``မကွေးမြို့SAMSUNG ကုမ္ပဏီ မှ အရောင်းစင်တာဖွင့်ပွဲတွင် အပိုလက်ဆောင် ကန့်သတ်ပေး´´

မကွေးမြို့ ဈေးလယ်စိုးရပ် ဗိုလ်ချုပ်လမ်း မကွေးရှော့ပင်မော့ တွင် နံနက်(၉ မှ ၁၁)နာရီအချိန်အထိ SAMSUNG ကုမ္ပဏီ မှ အရောင်းစင်တာဖွင့်ပွဲကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါဖွင့်ပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ နှင့် ၀န်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ နှင့် SAMSUNG ဟန်းဆက်ဝယ်ယူလိုကြသော လုပ်သားပြည်သူများ (၁၅၀)ဦးခန့်တက်ရောက်ကြောင်း၊ အဆိုပါဖွင့်ပွဲကို လူမှုရေးဝန်ကြီး ဦးဝင်းဖေ၊ မကွေးရှော့ပင်းမော့ ပိုင်ရှင် ဦးတင်ထွန်း နှင့် ဆန်မ်ဆောင်းကုမ္ပဏီ ဒါရိုက်တာ (ကိုရီးယားနိုင်ငံသား Mr.Nansik Ahn) တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး SAMSUNG ဆိုင်းဘုတ်အား ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ က စက်ခလုပ်နှိပ့်၍ ဖွင့်လှစ်ကြောင်း သတင်းရရှိသည်။ ယနေ့ဖွင့်ပွဲရက်မှာ SAMSUNG Galaxy တစ်သိန်းတန် ဟန်းဆက်နှင့် အထက် SAMSUNG Galaxy S3, S4, Note2 ထိဝယ်ယူသူများကို အပိုလက်ဆောင်အဖြစ် ငွေကျပ်နှစ်သောင်းခွဲတန်သော SAMSUNG ဟန်းဆက်တစ်လုံးနှင့် ထီးတစ်ချောင်းပေးကြောင်း၊ အဆိုပါလက်ဆောင်ပေးခြင်းကို အလုံးရေကန့် သတ်ထား ကြောင်း၊ မကွေးမြို့ရှိ SAMSUNG ကုမ္ပဏီမှ အရောင်းစင်တာတွင် ဟန်းဆက်များကို ၀ယ်ယူအားပေးသူများဖြင့် တစ်နေကုန် စည်ကားစွာဖြင့် ၀ယ်ယူအားပေးနေကြောင်း သတင်းရရှိသည်။
 

0 comments: