မိတ်ဆွေများခင်ဗျာ အခုကြုံနေကြားနေရတဲ့ရေဘေးနဲ့ပတ်သက်လို့စေတုတ္တရာနဲ့ပွင့်ဖြူဒေသတွေအတွက်လှူဒါန်းလိုကြောင်း

မိတ်ဆွေများခင်ဗျာ
အခုကြုံနေကြားနေရတဲ့ရေဘေးနဲ့ပတ်သက်လို့စေတုတ္တရာနဲ့ပွင့်ဖြူဒေသတွေအတွက်လှူဒါန်းလိုကြောင်းကျနော့်ထံဆက်သွယ်နေကြပါတယ်။ရေနံချောင်း ကိုမြတ်ကျော် မကွေးမြို့ကကိုအေးကို
အမည်မဖော်ပြချင်တဲ့ကျန်းမာရေးမှုးများအဖွဲ့
ရန်ကုန်မြို့ကကိုကျော်စွာ မကွေးမြို့ကဦးကြည်ဝင်းမကွေးမြို့က Skyကဖီးချောက်ကဆရာဖေတင်ညွန့် နဲ့မကွေးမြို့ကဦးဇော်မိုးနဲ့မိတ်ဆွေများအပါအဝင်ပေါ့။ကျနော့်ဆန္ဒအရအကြံပြုလိုပါတယ်။မိတ်ဆွေများအနေနဲ့တနိုင်တပိုင်လှုဒါန်းငွေပြည့်စုံရင် ကိုယ်တိုင်ကိုယ်ကျလိုက်ပါလှူဒါန်းဖို့ပါဘဲ။ကျနော့်အနေနဲ့လှူဒါန်းမယ့်ဒေသနေရာကိုရွေးချယ်ပေးပါ့မယ်။လမ်းခရီးအစီအစဉ်အားလုံးတာဝန်ယူပါမယ်။လက်ရှိအခြေအနေမှာတော့ပွင့်ဖြူကမြို့ကိုဝင်ဖို့ခက်နေသလိုစေတုတ္တရာကလည်းလမ်းမှာရေကျော်နေတာရယ်မြို့အဝင်ညောင်အိုင်တံတားရေမြုပ်နေတာရယ်ကြောင့် ၂ရက်လောက်စောင့်နေရမယ့်အချိန်လုံလုံလောက်လောက်လှူဒါန်းနိုင်ဖို့ကြိုးစားရှာဖွေထားစေလိုပါတယ်။
ကျနော့်ကိုဖုန်းဆက်သွယ်ပြီးဆွေးနွေးစေလိုပါတယ်။
ချောက်မြို့ကဒေါက်တာမောင်မောင်ကျော်မိသားစုက ၂ သိန်းကျပ်ကူညီလှူဒါန်းလာပါတယ်။
ဘဏ်ကနေငွေလွှဲပို့ထားပြီးဖြစ်တယ်လို့အကြောင်းကြားပါတယ်။
၀၉၂၅၇၃၉၉၇၅၀။
၀၉၇၉၆၇၃၃၈၄၈။
READMORE
 

ည ၇း၀၀ 🎈🎈🎈🎈 မုန်း ၃၅.၇ ပေ မန်း ၇.၅ ပေ စလင်း ၇.၆ ပေ ကြီးအုံကြီးဝ ၃၂.၄ ပေ ရေပိုလွှဲပေါ်မှ ရေကျော်လျက်ရှိပါသည်။

Ye Htut shared Soe Min Lwin's photo.မှ ကူးယူဖော်ပြသည်။
2 hrs ·
ည ၇း၀၀
🎈🎈🎈🎈
မုန်း ၃၅.၇ ပေ
မန်း ၇.၅ ပေ
စလင်း ၇.၆ ပေ
ကြီးအုံကြီးဝ ၃၂.၄ ပေ
ရေပိုလွှဲပေါ်မှ ရေကျော်လျက်ရှိပါသည်။ မုန်းနှင့် စလင်းတမံတို့၏ ၀င်ရေ အနည်းငယ်လျော့လာပါကြောင်းနှင့် တမံအဆောက်အဦးများ၏ အခြေအနေ ကောင်းမွန်နေပါကြောင်း သတင်းကောင်းပေးပို့ တင်ပြအပ်ပါသည်။
READMORE
 

စေတုတ္တရာနောက်ဆုံးအခြေအနေ၊ ၃၁၊၇၊၁၅ ညနေ၆း၃၅

စေတုတ္တရာနောက်ဆုံးအခြေအနေ
*****************°°********
စေတုတ္တရာနဲ့၁ရက်ခွဲအဆက်အသွယ်ပြတ်နေရာကအခု
လေးဘဲကျနော့မိတ်ဆွေကိုကျော်အောင်လွင်(စေတုတ္တရာ မုဒိတာစတိုး)နဲ့ဖုန်းအဆက်အသွယ်ရပါတယ်။မုန်းတမံရေအမှတ်က ၅၅၇.၈ ထိရောက်သွားတယ်မြို့ပေါ်အိမ်တွေက
ညဈေးတန်းနေရာလေးကအပကျန်နေရာတွေမှာအိမ်ခေါင်မိုးတွေသာမြင်ရတဲ့အခြေအနေဖြစ်နေပါတယ်။တမံပေါ်ကရေတွေကျော်နေတာကြာနေပါပြီဆည်တမံကျိုးမသွားရအောင်
အခုဆိုရင် တမံနဲ့မျက်စောင်းထိုးမှာရှိတဲ့ကုန်းချောတမံကို လူအင်အားနဲ့ ပေ ၅၀ အကျယ် ၄ ပေအမြင့်ကိုရေလျံထွက်ပေါက်ဖြစ်အောင်တူးဖော်နေကြပါတယ်။မြို့အဝင်ညောင်အိုင်တံတားကရေအောက်ရောက်သွားသလိုမကျီးစုကုန်းဆင်းကရေကျော်သွားပြီဖြစ်ပါတယ်။စလင်းစေတုတ္တရာတောင်ပေါ်ကားလမ်းမှာရှိတဲ့ပုရပိုက်ကွေ့မှာတောင်ပြိုနေတယ်လို့သိရပါတယ်။
စေတုတ္တရာမြို့ပေါကပြည်သူတွေကမီးသတ်ကုန်းအထကကုန်းတွေပေါ်မှာဆက်ရှင်သန်နေကြတယ်ဆိုပေမယ့်သောက်သုံးရေပြဿနာနဲ့ကျန်းမာရေးအတွက်အခက်အခဲဖြစ်နေပါတယ်။ဆေးရုံတာဝန်ခံဆရာဝန်၂ဦးကရေလတ်ရာမြို့ကိုရှောင်ပြေးသွားတဲ့အတွက်ဆရာဝန်မရှိတဲ့ဆေးရုံကိုအထကကျောင်းပေါ်ကိုရွေ့ထားရပါတယ်။တမြို့နယ်လုံးဘူးတမံဘက်ကျီးချောင်ဘက်မုန်းချောင်ဘက်ထီးချောင်ဘက်ကရွာတွေအားလုံးအဆက်အသွယ်တွေခက်ခဲသွားတယ်ဘူးဘက်ကရွာတွေရေနစ်မြုပ်လျက်ရှိနေတယ်အောက်ဝေါကဘုန်းကြီးကျောင်းလည်းရေနစ်မြုပ်လျက်ရှိနေတယ် လို့သိရပါတယ်။ကိုကျော်အောင်လွင်ကိုအတည်ပြုသုံးသပ်စေခဲ့တာက ဒေသခံ၇၀၀၀ကျော်ကနေ၁၀၀၀၀ဝန်းကျင်ခန့်ဟာမြို့မှာမိမိရောက်နေတဲ့တောင်ကုန်းတွေပေါ်မှာပိတ်မိနေပြီလို့ပြောပါတယ်။
၃၁၊၇၊၁၅
ညနေ၆း၃၅
READMORE
 

( ၀န်ထမ်းတွေ ပြေးကုန်ပြီဆိုသည့် ဖုန်းတစ်လုံးနှင့် အပုတ်ချသူတွေ သိမြင်နိုင်ရေး)

Ye Htut shared Soe Min Lwin's post.မှ ကူးယူဖော်ပြသည်။
8 hrs ·
 
 
 
 
 
 
 
 
 
 
 
 
တကယ်တော့လေ
💿💿💿💿💿💿💿
ကျွန်တော်တို့က အရမ်းအန္တရာယ်ရှိတဲ့သဘာဝဘေးအန္တရာယ်ကြီးနဲ့ တိုက်နေတာပါ။ တကယ်ဆို အခုအခြေအနေက အရေးပေါ်အခြေအနေပါ။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် တာဝန်ကော ၀တ္တရားကော စေတနာကောထည့်ပြီး တာဝန်ထမ်းဆောင်နေကြဆဲပါပဲ ၀င်လာသမျှရေတွေ မထိန်းနိုင်တော့လို့ ရေပိုလွှဲတွေပေါ်ကနေ စီးထွက်သွားတာပါ။ တမံအောက်က ပြည်သူတွေအတွက် အရမ်းစိုးရိမ်မိပါတယ်။ဒီအချိန်က အချင်းချင်းအပြန်အလှန်အားပေးရမယ့်အချိန်ပါ။ ပြည်သူတွေ အထိတ်တလန့်ဖြစ်စေမယ့် လုပ်ရပ်မျိုးကို ပြောရက်၊ဆိုရက်ကြတဲ့ စိတ်ဓာတ်တွေကို ရွံမိပါတယ်။
ကြီးအုံကြီးဝတမံမှာ မိုးထဲရေထဲ လိုက်လံစစ်ဆေးနေသည့် ညွှန်မှူးတို့ နှင့် အမှတ်တရပါ။ု ဘယ်သူမှ ထွက်ပြေးမယ့်သူမပါပါဘူး။ မုန်းတမံကော မန်းတမံကော ကြီးအုံကြီးဝတမံပါ ၀င်ရေထပ်မံတိုးနေသည့်အတွက် တမံအောက်ဖက်ရှိ ပြည်သူများအနေဖြင့်အထူးသတိထားဖို့ လိုအပ်နေပါသည်။
( ၀န်ထမ်းတွေ ပြေးကုန်ပြီဆိုသည့် ဖုန်းတစ်လုံးနှင့် အပုတ်ချသူတွေ သိမြင်နိုင်ရေး)
READMORE
 

နဲနဲ ရှည်ပါရစေ ပြောတော့ပြောပြီးသားပါ။ ထပ်ရှင်းပြဖို့တာဝန်ရှိတယ်ထင်လို့ သိသလောက် ပြောပြပါရစေ

Ye Htut shared Soe Min Lwin's post. မှ ကူးယူဖော်ပြသည်။
15 hrs ·
နဲနဲ ရှည်ပါရစေ
🔔🔔🔔🔔🔔🔔

  ပြောတော့ပြောပြီးသားပါ။ ထပ်ရှင်းပြဖို့တာဝန်ရှိတယ်ထင်လို့   သိသလောက် ပြောပြပါရစေ။ ရေပိုလွှဲဆိုတာ အောက်ကပုံ (၁)မှာ ပါတဲ့အတိုင်းပါပဲ။ ပုံမှန်အားဖြင့်  ကန်ပြည့်မှတ်ထိ ရေကို သိုလှောင်ထိန်းသိမ်းလို့ ပြည့်ပြီဆိုတာနဲ့ ရေပိုလွှဲပေါ်ကနေ မူလချောင်းက စီးဝင်တဲ့  ပမာဏအတိုင်း စီးဆင်းထွက်သွားတာပါပဲ။
တချို့ရေပိုလွှဲတွေမှာတော့ ရေကို ပိုမိုထိန်းညှိနိုင်ဖို့အတွက် ရေပိုလွှဲပေါ်မှာ ရေတံခါးတစ်ခု ထပ်တင်တတ်ပါတယ်။ ပုံမှန်ထက်ရေကို သိုလှောင်နိုင်အောင်လို့ပါ။ ဒါပေမယ့် ၀င်ရေအရမ်းများတဲ့ အခါမျိုးတွေမှာ ဂိတ်တံခါးတွေကို စနစ်တကျတွက်ချက်ပြီး ဟပေးရပါတယ်။ ရေတံခါးအောက်ကနေ ရေထွက်နိုင်အောင်ပါ။
တကယ်တော့ ရေပိုလွှဲဆိုတာ ရေဖောက်ချလို့ရတဲ့အရာမဟုတ်ပါဘူး။ ရေစီးဝင်လာမယ်။ တမံထဲရေကိုလှောင်မယ်၊ပြည့်ရင်ကျော်ပြီးစီးထွက်သွားမယ်။ ဒါပါပဲ။ ဆည်ကိုထိန်းသိမ်းတဲ့နေရာမှာ ဆည်ရေကို ဖောက်ချတယ်လို့ မရှိခဲ့ဖူးပါဘူး။ ခုလိုရေကြီးတဲ့ရာသီမှာ ပေါက်ကျမှာစိုးလွန်းလို့တောင် ရေကင်းအထပ်ထပ် ချနေရတာပါ။ အရေးပေါ်ရေပိုလွှဲဆိုတာမျိုးကလဲ သေချာလေ့လာတွက်ချက်ထားပြီးသားပါ။
တစ်ခုတော့ရှိတာပေါ့၊ မြောင်းဘေးပတ်လည်မှာ ရေများလွန်းနေရင် ထိန်းညှိတဲ့သဘောနဲ့ မြောင်းထဲရေထည့်တာတော့ရှိနိုင်သလို၊ ရေအားလျှပ်စစ်စက်ရုံ လည်ပတ်လို့ ရေတွေ စီးထွက်တာတော့ ရှိနိုင်ပါတယ်။
အခုလို အရာရာထိတ်လန့်နေကြတဲ့အချိန်မှာ ဆည်ရေဖောက်ချတော့မယ်ဆိုတဲ့စကားက နားမလည်တဲ့သူတွေကို အရမ်းအားငယ်စေနိုင်တာမို့. ဒီလိုအသုံးအနှုန်းမျိုးကို တတ်နိုင်သမျှ မသုံးစွဲတာကောင်းမယ်ထင်ပါတယ်။
တကယ်ဆည်ဖောက်ချနေပါတယ်ဆိုတဲ့ သက်သေလေးများရှိခဲ့ရင်ကျွန်တော့်ကိုပြပါ။ ကျွန်တော့်စကား မှားသွားပါတယ်လို့ဝန်ခံပြီး အလုပ်ထွက်ပေးပါ့မယ်။ တကယ်လို့ သက်သေမတွေ့ရင်တော့ သတင်းအမှန်လေးပဲပေးကြပါလို့ တတ်နိုင်သမျှ စိတ်အားမငယ်စေချင်သော စေတနာဖြင့်....။
(အကယ်၍ သိချင်တာ မရှင်းတာများရှိရင် မေးနိုင်ပါတယ်၊ တတ်န်ုင်သမျှ သိသမျှ ရှင်းပြပါရစေ။)
READMORE
 

" အဲကမ္ဘောဇက အကူအညီပစ္စည်းများ အခမဲ့ပို့ဆောင်ပေးမည် "

" အဲကမ္ဘောဇက အကူအညီပစ္စည်းများ အခမဲ့ပို့ဆောင်ပေးမည် "
အဲကမ္ဘောဇ လေကြောင်းလိုင်းက ရေဘေးသင့်ပြည်သူများအတွက် အကူအညီအထောက်အပံ့ပစ္စည်းများကို နီးစပ်ရာလေဆိပ်ရှိရာဒေသများသို့ အခမဲ့ပို့ဆောင်ပေးမည်ဟု သိရသည်။
လှူဒါန်းလိုသည့် ပစ္စည်းများကို အဲကမ္ဘောဇရုံးချုပ်နှင့် အနယ်နယ်အရပ်အရပ်ရှိ ရုံးခွဲများ တွင်လည်းလာရောက်လှူဒါန်းနိုင်ပြီး အကူညီလိုအပ်နေသည့် ရေဘေးအန္တရာယ်ခံစားနေရသော ပြည်သူများထံသို့ အခမဲ့သယ်ဆောင်ပေးပို့သွားမည် ဟု အဲကမ္ဘောဇ၏ ဖေ့ဘွတ်ခ်စာမျက်နှာတွင် ကြေညာချက်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ဓာတ်ပုံ-နစ်ကီ
READMORE
 

ကလေးမြို့ နှစ်ပေါင်း ၄၀ အတွင်း အဆိုးဆုံးရေကြီးမှု.

Thiz Za Na shared Kyaw Swar Myint's album. မှ ကူးယူဖော်ပြသည်။
နေရာတိုင်းလို ဖြစ်နေတာပါလား
ကူညီသူတွေကလည်း ပြည်သူတွေပါပဲ
Kyaw Swar Myint added 13 new photos to the albu
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
ကလေးမြို့ဟာ ကဘော်ချိုင့်ဝှမ်းနဲ့ ဆက်ထားတဲ့ ကလေးချိုင့်ဝှမ်းလွင်ပြင်ထဲမှာ
ရှိနေပြီး ချင်းတောင်တန်းတွေရဲ့ အခြေမှာရှိနေတဲ့ မြို့တမြို့ဖြစ်ပါတယ်။
ချင်းတွင်းမြစ်ရဲ့ အကြီးဆုံးမြစ်လက်တက်ဖြစ်တဲ့ မြစ်သာမြစ်ရဲ့ ကမ်းဘေးမှာ
ရှိနေတာကြောင့် စိုးရိမ်ရတဲ့ အနေအထားပါ။

အခု လောလောဆယ်ဆယ် ရေကြီးမှုအနေအထားက နှစ်ပေါင်း လေးဆယ်
အတွင်း အဆိုးဆုံး အခြေအနေမှာရှိနေတယ်လို့ အသက် ၆၀ အရွယ် ဒေသခံ
တဦးက ပြောပါတယ်။
အလားတူ စစ်ကိုင်းတိုင်း ကလေးမြို့ကနေ ကလေးဝဘက်ကိုအထွက် ကား
လမ်းဘေးက ရွာတွေဖြစ်တဲ့ဂျီကုန်း၊ ပြင်သာနဲ့ ဖောင်ကူးရွာတွေတွေ ဒေသခံ
တွေလည်း ရေလွတ်ရာကို ရွှေ့ပြောင်းနေကြရပါပြီ။
ကလေးမြို့အနီး ရာဇဂြိုဟ်ဆည်ရဲ့ ရေမှတ်က မနေ့က ည ၇ နာရီတိုင်းတာချက်
အရ ၆၄၇ ပေအထိ ရှိနေပြီး ဇူလိုင် ၂၉ ရက်နေ့မှာ တနေကုန်နီးပါး မိုးရွာသွန်း
နေတာမို့ ဆည်အခြေအနေကလည်း စိုးရိမ်နေရပါတယ်။
မြန်မာပြည်အလယ်ပိုင်းမှာလည်း ရေကြီးရေလျှံမှုတွေ နေရာအနှံ့ ဖြစ်နေတာမို့ ကလေးလွင်ပြင်မှာ ရေကအယ်နေပြီး မိုးရွာလို့ အထက်က ထပ်ကျလာတဲ့
တောင်ကျရေတွေ ကြောင့် လက်ရှိရေအနေအထားက ထပ်ပြီး မြင့်တက်လာဖို့ ရှိနေလို့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း စတင်လုပ်ဆောင်နေပြီလို့
သိရပါတယ်။
သတင်းဓါတ်ပုံ-DVB.
READMORE
 

(ပုံစာ- မကွေးတိုင်း၊ပွင့်ဖြူမြို့မှ ရေဘေးရှောင်လာသူများအား တွေ့ရစဉ်)

