``မကွေးတိုင်းဒေသကြီးအတွင်း ပုဂ္ဂလိကကဏ္ဍပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေး အတွက် ဖွဲ့စည်းရန် ဆွေးနွေး´´

ဇူလိုင်(၃၁)ရက် နေ့(၁၀ မှ ၁၂း၁၅ နာရီ)အချိန်တွင် မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး အစည်းအဝေးခမ်းမ၌ မကွေးတိုင်းဒေသကြီးအတွင်း ပုဂ္ဂလိကကဏ္ဍပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေး အတွက် ဖွဲ့စည်းရန် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါအခန်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ နှင့် အစိုးရ၀န်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်၊မြို့နယ်များမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိ မြို့ဖများ၊ ပုဂ္ဂိလကစက်မှုလုပ်ငန်းရှင်များနှင့် ကုန်သည်ကြီးများအသင်းအဖွဲ့ဝင်များ စုစုပေါင်း(၁၅၀)ဦးခန့်တက်ရောက်ကြသည်။ ပုဂ္ဂလိကကဏ္ဍပြောင်းလဲဖွံ့ဖြိုးတိုးတက် ရေးအတွက် ဖွဲ့စည်းရန် စီမံချက်အသေးစိတ်ကို မကွေးတိုင်းဒေသကြီး စီမံကိန်းမှူး ဦးစိုးမြင့်က ရှင်းလင်းပြောကြားကြောင်း၊ စီမံချက်၏အဓီက ကြီးကြပ်ဦးဆောင်သူများမှာ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး နှင့် ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများမှ ကော်မတီတွင် ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပြီး ၎င်းတို့အောက်တွင် အစိုးရအဖွဲ့လုပ်ငန်းအဖွဲ့ဆပ်ကော်မတီ နှင့် ပုဂ္ဂလိကလုပ်ငန်း အဖွဲ့ဆပ်ကော်မတီများ ဖြင့် တိုင်းဒေသကြီးကြီးကြပ်မှုကော်မတီ၊ ခရိုင်ကြီးကြပ်ရေးကော်မတီ၊မြိုနယ် ကြီးကြပ်ရေးကော်မတီ များကို အဆင့်ဆင့်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ ထူးခြားချက်မှာ မြို့နယ်ကြီးကြပ်ရေးကော်မတီ၏ အောက်ရှိ မြို့နယ်အစိုးရ ကြီးကြပ်ရေးကော်မတီ နှင့် မြို့နယ်ပုဂ္ဂလိကလုပ်ငန်းအဖွဲ့ရှိရာတွင် မြို့နယ်ပုဂ္ဂလိကလုပ်ငန်းအဖွဲ့၏ အောက်ခြေမှာ ကျေးရွာအုပ်စုအစုအဖွဲ့များ နှင့် အခြေခံသမ၀ါယမအသင်းများ ကို အောက်ဆုံးအဆင့်မှာ ဖွဲ့စည်းထားကြောင်း၊ မကွေးတိုင်း ဒေသကြီးအတွင်း ပုဂ္ဂလိကကဏ္ဍပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး/ခရိုင်/မြိုနယ်များမှဖွဲ့စည်းပြီးသော ကော်မတီများမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်၍ လိုအပ်ချက်များကိုအောင်မြင်အောင် ကူညီဆောင်ရွက်သွားမည်ဖြစ် ကြောင်း မကွေးတိုင်းဒေသကြီး စီမံကိန်းမှူး ဦးစိုးမြင့်က ရှင်းလင်းပြောကြား၍ သတင်းရယူခဲ့သည်။
 

0 comments: