*မဲစာရင်းပိတ်ပြီတဲ့* *မဲစာရင်းမှာ မပါတဲ့ သူတွေ* *မဲ မပေးတော့ဘူးလို့ ဆိုတဲ့သူတွေ* ကျေးဇူးပြု၍ အသက်(၁၈)နှစ် ပြည့်ပြီး သူများ ဖတ်ရန် သီးသန့် *အမေ ပြောသော ရွေးချယ်ခွင့်*

*မဲစာရင်းပိတ်ပြီတဲ့*
*မဲစာရင်းမှာ မပါတဲ့ သူတွေ*
*မဲ မပေးတော့ဘူးလို့ ဆိုတဲ့သူတွေ*
ကျေးဇူးပြု၍ အသက်(၁၈)နှစ် ပြည့်ပြီး သူများ ဖတ်ရန် သီးသန့်
*အမေ ပြောသော ရွေးချယ်ခွင့်*
ရွေးချယ်ခွင့် ရွေးချယ်ခွင့်တဲ့၊အစက
သိပ်ပြီး နားမလည်။ အမေက ရှင်းပြမှ သေ
သေ ချာချာ သိလိုက်ရတယ်။
တစ်နေ့က မနက်စောစော အမျိုးသ
မီးကို ရုံးကို လိုက်ပို့ဖို့ ပြင်ဆင်ရင်းနဲ့ အမေ့
ကို လှမ်းပြီး မေးလိုက်တယ်။
အမေရေ မနက်စာ ဘာစားမလဲလို့
အမေကပြန် အော်ပြောတယ် အဆင်ပြေတဲ့
ဟာ ဝယ်ခဲ့လိုက်တဲ့။
အဲ့ဒါနဲ့ တစ်ဆက်ထဲ ဟင်းချက်ဖို့
ဘာတွေ ဝယ်ခဲ့ရမလဲ၊ ဘာလိုသေးလဲပေါ့။
အမေက တန်းစီပြီးတော့ ရွတ်ပြလေရဲ့။
မှာလိုက်တာတွေမှ စုံတကာကိုစေ့။
ခရမ်းချဉ်သီးက တစ်ပိဿာ
ကြက်သွန်နီက တစ်ပိဿာ
ကြက်သွန်ဖြူက တစ်ပိဿာ
အမဲသားက တစ်ပိဿာ
ချဉ်ပေါင်ရွက်နဲ့ မျှစ်
ပြောင်းဖူးလေးလဲ ဝယ်ခဲ့တဲ့။
ထွက်ခါနီး ထပ်မှာလိုက်သေးတယ်။
နင့်သမီးတွေ စားဖို့ အသီးအနှံလေး တစ်မျိုး
လောက်ပါ ဝယ်ခဲ့တဲ့။
ဟုတ်ကဲ့ ဟုတ်ကဲ့ အမေရေ။
ပြောပြော ဆိုဆိုနဲ့ အမျိုးသမီးကိုခေါ်
ဆိုင်ကယ်နဲ့ တင် ရုံးကို လိုက်ပို့ပေါ့။လမ်းမှာ
မနက်စာ မုန့်ဟင်းခါးလေး ဝင်စား၊အမျိုးသ
မီးကို သူရုံးထဲ ဝင်ထားခဲ့။ ဈေးကို တစ်ခါထဲ
ဝင်မယ်ပေါ့။
ဈေးရှေ့ ရောက်မှ သတိရတာက
အမေမှာတဲ့ ပစ္စည်း စာရင်း မပါခဲ့။ ဒါနဲ့ပဲအိမ်
ကိုပြန်ပြီး စာရင်းစာရွက်လေးယူ ဈေးကိုပြန်
သွား။ ဈေးဝယ်မလို့လုပ်ရင်း ခံတွင်းချဉ်လာ
တာနဲ့ မြန်မြန် ပြီးအောင်လို့ ဝယ်ရမယ့် စာ
ရွက်ကိုင် ဈေးဆိုင်ရှေ့ မတ်တပ်ရပ် ကြက်
သွန်ဖြူ တစ်ပိဿာ၊ ကြက်သွန်နီ တစ်ပိဿာထည့်ထားပေးနော်။ခဏနေ လာယူမယ်။
နောက်တစ်ဆိုင်ပြောင်း ခရမ်းချဉ်သီးသည်၊
အမဲသားသည်၊ပန်းသီးဆိုင် ဆယ်လုံးနော်။
ချဉ်ပေါင်ရွက်နဲ့ မျှစ်လေး တစ်ခွက်စာ ထည့်
ထားပေးပါ။ ပြီးမှ လာယူမယ်။ ဒါဆိုရင် အ
ဆင်ပြေပြီ။ လဘက်ရည်ဆိုင် ခဏ သွားပြီး
ထိုင်လို့ရပြီလေ။
လဘက်ရည်လေးသောက် တွေ့တဲ့
သူငယ်ချင်းနဲ့ ရောက်တတ်ရာရာတွေ ပြော
ကြ ရေနွေးလေး သောက်ကြ။ တစ်ခါထဲကို
အလုပ် နှစ်မျိုးစလုံး ပြီးပြီ။
လဘက်ရည်သောက်ပြီး ကွမ်းယာ
လေး ဝင်ဝယ်။ ကွမ်းလေး တစ်ယာ ငုံ ဈေး
ထဲပြန်ဝင်။ မှာထားတဲ့ ပစ္စည်းလေးတွေယူ
ပိုက်ဆံရှင်း။ အိမ်ပြန်ပေါ့။
အိမ်ရောက်မှ ပြဿနာ တက်တော့
တာ။ အမေက ဝယ်လာတဲ့ ပစ္စည်းတွေကို
ကြည့်ပြီး တပြစ်တောက်တောက် ရေရွတ်
တော့တာပဲ။ ပါလာတဲ့ ပစ္စည်းတွေက ဘာမှ
အဆင်မပြေဘူးတဲ့။ အဲ့ဒါမှ ဒုက္ခ ဈေးသည်
က ထည့်ပေးလိုက်တာကို ယူလာခဲ့တာ။
ကိုယ်တိုင် ရွေးယူခဲ့တာလဲ မဟုတ်တော့ အမေ့ကို ဘာမှ ပြန်မပြောနိုင်။ ဒီလောက်နဲ့ မ
ပြီးသေး၊နောက်ဆက်တွဲတွေက အများကြီး၊
အမေက မီးဖိုထဲကနေ လှမ်းခေါ်တဲ့
အသံ၊ ငါ့သား လာပါအုံးတဲ့။ သိနေတယ် သိနေတယ် အမေက ဆူတော့မှာ။
ဒီမှာကြည့်တဲ့။
အမဲသားက နှစ်ပုံ
ခရမ်းချဉ်သီးက နှစ်ပုံ
ကြက်သွန်ဖြူက နှစ်ပုံ
ကြက်သွန်နီက နှစ်ပုံ
ပါလာသမျှ အားလုံး နှစ်ပုံစီ ပုံထားလေရဲ့။
တစ်ပုံက ကောင်းတာတွေ သုံးလို့ရတယ်။
တစ်ပုံက သုံးလို့ကို မရဘူး။ ဖယ်ပြစ် ရမှာ။
ဒါတွေ အကုန်လုံး မင်းကိုယ်တိုင်
ရွေးလာတာလားတဲ့။
မဟုတ်ဘူး အမေ၊ ဈေးသည်က
ရွေးပြီး ထည့်ပေးလိုက်တာပါ။ ကျွန်တော်က
အကြောင်းစုံ ပြောပြလိုက်တယ်။
အေး အဲ့ဒါပဲတဲ့၊ ကိုယ်တိုင် ရွေးလို့
ရပါရက်နဲ့ မရွေးခဲ့တာ၊ ကိုယ့်ရဲ့ ရွေးချယ်ပိုင်
ခွင့်ကို သူများကို ပေးလိုက်တာ၊ ဒါကြောင့်
ဒီလို သုံးမရတာတွေ၊ အပယ်တွေက မင်းတို့
စီ ရောက်လာတာတဲ့။
အခု ကြည့်လေ၊ မင်းမရွေးခဲ့ဘဲ ပါ
လာတဲ့ ဟာတွေ တစ်ပိဿာကို အစိတ်သား
လောက်ပါတယ်။ ဘယ်လိုမှ သုံးမရဘူး။ အ
ရိ အရွဲနဲ့ အမဲသား၊ အပုတ် အနာအစာနဲ့ ခ
ရမ်းချဉ်သီး၊ အပေါ်ယံ အခွံတွေ အထပ်ထပ်
အထဲက ခြောက်ကပ်ကပ် ကြက်သွန်နီနဲ့
ကြက်သွန်ဖြူ၊ အခွံကို ခွာလဲ အလကားပဲ။
အထဲမှာ ဘာအနှစ်၊ ဘာအဆံမှ မရှိတဲ့ဟာ
တွေလေ။ ဘယ်နေရာ သုံးမလဲ။ သူတို့ သုံး
မရလို့ လွှင့်ပြစ်မဲ့ အမှိုက်ကို ထည့်ပေးတာ
တဲ့။ ငါတို့ကို ဘယ်လိုမှ အကျိုးမပြုဘူးတဲ့။
သူ အကျိုးပြုတာက သူ့ကို ထည့်ပေးလိုက်
တဲ့ ဈေးသည်ကိုဘဲ။
မင်း ယူလာတဲ့ ပစ္စည်းတွေကို တစ်ခု
ခြင်း ချိန်ကြည့်လိုက်တစ်မျိုးကို အစိတ်သား
တော့ ရှိတယ်တဲ့။
ကျွန်တော်က မှားခဲ့တာလေ၊ ဘာမှ
ပြန်ပြီးမပြောရဲပါ။ နားထဲမှာတော့ ကြားနေရ
တယ်၊ပဲ့တင်သံကို အထပ်ထပ် အစိတ်သား
အစိတ်သား
အစိတ်သား
ဘာမှ သုံးမရ
ဘာမှ သုံးမရ
ဘာမှ သုံးမရ
မပြီးသေးပါ၊ အမေက ပြောပြန်ပြီ။
မင်းက မင်းမိသားစုမှာ အိမ်ထောင်
ဦးစီး တစ်ယောက်၊ ဒီအိမ်ရဲ့ ကောင်းကျိုး၊
ဆိုးကျိုး မှန်သမျှ မင်း ဦးစီး ဦးဆောင်နဲ့ ရွေး
ချယ် ရမှာ။ မကောင်းတာ မရွေးနဲ့၊ ကောင်း
တာကိုရွေး၊ မင်း အရွေးမှားရင် အခုလိုဘဲ
သုံးမရတာတွေ ပါလာမယ်။ အရွေးမှန်ရင်
မိသားတစ်စုလုံး အတွက် အသုံး တည့်မယ်။
မင်းရဲ့ ရွေးချယ်မှုက မင်းနဲ့ တိုက်ရိုက် အချိုး
ကြသလို မင်းရဲ့ ကလေးတွေ အတွက်လဲ
သွယ်ဝိုက်ပြီး အချိုးကြတယ်။
မင်း ရွေးချယ် နိုင်လေလေ၊ ရွေးချယ်
ခွင့် ရှိလေလေ၊ သုံးမရတဲ့ အစိတ်သားဟာ
တစ်ဖြေးဖြေး လျော့သွားမှာပါ။
ဒီမယ် ငါ့သား မင်းကို စကားကုန် ပြော
လိုက်မယ်။ မိသားစု တစ်စုချင်းစီက ဦးစီးတဲ့
သူ တစ်ယောက်ချင်းက စပြီး အရွေးမှားပြီ
ဆိုရင်တော့ မိသားစုပေါင်း များစွာရဲ့ အမှား
ကြောင့် အစိတ်သားပေါင်း များစွာက တစ်
ဖြေးဖြးနဲ့ ပိဿာပေါင်းမြောက်များစွာနေရာ
ရလာ လိမ့်မယ်။
အေး အဲ့ဒါက ဥပမာ သေးသေးလေး။
မင်း ကွက်ကွက် ကွင်းကွင်း မြင်အောင် ထပ်
ပြီး ဥပမာ ပေးမယ်။
၂၀၁၅ ရွေးကောက်ပွဲကို မင်းသိလား။
ဟုတ် အမေ၊၊
သိပါတယ်၊၊
မင်း ဘယ်သူ့ကို မဲပေးမလဲ။
ရွေးပြီးပြီလား။
မရွေးရသေးဘူး အမေ။
အေးပါ၊ငါ ထင်ပါတယ်။ ဒီမယ် ငါ့သား
မိသားစု တစ်စုခြင်းစီရဲ့ အနာဂတ်ဟာ
ရွေးကောက်ပွဲမှာ မဲပေးခွင့် ရှိတဲ့ မိသားစုဝင်
တွေမှာ တာဝန် အများကြီး ရှိတယ်။ကိုယ့်ရဲ့
ရွေးချယ်ပိုင်ခွင့် တစ်ခုကို လက်လွှတ်အဆုံး
ရှုံး မခံပဲ အကောင်းဆုံးလို့ သတ်မှတ်ထား
ုတဲ့ အဖွဲ့အစည်း၊ပါတီ တစ်ခုကိုတော့ မှန်ကန်အောင် ရွေးချယ်ရလိမ့်မယ်။
မင်းကိုယ်တိုင်က ရွေးချယ်ခွင့် ရှိပါရဲ့
နဲ့ မရွေးချယ်ခဲ့ရင် အခု မင်း ဈေးဝယ်လာခဲ့
သလို ဘာမှ သုံးလို့မရ ဘာမှ အကျိုးမပြုတဲ့
တန်ကြေးကြီးကြီး ပေးရပြီး အိမ်ထဲထိပါလာ
တဲ့ အစိတ်သားဟာ မင်း မရွေးခဲ့တဲ့အတွက်
ရယ် သူတို့ ထည့်ပေးလိုက်တဲ့ အတွက်ရယ်
အစိတ်သားကနေ တဖြေးဖြေး တိုးလာပြီး
ငါးဆယ်သားလောက် ဖြစ်လာလိမ့်မယ်...
အဲ့ဒီအချိန်ကြမှ ကိုယ် ကိုယ်တိုင်က
မရွေးခဲ့လို့ ကိုယ့်ရဲ့ ရွေးချယ်ပိုင်ခွင့်ကို သူ
များကို ပေးမိတာ မှားလေခြင်း ဆိုပြီး နောင်
တ မရပါစေနဲ့...
ရွေးချယ်ခွင့် ရှိတဲ့ နေရာကနေ ရွေး
ချယ်ခွင့် ရှိတဲ့ အခိုက်မှာ မှန်ကန်သော ရွေး
ချယ်မှုနဲ့ နောင်လာမယ့် အနာဂတ်ကို သား
ကိုယ်တိုင် လမ်းဖောက်ပါ။
သားရေ မင်းရဲ့ စိတ်ဓာတ်တွေကို
ဒီရွေးကောက်ပွဲနဲ့ အတူ အကောင်းဆုံး ပြု
ပြင်လို့ မင်း ဘဝလဲ ပြောင်းလဲချိန်တန်ပြီ။
ရာစုသစ်mgy
READMORE
 

မကွေးတိုင်းဒေသကြီးအတွင်းမှ ပါတီမိတိဆကိ စာမူများကို မြေလတိဂျာနယိမှ ဖိတိခေါ်အပိပါသညိ။ ဤသို့ဖောိပြပေးပါမည်။) လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးအကျဉ်းများလည်း ပေးပို့နိုင်ပါသည်။)


 

ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP)
၁။ ဥက္ကဋ္ဌ- ဦးလှမြင့်
၂။ ပါတီဝင်အရေအတွက် – ခြောက်ထောင်ခန့်ရှိ။
၃။ မဲဆန္ဒနယ်- ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်းတို့ရှိ မဲဆန္ဒနယ်မှ မြို့ ၂၀ တွင် ၀င်ရောက်ယှဉ်ပြိုင်မည်။
၎။ ပါတီမူဝါဒ- ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီထွန်းကားရေး၊ မြန်မာပြည်သူလူထုတစ်ရပ်လုံး စားဝတ်နေရေးနှင့် လူနေမှုဘ၀မြှင့်တင်ရေး၊ ဆင်းရဲမွဲတေမှုပပျောက်စေပြီး ဆင်းရဲသားအားလုံး စားဝတ်နေရေး၊ အလုပ်အကိုင်ရရှိရေးနှင့် အခြေခံဝင်ငွေရရှိရေး။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းထက်မြက်သော အစိုးရတစ်ရပ်ပေါ်ပေါက်ရေး။
၅။ ဆောင်ပုဒ်- နိုင်ငံရေးအပြောင်းအလဲလိုချင်ပါက ပါတီအမှတ်တံဆိပ်ကို အမှန်ခြစ်လိုက်ပါ။
၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက် – မိမိနေခဲ့သော ဒေသအကျိုးကို သယ်ပိုးခဲ့သည့် အစဉ်အလာရှိရမည်။ မိမိဒေသအတွင်း နာမည်ကောင်းတစ်စုံ တစ်ရာရရှိထားသူဖြစ်ရမည်။ ပြည်သူလူထုက အမှန်တကယ်လိုလားသူဖြစ်ရမည်။
၇။ ပါတီရန်ပုံငွေ− ပါတီရန်ပုံငွေမှာ ပါတီပိုင်စီးပွားရေးလုပ်ငန်းများဖြင့် လည်ပတ်သွားမည်။ ထို့အပြင် စီးပွားရေးလုပ်ငန်းရှင်များ၊ ပါတီအဖွဲ့ဝင်များထံမှရသောငွေကို ပါတီရန်ပုံငွေအဖြစ် အသုံးပြုမည်။ မဲဆွယ်ကာလတွင် အကူအညီပေးမည့်အဖွဲ့အစည်းများ မရှိသေးပေ။
၈။ ပါတီနောက်ခံသမိုင်း- ၂၀၁၀ ပါတီစုံများပေါ်ပေါက်လာချိန်တွင် ညီညွတ်သော ဒီမိုကရက်တစ်ပါတီကို စတင်ဖွဲ့စည်းခဲ့သည်။ ယင်းပါတီတွင် ကိုလိုနီဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးတို့တွင် ပါဝင်ခဲ့ကြသည့် မျိုးဆက်များဖြင့် ပါဝင်ဖွဲ့စည်းထားသည်။
________________________________________
ပါတီဥက္ကဋ္ဌနှင့် အမေးအဖြေ
လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လို မျိုး စွမ်းဆောင်နိုင်မလဲ။
လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေကိုပြင်ဆင်ခဲ့တဲ့ လက်ရှိရှိ နေတဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေ များများပေါ်ပေါက်ရေးအတွက် ဦး စားပေးလုပ်ဆောင်သွားမယ်။ အခြေခံဥပဒေမှာ ဖော်ပြထားတဲ့ဇယား (၁) နဲ့ (၂) က ဥပဒေတွေရှိပေမယ့် နည်းဥပဒေတွေမရှိသေးတဲ့အတွက် အဆင်မပြေဘူး။ ၂၀၀၈ ဖွဲ့စည်းပုံမှာရထားတဲ့ ဥပဒေတွေကို နည်းဥပဒေ ပြဋ္ဌာန်းရေးက အရေးကြီးတဲ့အတွက် ကြိုးစားဆောင်ရွက်သွားမယ်။
လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေးမှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်သလဲ။
ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက ကျွန်တော်တို့ပါတီက ဦးဆောင်ပြီး ပါတီပေါင်းစုံပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကို နေပြည်တော်မှာလုပ်ခဲ့ပါတယ်။ နောက်ပြီးတော့ ငြိမ်းချမ်းရေးဆွေး နွေးပွဲတွေလည်း တောက်လျှောက်လုပ်နေပါတယ်။ ဒါပေမဲ့ ကျွန်တော့် အမြင်အရတော့ တိုင်းပြည်ဒုက္ခရောက်နေတာကို ကယ်တင်ရေးနဲ့ဖွံ့ဖြိုး မှုမရှိသေးတဲ့ကာလပတ်လုံး အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ဖို့ သိပ် မလွယ်ပါဘူး။
ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထား သလား။
ဝင်ငွေ၊ ထွက်ငွေ မျှတဖို့ဆိုရင် ထမင်းတစ်နပ်လျှော့စားပါလို့ ပြော နေကြတယ်။ အဲဒီလိုပြောတာထက်စာရင် ကျွန်တော်တို့က ပြည်သူတွေ ၀င်ငွေတိုးမယ့် နည်းလမ်းတွေကိုရှာပေးရမယ်။ အဲဒါအရေးကြီးပါတယ်။ စကားနဲ့ပြောရုံနဲ့တော့ ဘာမှဖြစ်မလာဘူး။
ပြည်သူတွေက ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP)ကိုဘာကြောင့် မဲပေးသင့်သလဲ။
အဓိကကျတဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း လုပ်ဆောင် မယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက်လည်း တ စိုက်မတ်မတ် လုပ်ဆောင်သွားမယ်။ အဲဒါကြောင့် ကျွန်တော်တို့ပါတီကို ပြည်သူတွေက မဲပေးသင့်တယ်လို့ထင်ပါတယ်။
သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
စင်ကာပူဝန်ကြီးချုပ်ဟောင်းကြီး လီကွမ်ယုပြောထားတာရှိတယ်။ နိုင်ငံထူထောင်တဲ့နေရာမှာ ပုံသေနည်းမရှိပါဘူး။ ကိုယ့်နိုင်ငံအတွက်ပဲ လုပ်ရမယ်။ ကိုယ့်နိုင်ငံကို ကောင်းမွန်တိုးတက်အောင် လုပ်ဖို့ပဲလိုတယ်။ အဲဒီလိုလူဖြစ်ဖို့ပဲ အရေးကြီးတယ်လို့ ပြောဖူးတာရှိတယ်။ ကျွန်တော်တို့ ကတော့ အဲဒီပေတံနဲ့ရွေးချယ်မှာပါ။ သူတို့ဟာ အရှေ့မှာတိုင်းပြည်အ နာဂတ်ကို ဘယ်လောက်ရွေ့အောင်လုပ်နိုင်လဲဆိုတဲ့လူကိုပဲရွေးမယ်။
ဥက္ကဋ္ဌအသက်-(၆၈) နှစ်
ပညာအရည်အချင်း – ဘူမိဗေဒဘွဲ့(မန္တလေးတက္ကသိုလ်-၁၉၇၅)
နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ- ၁၉၆၀ နောက်ပိုင်းမှစပြီး ကျောင်း သားလှုပ်ရှားမှုတွင်ပါဝင်ကာနိုင်ငံရေးလောကသို့ဝင်ရောက်ခဲ့သည်။ထို့နောက် အလံနီပါတီဝင်ဖြစ်လာပြီး ၁၉၆၅-၆၆ တက္ကသိုလ်ပထမနှစ် တွင် ဖမ်းဆီးခံခဲ့ရပြီးထောင်ကျခဲ့သည်။ ၁၉၆၉ ခုနှစ်တွင်ထောင်မှပြန် လွတ်လာကာ ကျောင်းပြန်တက်ခဲ့သည်။ ၁၉၈၀ မှ ၁၉၈၈ အတွင်းအလံနီပါတီတွင် ရုံးအဖွဲ့မှူးတာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီတွင် တွဲဖက်အတွင်းရေးမှူး အဖြစ်တာဝန်ယူခဲ့သည်။ ၁၉၉၂ တွင် ပါတီဖျက် သိမ်းခံရပြီး ခေတ်သစ် သိပ္ပံနိုင်ငံရေး၊ ဘောဂဗေဒသုတေသနနှင့် တိုးချဲ့ထုတ်လုပ်မှုကျောင်း တော်သားများအဖွဲ့တွင် တွဲဖက်အတွင်းရေးမှူး တာဝန်ယူခဲ့သည်။ ၂၀၀၂ နောက်ပိုင်းတွင် နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။
လက်ရှိအလုပ်အကိုင်-စားသောက်ဆိုင်လုပ်ငန်း။
စံပြပုဂ္ဂိုလ်-ဗိုလ်ချုပ်အောင်ဆန်းနှင့် လီကွမ်ယု။
ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်-အမှတ် (၅၂၀၆)၊လားရှိုး(၃)လမ်း၊ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။ ဖုန်း – ၀၆၇-၄၁၇၇၅၄၊၀၉-၂၅၀၅၃၀၉၈၉ ၊ ၀၉-၄၀၁၅၄၁၉၁၄
http://www.merin-online.org/2015/08/10/%E1%80%8A%E1%80%AE%E1%81%AB%E1%80%BC%E1%80%90%E1%80%B9%E1%80%B1%E1%80%9E%E1%80%AC-%E1%80%92%E1%80%AE%E1%80%99%E1%80%AD%E1%80%AF%E1%80%80%E1%80%9B%E1%80%80%E1%80%B9%E1%80%90%E1%80%85%E1%80%B9%E1%80%95/ မှ ကူးယူဖော်ပြပါသည်။ 

