Thiz Za Na shared Kyaw Swar Myint's album. မှ ကူးယူဖော်ပြသည်။
နေရာတိုင်းလို ဖြစ်နေတာပါလား
ကူညီသူတွေကလည်း ပြည်သူတွေပါပဲ
ကူညီသူတွေကလည်း ပြည်သူတွေပါပဲ
Kyaw Swar Myint added 13 new photos to the albu
ရှိနေပြီး ချင်းတောင်တန်းတွေရဲ့ အခြေမှာရှိနေတဲ့ မြို့တမြို့ဖြစ်ပါတယ်။
ချင်းတွင်းမြစ်ရဲ့ အကြီးဆုံးမြစ်လက်တက်ဖြစ်တဲ့ မြစ်သာမြစ်ရဲ့ ကမ်းဘေးမှာ
ရှိနေတာကြောင့် စိုးရိမ်ရတဲ့ အနေအထားပါ။
အခု လောလောဆယ်ဆယ် ရေကြီးမှုအနေအထားက နှစ်ပေါင်း လေးဆယ်
အတွင်း အဆိုးဆုံး အခြေအနေမှာရှိနေတယ်လို့ အသက် ၆၀ အရွယ် ဒေသခံ
တဦးက ပြောပါတယ်။
အလားတူ စစ်ကိုင်းတိုင်း ကလေးမြို့ကနေ ကလေးဝဘက်ကိုအထွက် ကား
လမ်းဘေးက ရွာတွေဖြစ်တဲ့ဂျီကုန်း၊ ပြင်သာနဲ့ ဖောင်ကူးရွာတွေတွေ ဒေသခံ
တွေလည်း ရေလွတ်ရာကို ရွှေ့ပြောင်းနေကြရပါပြီ။
ကလေးမြို့အနီး ရာဇဂြိုဟ်ဆည်ရဲ့ ရေမှတ်က မနေ့က ည ၇ နာရီတိုင်းတာချက်
အရ ၆၄၇ ပေအထိ ရှိနေပြီး ဇူလိုင် ၂၉ ရက်နေ့မှာ တနေကုန်နီးပါး မိုးရွာသွန်း
နေတာမို့ ဆည်အခြေအနေကလည်း စိုးရိမ်နေရပါတယ်။
မြန်မာပြည်အလယ်ပိုင်းမှာလည်း ရေကြီးရေလျှံမှုတွေ နေရာအနှံ့ ဖြစ်နေတာမို့ ကလေးလွင်ပြင်မှာ ရေကအယ်နေပြီး မိုးရွာလို့ အထက်က ထပ်ကျလာတဲ့
တောင်ကျရေတွေ ကြောင့် လက်ရှိရေအနေအထားက ထပ်ပြီး မြင့်တက်လာဖို့ ရှိနေလို့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း စတင်လုပ်ဆောင်နေပြီလို့
သိရပါတယ်။
သတင်းဓါတ်ပုံ-DVB.

0 comments:
Post a Comment