Thu Ta Nay shared Eleven Media Group's photo. မှ ကူးယူဖော်ပြပါသည်။
1 hr ·
မြန်မာနိုင်ငံသမိုင်းတွင် အဆိုးရွားဆုံး ရေဘေးအန္တရာယ်ကို ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုအနက် ၁၁ ခုတွင် ကြုံတွေ့နေရ၊ အစိုးရ၏ ထိရောက်သော ကြိုတင်ကာကွယ်မှုနှင့် ကယ်ဆယ်ထောက်ပံ့မှုများ အားနည်းသည့်အပေါ် ဝေဖန်မှုများရှိနေ
ဇူလိုင် ၁၆ ရက်မှစတင်ပြီး မြန်မာနိုင်ငံ အထက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုများအပါ အ၀င် ပြည်နယ်နှင့်တိုင်း ၁၄ ခုအနက် ၁၁ ခုတွင် ရေဘေးအန္တရာယ်ကိုကြုံတွေ့နေရ သည့် ရက်သတ္တနှစ်ပတ်အတွင်း အစိုးရ၏ထိရောက်သော ကြိုတင်ကာကွယ်မှုနှင့် ကယ် ဆယ်ထောက်ပံ့မှု အားနည်းသည့်အပေါ် ပြည်သူများက ဝေဖန်လျက်ရှိသည်။
ပြည်နယ်နှင့်တိုင်း ၁၁ ခုတွင် ဖြစ်ပေါ် နေသည့် ရေဘေးသင့်ပြည်သူများအနေဖြင့် အစိုးရ၏ ထိရောက်သော အကူအညီကိုမရရှိ သေးကြောင်း ရေဘေးသင့်ပြည်သူများနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ သည့် ပရဟိတအသင်းများက ပြောကြား သည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်း၊ တံတားများ၊ စိုက်ခင်းများနှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရပြီး ရေဘေးအန္တရာယ်ကျ ရောက်နေသည့် ဒေသများတွင် အရပ်သား ပရဟိတအသင်းများ၏ ကယ်ဆယ်မှုအပေါ် တွင်မှီခိုနေရပြီး အချို့ကျေးရွာများမှာ ကူညီ မှုများ လုံးဝရောက်လာခြင်းပင် မရှိသေး ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ရေဘေးအန္တရာယ်ကိုအဆိုးဆုံးခံစားနေရသည်မှာ စစ်ကိုင်း တိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်နှင့် ချင်း ပြည်နယ်တို့ဖြစ်ကြပြီး ဧရာဝတီတိုင်းဒေသြ ကီးမှာ ဇူလိုင် ၃၁ ရက်မှစတင်ပြီး ရေဘေး အန္တရာယ်ကို စတင်ရင်ဆိုင်နေရသည်ဟု ဒေသခံများ၏ပြောကြားချက်အရ သိရသည်။ ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင်လည်း ဇူလိုင်တတိယ ပတ်ကစတင်ပြီး ရေကြီးရေလျှံမှုများဖြစ်ပွား ခဲ့သလို ယခုရက်ပိုင်းမှစတင်ကာ ပဲခူတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် မြစ်ရေကြီးမှု ဖြစ်ပွားလာခြင်းကြောင့် မြန်မာနိုင်ငံပြည်နယ်နှင့် တိုင်း ၁၄ ခုအနက် ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီးနှင့် ကယားပြည်နယ်မှအပ ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင် ရေဘေး အန္တရာယ်ကို ဆိုးရွားစွာရင်ဆိုင်နေရသည်။
မကွေးတိုင်းအတွင်း မုန်းချောင်းနှင့်မန်းချောင်း ရေကြီး တာတမံများ၏ ရေပိုလွှဲမှလျှံကျသော ရေများကြောင့် မြို့နယ်လေးခုအတွင်း သိန်းနှင့်ချီသောလူများ ရေဘေး လွတ်ရာ ရွှေ့ပြောင်းနေရ
မကွေးတိုင်းအတွင်း မုန်းချောင်းနှင့် မန်းချောင်းရေကြီးကာ မုန်းတမံနှင့် မန်းတမံ များ၏ ရေပိုလွှဲမှ လျှံကျသော ရေများကြောင့် ဇူလိုင် ၃၁ ရက်က စေတုတ္တရာ၊ ပွင့်ဖြူ၊ ငဖဲ၊ စကုမြို့များနှင့် ယင်းမြို့နယ်များအတွင်း ကျေးရွာပေါင်း ၃၀၀ ကျော်မှ သိန်းနှင့်ချီသော လူများအပါအ၀င် နွား၊ ၀က်စသည့် တိရစ္ဆာန်များပါ ရေဘေးလွတ်ရာရွှေ့ပြောင်းနေရပြီး သောက်သုံးရေ၊ အစားအသောက်နှင့် မိုးကာ များ အရေးပေါ်လိုအပ်နေကြောင်း ဒေသခံ များထံမှ သတင်းရရှိသည်။
မုန်းချောင်းရေလျှံမှုကြောင့် မုန်းတမံ အောက် အနီးဆုံးနေရာရှိ စေတုတ္တရာမြို့နှင့် ယင်းမြို့နယ်အတွင်း မုန်းချောင်းဝဲယာ ကျေး ရွာများမှ လူနှင့်တိရစ္ဆာန်များ ဇူလိုင် ၂၉ ရက် ညကတည်းက ရေဘေးလွတ်ရာသို့ ပြောင်း ရွှေ့ခဲ့ရကြောင်း ဇူလိုင် ၃၀ ရက် နံနက်ပိုင်းမှ စ၍ စေတုတ္တရာမြို့သို့ သွားရောက်ရာ ကား လမ်းများတွင် တောင်ကျချောင်းများ တည်ရှိ သောကြောင့် လုံးဝသွားလာ၍မရတော့ ကြောင်း၊ ထို့အပြင် ဖုန်းလိုင်းများလည်း လုံးဝ ပြတ်တောက်သွားခဲ့ကြောင်း၊ ယင်းအခြေ အနေများကြောင့် ရေဘေးရှောင်ရသူများ အတွက် သောက်သုံးရေ၊ အစားအစာနှင့် မိုးကာများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။
မုန်းချောင်းဘေး မုန်းတမံ၊ ကြီးအုံကြီး ၀တမံနှင့် လင်းဇင်းဆည်များအောက်ဘက်ရှိ ပွင့်ဖြူမြို့နှင့် မုန်းချေင်းဘေးဝဲယာရှိ ကျေးရွာ ပေါင်း ၁၀၀ ကျော်အပါအ၀င် ပွင့်ဖြူမြို့နှင့် ဧရာဝတီမြစ်အကြားရှိ ကျေးရွာပေါင်း ၁၀၀ ခန့်မှ သိန်းနှင့်ချီသောလူများလည်း ဇူလိုင် ၃၁ ရက်နံနက်စောပိုင်းမှစ၍ ရေဘေးလွတ် ရာ ရွှေ့ပြောင်းနေရကြောင်း ထိုသို့ရွှေ့ပြောင်း နေစဉ်မှာပင် ပွင့်ဖြူမြို့ဝင် ဆိုင်းဘုတ်အနီး လက်ခုပ်ကျေးရွာမှ အသက် ၃၅ နှစ်ဝန်းကျင်ရှိ အမျိုးသားတစ်ဦး ရေနစ်မျောပါသွားခဲ့ ကြောင်း မုန်းချောင်းရေများ ထပ်မံမြင့်တက် လာသောကြောင့် ပွင့်ဖြူမြို့နယ်ဆေးရုံမှ လူနာများ၊ နေအိမ်များမှ သက်ကြီးရွယ်အိုများ မြို့ပြင်သို့ မထွက်နိုင်ဘဲ ပိတ်မိနေခဲ့ကြောင်း ပွင့်ဖြူမြို့သို့ မကွေး၊ မင်းဘူး၊ မင်းလှ စသည့် မြို့နယ်များမှ နိုင်ငံရေး၊ လူမှုရေး အသင်းအဖွဲ့ များ၊ မီးသတ်၊ ရဲ၊ တပ်မတော် တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ပေးခဲ့ သော်လည်း သောက်သုံးရေနှင့် အစားအစာ အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
ယခုသတင်းပါ ဒေသအလိုက် ရေကြီးမှုသတင်းများအား Post အလိုက် ဆက်တိုက် ဖော်ပြသွားပါမည်။
(ပုံစာ- မကွေးတိုင်း၊ပွင့်ဖြူမြို့မှ ရေဘေးရှောင်လာသူများအား တွေ့ရစဉ်)
READMORE
 

ရခိုင်ရိုးမကနေ မြစ်ဖျားခံတဲ့ မန်းချောင်းမှာပါ ရေကြီးရင်တော့ မကွေးမြို့ဟာ ရက်ပိုင်းအတွင်း ရေကြီးရေလျှံမှုဒဏ်ကို ရင်ဆိုင်ရဖို့ရှိနေပါတယ်။

Thinn Soe shared Kamayut Media's post. မှကူးယူဖော်ပြသည်။
1 hr · Edited ·
ရေတွေ ရထားလမ်းတက်လျှောက်
ချင်းတောင်တန်းတွေပေါ် မြစ်ဖျားခံစီဆင်းလာတဲ့ မုန်းချောင်းဟာ မုန်တိုင်းကြောင့် မိုးသည်းထန်ပြီး ရေတိုးတာကြောင့် မကွေးတိုင်း စေတုတ္တရာမြို့နဲ့ ပွင့်ဖြူမြို့တွေကို ရေဖုံးလွှမ်းသွားပါတယ်။ ပွင့်ဖြူက မီးရထားလမ်း ကျိုးသွားတာကို ဒေသခံတစ်ယောက်က ဒီကနေ့ညနေ ၄နာရီမှာ ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။ မုန်းချောင်းဟာ ရေနံချောင်းနားမှာ ဧရာဝတီမြစ်ထဲ စီးဝင်တာဖြစ်ပြီး ရခိုင်ရိုးမကနေ မြစ်ဖျားခံတဲ့ မန်းချောင်းမှာပါ ရေကြီးရင်တော့ မကွေးမြို့ဟာ ရက်ပိုင်းအတွင်း ရေကြီးရေလျှံမှုဒဏ်ကို ရင်ဆိုင်ရဖို့ရှိနေပါတယ်။
(ဓာတ်ပုံ - Alinkar Kyawswar)
READMORE
 

မကွေးတိုင်းသတင်းစာဆရာအသင်း ကိုယ်စား လေးစားကျေးဇူးတင် ဝမ်းမြောက်မိပါကြောင်း

Aung Gyi Thayet added 15 new photos — with Paw Oo and 44 others. မှကူးယူဖော်ပြသည်။
မြန်မာနိုင်ငံသတင်းစာဆရာအသင်း
မကွေးတိုင်းဒေသကြီးသတင်းစာဆရာ
အသင်းညီလာခံကို ၂၉/၇/၂၀၁၅
မွန်းလွဲ ၁း၃၀ အချိန်က တိုင်းပြန်/ဆက်
တွင်ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသတင်းစာဆရာအသင်း
ဗဟိုအလုပ်အမှုဆောင် မကွေးတိုင်း
ဒေသကြီးသတင်းစာဆရာအသင်း
အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်
ပွဲကျင်းပရေးကော်မရှင် သဘာပတိ
ဆရာကြည်မင်း အဖွဲ့ ဝင်ဆရာဒီမင်း
(ကျော်စွာမင်း) ဆရာအောင်သူမြိုင်
  မကွေးတိုင်းဒေသကြီးသတင်းစာဆရာ
  အသင်းနာယက ဆရာDr သက်လွင်
  ဆရာ မကွေးလှမြင့် နှင့် အခမ်းအနားမှူး
  ဆရာရွှေလမ်းငွေလမ်းဝင်းကြည် တို့ ၏
  စိတ်ရှည် သီးခံမှု စေတနာ ဝါသနာ အနစ်နာ ခံဆောင်ရွက်ပေးမှုတို့ ကြောင့်
  မကွေးတိုင်းသတင်းစာဆရာအသင်းကို
  ဥက္ကဌ နေခြည်(မကွေး) အတွင်းရေးမှူး
  ဇေယျတု အပါအဝင်အမှုဆောင်
  (၁၅)ဦး အရံအမှုဆောင်(၄)ဦး နှင့်
  ညီလာခံကိုယ်စားလှယ်(၁)ဦး တို့ ကို
  အောင်မြင်စွာရွေးချယ်ပေးခဲ့သည့်
အတွက် သဘာပတိကြီးနှင့် အဖွဲ့ ဝင်
ဆရာကြီးများ အခမ်းအနားမှူးဆရာကြီး
တို့ အား မကွေးတိုင်းသတင်းစာဆရာအသင်း
ကိုယ်စား လေးစားကျေးဇူးတင်
ဝမ်းမြောက်မိပါကြောင်း

READMORE
 

ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းမယ့် ခိုင်သင်းကြည်

Myanmar Model Girls added 2 new photos.မှ ကူးယူဖော်ပြသည်။
1 hr ·
ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းမယ့် ခိုင်သင်းကြည်
==============================================
  ရေဘေးသင့်ပြည်သူများအတွက်မခိုင်တက်နိုင်သလောက်အလှူအဖြစ်
  ယနေ့ ၃၁ရက်နေ့ ညတွင်ရုပ်ရှင်အစီးအရုံးမှအလှူငွေကောက်ခံရန်အတွက်
  တင်ဆက်ကပြမည့်ပြဇာတ်တွင်ပါဝင်ပါမည်
  မခိုင်တို့ မေတ္တာသင်္ဂဟအဖွဲ့ နှင့်လည်းမနက်ဖြန်၁ ရက်နေ့တွင်အလှူငွေနှင့်အဝတ်အထည်   များကိုလှူဒါန်းပါမည်ရှင်
  မြန်မာပြည်သူပြည်သားများနှင့်
  သတ္တဝါအပေါင်းဘေးရန်ခပ်သိမ်းကင်းဝေးကြပါစေရှင် ။

ခိုင်သင်းကြည်
READMORE
 

မကွေးမြို့ရှိ အလှုရှင်/ဒါနရှင် မိတ်ဆွေများခင်ဗျား..... လက်ရှိအချိန်တွင် မိုးများ ရေကြီးမှုများ ကြုံနေရသော ၁။ ငဖဲမြို့နယ် မှ အိမ်ထောင်စု (၇၀) ရှိ လူဦးရေ(၃၀၀) အတွက် စားရေရိက္ခာ အကူအညီ များလိုအပ်နေပါသည်။

Myintzaw Oo and Thiz Za Na shared Olar Magway's post. မှ ကူးယူဖော်ပြသည်။

 


 
 
 
 
 
 
 
 
 
 
 
 
 
 
 


 


 


 

 
 
မကွေးမြို့ရှိ အလှုရှင်/ဒါနရှင် မိတ်ဆွေများခင်ဗျား.....
လက်ရှိအချိန်တွင် မိုးများ ရေကြီးမှုများ ကြုံနေရသော
၁။ ငဖဲမြို့နယ် မှ အိမ်ထောင်စု (၇၀) ရှိ လူဦးရေ(၃၀၀) အတွက် စားရေရိက္ခာ အကူအညီ များလိုအပ်နေပါသည်။ တကြိမ်လျှင် တနပ်စာ ၁၅၃,၀၀၀ ကျပ်ကုန်ကျစရိတ်ဖြင့် ငဖဲလူငယ်ကွန်ယက်မှ တာဝန်ယူကာ ချက်ပြုတ်ကျွေးမွေး ထောက်ပံ့ကူညီနေပါသည်။
၂။ထို့ကြောင့် စေတနာရှင်၊ အလှုရှင်များ ၊သူငယ်ချင်းများ ၊မိတ်ဆွေများ အနေဖြင့် အောက်ပါ ဓါတ်ပုံများတွင် ကုန်ကျစရိတ်စာရင်း ၊ ထိခိုက်ခံ အိမ်ထောင်စုများ၏ အခြေအနေများကို Post တွင် တပါတည်း တွဲတင်ထားပါသောကြောင့် ကြည့်ရှုနိုင်ပါသည်။
၃။ အခြား အသင့်စားစရာများဖြစ်သည့် ဘီစကွတ် ၊ ခေါက်ဆွဲခြောက် ၊ ငါးသေတ္တာ နှင့် အသားဗူးများ၊ ငါးခြောက်များလည်း လှုဒါန်းနိုင်ပါသည်။
ဆက်သွယ်ရန်.....
ဦးကျော်ကိုကိုရှိန် (ငဖဲ) - ၀၉၇၉၂၀၃၉၂၁၃
ဦးရဲသူအောင် (ငဖဲ) - ၀၉၇၉၂၆၈၇၈၉၂
ဦးသန့်စင် (မင်းဘူး) - ၀၉၄၀၁၅၂၄၀၀၉
အိုလာ (မကွေး ) - ၀၉၄၀၁၅၇၃၄၁၅/၀၉၉၇၄၃၅၇၅၉၉
READMORE
 

ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့ကို သဘောဝဘေးအန္တရာယ် ကျရောက်သော ဒေသအဖြစ် ဇူလိုင် ၃၁ ရက် ည ၉ နာရီတွင် အစိုးရက ကြေညာလိုက်သည်။

Nyine Nyine Chit shared 7Day News Journal's photo.မှ ကူးယူဖော်ပြသည်။
33 mins ·
::: BREAKING NEWS :::
"တိုင်းနှင့် ပြည်နယ် လေးခု သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသအဖြစ် ကြေညာ"
ရေလွှမ်းမိုးမှုများဖြစ်ပေါ်နေသော ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့ကို သဘောဝဘေးအန္တရာယ် ကျရောက်သော ဒေသအဖြစ် ဇူလိုင် ၃၁ ရက် ည ၉ နာရီတွင် အစိုးရက ကြေညာလိုက်သည်။
READMORE
 

နောက်ဆုံးသတင်းရရှိမှုအရ စေတုတ္တရာမုန်းတမံကစိုးရိမ်ရေအမှတ် ၅၅၅.၂ ပေကျော်သွားပြီဖြစ်တယ်

နောက်ဆုံးသတင်းရရှိမှုအရ
စေတုတ္တရာမုန်းတမံကစိုးရိမ်ရေအမှတ်
၅၅၅.၂ ပေကျော်သွားပြီဖြစ်တယ်။ပွင့်ဖြူနဲ့နီးတဲ့ကြီးအုံကြီးဝတမံအမြင့်က၃၈၀ပေရှိပြီးအခုရောက်နေတဲ့ရေအမှတ်က၃၇၀ကျော်သွားပြီဖြစ်ပါတယ်။ကြီးအုံကြီးဝကရေပိုလွှဲ၂ခုရှိပါတယ်အခုရေပိုလွှဲတွေကနေလျှံသွားနေတာဖြစ်ပါတယ်၊ရေပိုလွှဲတစ်ပေါက်ကဘေးနံရံကလှိုက်စားကျိုးပေါက်လာနိုင်ပါတယ်။
Shutterကနေရေကျော်နေပြီဖြစ်တယ်။
လျှပ်စစ်ထုတ်တာရပ်ထားလိုက်ရပြီးစက်ရုံကိုပိတ်ထားလိုက်ပြီလို့လည်းစက်ရုံဝန်ထမ်းတွေနဲ့နီးစပ်တဲ့မဲဇလီဒေသခံတစ်ဦးကပြောပါတယ်။
မိုးကအဆက်မပြတ်ရွာနေသေးတာကြောင့်ပွင့်ဖြူနယ်ကစိုးရိမ်စရာဖြစ်ပါတယ်အခုဆိုရင်ပွယ့်ဖြူနယ်၅၆အုပ်စုကျေးရွာ၂၀၀ကျော်မှာ၇၅ရာနှုန်းရေလွှမ်းနေပြီဖြစ်ပါတယ်။
၃၁၊၇၊၁၅
READMORE
 

ဦးအောင်သောင်း ဈာပန ဇူလိုင် ၂၇ကျရင် ရေဝေးမှာ သင်္ဂြိုဟ်မယ်

ဦးအောင်သောင်း ဈာပန ဇူလိုင် ၂၇ကျရင် ရေဝေးမှာ သင်္ဂြိုဟ်မယ်

READMORE
 

လက်ရှိပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ အထွေ ထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း၏သားဖြစ်သူက နိုင်ငံတော်သို့ ပေးသွင်းရမည့် အကြွေးကျန်ရှိနေခြင်းကို နိုင်ငံပိုင်သတင်း စာများတွင် သတင်းထည့်သွင်းဖော်ပြ

မွေး/ရေဝန်ကြီး(ဟောင်း)နှင့် ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း၏ သားဖြစ်သူက မွေး/ရေ ဝန်ကြီးဌာနသို့ပေးသွင်းရမည့် ကြွေးကျန်ရှိနေခြင်းကိုနိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်းဖော်ပြ
==============================================
ဖြူသစ်လွင် ၊ နွယ်ဇင်

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေး လက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ယခင်
ဝန်ကြီးဟောင်းနှင့် လက်ရှိပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ အထွေ ထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း၏သားဖြစ်သူက နိုင်ငံတော်သို့ ပေးသွင်းရမည့် အကြွေးကျန်ရှိနေခြင်းကို နိုင်ငံပိုင်သတင်း စာများတွင် သတင်းထည့်သွင်းဖော်ပြလိုက် ခြင်းကို ပြည်သူများက ကြိုဆိုလိုက်ကြောင်း သိရသည်။
ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံတော်သို့ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ငွေကျပ် ၃၁ဒသမ ၇၉၃ဘီလီယံပေးသွင်းရန်ကျန်ရှိနေပြီး ယင်း ဌာန၏ ကြွေးကျန်အများဆုံး လုပ်ငန်းရှင် ၁ဝဦးထံမှ ငွေကျပ် ၂၅ဒသမ၅၉၂ဘီလီယံ ရရှိရန်ကျန်နေခြင်းဖြစ်ကာ အဆိုပါလုပ်ငန်း ရှင်များတွင် ဦးမောင်မောင်သိမ်း၏သား ဦးမင်းသိမ်းလည်း ပါဝင်နေခြင်းဖြစ်သည်။
ထိုသို့ပါဝင်နေသည့်အနက် ဦးမင်းသိမ်း သည်ကြွေးကျန် ၁၁ဒသမ၅၈ဝဘီလီယံဖြင့် အများဆုံး ကျန်ရှိနေသူတစ်ဦးလည်းဖြစ် ကြောင်း သိရသည်။ အဆိုပြါေ<ွကးကျန်များ မှာ ယခုအစိုးရလက်ထက်မှသာ ဖြစ်ပေါ် ခြင်းမဟုတ်ဘဲ ယခင်တပ်မတော်အစိုးရလက် ထက် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး ဦးမောင်မောင်သိမ်း တာဝန်ယူစဉ် ကာလကတည်းကဖြစ်ကြောင်း သိရသည်။
''အဲဒီသတင်းအတွက် ကြိုဆိုပါတယ်။နိုင်ငံပိုင်သတင်းစာတွေမှာ ဝန်ကြီးဌာနတွေ နဲ့ပတ်သက်တဲ့၊ သူတို့နဲ့သက်ဆိုင်သူတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေဆိုရင် အကောင်းပဲ ထည့်တယ်။ အခုလို တစ်ခါမှ ရေးသားဖော် ပြတာမျိုး မရှိခဲ့ဘူး။ ဒီလိုပွင့်လင်းမြင်သာမှု ရှိလာတဲ့အတွက် အမှန်အတိုင်းသိခွင့်ရလာ တယ်။ ကြိုဆိုပါတယ်။ နဂိုကတည်းက အဲဒီ လိုပဲ ဖြစ်သင့်တာ။ ပြည်သူတွေရဲ့ယုံကြည် မှုလဲ ပိုရလာတာပေါ့''ဟု ရန်ကုန်မြို့ ကမာ ရွတ်မြို့နယ်မှ ပြည်သူတစ်ဦးဖြစ်သူ ဦးမျိုးဝင်း က သုံးသပ်ပြောကြားသည်။
လက်ရှိတွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဘဏ္ဍာငွေ များ အလဟဿဆုံးရှုံးမှု မဖြစ်စေရန် ကြွေးကျန်အများဆုံး လုပ်ငန်းရှင် ၁ဝဦးကို အများနှင့်သက်ဆိုင်သောပစ္စည်း ကာ ကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ (၃)ဖြင့် တရားစွဲဆိုသွား မည်ဖြစ်ကြောင်းသိရသည်။
အထက်ပါဥပဒေပုဒ်မ(၃)အရ ပြစ်ဒဏ်ချမှတ်ခံရပါ က ၁ဝနှစ်အောက် မနည်းသော ထောင်ဒဏ်ဖြစ်စေ၊ တစ် ကျွန်းဒဏ်ဖြစ်စေ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချ မှတ်နိုင်ကြောင်း သိရသည်။
ယင်းအကြောင်းအရာနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ် တော် ကိုယ်စားလှယ်ဒေါ်စန္ဒာမင်းက ပထမအကြိမ်ပြည် ထောင်စုလွှတ်တော်(၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၏ ၇၂ရက်မြောက်နေ့က ပြည်သူ့ငွေစာရင်း ပူးပေါင်းကော် မတီ၏ အစီရင်ခံစာကို တင်ပြဆွေးနွေးခဲ့ခြင်းအပေါ် နိုင်ငံ ပိုင်သတင်းစာတွင် ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။
READMORE
 
 
 
 
 
 
“သူရဦးအောင်ကိုထံ လူနာမေးသွားခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်”
ပြည်ခိုင်ဖြိုးပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့်နီးကပ်သော ဆက်ဆံရေးရှိသည့် ပြည်ခိုင်ဖြိုးဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် သူရဦးအောင်ကို ဆေးကုသမှုခံယူနေသည်ကို ဒေါ်အောင်ဆန်းစုကြည်က လူနာသတင်းမေးသွားရောက်ခဲ့သည်။
သူရဦးအောင်ကိုသည် နှလုံးခုန်နှုန်း ၁၅၅ ထိရောက်နေသည့်အတွက် ဆေးရုံတက်ရောက်ကုသခံရခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်ကော်မတီဥက္ကဌတစ်ဦး ဖြစ်သည့် သူရဦးအောင်ကိုသည် ပုဒ်မ ၁၈ ဖျက်သိမ်းနိုင်ရေး အပါအဝင် တရားဥပဒေစိုးမိုးရေးအတွက် သက်ဆိုင်သော ဥပဒေများ၊ကို လွှတ်တော်တွင်ဆွေးနွေးခဲ့ပြီး အခြေခံဥပဒေပြင်ဆင်ရေးတွင် ရဲဝံ့စွာပြောကြားသူတစ်ဦးလည်း ဖြစ်သည်။
ထို့ပြင် နေပြည်တော်တွင် ကျင်းပသည့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၉ နှစ်မြောက်မွေးနေ့ကို တက်ရောက်ခဲ့သည့် တစ်ဦးတည်းသော ပြည်ခိုင်ဖြိုးအမတ်လည်း ဖြစ်သည်။

