မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မြန်မာစံတော်ချိန် (၁၁း၀၀)နာရီအချိန်တွင် မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါ အတိုင်း ထုတ်ပြန်ထားပါသည်

Putet Comics shared SFJ Strategy First Journal's post. မှ ကူးယူဖော်ပြသည်။
မြစ်ရေကြီး သတိပေးချက်များ - ပခုက္ကူ ၊ မင်းဘူး ၊ မကွေး ၊ အောင်လံ ၊ ပြည် ၊ မြစ်ငယ်
မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မြန်မာစံတော်ချိန် (၁၁း၀၀)နာရီအချိန်တွင် မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါ
အတိုင်း ထုတ်ပြန်ထားပါသည်။
ယနေ့မြန်မာစံတော်ချိန် (၁၀း၃၀)နာရီအချိန်တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့တွင် ယင်းမြို့၏စိုးရိမ်ရေ မှတ်အောက် (၆၀) စင်တီမီတာ (၂-ပေခန့်) တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၂) ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။
ယနေ့မြန်မာစံတော်ချိန် (၁၀း၃၀)နာရီအချိန်တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် မင်းဘူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေ မှတ်အောက် (၈၇) စင်တီမီတာ (၃-ပေခန့်) တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၂) ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။
ယနေ့မြန်မာစံတော်ချိန် (၁၀း၃၀)နာရီအချိန်တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် မကွေးမြို့တွင် ယင်းမြို့၏ စိုးရိမ် ရေမှတ်အောက် (၁၂၆) စင်တီမီတာ (၄-ပေခန့်) တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၂) ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။
ယနေ့မြန်မာစံတော်ချိန် (၁၀း၃၀)နာရီအချိန်တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် အောင်လံမြို့တွင် ယင်းမြို့၏ စိုးရိမ် ရေမှတ်အောက် (၇၈) စင်တီမီတာ (၂-ပေခွဲခန့်) တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၂၄)နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။
ယနေ့မြန်မာစံတော်ချိန် (၁၀း၃၀)နာရီအချိန်တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ပြည်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် အောက် (၄၇) စင်တီမီတာ (၁-ပေခွဲခန့်) တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၂၄)နာရီအတွင်း ယင်းမြို့ ၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။
ယနေ့မြန်မာစံတော်ချိန် (၁၀း၃၀)နာရီအချိန်တိုင်းထွာချက်အရ မြစ်ရေသည် မြစ်ငယ်မြို့တွင် ယင်းမြို့၏စိုးရိမ်ရေ မှတ်အောက် (၅၅) စင်တီမီတာ (၂-ပေခန့်) တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။
- - - - -
SFJ Strategy First Journal ကို Strategy First Institute က စီစဉ်
တင်ဆက်နေတာဖြစ်ပြီး Facebook Page ကို Like လုပ်ကာ Follow
လုပ်ထားမယ်ဆိုရင် နေ့စဉ်ဖြစ်ပေါ်ပြောင်းလဲနေတဲ့ ပြည်တွင်း၊ ပြည်ပ
သတင်းတွေနဲ့ အထူးတင်ဆက်မှုတွေကို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
 

0 comments: