စေတုတ္တရာနောက်ဆုံးအခြေအနေ
*****************°°********
စေတုတ္တရာနဲ့၁ရက်ခွဲအဆက်အသွယ်ပြတ်နေရာကအခု
လေးဘဲကျနော့မိတ်ဆွေကိုကျော်အောင်လွင်(စေတုတ္တရာ မုဒိတာစတိုး)နဲ့ဖုန်းအဆက်အသွယ်ရပါတယ်။မုန်းတမံရေအမှတ်က ၅၅၇.၈ ထိရောက်သွားတယ်မြို့ပေါ်အိမ်တွေက
ညဈေးတန်းနေရာလေးကအပကျန်နေရာတွေမှာအိမ်ခေါင်မိုးတွေသာမြင်ရတဲ့အခြေအနေဖြစ်နေပါတယ်။တမံပေါ်ကရေတွေကျော်နေတာကြာနေပါပြီဆည်တမံကျိုးမသွားရအောင်
အခုဆိုရင် တမံနဲ့မျက်စောင်းထိုးမှာရှိတဲ့ကုန်းချောတမံကို လူအင်အားနဲ့ ပေ ၅၀ အကျယ် ၄ ပေအမြင့်ကိုရေလျံထွက်ပေါက်ဖြစ်အောင်တူးဖော်နေကြပါတယ်။မြို့အဝင်ညောင်အိုင်တံတားကရေအောက်ရောက်သွားသလိုမကျီးစုကုန်းဆင်းကရေကျော်သွားပြီဖြစ်ပါတယ်။စလင်းစေတုတ္တရာတောင်ပေါ်ကားလမ်းမှာရှိတဲ့ပုရပိုက်ကွေ့မှာတောင်ပြိုနေတယ်လို့သိရပါတယ်။
စေတုတ္တရာမြို့ပေါကပြည်သူတွေကမီးသတ်ကုန်းအထကကုန်းတွေပေါ်မှာဆက်ရှင်သန်နေကြတယ်ဆိုပေမယ့်သောက်သုံးရေပြဿနာနဲ့ကျန်းမာရေးအတွက်အခက်အခဲဖြစ်နေပါတယ်။ဆေးရုံတာဝန်ခံဆရာဝန်၂ဦးကရေလတ်ရာမြို့ကိုရှောင်ပြေးသွားတဲ့အတွက်ဆရာဝန်မရှိတဲ့ဆေးရုံကိုအထကကျောင်းပေါ်ကိုရွေ့ထားရပါတယ်။တမြို့နယ်လုံးဘူးတမံဘက်ကျီးချောင်ဘက်မုန်းချောင်ဘက်ထီးချောင်ဘက်ကရွာတွေအားလုံးအဆက်အသွယ်တွေခက်ခဲသွားတယ်ဘူးဘက်ကရွာတွေရေနစ်မြုပ်လျက်ရှိနေတယ်အောက်ဝေါကဘုန်းကြီးကျောင်းလည်းရေနစ်မြုပ်လျက်ရှိနေတယ် လို့သိရပါတယ်။ကိုကျော်အောင်လွင်ကိုအတည်ပြုသုံးသပ်စေခဲ့တာက ဒေသခံ၇၀၀၀ကျော်ကနေ၁၀၀၀၀ဝန်းကျင်ခန့်ဟာမြို့မှာမိမိရောက်နေတဲ့တောင်ကုန်းတွေပေါ်မှာပိတ်မိနေပြီလို့ပြောပါတယ်။
၃၁၊၇၊၁၅
ညနေ၆း၃၅

0 comments:
Post a Comment