Thu Ta Nay shared Eleven Media Group's photo. မှ ကူးယူဖော်ပြပါသည်။
1 hr ·
ဇူလိုင် ၁၆ ရက်မှစတင်ပြီး မြန်မာနိုင်ငံ အထက်ပိုင်း
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုများအပါ အ၀င်
ပြည်နယ်နှင့်တိုင်း ၁၄ ခုအနက် ၁၁ ခုတွင် ရေဘေးအန္တရာယ်ကိုကြုံတွေ့နေရ သည့်
ရက်သတ္တနှစ်ပတ်အတွင်း အစိုးရ၏ထိရောက်သော ကြိုတင်ကာကွယ်မှုနှင့် ကယ်
ဆယ်ထောက်ပံ့မှု အားနည်းသည့်အပေါ် ပြည်သူများက ဝေဖန်လျက်ရှိသည်။
ပြည်နယ်နှင့်တိုင်း ၁၁ ခုတွင် ဖြစ်ပေါ် နေသည့် ရေဘေးသင့်ပြည်သူများအနေဖြင့် အစိုးရ၏ ထိရောက်သော အကူအညီကိုမရရှိ သေးကြောင်း ရေဘေးသင့်ပြည်သူများနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ သည့် ပရဟိတအသင်းများက ပြောကြား သည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်း၊ တံတားများ၊ စိုက်ခင်းများနှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရပြီး ရေဘေးအန္တရာယ်ကျ ရောက်နေသည့် ဒေသများတွင် အရပ်သား ပရဟိတအသင်းများ၏ ကယ်ဆယ်မှုအပေါ် တွင်မှီခိုနေရပြီး အချို့ကျေးရွာများမှာ ကူညီ မှုများ လုံးဝရောက်လာခြင်းပင် မရှိသေး ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ရေဘေးအန္တရာယ်ကိုအဆိုးဆုံးခံစားနေရသည်မှာ စစ်ကိုင်း တိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်နှင့် ချင်း ပြည်နယ်တို့ဖြစ်ကြပြီး ဧရာဝတီတိုင်းဒေသြ ကီးမှာ ဇူလိုင် ၃၁ ရက်မှစတင်ပြီး ရေဘေး အန္တရာယ်ကို စတင်ရင်ဆိုင်နေရသည်ဟု ဒေသခံများ၏ပြောကြားချက်အရ သိရသည်။ ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင်လည်း ဇူလိုင်တတိယ ပတ်ကစတင်ပြီး ရေကြီးရေလျှံမှုများဖြစ်ပွား ခဲ့သလို ယခုရက်ပိုင်းမှစတင်ကာ ပဲခူတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် မြစ်ရေကြီးမှု ဖြစ်ပွားလာခြင်းကြောင့် မြန်မာနိုင်ငံပြည်နယ်နှင့် တိုင်း ၁၄ ခုအနက် ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီးနှင့် ကယားပြည်နယ်မှအပ ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင် ရေဘေး အန္တရာယ်ကို ဆိုးရွားစွာရင်ဆိုင်နေရသည်။
♦မကွေးတိုင်းအတွင်း မုန်းချောင်းနှင့်မန်းချောင်း ရေကြီး တာတမံများ၏ ရေပိုလွှဲမှလျှံကျသော ရေများကြောင့် မြို့နယ်လေးခုအတွင်း သိန်းနှင့်ချီသောလူများ ရေဘေး လွတ်ရာ ရွှေ့ပြောင်းနေရ
မကွေးတိုင်းအတွင်း မုန်းချောင်းနှင့် မန်းချောင်းရေကြီးကာ မုန်းတမံနှင့် မန်းတမံ များ၏ ရေပိုလွှဲမှ လျှံကျသော ရေများကြောင့် ဇူလိုင် ၃၁ ရက်က စေတုတ္တရာ၊ ပွင့်ဖြူ၊ ငဖဲ၊ စကုမြို့များနှင့် ယင်းမြို့နယ်များအတွင်း ကျေးရွာပေါင်း ၃၀၀ ကျော်မှ သိန်းနှင့်ချီသော လူများအပါအ၀င် နွား၊ ၀က်စသည့် တိရစ္ဆာန်များပါ ရေဘေးလွတ်ရာရွှေ့ပြောင်းနေရပြီး သောက်သုံးရေ၊ အစားအသောက်နှင့် မိုးကာ များ အရေးပေါ်လိုအပ်နေကြောင်း ဒေသခံ များထံမှ သတင်းရရှိသည်။
မုန်းချောင်းရေလျှံမှုကြောင့် မုန်းတမံ အောက် အနီးဆုံးနေရာရှိ စေတုတ္တရာမြို့နှင့် ယင်းမြို့နယ်အတွင်း မုန်းချောင်းဝဲယာ ကျေး ရွာများမှ လူနှင့်တိရစ္ဆာန်များ ဇူလိုင် ၂၉ ရက် ညကတည်းက ရေဘေးလွတ်ရာသို့ ပြောင်း ရွှေ့ခဲ့ရကြောင်း ဇူလိုင် ၃၀ ရက် နံနက်ပိုင်းမှ စ၍ စေတုတ္တရာမြို့သို့ သွားရောက်ရာ ကား လမ်းများတွင် တောင်ကျချောင်းများ တည်ရှိ သောကြောင့် လုံးဝသွားလာ၍မရတော့ ကြောင်း၊ ထို့အပြင် ဖုန်းလိုင်းများလည်း လုံးဝ ပြတ်တောက်သွားခဲ့ကြောင်း၊ ယင်းအခြေ အနေများကြောင့် ရေဘေးရှောင်ရသူများ အတွက် သောက်သုံးရေ၊ အစားအစာနှင့် မိုးကာများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။
မုန်းချောင်းဘေး မုန်းတမံ၊ ကြီးအုံကြီး ၀တမံနှင့် လင်းဇင်းဆည်များအောက်ဘက်ရှိ ပွင့်ဖြူမြို့နှင့် မုန်းချေင်းဘေးဝဲယာရှိ ကျေးရွာ ပေါင်း ၁၀၀ ကျော်အပါအ၀င် ပွင့်ဖြူမြို့နှင့် ဧရာဝတီမြစ်အကြားရှိ ကျေးရွာပေါင်း ၁၀၀ ခန့်မှ သိန်းနှင့်ချီသောလူများလည်း ဇူလိုင် ၃၁ ရက်နံနက်စောပိုင်းမှစ၍ ရေဘေးလွတ် ရာ ရွှေ့ပြောင်းနေရကြောင်း ထိုသို့ရွှေ့ပြောင်း နေစဉ်မှာပင် ပွင့်ဖြူမြို့ဝင် ဆိုင်းဘုတ်အနီး လက်ခုပ်ကျေးရွာမှ အသက် ၃၅ နှစ်ဝန်းကျင်ရှိ အမျိုးသားတစ်ဦး ရေနစ်မျောပါသွားခဲ့ ကြောင်း မုန်းချောင်းရေများ ထပ်မံမြင့်တက် လာသောကြောင့် ပွင့်ဖြူမြို့နယ်ဆေးရုံမှ လူနာများ၊ နေအိမ်များမှ သက်ကြီးရွယ်အိုများ မြို့ပြင်သို့ မထွက်နိုင်ဘဲ ပိတ်မိနေခဲ့ကြောင်း ပွင့်ဖြူမြို့သို့ မကွေး၊ မင်းဘူး၊ မင်းလှ စသည့် မြို့နယ်များမှ နိုင်ငံရေး၊ လူမှုရေး အသင်းအဖွဲ့ များ၊ မီးသတ်၊ ရဲ၊ တပ်မတော် တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ပေးခဲ့ သော်လည်း သောက်သုံးရေနှင့် အစားအစာ အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
ယခုသတင်းပါ ဒေသအလိုက် ရေကြီးမှုသတင်းများအား Post အလိုက် ဆက်တိုက် ဖော်ပြသွားပါမည်။
(ပုံစာ- မကွေးတိုင်း၊ပွင့်ဖြူမြို့မှ ရေဘေးရှောင်လာသူများအား တွေ့ရစဉ်)

0 comments:
Post a Comment