``မကွေးမြို့ ရှစ်လေးလုံး အရေးတော်ပုံ(ငွေရတု)အခမ်းအနားများကို (မြေလတ်ဒေသ) အဆင့်အဖြစ် ကြီးကျယ်ခန်းနားစွာ ကျင်းပမည်´´

ဇူလိုင်(၃၁)ရက်နေ့ နံနက်(၁၀ မှ ၁၂) နာရီအချိန်တွင် မကွေးမြို့ ရန်ကင်းရပ် ခွါညိုလမ်း နှင့် ၃လမ်းထိပ်ရှိ မကွေးမြစ်ကွေ့ဧရာလူမှုကွန်ယက် အစည်းအဝေးခန်းတွင် မကွေးမြို့ ရှစ်လေးလုံး အရေးတော်ပုံ(ငွေရတု)၊(မြေလတ်ဒေသ) အခမ်းအနားကျင်းပရေးကော်မတီအဖွဲ့ဝင်(၃၀)ဦးကျော်ခန့် အစည်းဝေးကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါအစည်းအဝေး၏ ဆုံးချက်အရ မကွေးမြို့ ရှစ်လေးလုံး အရေးတော်ပုံ(ငွေရတု)အခမ်းအနားကို မကွေးမြို့ ဈေးရပ် မဲထီလမ်း (၈၈-သပိတ်စခန်း-အောင်ဓမ္မာရုံ)အနီးရှိ မင်းကျောင်းဘုန်းတော်ကြီးကျောင်းတွင် (၈-၈-၂၀၁၃) နေ့ နံနက်(၈)နာရီမှာ အခမ်းအနားစတင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ယခင်နှစ်က အဆိုပါ မင်းကျောင်းတွင် မကွေးမြို့ ရှစ်လေးလုံး အရေးတော်ပုံအခန်းအနားကို မြို့နယ်အဆင့်ဖြင့်သာကျင်းပနိုင်ခဲ့၍ ယခုနှစ်တွင် မြေလတ်ဒေသ အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဖိတ်ကြားထားပြီး မကွေးမြို့ ရှစ်လေးလုံး အရေးတော်ပုံ(ငွေရတု)အခမ်းအနားကြီးကို ကျင်းပဆောင်ရွက် မည်ဖြစ်ကြောင်း အဆိုပါအစည်းအဝေးက ဖိတ်စာများစတင် ဖိတ်ကြားဖြန့်ဝေခြင်း၊ အမှတ်တရအဖြစ် မကွေးမြို့ ရှစ်လေးလုံး အရေးတော်ပုံ (ငွေရတု)တီရှပ် စွပ်ကြယ်များ ရောင်းချခြင်းများ ပြုလုပ်ကြသည်။ သြဂုတ်လ(၅)ရက်နေ့တွင် မကွေးမြို့ ရှစ်လေးလုံး အရေးတော်ပုံ(ငွေရတု)အခမ်းအနားကျင်းပမည့် မကွေးမြို့ ဈေးရပ် မဲထီလမ်း (အောင်ဓမ္မာရုံ)အနီးရှိ မင်းကျောင်း ဘုန်းတော်ကြီးကျောင်းတွင် ၈၈အရေးတော်ပုံ(ငွေရတု) မြေလတ်ဒေသ-ကျင်းပရေးကော်မတီ၏ အလုပ်အမှု ဆောင် အစည်းဝေးကျင်းပပြီး အဆိုပါအခန်းအနားကို စတင်ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိခဲ့သည်။ အလားတူ မကွေးမြို့ မြင်သာရပ်ကွက် မဲထီလမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင်လည်း မကွေးမြို့ ရှစ်လေးလုံး အရေးတော်ပုံ(ငွေရတု)အခမ်းးအနားအဖြစ် ကဗျာ၊ ဆောင်းပါး၊ ကာတွန်း နံရံကပ် စာပေပြိုင်ပွဲ၊ ကျဘမ်း စကားပြောပွဲ နှင့် ရှစ်လေးလုံးအရေးတော်ပုံ(ငွေရတု)အထိမ်းအမှတ် ဟောပြောပွဲများ ကျင်းပမည်ဖြစ်ကြောင်း မကွေးမြိုနယ် NLD ပါတီ လစဉ်အလုပ်အမှုဆောင်ကော်မတီ၏ ဇူလိုင်(၂၅)ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်အရ သတင်းရရှိသည်။
 

0 comments: