ထီးကလေးတစ်ချောင်း.....
8 hours ago
ဘာကြောင့်အမိုးတစ်ခုလုံးပြိုကျရပါသလဲ၊ ဘယ်သူ့တွင်တာဝန်ရှိပါသလဲ ဟု အလဲဗင်းန်မီဒီယာမှ မေးမြန်းရာတွင်..၊ အဆိုပါခန်းမကို ၂၀၁၂ခုနှစ်တွင် အကြီးစားပြုပြင်နေစဉ်တုံးက အမိုးတွင်တပ်ဆင်ထားသော မျက်နှာကျက်များမှာ ယခု တပ်ဆင်ထားသော အသံလုံမျက်နှာကျက်များထက် ပို၍လေးလံသော ရှာထိုးပျဉ်များဖြင့်တပ်ဆင်ထားခဲ့ကြောင်း၊ ယခုပေါ့ပါးသော မျက်နှာကျက်များကိုတပ်ဆင်ထားသော်လည်း အမိုးမှာ(၂၆)နှစ်ကာလရှည်ကြာပြီဖြစ်ပြီး သစ်သားဒိုင်းများ လည်းးဖြစ်နေ၍ မခိုင်လို့ ပြိုကျရပါကြောင်း၊ မည်သူ့တွင်မျှ တာဝန်မရှိကြောင်း၊ ကော်မတီဝင်လူကြီးတစ်ဦး ကဖြေဆိုသည်။
အဆိုပါခန်းမကို ၂၀၁၂ ခုနှစ် အဆင့်မြင့်ပြင်ဆင်နေစဉ်မှာ သက်ဆိုင်ရာအင်ဂျင်နီယာများမှ သံဒိုင်းများဖြင့် ပုံစံရေးဆွဲပြီး အမိုးပြင်ဆင်ရန် တင်ပြခဲ့ကြောင်းသိရှိရသဖြင့် ထိုအစီတင်ပြချက်အတိုင်း ဘာကြောင့်မပြုလုပ်ခဲ့ပါသလဲ ဟု မြန်မာပို့စ် မှ မေးမြန်းရာတွင်..၊
သို့
မြန်မာနိုင်ငံသတင်းစာဆရာအသင်း
( ပြည်နယ်နှင့်တိုင်းဒေသကြီး)
နေ့စွဲ။ ၂၀၁၃ခုနှစ်၊ သြဂုတ်လ ၁ ရက်။
စာအမှတ် ။ ၁ / ညွှန် ( ၂၀၁၃)
အကြောင်းအရာ။ ။ မီဒီယာ ဥပဒေများနှင့် ပတ်သက်၍ ပြည်သူလူထု၏
ထောက်ခံမှု လက်မှတ်ကောက်ခံရန် ကိစ္စ
၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံသတင်းစာဆရာအသင်း
ဗဟိုအလုပ်အမှုဆောင်အဖွဲ့သည်
မြန်မာနိုင်ငံဂျာနယ်လစ်ကွန်ယက်အဖွဲ့မှလှုပ်ရှားဆောင်ရွက်မည့် မီဒီယာ
ဥပဒေများနှင့် ပတ်သက်၍ ပြည်သူလူထု၏ ထောက်ခံမှု လက်မှတ်ကောက်ယူရေး
ကိစ္စတွင်ပူးပေါင်းပါဝင်ဆောင်ရွက်ရန် သဘောတူညီထားပါသည်။
၂။ မြန်မာနိုင်ငံဂျာနယ်လစ်များကွန်ယက်၏ မီဒီယာဥပဒေများနှင့်ပတ်သက်၍
ပြည်သူလူထု ၏ ထောက်ခံမှု လက်မှတ်ကောက်ခံရေးသဘောထားကြေငြာချက်မှာ
အောက်ပါအတိုင်းဖြစ်ပါသည်။
မီဒီယာ ဥပဒေများနှင့် ပတ်သက်၍ ပြည်သူလူထု၏ ထောက်ခံမှု လက်မှတ်ကောက်ခံရန်
အသိပေးကြေညာခြင်း
ပြည်သူ့လွှတ်တော်က ဇူလိုင်လ ၄ ရက်နေ့တွင် အတည်ပြုလိုက်သည့်
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းတွင် သတင်းမီဒီယာ
လွတ်လပ်ခွင့်ကို ထိန်းချုပ်မည့် အချက်များ ပါဝင်နေခြင်း၊
မြန်မာစာနယ်ဇင်းကောင်စီ (ယာယီ) မှရေးဆွဲသည့် သတင်းမီဒီယာ ဥပဒေကြမ်းပါ
အချက်အလက်များကို ပြန်လည်ပြင်ဆင်ရန် ပြန်ကြားရေး ၀န်ကြီးဋ္ဌာနက
ဖိအားပေးနေခြင်းတို့သည် မြန်မာသတင်းမီဒီယာ လောကအတွက် နောက်ပြန်ဆွဲသည့်
ခြေလှမ်းများဖြစ်သည်ဟု မြန်မာဂျာနယ်လစ်ကွန်ရက်က ယုံကြည်သည်။
ထို့ကြောင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က
ရေးဆွဲပြီးလွှတ်တော်တင်ရန် ပြင်ဆင်လျှက်ရှိသည့် သတင်းမီဒီယာ ဥပဒေကိုလည်း
ဒီမိုကရေစီစံနှုန်းများဖြင့် ကိုက်ညီသည့် ဥပဒေတစ်ရပ်အဖြစ်
အတည်ပြုနိုင်စေရန်နှင့် ပြည်သူ့လွှတ်တော်မှ အတည်ပြုခဲ့သည့်
ပုံနှိပ်ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်တွင်
ပြန်လည်သုံးသပ်ပြင်ဆင်နိုင်စေရန် မီဒီယာသမားများနှင့် ပြည်သူလူထု၏
ဆန္ဒလက်မှတ်များကောက်ယူပြီး ပေးပို့သွားရန် ဆုံးဖြတ်ထားပါသည်။
သတင်းမီဒီယာလွတ်လပ်ခွင့်သည် သတင်းမီဒီယာသမားများ အကျိုးအတွက်
သက်သက်သာမဟုတ်ပဲ ပြည်သူလူထုအားလုံး၏ နေ့စဉ် ဘ၀အတွက်လည်း အရေးပါ၍
တိုက်ရိုက်သက်ဆိုင်လျှက်ရှိသည်။ သတင်းအချက်အလက်မှန်များ မရရှိပါက
ပြည်သူလူထု၏ လူနေမှု၊ စီးပွားရေး၊ ပညာရေး အကျိုးစီးပွားတို့တွင်
တိုက်ရိုက် ထိခိုက်နစ်နာမှုများ ရှိမည်ဖြစ်သည်။
သတင်းမီဒီယာ အထိုက်အလျောက်လွတ်လပ်မှုရရှိခဲ့သည့် ပြီးခဲ့သည့်
တစ်နှစ်တာအတွင်း လူထုခံစားနေရသည့် နစ်နာမှုများ၊ အာဏာပိုင်အချို့၏
မတရားအနိုင်ကျင့်မှုများကို သတင်းမီဒီယာတွင် ဖေါ်ပြနိုင်ခဲ့ခြင်းကြောင့်
သက်သာရာရခဲ့ပြီး ပြဿနာများကို ဖြေရှင်းနိုင်ခဲ့သည့် သာဓကများမှာ
မီဒီယာလွတ်လပ်ခွင့် နှင့် ပြည်သူလူထုတိုက်ရိုက်သက်ဆိုင်မှု
ရှိသည့်အချက်ကို ထင်ရှားစေခဲ့ပြီဖြစ်သည်။
ထို့ကြောင့် မြန်မာဂျာနယ်လစ်ကွန်ရက် အနေဖြင့် လွတ်လပ်သည့် သတင်းမီဒီယာ
ဥပဒေထွက်ပေါ်လာရေးအတွက် လှုပ်ရှားမှုများကို
ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။
ထို့သို့လုပ်ဆောင်ရာတွင် သတင်းမီဒီယာ သမားများသာမကပဲ ပြည်သူလူထုပါ
ပါဝင်လာအောင် ရှင်းပြပြီးထောက်ခံမှု ရယူသွားရန်ရှိပါသည်။
ပထမဆုံး အနေဖြင့် လွတ်လပ်သည့် မီဒီယာ ဥပဒေ ပေါ်ထွက်ရေးအတွက်
သဘောထားဆန္ဒလက်မှတ်များ ကောက်ယူခြင်းကို
လုပ်ဆောင်သွားမည်ဖြစ်ဖြစ်ကြောင်း သတင်းမီဒီယာသမားများနှင့်
ပြည်သူလူထုအားလုံးကို အသိပေးကြေညာအပ်ပါသည်။
မြန်မာဂျာနယ်လစ်ကွန်ရက်၊
နေစွဲ ၃၀၊ ၇၊၂၀၁၃
၃။ အဆိုပါပြည်သူလူထု၏ဆန္ဒသဘောထားထောက်ခံမှုလက်မှတ်များကို လူကြီးမင်းတို့၏
ပြည်နယ်၊ တိုင်းဒေသကြီးများရှိပြည်သူလူထုများအား ရှင်းလင်းပြောကြားပြီး
ထောက်ခံဆန္ဒလက်မှတ်များကို ပူးတွဲပါ Attach File တွင် လက်မှတ်ရေးထိုး
စုစည်းကောက်ခံပေးပါရန် လေးစားစွာမေတ္တာရပ်ခံပါသည်။
၎။ ဆန္ဒပြုထောက်ခံလက်မှတ်များကို မြန်မာနိုင်ငံ သတင်းစာဆရာအသင်း( ဗဟို)
သို့ အောက်ဖော်ပြပါလိပ်စာ အတိုင်း သြဂုတ်လ ၁၃ရက်နေ့( အင်္ဂါနေ့)
အထိနောက်မကျဘဲ အမြန်ချောစနစ်ဖြင့်ပြန်လည်ပေးပို့ရန်ဖြစ်ပါသည်။
မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ဗဟို)
အမှတ် ၁၄၀၊ မြေညီထပ်၊ လမ်း ၄၀( အောက်ဘလောက်)၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
အတွင်းရေးမှုး ( က/စ)
တွဲဖက်အတွင်းရေးးမှုး(၁)
မြန်မာနိုင်ငံသတင်းစာဆရာအသင်း
ဇူလိုင်(၃၁)ရက်နေ့ နံနက်(၁၀ မှ ၁၂) နာရီအချိန်တွင် မကွေးမြို့ ရန်ကင်းရပ် ခွါညိုလမ်း နှင့် ၃လမ်းထိပ်ရှိ မကွေးမြစ်ကွေ့ဧရာလူမှုကွန်ယက် အစည်းအဝေးခန်းတွင် မကွေးမြို့ ရှစ်လေးလုံး အရေးတော်ပုံ(ငွေရတု)၊(မြေလတ်ဒေသ) အခမ်းအနားကျင်းပရေးကော်မတီအဖွဲ့ဝင်(၃၀)ဦးကျော်ခန့် အစည်းဝေးကျင်းပကြောင်း သတင်းရရှိသည်။ 
အဆိုပါအစည်းအဝေး၏ ဆုံးချက်အရ မကွေးမြို့ ရှစ်လေးလုံး အရေးတော်ပုံ(ငွေရတု)အခမ်းအနားကို မကွေးမြို့ ဈေးရပ် မဲထီလမ်း (၈၈-သပိတ်စခန်း-အောင်ဓမ္မာရုံ)အနီးရှိ မင်းကျောင်းဘုန်းတော်ကြီးကျောင်းတွင် (၈-၈-၂၀၁၃) နေ့ နံနက်(၈)နာရီမှာ အခမ်းအနားစတင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ယခင်နှစ်က အဆိုပါ မင်းကျောင်းတွင် မကွေးမြို့ ရှစ်လေးလုံး အရေးတော်ပုံအခန်းအနားကို မြို့နယ်အဆင့်ဖြင့်သာကျင်းပနိုင်ခဲ့၍ ယခုနှစ်တွင် မြေလတ်ဒေသ အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဖိတ်ကြားထားပြီး မကွေးမြို့ ရှစ်လေးလုံး အရေးတော်ပုံ(ငွေရတု)အခမ်းအနားကြီးကို ကျင်းပဆောင်ရွက် မည်ဖြစ်ကြောင်း အဆိုပါအစည်းအဝေးက ဖိတ်စာများစတင် ဖိတ်ကြားဖြန့်ဝေခြင်း၊ အမှတ်တရအဖြစ် မကွေးမြို့ ရှစ်လေးလုံး အရေးတော်ပုံ (ငွေရတု)တီရှပ် စွပ်ကြယ်များ ရောင်းချခြင်းများ ပြုလုပ်ကြသည်။ သြဂုတ်လ(၅)ရက်နေ့တွင် မကွေးမြို့ ရှစ်လေးလုံး အရေးတော်ပုံ(ငွေရတု)အခမ်းအနားကျင်းပမည့် မကွေးမြို့ ဈေးရပ် မဲထီလမ်း (အောင်ဓမ္မာရုံ)အနီးရှိ မင်းကျောင်း ဘုန်းတော်ကြီးကျောင်းတွင် ၈၈အရေးတော်ပုံ(ငွေရတု) မြေလတ်ဒေသ-ကျင်းပရေးကော်မတီ၏ အလုပ်အမှု ဆောင် အစည်းဝေးကျင်းပပြီး အဆိုပါအခန်းအနားကို စတင်ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိခဲ့သည်။
အလားတူ မကွေးမြို့ မြင်သာရပ်ကွက် မဲထီလမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင်လည်း မကွေးမြို့ ရှစ်လေးလုံး အရေးတော်ပုံ(ငွေရတု)အခမ်းးအနားအဖြစ် ကဗျာ၊ ဆောင်းပါး၊ ကာတွန်း နံရံကပ် စာပေပြိုင်ပွဲ၊ ကျဘမ်း စကားပြောပွဲ နှင့် ရှစ်လေးလုံးအရေးတော်ပုံ(ငွေရတု)အထိမ်းအမှတ် ဟောပြောပွဲများ ကျင်းပမည်ဖြစ်ကြောင်း မကွေးမြိုနယ် NLD ပါတီ လစဉ်အလုပ်အမှုဆောင်ကော်မတီ၏ ဇူလိုင်(၂၅)ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်အရ သတင်းရရှိသည်။
Copyright © ရွှေလမ်းငွေလမ်း ဝင်းကြည် / Template by : ကျော်ဇင်ဟိန်း