>>>>>>>>>>>>>>>><<<<<<<<<<<<<<<<<
နေပြည်တော် /မေ(၂၇)
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို
(11) ကြိမ်မြောက်ကို မေ၂၈ရက် နံနက် ကိုးနာရီသို့ ရွှေ့ဆိုင်းလိုက်ကြောင်း
နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက
ပြောကြားလိုက်သည်။" ညှိနေတာကတော့ EAO နဲ့ မနေ့ကပြောတဲ့ တစ်ချို့
အပိုင်းလေးတွေပြောတဲ့ တစ်ချက်ကို ပြန်ထိုင်မယ်။ အဲဒါပြီးမှ UPDJC ကို
လုပ်လို့ရမှာ ဆိုတော့ UPDJC ကို ကျနော်တို့ မနက်ကိုးနာရီ ရွှေ့လိုက်ပြီး
ညီလာခံကို နေ့လည်ပိုင်းကို ရွှေ့လိုက်မယ်။ PPST ခေါင်ဆောင်တွေ
ဗိုလ်ချုပ်ကြီး မူတူးဆေးဖော တို့က ဒီညအခုပြန်သွားရင်
သူတို့ပြန်ထိုင်အုံးမယ် " လို့ ဦးဇော်ဌေးက ပြောသည်။ မနက်ဖြန်
မနက်ပိုင်းသို့ ရွှေ့ဆိုင်းလိုက်သော UPDJC အစည်းအဝေးသည် နေပြည်တော်ရှိ
MICC-2တွင် ယနေ့နေ့လည် နှစ်နာရီခွဲတွင် ကျင်းပရန် စီစဉ်ပြီးမှ
ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
သတင်း-အေးအေးဟန်
ဓာတ်ပုံ-ဇော်မင်းနိုင်(ဒီပဲယင်း)
#TheSpeaker Via : Myat Su Kyi