 မကွေးတိုင်းဒေသကြီးအတွင်းမှ ပါတီမိတိဆကိ စာမူများကို မြေလတိဂျာနယိမှ  ဖိတိခေါ်အပိပါသညိ။ ဤသို့ဖောိပြပေးပါမည်။( လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးအကျဉ်းများလည်း ပေးပို့နိုင်ပါသည်။)
မြေလတ်ဂျာနယ် အတွဲ ၁ အမှတ် ၁၆/၁၇/၁၈ တို့မှာ ဖော်ပြပေးပါမည်။
အသေးစိတ် သိလိုလျင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
 
ရွှေလမ်းငွေလမ်းဝင်းကြည်
အယ်ဒီတာချုပ်
မြေလတ်ဂျာနယ်
ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
E-mail,     uwinkyi123@gmail.com
အယ်ဒီတာချုပ်
READMORE
 

ကြံ့ခိုင်ရေးပါတီ မဲပေးရန် ပြောကြားသည့် ကျွန်းစုမြို့နယ် NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် အချို့ကို တာဝန်ရပ်ဆိုင်း

ပါတီတွင်း စည်းကမ်းများကို မလိုက်နာဘဲ ရွေးကောက်ပွဲအောင်နိုင်ရေး ကိစ္စများကို နှောင့်ယှက်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို မဲပေးရန် ပြောဆိုခဲ့သဖြင့် တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်ရှိ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ငါးဦးကို တာဝန်မှ ရပ်ဆိုင်းလိုက်ကြောင်း အဆိုပါပါတီ ကျွန်းစုမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီက ပြောကြားသည်။
အဆိုပါ တာဝန်ရပ်ဆိုင်းခံရသော NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များသည် ပါတီ (ဗဟို) မှ ရွေးချယ်သောကိုယ်စားလှယ်လောင်းများစာရင်းကို ကျေနပ်မှုမရှိသောကြောင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အားလုံး၏ သဘောတူညီချက်မရှိဘဲ ကြေညာချက်များထုတ်ပြန်သည့်အပြင် မြို့နယ်အောင်နိုင်ရေးရုံးခန်းတွင် စက်တင်ဘာလ ၁ ရက်နေ့က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို မဲပေး၇န် ဟောပြောမှုများကို ပြုလုပ်ကြောင်း ၎င်းက ဆိုသည်။
“အဆိုးဆုံးက ပြည်ခိုင်ဖြိုးကို မဲပေးပါဆိုပြီး ဟောပြောတဲ့ကိစ္စပဲ၊ ဒါက ဘယ်လိုမှ ခွင့်မလွှတ်နိုင်ဘူး” ဟု ၎င်းက ရှင်းပြသည်။
ကျွန်းစုမြို့နယ်အတွင်း NLD ပါတီ၏ ရွေးကောက်ပွဲအောင်နိုင်ရေးကို အနှောင့်အယှက်ပြုခြင်းကြောင့် မြို့နယ်အဆင့် ဗဟိုအလုပ်အမှုဆောင်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌအပါအဝင် ငါးဦးကို ပါတီတာဝန်မှ ယာယီရပ်ဆိုင်းကြောင်း စက်တင်ဘာလ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော NLD ပါတီ(ဗဟို) ၏ အကြောင်းကြားစာကို ကိုးကားပြီး ၎င်းကယင်းသို့ ပြောဆိုခြင်းဖြစ်သည်။
အဆိုပါ ပါတီမှ ထုတ်ပယ်ခံရသော မြို့နယ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များကို The Voice က ဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသည် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၁၁၅၁ ဦး၏ အမည်စာရင်းကို သြဂုတ်လအတွင်း ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ အမည်စာရင်းများတွင် မြို့နယ်အဆင့် NLD ပါတီအောင်နိုင်ရေး အဖွဲ့များက အမည်စာရင်းတင်သွင်းသော ကိုယ်စားလှယ်လောင်းအချို့ကို ပါတီ (ဗဟို) က ရွေးချယ်ခြင်းမရှိသောကြောင့် မြို့နယ်အချို့တွင် ပါတီဝင်များက ဆန္ဒ ထုတ်ဖော်မှုများကို ပြုလုပ်ခဲ့သည်။
ယင်းသို့ ဆန္ဒထုတ်ဖော်မှုများကို ပြုလုပ်သော ပါတီဝင်များကို ပါတီစည်းကမ်းများ လိုက်နာမှု မရှိဟုဆိုကာ NLD ပါတီ (ဗဟို) က ထုတ်ပယ်ခဲ့ကြောင်း အဆိုပါ ပါတီ၏ ထုတ်ပြန်ကြေညာချက်များအရ သိရသည်။
Credit to – The Voice
Date     – (Friday) Sep, 11, 2015
READMORE
 

ရွေးကောက်ပွဲဝင်မည့် သားနှစ်ယောက်အတွက် ဖခင်ဖြစ်သူ ကော်မရှင်ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ပေး



