``လူထုသတင်းမှန်ရရှိရေး မီဒီယာဥပဒေ လွတ်လပ်ခွင့်ပေး တောင်းဆိုချက်ကိစ္စကို တ.စ.ည ပါတီ ဗဟိုကော်မတီဝင် ဦးထွန်းရီ အား (မကွေးမြို့ရောက်စဉ်) မေးမြန်း´´

သြဂုတ်(၇)ရက်နေ့ နေ့လည်(၁)နာရီအချိန်တွင် မကွေးမြို့ ရွာသစ်ရပ် ဗိုလ်ချုပ်လမ်း တိုင်းရင်းသားစည်းလုံးညီညွှတ် ရေး ပါတီရုံးသို့ ဗဟိုကော်မတီဝင် ဦးထွန်းရီ နှင့် မကွေးတိုင်းဒေသကြီး အလုပ်အမှုဆောင်ကော်မတီနှင့် တွေ့ဆုံကြောင်း သတင်းရရှိသည်။ ထိုအစည်းအဝေးခေတ္တနားစဉ် ဗဟိုကော်မတီဝင် ဦးထွန်းရီအား လူထုသတင်းမှန်ရရှိရေး မီဒီယာဥပဒေ လွတ်လပ်ခွင့်ပေး တောင်းဆိုချက် တောင်းဆိုနေသော သဘောထားကို မေးမြန်ခဲ့ရာမှ ကောက်နှုတ်ဖော်ပြပါသည်။ ``ကျွန်တော်ခရီးမထွက်ခင် စာနယ်ဇင်းကောင်စီ(ယာယီ)ရဲ့ သတင်းစာရှင်းလင်းပွဲကို ကျွန်တော်တို့ဆီက ကိုယ်စား လှယ်နှစ်ယောက်သွားတက်ပါတယ်။ သူတို့ပြန်ပြောချက်အရ အစည်းအဝေးကို နေ့(၁)နာရီစမယ်ဆိုပြီး ဖိတ်ကြား ထားတဲ့ပါတီတွေထဲက တက်ရောက်တဲ့ပါတီနည်းနေတော့ တော်တော်နဲ့ မစနိုင်ဘူးလို့သိရတယ်။ သူတို့က NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ နဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့တွေကို စောင့်နေတယ်ထင်ပါတယ်။ နောက်တော့ အချိန်လွန်မှ အစည်း အဝေးစကြပါတယ်။ တ.စ.ည ပါတီက အစည်းဝေးတက်ရောက်သူတွေကို လွှတ်လိုက်တာအပိုင်း နှစ်ပိုင်းနဲ့လွှတ်လိုက်တာပါ။ ပြန်ကြားရေးဝန်ကြီးဌာန က လွှတ်တော်ကိုတင်ပြီး လွှတ်တော်ကအတည်ပြုထားတဲ့ စာနယ်ဇင်းနဲ့ပတ်သက်တဲ့ ဥပဒေတွေကို ယူလာပြီးလေ့လာခဲ့ပါ။ နောက် စာနယ်ဇင်းကောင်စီ(ယာယီ) က ရေးဆွဲထားတဲ့ ဥပဒေများနဲ့ ပြန်ကြားရေးဝန်ကြီးက လက်မခံလို့ မပြင်နိုင်တဲ့ ဥပဒေ(၁၇)ချက်ကိုလဲယူလာပြီးလေ့လာခဲ့ပါ။ ဒီ နှစ်ဘက်က ဖြစ်ပေါ်နေတဲ့ အချက်အလက်တွေကို လက်ရှိအခြေခံဥပဒေနဲ့ ညီမညီလေ့လာသုံးသပ်လို့ စာတမ်းပြုပြီး ကျွန်တော်တို့ကိုတင်ပြပေးရန်မှာထားပါတယ်။ အဲဒီ တင်ပြချက်များအရ တ.စ.ည ဗဟိုကော်မတီပါတီက သဘောထား ဆုံးဖြတ်ချက်ချပြီး ကြေငြာပေးသွားမှာပါ။ ဒီ သဘောထားဆုံးဖြတ်ချက်တွေကို ကျွန်တော်တို့ပါတီကနေ လွှတ်တော် ထဲမှာရှိတဲ့လွှတ်တော်ကိုယ်စားလှယ် (၁၆)ယောက် ဆီကိုပို့ပေးမှာပါ။ လွှတ်တော်ထဲမှာ ဆက်လက်တင်ပြခိုင်းပါ့မယ်။ ယေဘူယ ကတော့ အခြေခံဥပဒေအရ မီဒီယာလွှတ်လပ်ခွင့်ကို ထောက်ခံတယ် ကြိုဆိုပါတယ်။ ပြည်သူလူထုရဲ့ သတင်းမှန်ရရှိရေး ပြည်သူလူထုတွေ ရဲ့လွှတ်လပ်ခွင့်တွေကိုလဲ ထောက်ခံတယ် ကြိုဆိုပါတယ်..။ ဟု တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ ဗဟိုကော်မတီဝင် ဦးထွန်းရီ က ပြောသည်။
 

0 comments: