ဆိုရှယ်မီဒီယာဟာ အာဏာရှင်တွေအတွက်တော့ မကောင်ဆိုးဝါးတစ်ခုဖြစ်လာခဲ့ပါတယ်။

ဆိုရှယ်မီဒီယာဟာ အာဏာရှင်တွေအတွက်တော့ မကောင်ဆိုးဝါးတစ်ခုဖြစ်လာခဲ့ပါတယ်။ မြန်မာပြည်မှာတော့ Facebook ဟာ လူထုအသံ စင်မြင့်အဖြစ် အင်မတန်ထင်ရှားတယ်။ ယူတတ်ရင်တော့ သင်ခန်းစာတွေပါပဲ။ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ နာရေးလို့ ကင်ပွန်းတပ်လို့ရအောင် ဒီနာရေးနဲ့ ပတ်သက်ပြီး လူအများအကြားမှာ နှမြော တမ်းတဖို့တော့ ဝေလာဝေး၊ နှစ်ထောင်းအားရဖြစ်တဲ့ သတင်းစကားတွေ၊ မှတ်ချက်ပြုသံတွေပဲ တွေ့ရပါတယ်။ (စိတ်မကောင်းဖြစ်သူရှိရင်လည်း နည်းလွန်းမယ်ထင်ပါတယ်။)
အာဏာဟာ လူ့စိတ်ကိုဖောက်ပြားနိုင်စွမ်းပါတယ်။ အထူးသဖြင့် နိုင်ငံကိုစီမံအုပ်ချုပ်တဲ့ အာဏာရခိုက် စိတ်ကောင်းထား၊ သတိကိုအမြဲချပ်ကာ ဖြောင့်မတ်စွာကျင့်သုံးကြဖို့ ဒီအဖြစ်အပျက်က သင်ခန်းစာကြီးပါ။ တိုင်းပြည် အာဏာကိုရေရှည်စွဲကိုင်ထားတာနဲ့အမျှ စိတ်ရဲ့ဖောက်ပြန်မှုနှုန်းကလည်း မြင့်တတ်လာဖို့ ရာနှုန်းများလာတော့တာပါပဲ။
ဆင်းရဲနွမ်းပါးမှုများတဲ့ လူ့အဖွဲ့အစည်းမှာ အလွန်အမင်းချမ်းသာလိုပြီး ဒီအတွက်လည်း ဘယ်လိုနည်းနဲ့ရရ ရအောင်လုပ်မယ်ဆိုတဲ့စိတ်ဓါတ်ဟာလည်း ကင်ဆာတစ်မျိုးပါပဲ။
ဆရာဦးစိန်ဝင်း Fb မှ ကူးယူဖော်ပြသည်။
 

0 comments: