မွေး/ရေဝန်ကြီး(ဟောင်း)နှင့်
ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း၏
သားဖြစ်သူက မွေး/ရေ ဝန်ကြီးဌာနသို့ပေးသွင်းရမည့် ကြွေးကျန်ရှိနေခြင်းကိုနိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်းဖော်ပြ
==============================================
ဖြူသစ်လွင် ၊ နွယ်ဇင်

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေး လက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ယခင်
ဝန်ကြီးဟောင်းနှင့် လက်ရှိပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ အထွေ ထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း၏သားဖြစ်သူက နိုင်ငံတော်သို့ ပေးသွင်းရမည့် အကြွေးကျန်ရှိနေခြင်းကို နိုင်ငံပိုင်သတင်း စာများတွင် သတင်းထည့်သွင်းဖော်ပြလိုက် ခြင်းကို ပြည်သူများက ကြိုဆိုလိုက်ကြောင်း သိရသည်။
ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံတော်သို့ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ငွေကျပ် ၃၁ဒသမ ၇၉၃ဘီလီယံပေးသွင်းရန်ကျန်ရှိနေပြီး ယင်း ဌာန၏ ကြွေးကျန်အများဆုံး လုပ်ငန်းရှင် ၁ဝဦးထံမှ ငွေကျပ် ၂၅ဒသမ၅၉၂ဘီလီယံ ရရှိရန်ကျန်နေခြင်းဖြစ်ကာ အဆိုပါလုပ်ငန်း ရှင်များတွင် ဦးမောင်မောင်သိမ်း၏သား ဦးမင်းသိမ်းလည်း ပါဝင်နေခြင်းဖြစ်သည်။
ထိုသို့ပါဝင်နေသည့်အနက် ဦးမင်းသိမ်း သည်ကြွေးကျန် ၁၁ဒသမ၅၈ဝဘီလီယံဖြင့် အများဆုံး ကျန်ရှိနေသူတစ်ဦးလည်းဖြစ် ကြောင်း သိရသည်။ အဆိုပြါေ<ွကးကျန်များ မှာ ယခုအစိုးရလက်ထက်မှသာ ဖြစ်ပေါ် ခြင်းမဟုတ်ဘဲ ယခင်တပ်မတော်အစိုးရလက် ထက် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး ဦးမောင်မောင်သိမ်း တာဝန်ယူစဉ် ကာလကတည်းကဖြစ်ကြောင်း သိရသည်။
''အဲဒီသတင်းအတွက် ကြိုဆိုပါတယ်။နိုင်ငံပိုင်သတင်းစာတွေမှာ ဝန်ကြီးဌာနတွေ နဲ့ပတ်သက်တဲ့၊ သူတို့နဲ့သက်ဆိုင်သူတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေဆိုရင် အကောင်းပဲ ထည့်တယ်။ အခုလို တစ်ခါမှ ရေးသားဖော် ပြတာမျိုး မရှိခဲ့ဘူး။ ဒီလိုပွင့်လင်းမြင်သာမှု ရှိလာတဲ့အတွက် အမှန်အတိုင်းသိခွင့်ရလာ တယ်။ ကြိုဆိုပါတယ်။ နဂိုကတည်းက အဲဒီ လိုပဲ ဖြစ်သင့်တာ။ ပြည်သူတွေရဲ့ယုံကြည် မှုလဲ ပိုရလာတာပေါ့''ဟု ရန်ကုန်မြို့ ကမာ ရွတ်မြို့နယ်မှ ပြည်သူတစ်ဦးဖြစ်သူ ဦးမျိုးဝင်း က သုံးသပ်ပြောကြားသည်။
လက်ရှိတွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဘဏ္ဍာငွေ များ အလဟဿဆုံးရှုံးမှု မဖြစ်စေရန် ကြွေးကျန်အများဆုံး လုပ်ငန်းရှင် ၁ဝဦးကို အများနှင့်သက်ဆိုင်သောပစ္စည်း ကာ ကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ (၃)ဖြင့် တရားစွဲဆိုသွား မည်ဖြစ်ကြောင်းသိရသည်။
အထက်ပါဥပဒေပုဒ်မ(၃)အရ ပြစ်ဒဏ်ချမှတ်ခံရပါ က ၁ဝနှစ်အောက် မနည်းသော ထောင်ဒဏ်ဖြစ်စေ၊ တစ် ကျွန်းဒဏ်ဖြစ်စေ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချ မှတ်နိုင်ကြောင်း သိရသည်။
ယင်းအကြောင်းအရာနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ် တော် ကိုယ်စားလှယ်ဒေါ်စန္ဒာမင်းက ပထမအကြိမ်ပြည် ထောင်စုလွှတ်တော်(၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၏ ၇၂ရက်မြောက်နေ့က ပြည်သူ့ငွေစာရင်း ပူးပေါင်းကော် မတီ၏ အစီရင်ခံစာကို တင်ပြဆွေးနွေးခဲ့ခြင်းအပေါ် နိုင်ငံ ပိုင်သတင်းစာတွင် ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

0 comments:
Post a Comment