ဓာတ်ပုံ-Thetdwe Aung FB
READMORE
 

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးအောင်သောင်းကွယ်လွန်မှုအတွက်ဝမ်းနည်းကြောင်းအရေးကြီးအဆိုတင်သွင်း

ဝမ်းနည်းကြောင်း အရေးကြီးအဆိုတင်
နေပြည်တော် ဇူလိုင်၂၃ ရက် ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီဗဟိုအတိုင်ပင်ခံ တောင်သာမဲဆန္ဒနယ်မှပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်ဦးအောင်သောင်းကွယ်လွန်မှုအတွက်ဝမ်းနည်းကြောင်းအရေးကြီးအဆိုတင်သွင်း
ကာပြည်ထောင်စုလွှတ်တော်ကမှတ်တမ်းတင်ခဲ့ပါတယ်။ဝမ်းနည်းကြောင်းနှစ်မိနစ်ငြိမ်သက်ကာ ဆုတောင်းပေးခဲ့ကြပါတယ်။
ဦးအောင်သောင်းက စင်ကာပူနိုင်ငံမှာဆေးကုသမှုခံယူနေစဉ် ယနေ့နံနက်စင်ကာပူစံတော်ချိန် ၉:၄၅မိနစ်မှာကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
Author - ချိုဇင်မာဝင့်
READMORE
 

ဆိုရှယ်မီဒီယာဟာ အာဏာရှင်တွေအတွက်တော့ မကောင်ဆိုးဝါးတစ်ခုဖြစ်လာခဲ့ပါတယ်။

ဆိုရှယ်မီဒီယာဟာ အာဏာရှင်တွေအတွက်တော့ မကောင်ဆိုးဝါးတစ်ခုဖြစ်လာခဲ့ပါတယ်။ မြန်မာပြည်မှာတော့ Facebook ဟာ လူထုအသံ စင်မြင့်အဖြစ် အင်မတန်ထင်ရှားတယ်။ ယူတတ်ရင်တော့ သင်ခန်းစာတွေပါပဲ။ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ နာရေးလို့ ကင်ပွန်းတပ်လို့ရအောင် ဒီနာရေးနဲ့ ပတ်သက်ပြီး လူအများအကြားမှာ နှမြော တမ်းတဖို့တော့ ဝေလာဝေး၊ နှစ်ထောင်းအားရဖြစ်တဲ့ သတင်းစကားတွေ၊ မှတ်ချက်ပြုသံတွေပဲ တွေ့ရပါတယ်။ (စိတ်မကောင်းဖြစ်သူရှိရင်လည်း နည်းလွန်းမယ်ထင်ပါတယ်။)
အာဏာဟာ လူ့စိတ်ကိုဖောက်ပြားနိုင်စွမ်းပါတယ်။ အထူးသဖြင့် နိုင်ငံကိုစီမံအုပ်ချုပ်တဲ့ အာဏာရခိုက် စိတ်ကောင်းထား၊ သတိကိုအမြဲချပ်ကာ ဖြောင့်မတ်စွာကျင့်သုံးကြဖို့ ဒီအဖြစ်အပျက်က သင်ခန်းစာကြီးပါ။ တိုင်းပြည် အာဏာကိုရေရှည်စွဲကိုင်ထားတာနဲ့အမျှ စိတ်ရဲ့ဖောက်ပြန်မှုနှုန်းကလည်း မြင့်တတ်လာဖို့ ရာနှုန်းများလာတော့တာပါပဲ။
ဆင်းရဲနွမ်းပါးမှုများတဲ့ လူ့အဖွဲ့အစည်းမှာ အလွန်အမင်းချမ်းသာလိုပြီး ဒီအတွက်လည်း ဘယ်လိုနည်းနဲ့ရရ ရအောင်လုပ်မယ်ဆိုတဲ့စိတ်ဓါတ်ဟာလည်း ကင်ဆာတစ်မျိုးပါပဲ။
ဆရာဦးစိန်ဝင်း Fb မှ ကူးယူဖော်ပြသည်။
READMORE
 

ဦးအောင်သောင်း နှင့်ပတ်သက်သည့်အကြောင်းအရာတချို့

ဦးအောင်သောင်း နှင့်ပတ်သက်သည့်အကြောင်းအရာတချို့
*********************************************
ဦးအောင်သောင်းကို ၁၉၄၀ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့မှားမွေးဖွားခဲ့ကာသူ့ကိုယ်သူ ဝဲလောင်ရွာ ဇာတိလို့ ပြောလေ့ရှိပါတယ်။ အချို့မှတ်တမ်းတွေမှာတော့ တောင်သာမြို့နယ် ကျောက်ကာရွာ ဇာတိလို့ ဆိုပါ တယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကတော့ သူ့ကို ဝဲလောင်သားလို့ ခေါ်လေ့ရှိတယ်လို့ ဆိုပါတယ်။
သားသမီးခြောက်ယောက်ရှိပြီး တစ်ဦးကတော့ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ သားမက်ဖြစ်ပါတယ်။ ဦးအောင်သောင်းအား OTS အပတ်စဉ် (၃၀) ဆင်းဖြစ်ပြီး တပ်မတော်မှာ ဗျူဟာမှူး ဗိုလ်မှူးကြီး အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ် မတ်လ(၃၀) ရက်နေ့အထိ စက်မှု (၁) ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ မွေး/ရေ ဝန်ကြီးအဖြစ်နဲ့လည်း တာဝန်ထမ်းဆောင်ခဲ့ပါသေး တယ်။
လက်ရှိမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာ ဗဟိုအတွင်းရေးမှူးအနေနဲ့ လုပ်ကိုင် နေပြီး ပြည်သူ့လွှတ်တော်မှာ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဥက္ကဋ္ဌ နေရာ ရယူထား ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အဖွဲ့ခေါင်းဆောင်အနေနဲ့လည်း လုပ်ကိုင်ခဲ့ဖူးပါတယ်။
ဦးအောင်သောင်းရဲ့ မိသားစုဝင်တွေဟာ ရေနံ၊ သဘာဓာတ်ငွေ့၊ သစ်နဲ့ ဆန် စပါးရောင်းဝယ်ရေး၊ ကွန်ပျူတာနဲ့ လျှပ်စစ်ပစ္စည်းတင်သွင်းတဲ့လုပ်ငန်း၊ ဘဏ်လုပ်ငန်းတွေ လုပ်ကိုင်နေပါတယ်။ အောင်ရီဖြိုး ကုမ္ပဏီနဲ့ IGE ကုမ္ပဏီများ အုပ်စု ကို စင်္ကာပူနိုင်ငံမှာ ၂၀၀၁ ခုနှစ်က မှတ်ပုံတင်ထားပါတယ်။
Messenger News Journal...
Like   Comment  
READMORE