၊ ဆေးရုံပေါ်မှ တာဝန်ကျဝန်ထမ်းများသည် ကိုဇင်သူအောင်အား မည်သူကမျှ ဆေးကုသ စောင့်ရှောင့်ပေးခြင်းမရှိကြကြောင်း၊ ထို့ကြောင့် အမြင်မတော်၍ စာရေးဆရာ သတင်းထောက် နေခြည်(မကွေး) မှ သက်ဆိုင်ရာတာဝန်ကျသူ ဆရာဝန် သူနာပြုဝန်ထမ်းများအားပြောဆိုကြောင်း ထိုအခါ တာဝန်ကျဆရာဝန်တစ်ဦးဆိုသူက ဘာမျှဆေးကုသခြင်းမပြုသေးလို့ ကုသပေးရန်ပြောဆိုသူ သတင်းထောက် နေခြည်(မကွေး) အား ၀တ္တရားနှောက်ယှက်မှုနဲ့ အရေးယူမည်ဟု စကားများနေကြကြောင်းတို့ကို မကွေးမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဦးလှဝင်း(တပ်ခွဲမှူး) မှ မြန်မာပို့စ်သို့ ပြန်လည်ပြောဆိုပါသည်။ ထိုညတွင် စာရေးဆရာ လူနာမြန်မာပြည်ဆရာဟိန်းထံသို့ စာရေးဆရာ သတင်းထောက် မျိုးဇော်(မကွေး)၊ ကောင်းသုတ(မင်းဘူး) နှင့် နေခြည်(မကွေး)တို့ သွားရောက်၍ မေးမြန်း ၀ိုင်းဝန်ကူညီဆောင်ရွက် ပေးကြောင်း သိခဲ့ရသည်။ ထိုဖြစ်စဉ်၏ အဖြစ်မှန်အသေးစိတ်သိလို၍ နေခြည်(မကွေး)ထံသို့ ဇူလိုင်(၁၈)ရက်နေ့မှာ မြန်မာပို့စ်မှ သွားရောက်ခဲ့ရာ ဤသို့ ရှင်းလင်းပြောဆိုပါသည်။ `` ဇူလိုင်(၁၇)ရက်နေ့ ည(၁၀နာရီခွဲ)အချိန်လောက်မှာ မိတ်ဆွေစာရေးဆရာတစ်ဦး ယာဉ်တိုက်မှုဖြစ်ပြီး ဆေးရုံရောက်နေတယ်လို့သတင်းလာပေးတာကြောင့်ချက်ချင်းပဲဆေးရုံကိုအပြေးသွားခဲ့ပါတယ်။ဆေးရုံကိုရောက်တော့နံကျိုး ပြီးအဆုတ်ကိုထောက်သွားတာကြောင့် အဆုတ်ထဲကိုရောက်နေတဲ့ရေနဲ့သွေးတွေကိုဖောက်ထုတ်ရမယ်။ ခေါင်းမှာလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်လို့သိလိုက်ရပါတယ်။ ဆိုင်ကယ်ချင်းတိုက်တာလို့သိရတာ ကြောင့်တစ်ဖက်ဆိုင်ကယ်သမားရဲ့အချေအနေကိုသွားကြည့်တော့ နားထဲက သွေးတွေထွက်နေပြီး ဒဏ်ရာဒဏ်ချက်တစ်ချို့နဲ့အန်နေတာကိုတွေ့ရတယ်။ နာမည်ကိုပဲပြောနိုင်ပြီး ဘာကိုမှမေးမရဘူး။ တစ်ချက်တစ်ချက်အန်နေတယ်။ ဆရာဝန်အမြင်နဲ့တော့ မပြောတတ်ဘူး၊ သာမန်လူအမြင်မှာတော့ နားထဲကလည်း သွေးထွက်၊ အန်လည်းအန်တယ်ဆိုတော့ အခြေအနေမကောင်းဘူးပေါ့။ မိတ်ဆွေစာရေးဆရာမှာဒဏ်ရာပြင်းတယ်ဆိုပေမယ့်ဓာတ်မှန်ရိုက်ခနဲ့ဆေးဖိုးဝါးခတွေထုတ် ပေး မယ့်သူရှိတာ ကြောင့် လိုအပ်တဲ့ဆေးကုသမှုကိုခံယူရပါတယ်။ ဟို တစ်ဖက်လူမှာတော့ လူနာကုတင်ပေါ်မှာတငြီးငြီးတငြူငြူနဲ့ ပြုစုကုသမယ့်သူမဲ့နေရှာတယ်။အတူရောက်နေတဲ့ မိတ်ဆွေစာရေးဆရာ သတင်းထောက်ကလည်း `မတော်ပါဘူးဗျာ၊ လူနာ ရှင်မရှိတာနဲ့ ပစ်ထားကြတယ်။ အတော်သံဝေဂရစရာကောင်းတာပဲ..`တဲ့။ဒါနဲ့ စာရေးသူလည်းမနေသာတော့ပဲ ဆရာဝန်တွေ နားနေခန်းဆီသွားပြီး အဲဒီလူနာကို ဆေးကုသမှုမပေးဘူးလား..လို့မေးပါတယ်။ဆရာဝန်မလို့ယူဆရသူ(အဲဒီအထဲမှာရှိတဲ့ နာ့စ် တွေကလွဲရင် ဘယ်သူမှဆရာဝန်ဂျူတီကုတ်ဝတ်မထားလို့ပါ)က` လူနာရှင်မရှိဘူးလေ..`.တဲ့။ ဒီတော့.. `လူနာရှင်မရှိတာနဲ့ အခုလိုပဲပစ်ထားတော့မှာလားဗျာ`..လို့ ပြောတော့ အဲဒီဆရာဝန်မက ဘယ်လိုပြန်ပြောသလဲ ဆိုတော့..`ပိုက်ဆံဘယ်သူရှင်းမလဲ`..တဲ့။ `သြော်..ပိုက်ဆံရှင်းမယ့်သူမရှိလို့ ကုမပေးနိုင်ဘူးပေါ့..ဟုတ်ပါပြီ..အဲဒီစကားကို Record လုပ်ထားပါ့မယ်။ ကျွန်တော် စာနယ်ဇင်းကပါ` လို့ပဲပြောပြီးပြန်ထွက်ခဲ့ပါတယ်။ ခဏလေးနေတော့` အခုနလေးက စာနယ်ဇင်းဆိုတဲ့လူ ခဏလာပါဦး` ..ဆိုပြီးခေါ်တာကြောင့် ပြန်ဝင်သွားတော့..ဆရာဝန်လို့ယူဆရသူ(ဂျူတီကုတ်ဝတ်မထားသောကြောင့်) က `ခင်ဗျား အခုနက စာနယ်ဇင်းကလို့ပြောတယ်၊ ဘယ်စာနယ်ဇင်းလဲ..ခင်ဗျားကိုဝတ္တရားနှောက်ယှက်မှုနဲ့ အရေးယူလို့ရ တယ်..`လို့ပြောပါလေရော။ဒီတော့ `စာနယ်ဇင်းကလို့ ပြောရတာ ဆရာကြားတဲ့အတိုင်း ဘယ်သူပိုက်ဆံရှင်းမှာလဲ..ဆိုတဲ့ စကားကြောင့် အဲဒီစကားကို Record လုပ်ရမှာမလို့ စာနယ်ဇင်းကဆိုတာ အသိပေးတာပဲလေ..`လို့ဆိုတော့ `အဲဒီစကားမှားသွားတဲ့အတွက်တောင်းပန်ပါတယ်…ဆိုပြီးလူနာကိုပစ်ထားတာမဟုတ်ကြောင်း၊ရှေ့ကသူ့ထက်အရေးကြီးတဲ့သူတွေကိုဦးစားပေး လုပ်နေရတာဖြစ်ကြောင်း..ရွှေပြည်အေးတရားဟော ပါတော့တယ်။ဖြစ်တာကယာဉ်တိုက်မှု။ လိုအပ်တဲ့ ဆေးကုသမှုကို အလျင်မီအောင်မရရှိတဲ့အတွက်မဖြစ်သင့်ပဲ တိမ်းပါးသွားခဲ့ရင်ကိုယ့်လူမှာ အမှုပိုကြီးသွားနိုင်တာ ကြောင့်ရယ်။ လူသားချင်းစာနာတဲ့စိတ်ရယ်ကြောင့်သွားပြောမိခဲ့တာပါ။ ၀တ္တရားနှောက်ယှက်မှုဆိုတာဘာလဲ။ ဆောင်ရွက် ရမယ့်ဝတ္တရားရှိတာကို ဆောင်ရွက်ခြင်းမရှိလို့ သွားပြောမိတာ လေ။ မဆောင်ရွက်တဲ့ဝတ္တရားကိုများ ဘယ်လိုနှောက်ယှက် နိုင်မှာတဲ့လဲ ဆရာဝန် လေးရယ်..လို့ ပြန်ပြောချင်လိုက်တာ။ လျှာကိုယားနေတာပဲ။ ကိုယ့်လူနာအတွက်အနှောက် အယှက် ဖြစ်မှာစိုးလို့အသာလေးပဲ ပြန်ထွက်လာခဲ့ရတယ်။ ဒီ ဆရာဝန်လေးတွေ (ဟောက်ဆာဂျင်)ပဲရှိတာမဟုတ်လား ၊ဘယ်ဆရာဝန်ကြီးတွေမှ လာတာမတွေ့ရဘူးလေ။ သူတို့ငြိုငြင်သွားလို့မဖြစ်တာကြောင့်ပေရှည်မနေတော့ပါဘူး။ ဒါတောင်မိတ်ဆွေလူနာကို ကူညီနေသူတစ်ဦးက `အဲလို သွားပြောလိုက်လို့ထင်တယ်၊ ခင်ဗျားလည်း ထွက်သွားရော ဒီလူနာ(မိတ်ဆွေ)ကို နေပြည်တော်ပို့ရလိမ့်မယ် လို့ပြောနေပြီ`..တဲ့။ `မပူပါနဲ့၊ သူတို့ကအလုပ်သင်ဆရာဝန်လေးတွေပါ၊ ဒီလိုကိစ္စသူတို့ဆုံးဖြတ်ချက်နဲ့လုပ်မှာမ ဟုတ်ပါဘူး။ ဆရာဝန်ကြီးတွေရှိပါသေးတယ်..`လို့ ပြန်ပြောရတယ်။ဆေးရုံတွေအကြောင်းရေးကြတာလည်းများ နေလို့အားနာစရာ တောင်ကောင်းနေပါပြီ။ ဒီဖြစ်စဉ်ကိုသုံးသပ်ကြည့်ရင်ပေါက်ပင်ဘာကြောင့်ကိုင်းရတယ် ဖြစ်နေလိမ့်မယ်ထင်တယ်။ ခုလိုဖြစ်စဉ်မျိုး ဆေးရုံမှာ မကြာခဏကြုံတွေ့ရမှာပါ။ ယာယီအားဖြင့်လူနာရှင်မပေါ်သေးတဲ့အခါ ကျသင့်မယ့်ဆေးကုသစရိတ်တွေကိုဆရာဝန်လေးတွေအနေနဲ့ဘယ်စိုက်ထုတ်နိုင်လိမ့်မလဲ။ဒါကိုဆေးရုံကဘယ်လိုအစီအစဉ်မှ ချမှတ်မထားဘူးလား။ ဒီလိုပဲ ပိုက်ဆံရှင်းမယ့်သူမရှိရင် ပစ်ထားကြတော့မှာပဲလား..ဆိုတဲ့မေးခွန်းတွေကစာရေးသူရဲ့ ဦးနှောက်ကို အလုပ်ပေးနေပါတော့တယ်…။ ပြည်သူ့ဆေးရုံကြီးပေါ်မှာ ငွေမပါရင် သေကြရတော့မှာလား ဆရာရယ်..။ စရိတ်မျှပေး ကျန်းမာရေးဆိုတဲ့ ဆောင်ပုဒ်က ချိတ်ထားယုံသက်သက်သာဖြစ်နေသလား ဆရာရယ်..။ (ကျွန်တော်ပြောဆိုခဲ့တဲ့ အချက်အလက်များနဲ့ ပတ်သက်လို့ ရှင်းရမယ်ဆိုရင်းလဲ ကျွန်တော်တာဝန်ယူတယ်ခင်ဗျာ..။) ဟု ကိုနေခြည် မှ မြန်မာပို့စ်သို့ သတင်းပေးပြောဆို၍ သတင်းရယူခဲ့ပါသည်။ ၀ိုင်းကြည်အောင်
READMORE
 

ဇူလိုင်(၂၉)ရက်နေ့တွင် မကွေးတိုင်းဒေသကြီးသတင်းစာဆရာအသင်းဖွဲ့စည်းမည်။

MJA တွင် အဆိုပြုလွာလျှောက်ထားသူများနှင့် သတင်းစာဆရာများ၊ မဂ္ဂဇင်း၊ ဂျာနယ်များတွင် ရေးသားနေသော ကာတွန်းဆရာ၊ သတင်းသမားများ ဖိတ်စာရသည် ဖြစ်စေ၊ မရသည်ဖြစ်စေ၊ ဖုန်းဆက်သည်ဖြစ်စေ မဆက်သည်ဖြစ်စ တက်ရောက်နိုင်ကြပါသည်။ အားလုံးကို လေးစားခင်မင်စွာဖြင့် ကြိုဆိုပါမည်။ ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

`(၁၉)ဇူလိုင်နေ့တွင် မကွေးမြို့နယ်NLD ပါတီမှ လွတ်လပ်ရေးပန်းခြံ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ် သို့ ချီတက်၍ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု´

ဇူလိုင်(၁၉)ရက်နေ့၊ နံနက်(၇)နာရီတွင် မကွေးမြို့၊ မြင်သာရပ်ကွက်၊ မဲထီးလမ်းရှိ NLD ရုံးမှ မကွေးမြို့နယ်NLD ပါတီဝင်အင်အား(၆၀၀)ခန့်ဖြင့် မကွေးမြို့၊ ဗိုလ်ချုပ်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်၊ လွတ်လပ်ရေးပန်းခြံသို့ ငြိမ်းချမ်းစွာဖြင့် ချီတက်၍ အလေးပြုကြောင်း သတင်းရရှိပါသည်။ ထို့နောက် မကွေးမြို့နယ် NLD ရုံးခန်းအတွင်း (၆၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပပြုလုပ်ကြောင်းသိရသည်။ ထိုအခမ်းအနားတွင် မကွေးမြို့နယ်NLD နာယက ဦးအောင်စိုးမှ အဖွင့်အမှာစကားပြောသည်။ လူငယ်အဖွဲ့ဝင် ကိုစိုးသူဝင်းမှ NLD ဗဟိုလ်၏ (၆၅)နှစ်မြောက် အာဇာနည်နေ့အတွက် ပေးပို့သော သ၀န်လွှာကိုဖတ်ကြားသည်။ထို့နောက် ခရိုင်အဖွဲ့ဝင် ဦးစိုးမိုး မှ ယနေ့ကျင်းပသော အခမ်းအနား ဖြစ်အောင်ဆောင်ရွက်ရပုံများကို အသေးစိတ်ရှင်းလင်း ပြောဆိုသည်။ ထို့နောက် တိုင်းညီလာခံကျင်းပရေး ဦးချစ်ထွေးမှ ကျေးဇူးတင်စကားပြောဆို၍ အခမ်းအနားအား နံနက်(၉)နာရီတွင် အောင်မြင်စွာကျင်းပပြီးဆုံးကြောင်းသိရသည်။ နံနက်(၁၀း၃၀) တွင် မကွေးမြို့ တောင်တွင်းလမ်းရှိ သံဃာ့ရတနာရာမ ကျောင်းတိုက်တွင် (၆၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကျဆုံးခဲ့သော အာဇာနည် ခေါင်းဆောင်ကြီးများအားရည်စူး၍ သံဃာတော်များကို ဆွမ်းကပ်လှူဒါန်းကြပြီး ရေစက်သွန်းချ အမျှဝေပြီး ကောင်းမှုကုသိုလ်များဖြင့် ဂုဏ်ပြုကြကြောင်း သတင်းရရှိခဲ့ပါသည်။ ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

မကွေးတိုင်းဒေသကြီး သတင်းစာဆရာအသင်း မျက်နှာစုံညီပွဲအား မကွေးမြို့တွင် ဇူလိုင်(၂၉)ရက်မှာ ကျင်းပမည်ဟုဆို ´

`မကွေးမြို့နယ်စာရေးဆရာအသင်း ညီလာခံအတွေ့အကြုံရှင်းလင်းပွဲ ကျင်းပပြီး။ မကွေးတိုင်းဒေသကြီး သတင်းစာဆရာအသင်း မျက်နှာစုံညီပွဲအား မကွေးမြို့တွင် ဇူလိုင်(၂၉)ရက်မှာ ကျင်းပမည်ဟုဆို ´ ၂၀၁၂ ဇူလိုင်(၁၅)ရက်နေ့၊ နံနက်(၉)နာရီတွင် မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမ မှာ မြန်မာနိုင်ငံစာရေးဆရာအသင်း ညီလာခံအတွေ့အကြုံရှင်းလင်းပွဲအား မကွေးမြို့နယ်စာရေးဆရာအသင်းမှ ကျင်းပပြုလုပ် ကြောင်း သတင်းရရှိသည်။ မကွေးမြို့နယ်စာရေးဆရာအသင်း အလုပ်အမှုဆောင်အဖွဲ့နှင့် အဖွဲ့ဝင်များတက်ရောက်ကြသည်။ မြန်မာနိုင်ငံစာရေးဆရာအသင်း ညီလာခံကိုယ်စားလှယ်များဖြစ်ကြသော မကွေးမြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ မကွေးဝင်းမြင့် နှင့် ဆရာနေခြည်(မကွေး) တို့ နှစ်ဦးသည်၊ ၂၀၁၂ မတ်လ(၂၄)ရက်နေ့၊ပဉ္စမအကြိမ် အရေးပေါ် ညီလာခံမှ မြန်မာနိုင်ငံစာရေးဆရာအသင်း ညီလာခံအတွေ့အကြုံများကို ပြန်လည်ရှင်းလင်းကြကြောင်းသတင်းရရှိခဲ့ပါသည်။ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းဝင်ဖြစ်မြောက်ရေးအတွက် လျှောက်ထားကြသော မကွေတိုင်းဒေသကြီး အတွင်းရှိ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ သရက်ခရိုင်၊ ပခုက္ကူခရိုင်၊ ဂန့်ဂေါ်ခရိုင် တို့မှ သတင်းစာဆရာ၊ ဂျာနယ်လစ် များသည် မကွေးမြို့မှာ စုပေါင်းတွေ့ဆုံကြမည်ဟု သတင်းစာဆရာအသင်းဖြစ်မြောက်ရေးတာဝန်ခံ ဦးမြတ်ခိုင် မှ ချိန်းဆိုထားကြောင်း သိရသည်။ ၎င်းတွေ့ဆုံပွဲကို မကွေးမြို့၊ (ထိန်ထိန်သာ ဟောတယ်) တွင် ဇူလိုင်(၂၉)ရက်၊ တနင်္ဂနွေနေ့၊ နံနက်(၉)နာရီတွင် ကျင်းပရန် စီစဉ်ထားကြောင်း သတင်းရရှိပါသည်။ ထို မကွေးတိုင်းဒေသကြီး သတင်းစာဆရာအသင်း မျက်နှာစုံညီတွေ့ဆုံပွဲသို့ တက်ရောက် လိုသူ အဖွဲ့ဝင်များသည် မကွေးမြို့မှ (ဦးဝင်းကြည် ဖုန်း ၀၉-၄၄၀၂၂၅၁၀၀ နှင့် ဦးသိန်းညွှန့် ဖုန်း ၀၆၃- ၂၅၀၄၁) တို့ထံတွင် အစီအစဉ်များအား ဆက်သွယ်မေးမြန်းနိုင်ကြောင်း သတင်းရရှိပါသည်။ ၀ိုင်းကြည်အောင်
READMORE
 

`မကွေး-မန္တလေးလိုင်းရှိ့ ကားဒရိုင်ဘာတစ်ဦးမှ ခရီသွား အများပြည်သူများအား ရိုင်းပြစွာဖြင့် ဆက်ဆံပြောဆို၍ အထူးကုဆရာဝန်ကြီးတစ်ဦးမှ (မ.ထ.သ)သို့တိုင်ကြား´

ဇူလိုင်(၉)ရက်နေ့တွင် နိုင်ငံခြားဆေးကုမ္ပဏီ မန်နေဂျာဦးဇော်လင်းခိုင်မှ မြန်မာပို့စ်ကို ဖုန်းဆက်၍ မီဒီယာရှင်းလင်းပွဲသို့ ဖိတ်ကြားပါသည်။ မကွေးတိုင်းဒေသကြီး မကွေးမြို့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး ဒေါက်တာပါပါ မှ သူ၏ရုံးခန်းတွင် တွေ့ဆုံရှင်းလင်းပြောကြားပါသည်။ `ကျွန်တော် ဖြစ်စဉ်လေး အကျဉ်းကိုပြောပြပါ့မယ်။ ဇူလိုင်(၆)ရက်၊ သောကြာနေ့ည(၇)နာရီမှာ မန္တလေးမြို့ကို ပြန်ဖို့ မကွေးကားကြီးကွင်းထဲက ရာဇာအောင်ကားဂိတ်သို့သွားခဲ့ပါတယ်။ ရာဇာအောင်ကားက မင်းဘူးမြို့က ညနေ (၆)နာရီ မှာ ထွက်စတယ်လို့သိရပါတယ်။ မကွေးကားဂိတ် ကိုရောက်လာပြီး မကွေးဂိတ်မှ ကားထွက်ချိန်(၇)နာရီဖြစ်ပါတယ်။ အဲဒီနေ့ထွက်မဲ့ ရာဇာအောင်ကားက မကွေးကားဂိတ်သို့ ည(၉)နာရီအထိ ရောက်မလာပါဘူး။ မကွေး ရာဇာအောင်ကားဂိတ်ထဲမှာ ခရီးသည်များကို သိရှိစေရန် မည်သူတစ်ဦးတစ်ယောက်ကမျှ အသိပေးပြောဆိုခြင်း၊ စာရေးသားပြီး အသိပေးထားခြင်း လုံးဝမရှိပါ။ ဒါကြောင့် မကွေးကားဂိတ်က တာဝန်ရှိသူ တစ်ဦးကို မေးတော့ ကားက လမ်းမှာ ဘီးပေါက်နေတယ်ဘဲ ဖြေပါတယ်။ ကားဘီပေါက်ရင်လည်း ဒီလောက်အချိန်(၂)နာရီ မကြာလောက်ပါဘူး။ ဒါနဲ့ သူက အဲဒီ ရာဇာအောင်ကားက ကားဒရိုင်ဘာရဲ့ ဟန်းဖုန်းနံပါတ်(၀၉-၄၃၁၇၂၇၉၉)ကို ပေးပါတယ်။ ကားဒရိုင်ဘာထံ ဖုန်းဆက်ပါတယ်။ ` ကား ဘာဖြစ်နေပါသလဲခင်ဗျာ ကျွန်တော်တို့ ခရီးသွားမယ့်သူတွေ ဒီဘက်မှာ စောင့်နေရတာ(၂)နာရီ တောင်ကြာနေပါပြီ..´လို့ မေးပါတယ်။ အဲဒါကို ဒရိုင်ဘာက ဘာပြန်ပြောသလဲဆိုရင် သူပြောဆိုသလို ကျွန်တော် ပြန်မပြောပြရဲပါဘူး။ အင်မတန် လွန်စွာကို မကြားဝန့် မနာသာ စကားနဲ့ ဖုန်းထဲက အကြောင်းပြန်ပါတယ်။ နောက်ဆုံး သူကဘာပြောသလဲ ဆိုတော့ `ကားပျက်ပါတယ်ဆိုမှ ဘာပြောပြနေရမှာလဲ။ ခင်ဗျားတို့ မန္တလေးကို ဘယ်အချိန် ရောက်ချင်တာလဲပြော..?။ ခင်ဗျားတို့ မစောင့်နိုင်ရင် ဂိတ်ကနေ ကားခပြန်ထုတ်ပြီး ပြန်တော့´ လို့ဆိုပါတယ်။ ဒါနဲ့ ကျွန်တော်ကပြန်ပြောပါတယ်။ ည(၉)နာရီထိုးနေပါပြီ..။ မကွေးကနေ မန္တလေးကို ထွက်တဲ့နောက်ဆုံးကားဂိတ် ရွှေမန်းသူကားကလည်း ည(၈)နာရီထိုးမှာ ထွက်သွားပြီ ဒီလိုပြောလို့ ဘယ်ဖြစ်ပါ့မလဲဗျာ..လို့ဆိုလိုက်ပါတယ်။ သူပြောတဲ့ ခင်ဗျားတို့ မန္တလေးကို ဘယ်အချိန်ရောက်ချင်တာလဲ ဆိုတဲ့စကားဟာ ဒရိုင်ဘာတစ်ယောက်ပြောဆိုရမယ့်စကား မဟုတ်ပါ။ ကျွန်တော်တို့သည် လူတွေပါ။ လူသားတစ်ဦးလို ဆက်ဆံပေးပါ။ ကျွန်တော်တို့သည် ကုန်ပစ္စည်းလဲ မဟုတ်ကြပါ။ ကျွန်တော်တို့သည် တိရိစ္ဆာန်တွေလဲ မဟုတ်ပါဘူး။ ဒီလိုနဲ့ ည(၉း၂၀) မှာ အဲဒီရာဇာအောင်ကား ရောက်လာပါတယ်။ ကားနံပါတ်က(၄ဂ/ ၅၆၂၄) ကားအမည်(အောင်ခန့်)ပါ။ ဓာတ်ပုံကျွန်တော်ရိုက်ထားပါတယ်။ ဒါနဲ့ အဲဒီကားမောင်းသူကို ကျွန်တော်သွားတွေ့ပါတယ်။ `ခုနက ဖုန်းကိုင်တာ မင်းလား´ လို့ ကျွန်တော်ကမေးပါတယ်။ သူကဘုဆပ်ဆပ်နဲ့ ဖြေဆိုပါတယ်။ `ဘာကိစ္စလဲ ဘာပြောချင်တာလဲ´ ဆိုပြီး ထပ်ကောပါတယ်။ ကျွန်တော်ကလည်း `မင်းငါတို့တစ်တွေကို ဒီလိုကြီးပြောဆိုဖို့ မကောင်းပါဘူး ကွာ။ ခရီးသည်တွေကိုလဲ ဘယ်အချိန်ရောက်ချင်တာလဲ ဆိုတာ မေးဘို့မကောင်းပါဘူး။ ဒါ ဒရိုင်ဘာတစ်ယောက်အနေနဲ့ ပြောဆိုမေးမြန်းသင့်တဲ့ စကားမဟုတ်ပါဘူး။ ကျွန်တော်စကားမဆုံးခင် သူက ဘုတောပါတော့တယ်။ `မေးတယ်ဗျာ..။ ကဲ ဘာလုပ်ချင်လဲ?။ ကြိုက်တဲ့ဆီ ကြိုက်တဲ့နေရာတွေတိုင်နိုင်တယ်´။ လို့ သူက ဒေါသကြီးစွာနဲ့ ဆိုပါတယ်။ ခရီးသွားအများပြည်သူနဲ့ ဆက်ဆံတာ ဒီလိုကြီးမောက်မာတာ မကောင်းပါဘူး။ ကျွန်တော့်အိမ်မှာ လည်း ဒီလို လိုင်းကားတွေ ထောင်ထားသူတစ်ဦးပါ။ ကားနဲ့ ကားသမားတွေအပေါ် ကိုယ်ချင်းစာနာတတ်ပါတယ်။ ယခုကိစ္စက တော်တော်ကိုရိုင်းပြလွန်းလို့ ကျွန်တော့်အနေနဲ့ ခရီးသွားပြည်သူတစ်ဦးတစ်ယောက်အဖြစ်နဲ့ ခံစားပြောဆို ရင်ဖွင့်ရတာပါ။ ဒါနဲ့ ကျွန်တော်က ဒီကိစ္စကို ချက်ချင်းဘဲ မကွေးမြို့နယ် (မ.ထ.သ) ဥက္ကဋ္ဌ ဆီကို ဖုန်းဆက်တိုင်ကြားပါတယ်။ နောက်ပြီး သူမောင်းတဲ့ ကားကိုလည်း မစီးရဲပါဘူးလို့ ပြောရပါတယ်။ ဒါကြောင့် အဲဒီညက အဲဒီ ကားဒရိုင်ဘာ မမောင်းပါဘူး။ အခြားတစ်ယောက်နဲ့မောင်းပါတယ်။ ရာဇာအောင်ကားက ပုံမှန် မကွေးဂိတ်ကနေ ည(၇)နာရီ ထွက်ရင် မန္တလေးမြို့ကို နံနက်(၁)နာရီရောက်ပါတယ်။ ဒါပေမယ့် အဲဒီနေ့ကတော့ နံနက်(၄း၃၀)နာရီမှ ရောက်ပါတယ်။ နောက်ထပ်ပြီး အသိပေးချင်တာက အဲဒီနေ့က မကွေးဆေးတက္ကသိုလ်ကျောင်းက ၀န်ထမ်းတစ်ချို့နဲ့ ဇီဝကမ္မဗေဒ ဘာသာဌာန၊ ပါမောက္ခ ဒေါက်တာ ဒေါ်ခင်ဝင်းစိန်တို့ကလဲ မကွေးမြို့အထွက်က တိုးဂိတ်ကနေစောင့်နေ ကြကြောင်း၊ သူတို့ကလည်း ရာဇာအောင် ကား မလာနိုင်လို့ ခဏ ခဏဖုန်းဆက်ကြတယ်လို့ပြောပြတယ်။ ပြောဆိုရတာ အဆင်မပြေ ကြဘူးသိရပါတယ်။ သူတို့က မလာနိုင်တဲ့ ရာဇာအောင်ကားကို မစောင့်နိုင်တော့လို့ ည(၈)နာရီထွက်လာတဲ့ ရွှေမန်းသူကားနဲ့ ကြားခုံမှာ ဖြစ်သလို လိုက်ပါသွားကြရကြောင်းတို့ကို ကျွန်တော် မန္တလေးက အပြန်လမ်းမှာ ကြားသိခဲ့ရပါတယ်ခင်ဗျာ..။ အဲဒီကား ဒရိုင်ဘာကို ဘယ်လို အရေးယူထားတယ် ဆိုတာကိုတော့ မကွေးမြို့နယ်(မ.ထ.သ) ကို သွားရောက်မေးမြန်းနိုင်ပါတယ်။ အဖြစ်မှန်ကို သိရအောင် ရာဇာအောင်ကားဂိတ်ကိုလည်း သွားရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ..။´ ဟု အထူးကုဆရာဝန်ကြီး ဒေါက်တာ ပါပါ မှ မြန်မာပို့စ်ကို ပြောဆိုပါသည်။ နိုင်ငံခြား ဆေးကုမ္ပဏီ မန်နေဂျာ ဦးဇော်လင်းခိုင် ကလည်း ` မကွေးဆေးတက္ကသိုလ်ကျောင်းအတွက် နဲ့ မကွေးတိုင်း ဒေသကြီး မကွေးမြို့ သင်ကြားရေးဆေးရုံ၊ မကွေးတိုင်းဆေးရုံတို့အတွက် ရန်ကုန်၊ မန္တလေးကနေ မကွေးမြို့ကို ဆရာဝန်တွေ၊ သမားတော်ကြီးတွေက ပြောင်းရွှေ့ရမယ်ဆိုရင် သိပ်မပြောင်းချင်ကြဘူး။ ယခုလို အသွားအလာ ခက်ခဲခြင်း၊ နေစရာ ထိုင်စရာပြည့်စုံအောင် သက်ဆိုင်ရာက စီစဉ်မပေးနိုင်ခြင်း၊ အပြင်မှာ ငှါးနေမယ်ဆိုတော့လည်း သူတို့ အဆင့်အတန်းနဲ့ လိုချင်တဲ့အဆောက်အဦးနေရာကို ငှါးလို့မရကြဘူးဖြစ်နေကြရတယ်။ ဒါကြောင့် တစ်ချို့ ဆရာကြီးတွေ ဆိုရင် မကွေးမြို့ကို ပြောင်းမိန့်ကျရင် အလုပ်က ထွက်သွားကြတာတွေရှိတယ်ဗျာ…´ ဟု ဦးဇော်လင်းခိုင်မှဆိုပါသည်။ `ယခုလို မဖြစ်အောင် သွားရေးလာရေး လွယ်ကူမြန်ဆန်ဖို့အတွက် အရင်ကလို မကွေးလေယာဉ်ကွင်းသစ်ကြီးမှာ လေယာဉ်လိုင်းပြန်ဆွဲပေးရင် သိပ့်ကောင်းမှာဘဲဗျာ..။ ယခင်ကကို လေယာဉ်ခရီးစဉ်မှာ အတက်အဆင်းခရီးသည်(၄၀) လောက် ရှိပါတယ်။ မကွေးမြို့မှာက တက္ကသိုလ်ပေါင်း(၅)ခု၊ ကောလိပ်ကျောင်း(၁)ခုနဲ့ဆိုရင် တက္ကသိုလ်၊ကောလိပ်ကျောင်း စုစုပေါင်း(၆)ကျောင်းရှိပါတယ်။ လေယာဉ်စီးလိုတဲ့ ဆရာဝန်ကြီးတွေ ကျောင်းသား ကျောင်းသူတွေနဲ့ မိဘဆွေမျိုးများ၊ သက်ကြီးရွယ်အိုတွေလည်း ရှိကြပါတယ်။ ဒါကြောင့် ယခုဆိုရင် ခရီးသည်ပိုပြီးများ လာမယ်ထင်ပါတယ်..။´ဟု သတင်းထောက်တစ်ဦးက သုံးသပ်ပြောဆိုပါသည်။ ရာဇာအောင်လိုင်းမှ ကားဒရိုင်ဘာကိစ္စအား မကွေးမြို့နယ်၊ မော်တော်ယာဉ်လိုင်းပေါင်းစုံ စည်းကမ်းထိမ်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်စိုးထံ သို့ ဇူလိုင်(၁၁)နေ့တွင် မြန်မာပို့စ်မှ သွားရောက်မေးမြန်းရာ ဥက္ကဋ္ဌ မှ ဤသို့ပြောဆိုပါသည်။ `အဲဒီကားနဲ့ ကားဒရိုင်ဘာက ရန်ကုန်- မန္တလေး အရှေ့ဘက်လိုင်းကို အလှည့်ကျသွားတော့ ဒရိုင်ဘာနဲ့ တိုက်ရိုက်မတွေ့ လိုက်ရပါဘူး။ ဒီတော့ မကွေးကားကွင်းထဲက ရာဇာအောင်ကားဂိတ်မှူးကို ခေါ်ယူသတိပေးလိုက်ပါတယ်ခင်ဗျာ..´။ ဟု (မ.ထ.သ) ဥက္ကဋ္ဌ မှ ပြောဆိုပါသည်။ မကွေးမြို့၊ ရန်ဝေးရပ်ကွက်၊ ပြည်တော်သာလမ်း၊ အဝေးပြေးကားကွင်း အတွင်းရှိ ရာဇာအောင်ကားဂိတ်သို့ ဇူလိုင်(၁၁)ရက်နေ့တွင် မြန်မာပို့စ် မှ သွားရောက်မေးမြန်းရာ ဂိတ်မှာရှိသော ဒုတိယဂိတ်တာဝန်ခံ မသန္တာနှင့် တွေ့ရပါ သည်။ မသန္တာမှ မြို့ထဲမှာရောက်နေသော ဂိတ်မှူး ဦးနေမျိုးလင်း ဆိုသူထံ ဖုန်းဆက်မေး၍ ဤ သို့ ဖြေဆိုပါသည်။ ` အဲဒီကားဆရာကို ကျမတို့က ကိုထွေးလို့ခေါ်တာပါ။ နာမည်ရင်းက ကိုယဉ်ထွေး လို့ခေါ်ပါတယ်။ သူ့ကို အဲဒီကားက အလုပ်ဖြုတ်ပြစ်လိုက်ပါပြီလို့ ပြောပြလိုက်ပါတဲ့ရှင်..´ဟု ပြောဆို၍ မြန်မာပို့စ် မှ သတင်းရယူခဲ့ပါသည်။ ၀ိုင်းကြည်အောင်
READMORE
 

` မကွေးမြို့၊ မိုးလုံလေလုံအားကစားရုံမှ မြန်မာ့လက်ဝှေ့ စိန်ခေါ်ထိုးသတ်ပွဲကြီး´

မကွေးတိုင်းသေကြီး မကွေးမြို့ မိုလုံလေလုံအားကစားရုံခမ်းမမှာ ၂၀၁၂၊ ဇူလိုင်(၈)ရက်နေ့ ညနေ(၆)နာရီတွင် အားကစားဝန်ကြီးဌာန မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူးကာVicyory Myanmar Group Co., L td နှင့် T&T Group တို့ ပူးပေါင်းစီစဉ်သည့် မြန်မာ့ရိုးရာလက်ဝှေ့အထူးစိန်ခေါ်ပွဲကြီး ကျင်းပကြောင်းသတင်းရရှိပါသည်။ ရုံးဝင်ကြေးမှာ လက်မှတ်တစ်စောင်(၄၀၀၀ိ) ဟုသိရသည်။ အားကစားရုံအပြည့် ပရိတ်သပ်များ လာရောက်အားပေးကြ၏။ ၎င်း လက်ဝှေ့ပွဲမှ ပြန်လာသော လက်ဝှေ့ဝါသနာရှင် တစ်ဦးအား လက်ဝှေ့ပွဲအကြောင်း စုံစမ်းမေးမြန်း၍ မြန်မာပို့စ်မှ သတင်းယူခဲ့ပါသည်။ `` ၃ ချီစိန်ခေါ်ပွဲ ၄ ပွဲ ၊ ၃ ချီအထူးစိန်ခေါ်ပွဲ ၁ ပွဲ ၊ ၄ ချီအထူးစိန်ခေါ်ပွဲ ၄ ပွဲ ၊ ၅ ချီအထူးစိန်ခေါ်ပွဲ၊၂ ပွဲယှဉ်ပြိုင်ထိုးသတ်ကြတာကို ကြည့်ခဲ့ရပါတယ်။ ၃ချီစိန်ခေါ်ပွဲမှာ ကိုကိုမောင်(ကန်သာ)ကကျော်ကြီး(ပြည်တော်သာ) သရဲကြီးကျော်ဦးကစောဒေါင်းပျံ(မင်းဘူး)၊မောင်ကောင်း(T&T)ကအောင်ဇင်ထွန်း(မကွေး)၊ရွှေရခိုင်(ရက္ခမဏ္ဍိုင်)ကမုန်တိုင်းနီ(မကွေး) ကို တို့အနိုင်ရရှိသွားကြပါတယ်။ ၃ ချီအထူးစိန်ခေါ်ပွဲမှာ စောသဲဦး(တွံတေး)က သားနဂါး(မကွေး)ကို အလဲထိုးဖြင့် အနိုင်ရရှိပြီး၎ ချီအထူးစိန်ခေါ်ပွဲမှာ ရွှေခါးပတ်ချန်ပီယံ စောသဲမင်း(မြောင်းမြ)ကရွှေခါး(မကွေး)ကိုအသာစီးဖြင့်ယှဉ်ပြိုင်ထိုးသတ်ကာ ဒုတိယ အချီမှာတော့ အနားတောင်းရာမှ ဆက်လက်ယှဉ်ပြိုင်နိုင်ခြင်းမရှိလို့ အရှုံးပေးလိုက်ရပါတယ်။ အဲဒီနောက် စောအယ်လေး(အုတ်ဖို)က ၀မ်ချုံး(မြောင်းမြ)၊ကျော်ခေါက်(တွံတေး)ကသိန်းဇော်(မကွေး)ကို အနိုင်ရရှိကြပြီး ဖိုးလပြည့်(ရန်ကုန်)နဲ့ အားမာန်(ကျိုက်လတ်)တို့အတွဲမှာ ပရိတ်သတ်အကြိုက်ဆုံးဖြစ်ရသလို သူနိုင်ကိုယ်နိုင် အပြိုင်ကြဲရင်း ၄ ချီအပြည့်ယှဉ်ပြိုင်ကာ ပူးတွဲသရေရလဒ်နဲ့ အဆုံးသတ်ခဲ့ပါတယ်။ ၅ ချီအထူးစိန်ခေါ်ပွဲမှာလဲ ပထမပွဲအဖြစ် ယှဉ်ပြိုင်တဲ့ လေးညှို့ရှင်(သာစည်)နှင့်ဝင်းမောက်(ဘားအံ)တို့အတွဲ မှာ ဟန်ရေးပြထိုးသတ်နေကြသဖြင့် ပရိတ်သတ်ပွဲဆူခဲ့ကြရပါတယ်။ တတိယအချီရောက်သည်အထိ မထူးခြားလို့ ပွဲရပ်ခဲ့ရပ်နားခဲ့ရတယ်။ မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်အနေဖြင့် အရေးယူသင့်ပါတယ်လို့ အများက သုံးသပ် ပြောဆိုနေသံများ ကြားခဲ့ရပါတယ်။ ထပ်ဆင့်ရွှေခါးပတ်ချန်ပီယံလုံးချော(ညောင်တုန်း)နှင့် စောဂပရေမှူး(ကညွတ်ကွင်း)တို့က မြိုင်မြိုင်ဆိုင်ဆိုင် ဖြင့် မြန်မာ့ရိုးရာလက်ဝှေ့စွမ်းပြ၍ ထိုးသတ်ယှဉ်ပြိုင်သွားကြလို့သာ ပွဲသိမ်းလှခဲ့ရပါတယ်။ နှစ်ဦးစလုံး သက်လုံကောင်းစွာဖြင့် ယှဉ်ပြိုင်သွားကြသောကြောင့် ပူးတွဲသရေဖြင့် ကျေနပ်လိုက်ကြရပါတယ်ဗျာ…´´ဟု လက်ဝှေ့ဝါသနာရှင်၊ အသက်(၄၀) အရွယ် ဦးတင်အောင်ငွေမှ မြန်မာပို့သို့ ပြောဆို၍ သတင်းရယူခဲ့ပါသည်။ ၀ိုင်းကြည်အောင်
READMORE
 

`Premier ၏ တတိယအကြိမ်မြောက် နှစ်ပတ်လည်ပွဲမှ ကင်ဆာရောဂါအကြောင်း သိကောင်းစရာများ´

Premier Coffee Company (မကွေးရုံးခွဲ) ၏ တတိယအကြိမ်မြောက် နှစ်ပတ်လည်ညစာစားပွဲ ကို (၇ -၇ -၂၀၁၂)ရက်နေ့က မကွေးမြို့၊ ပြည်တော်သာလမ်းရှိCentral ခန်းမတွင် ကျင်းပပြုလုပ် ကြောင်းသိရှိရသည်။ ယင်းအခန်းအနားသို့ Premier အရောင်းကိုယ်စားလှယ်ကြီးများ နှင့် လဘက်ရည်ဆိုင်ရှင်များ ၊ဖိတ်ကြားထားသော ဧည့်သည်တော်များ နှင့် စာနယ်ဇင်းသမားများ တက်ရောက်ကြသည်။ အခန်းအနားတွင် National Sales Manager ဦးသန်းဇော်အောင်က အမှာစကားပြောကြားပြီး အာဟာရဆိုင်ရာ အထူးကုဒေါက်တာဒေါ်ဝင်းဝင်းမြင့်က ကင်ဆာရောဂါနှင့် ကျန်းမာရေးအကြောင်း ဟောပြောသည်။ ဒေါက်တာဝင်းဝင်းမြင့်၏ ဟောပြောချက်မှ ကောက်နုတ်ဖော်ပြပါသည်။ ကင်ဆာရောဂါ မဖြစ်အောင် ရှောင်ရန် အစားအသောက်များ (၁) ဓာတုဗေဒနည်းပညာဖြင့် မြေသြဇာ ပိုးသတ်ဆေးများနှင့် စိုက်ပျိုးသောသီးနှံများ (၂) အချိုရည်များများမသောက်ရ (၃) မှိုတက်နေသော အစားအသောက်များ(ငငြုပ်သီး၊ ပဲမျိုးစုံ) (၄)မီးကျွမ်း၍ မဲတူးနေသော အကင်များ (၅)ယမ်းစိမ်းပါသော အစားအစာများ(၀က်အူချောင်း၊ကြက်အူချောင်းများ) (၆) ပြည့်ဝဆီ(၂-ခါပြန်ကျော်ဆီ) အကြော်စုံ၊ (၇) အရက်မသောက်ရ (၈)ကွမ်းမစားရ (၉) အာလူးကြော်၊ ကွတ်ကီး များ စသည်တို့ဖြစ်ပါသည်။ ကင်ဆာရောဂါမဖြစ်အောင် စားသောက်ရမည့် အစားအသောက်များ (၁) သဘာဝမြေသြဇာ(နွားချေး၊မြေဆွေး)များနဲ့ စိုက်ပျိုးသော သီးနှံများ (၂) (CLA)ခေါ် ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ အစားအစာများ ဂေါ်ဖီထုပ်၊ မုန်လာဥ (၃)ကြက်သွန်ဖြူ (၄) သစ်တော်သီး (၅) ပင်လယ်ငါးများ(တစ်ပါတ်မှာငါး(၃)ကြိမ်စားပါ) (၆) သံပုရာသီး (သံပုရာရည်သောက်ပါ) (၇) နွားနို့၊ Prosoy ပဲနို့များ သောက်ပါ (၈) ဆန်(ထမင်း)စားပါ (၉) စပျစ်သီး၊ များ စသည်တို့ဖြစ်ပါသည်။ ဆက်လက်၍ ထုတ်ကုန်သစ်ဖြစ်သော Prosoy ပဲနို့ထုတ်လုပ်ရသည့်ရည်ရွယ်ချက်ကို Advertsing/Brand Manager ဒေါ်အိအိဟန်က ရှင်းလင်းပြောကြားကာ တေးဂီတများဖြင့် ဖျော်ဖြေပြီး ကြွရောက်လာသူများအား ညစာစားပွဲဖြင့်တည်ခင်းဧည့်ခံကြောင်း မြန်မာပို့စ် မှ သတင်းရယူခဲ့ပါသည်။ ၀ိုင်းကြည်အောင်
READMORE