ရွေးကောက်ပွဲဝင်မည့် သားနှစ်ယောက်အတွက် ဖခင်ဖြစ်သူ
ကော်မရှင်ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ပေး
================================================
လာမည့် ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲတွင် သားနှစ်ဦး ဝင် ရောက်ယှဉ်ပြိုင်မည် ဖြစ်သဖြင့် ကချင်ပြည်နယ် ရွေးကောက် ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးညွန့်ရွှေသည် ရာထူးမှ နှုတ်ထွက်လိုက်သည်။
ပြီးခဲ့သည့် တပ်မတော်အစိုးရ လက်ထက်ကတည်းက ကချင်ပြည် နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့ပြီး ကချင်ပြည် နယ်အတွင်း ၂ဝ၁ဝ အထွေထွေ ရွေးကောက်ပွဲနှင့် ၂ဝ၁၂ ကြား ဖြတ်ရွေးကောက်ပွဲတို့ကို ဦးဆောင် ကျင်းပနိုင်ခဲ့သူ ဦးညွန့်ရွှေ ၏ နုတ် ထွက်စာကို ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က လက်ခံခဲ့ ပြီး နုတ်ထွက်ခွင့်ပေးလိုက်သည်ဟု ကာယကံရှင်ဖြစ်သူ ဦးညွန့်ရွှေက ပြောသည်။
”ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတစ်ဦးအနေနဲ့ ဘက်လိုက်မှု မရှိရဘူးလေ။ ဖအေက ရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌ၊ သားတွေက ရွေးကောက်ခံကြမယ့်သူ၊ ဒီတော့ အများပြောစရာ ဖြစ်နေမှာပေါ့” ဟု ဦးညွန့်ရွှေက ပေါ်ပြူလာနယူးစ် သို့ ပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးစိုင်းခမ်းဝင်း ကလည်း ဦးညွန့်ရွှေသည် ကချင် ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်သွားသည် မှာ မှန်ကန်ကြောင်း ပြောသည်။
”ကျွန်တော်တို့ဘက်က ဘာမှ ဖိအားပေးတာ မရှိပါဘူး” ဟု ၄င်း က ပြောသည်။ သို့သော်လည်း ရွေးကောက်ပွဲဆိုင်ရာ ဥပဒေစည်း မျဉ်းစည်းကမ်းတို့တွင် မိသားစုဝင် များ၊ အတူနေဆွေမျိုးတို့က ရွေး ကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် မည် ဆိုပါက ၄င်းတို့နှင့် ပတ်သက် သူတို့သည် ကော်မရှင်အဖွဲ့ဝင် မဖြစ်စေရဟု ပြဋ္ဌာန်းထားမှုများ လည်းရှိနေကြောင်း ဦးစိုင်းခမ်း ဝင်းက ပြောသည်။
ဦးညွန့်ရွှေက ”ကျွန်တော့် သားတွေနဲ့ ကျွန်တော် အတူတူ မနေဘူး။ လဝကကို မေးလိုက် တော့လည်း တစ်အိမ်တည်း အတူ မနေရင် ရတယ်လို့ ပြောတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ နိုင်သွားခဲ့ရင် ကျွန်တော့်ကို အမြင်စောင်းမှာ စိုး တယ်။ နောက်ပြီးတော့ ပြည် ထောင်စုရွေးေ ကာက်ပွဲ ကော်မရှင် ကို မေးလိုက်တဲ့အခါမှာ တည်ဆဲ ဥပဒေတွေနဲ့ ငြိနိုင်တယ်လို့ ပြော တဲ့သူတွေလည်း ရှိတယ်။ ဥပဒေ တွေက သိပ်ပြီးရှင်းရှင်းလင်းလင်း မရှိတော့ ထွက်တာပဲ ကောင်းပါ တယ်ဆိုပြီး နုတ်ထွက်လိုက်တာပါ” ဟု ပြောသည်။
၎င်းနှင့်အတူ ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးစိုင်းအောင်စိန် လည်း ရာထူးမှ နုတ်ထွက်သွား သည်။
ယခင် ကချင်ပြည်နယ် ရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဟောင်း ဦးညွန့်ရွှေ၏ နေရာတွင် လက်ရှိ၌ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးမောင်မောင်ကွန်းကို အစားထိုး ခန့်အပ်ထားသည်။ ဦးညွန့်ရွှေ၏ သား
အငယ်ဖြစ်သူ ဦးဝင်းဦးသည် ရှမ်းနီ (တိုင်းလိုင်) မြောက်ပိုင်း ရှမ်း မျိုးနွယ်ကို
ကိုယ်စားပြု၍ ကချင် ပြည်နယ်၏ ဗမာတိုင်းရင်းသားရေး ရာဝန်ကြီးနေရာတွင်လည်းကောင်း၊ သားအကြီးဖြစ်သူ ဦးဝင်းညွန့်သည် အမျိုးသားဒီမိုကရေစီအဖွဲ့
ချုပ်ကို ကိုယ်စားပြုကာ ဝိုင်းမော်မဲဆန္ဒနယ် ၏ ပြည်နယ်လွှတ်တော်ကိုယ် စား လှယ်အဖြစ်လည်းကောင်း ဝင် ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ထို့အတူ
ကချင်ပြည်နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုင်းအောင် စိန်၏မြေးဖြစ်သူက အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုကာ ကချင်ပြည်နယ်၏
တိုင်းရင်းသား ရေးရာဝန် ကြီးနေရာတွင် ယှဉ်ပြိုင် မည်ဟု သတင်းရှိသည်။
READMORE
 

လက်မထပ်ဘဲအတူနေသူများကိုဥပဒေအရအရေးယူမည့်အပြင်အိမ်ထောင်ရှိသူများထပ်မံလက်ထပ်ပါကထောင်ဒဏ် ၁၀ နှစ်ထိ ချမှတ်မည်

လက်မထပ်ဘဲအတူနေသူများကိုဥပဒေအရအရေးယူမည့်အပြင်အိမ်ထောင်ရှိသူများထပ်မံလက်ထပ်ပါကထောင်ဒဏ် ၁၀ နှစ်ထိ ချမှတ်မည်
--------------------------------------
နိုင်ငံတော်သမ္မတရဲ့ ခွင့်ပြုချက်ဘောထားထောက်ခံချက်နှင့် လွှတ်တော်သို့ တင်သွင်းထားသည့် တစ်လင်တစ်မယား စနစ်ဥပဒေ (၄)ရပ်ကို ပြည်သူလွှတ်တော်က မနေ့က(၂၈-၈-၂၀၁၅)အတည်ပြုလိုက်ပါတယ်
အဆိုပါဥပဒေသည် မည်သူမဆို ဥပဒေ အရ ဖြစ်စေ
အမျိုးဘာသာအရဖြစ်စေ ထိမ်းမြားပြီးသော ယောက်ျား သို့မဟုတ် မိန်းမ သည် ယင်းထိမ်းမြားမှုကို ချန်၍ ထပ်မံထိမ်းမြားပါက ထောင်ဒဏ် (၁၀)နှစ်ထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ဖော်ပြပါရှိသည်
ယင်းသို့ ထပ်မံထိမ်းမြားခြင်းပြုပါက အလိုမတူသူများ တရားစွဲဆိုနိုင်ပြီး ယင်းဥပဒေကို အတည်ပြုလိုက်တဲ့ နေ့မှ စ၍ အခြားသူတစ်ဦးနှင့်ထိမ်းမြားခြင်းမပြုရ ဟု ဖော်ပြပါရှိတဲ့အတွက်မူလ ထိမ်းမြားပြီးသူများ အကျူံးမဝင်ကြောင်းသိရသည်
ယင်းဥပဒေ ရည်ရွယ်ချက်မှာ အမျိုးသမီးများ မယားပြိုင်အဖြစ် ထားရှိခြင်းမှကာကွယ်ရန်နှင့် မလိုလားအပ်သော အိမ်ထောင်ရေးပြဿနာများ မဖြစ်စေရန် ဖော်ပြပါရှိသည်
ဒါ့အပြင် ပြည်ပရောက်မြန်မာနိုင်ငံသားများ
မြန်မာနိုင်ငံတွင်နေထိုင်စဉ်နိုင်ငံခြားသားနှင့် ထိမ်းမြားထားသူများ
ဧည့်နိုင်ငံသားများနှင့်လည်း သက်ဆိုင်ကြောင်း သိရသည်
ဒါ့အပြင် လက်မထပ်ဘဲ အတူနေသူများ(Living Together)များကိုဥပဒေ အရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရ ရှိသည်
‪#‎ဦးTU‬
READMORE
 

ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း အကြမ်းဖက်မှုကိုလှုံ့ဆော်သည့် ဖေ့စ်ဘွတ်ခ်ပို့စ်များကို ဖျက်သိမ်းရန်စီစဉ်

ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း အကြမ်းဖက်မှုကိုလှုံ့ဆော်သည့် ဖေ့စ်ဘွတ်ခ်ပို့စ်များကို ဖျက်သိမ်းရန်စီစဉ်
===============================================
ရန်ကုန်၊ သြဂုတ် ၂၅
ရွေးကောက်ပွဲမဲ ဆွယ်ကာလအတွင်း အကြမ်းဖက်မှု ကိုလှုံ့ဆော်သည့် ဖေ့စ်ဘွတ်ခ်ပို့စ်များ ကိုဖျက်သိမ်းရန် အစိုးရတာဝန်ရှိသူ များက ဖေ့စ်ဘွတ်ခ်နှင့်လက်တွဲလုပ် ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း နိုဝင်ဘာ ၈ ရက်နေ့တွင် အထွေထွေရွေးကောက် ပွဲကို ကျင်းပမည်ဖြစ်သည်။
မြန်မာတစ်နိုင်ငံလုံးတွင် မိုဘိုင်း ဖုန်းသုံးစွဲသူများပြားလာခဲ့ပြီး မိုဘိုင်း ဖုန်းများမှ ဖေ့စ်ဘွတ်ခ်သုံးစွဲမှုမှာ ပိုမို များပြားလျက်ရှိရာ အင်တာနက်သုံး စွဲသူများက မဟုတ်မမှန် သတင်းများ အား ဖေ့စ်ဘွတ်ခ်အသုံးပြုကာ လွှင့် တင်ခြင်းဖြင့် ရွေးကောက်ပွဲကာလ မတည်ငြိမ်မှုဖြစ်မည်ကို အစိုးရအနေ ဖြင့် စိုးရိမ်လျက်ရှိကြောင်း သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးရဲထွဋ်က နိုင်ငံ အတွင်း ၂ဝ၁၂ ခုနှစ်နှင့် ၂ဝ၁၃ ခုနှစ် တွင် အကြမ်းဖက်မှုများ ဖြစ်ပေါ်စေ ရန် ဖေ့စ်ဘွတ်ခ်အသုံးပြု လှုံ့ဆော်မှု များရှိခဲ့ကြောင်း၊ ထိုဖြစ်ရပ်များပြီး နောက် ဖေ့စ်ဘွတ်ခ်နှင့် ပူးပေါင်းလုပ် ဆောင်ခဲ့ကြောင်း၊ ထို့ကြောင့် လာမည့် ရွေးကောက်ပွဲကာလတွင် ယင်းကဲ့သို့ လှုံဆော်မှုများ မဖြစ်ပေါ်စေရန် ဖေ့စ် ဘွတ်ခ်နှင့်ပူးပေါင်းရန် ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း ပြောသည်။
''သတင်းလွတ်လပ်ခွင့်ကို ထိန်း ချုပ်ရန်မဟုတ်ပါဘူး။ ဒါပေမဲ့ အမုန်း တရားတွေဖြစ်ပေါ်စေသော စကားများ ကို တားဆီးဖို့သာဖြစ်ပါတယ်။ အ ကြမ်းဖက်မှုများကို ရွေးကောက်ပွဲ ကာလမှာ တားဆီးဖို့ဖြစ်ပါတယ်''ဟု ပြည်ထောင် စုဝန်ကြီး ဦးရဲထွဋ်က ဆိုသည်။
ယင်းနှင့်ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက အ ဆိုပါအစီအစဉ်သည် မှန်ကန်ကြောင်း၊ ဆက်သွယ်ရေး၊ သတင်းအချက်အ လက်နှင့် နည်းပညာဝန်ကြီးဌာနနှင့် ဖေ့စ်ဘွတ်ခ်အဖွဲ့တို့ ပူးပေါင်းလုပ်နေ ခြင်းဖြစ်ကြောင်း ပြောသည်။
ICT ဖွံ့ဖြိုးရေးအဖွဲ့မှ ပရိုဂရမ် မန်နေဂျာ မထိုက်ထိုက်အောင်က ''အဓိကကတော့ ကျွန်မတို့အမြဲတမ်း လွန်ဆွဲနေတာက အစိုးရက ဖေ့စ် ဘွတ်ခ်ပို့စ်တွေကို ဖျက်မယ်ဆိုရင် ဘယ်လိုအရာကို အန္တရာယ်ရှိတယ် လို့ သတ်မှတ်မှာလဲပေါ့။ ဖေ့စ်ဘွတ်ခ် အဖွဲ့အနေနဲ့လဲ ဘယ်လိုအရာမျိုးကို ဖြုတ်ပေးမလဲပေါ့။ ဖေ့စ်ဘွတ်ခ်မှာ ကလဲ လူ့အဖွဲ့အစည်းနဲ့ မကိုက်ညီ တဲ့ပို့စ်တွေကို ဖျက်ပေးလို့ရတယ် ဆိုတာကလဲရှိတယ်။ အဓိကကတော့ အစိုးရနဲ့ ဖေ့စ်ဘွတ်ခ်တို့ ဘယ်လို သတ်မှတ်မလဲပေါ့။ ကျွန်မတို့မှာက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကလဲ ရှိနေသလို တစ်ဖက်မှာလဲ တာ ဝန်ယူမှု၊ တာဝန်ခံမှုကလဲ ရှိရမယ် လေ။ အဲဒါမျှတနေဖို့ မျှော်လင့်ပါ တယ်''ဟု ပြောသည်။
နည်းပညာကျွမ်းကျင်သူတစ်ဦး က ''လက်ရှိမှာက ဖေ့စ်ဘွတ်ခ်မှာ အ ကြမ်းဖက်မှုအတွက် လှုံ့ဆော်တဲ့ကိစ္စ တွေပါလာရင် အကောင့်ဖျက်မှာလား၊ ပို့စ်ကိုပဲ ဖျက်မှာလားဆိုတာသိပ်မရှင်း ဘူး''ဟု ပြောသည်။
မြန်မာနိုင်ငံအတွင်း မိုဘိုင်းဖုန်း သုံးစွဲမှုမှာ ၂ဝ၁၄ ခုနှစ်ထက် ၂ဝ၁၅ ခုနှစ်တွင် သုံးစွဲသူ ၅၅ ရာခိုင်နှုန်း ကျော်တိုးပွားလာပြီး မိုဘိုင်းဖုန်းအ သုံးပြုသူများအနက် အများစုသည် ဖေ့စ်ဘွတ်ခ်သုံးစွဲသူများကြကြောင်း သိရသည်။
YM
Ref:CNA
‪#‎DemocracyToday‬ သတင်းစာမှ ကူးယူဖော်ပြသည်။
READMORE
 

ဦးသိန်းစိန်ကို သမ္မတ ထပ်ဖြစ်ရန် လိုလားသူ ၁၆ ရာခိုင်နှုန်းရှိဟု စစ်တမ်းဆို

Myanmar Online News
ဦးသိန်းစိန်ကို သမ္မတ ထပ်ဖြစ်ရန် လိုလားသူ ၁၆ ရာခိုင်နှုန်းရှိဟု စစ်တမ်းဆို
Tuesday, August 25, 2015
လက်ရှိအစိုးရအဖွဲ့ကို ဦးဆောင်သူ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို လာမည့် သက်တမ်းအတွက် သမ္မတထပ်ဖြစ်ရန် လိုလားသူ ၁၆ ရာခိုင်နှုန်း ရှိကြောင်း အာရှဘာရိုမီတာ ဆာဗေးအဖွဲ့ ပါမောက္ခ Ms. Bridget Welsh က ပြောကြား သည်။
ယခုနှစ် ဇန်နဝါရီလမှ မတ်လအထိ မြို့နယ်ပေါင်း ၃၆ မြို့နယ်မှ ပြည်သူ ၁၆၂၀ ကို မေးမြန်းထားရာ သမ္မတ ဦးသိန်းစိန်ကို နောက်ထပ်သက်တမ်း အတွက် သမ္မတ ထပ်ဖြစ်ရန် ၁၆ ရာခိုင်နှုန်းက ထောက်ခံဖြေကြားခဲ့ကြောင်း ၎င်းက ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုမူ သမ္မတဖြစ်ရန် လိုလားသူ ၂၆ ရာခိုင်နှုန်း၊ အခြားသူများကို လိုလားသူ ၃ ရာခိုင်နှုန်းနှင့် လုံးဝမဖြေကြားလိုသူ ၅၄ ရာခိုင်နှုန်း ရှိကြောင်း အဆိုပါ စစ်တမ်းအရ သိရှိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲအလွန် သမ္မတတာဝန် ထမ်းဆောင်စေရန် လိုလားသူ ပိုများကြောင်း Ms. Bridget Welsh က ထပ်လောင်းပြောကြားသည်။
သြဂုတ်လ ၂၄ ရက်က ရန်ကုန်မြို့ ဖန်တီးရာ ရုံးခန်းတွင် ပြုလုပ်သည့် လာမည့် အစိုးရသစ်လက်ထက် သမ္မတတာဝန် ထမ်းဆောင်ရန် လက်ရှိသမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် မည်သူ့ကို လိုလားကြောင်း မေးမြန်းထားသည့် စစ်တမ်း သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောကြားသည်။
“ဖြေဆိုသူတွေအနက် အများစုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်စေချင်တယ်တဲ့” ဟု ပါမောက္ခ Ms. Bridget Welsh က ပြောကြားသည်။
ထို့အပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လုပ်ဆောင်ချက်နှင့် ပတ်သက်၍ လုံးဝကျေနပ်သူ ၂၄ ရာခိုင်နှုန်း၊ အနည်းငယ်ကျေနပ်သူ ၅၆ ရာခိုင်နှုန်း၊ အနည်းငယ်ကျေနပ်မှု မရှိသူ ၁၃ ရာခိုင်နှုန်း၊ လုံးဝကျေနပ်မှု မရှိသူ ၇ ရာခိုင်နှုန်း ရှိကြောင်း အဆိုပါစစ်တမ်းတွင် ဖော်ပြထားသည်။
အာရှဘာရိုမီတာ ဆာဗေးအဖွဲ့မှ ပါမောက္ခဖြစ်သူ Mr. Yun-Han က “ဒီစစ်တမ်းနဲ့ ပတ်သက်ပြီး ပြည်သူတွေကြား တိုင်ပင်ဆွေးနွေးနေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု မှတ်ချက်ပြု ပြောကြားသည်။
အမျိုးသားနှင့် အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်မှု မည်သည်ကို ပိုလိုလားကြောင်း မေးမြန်းချက်တွင်မူ အမျိုးသားများကို ပိုလိုလားကြောင်း ဖြေကြားသော်လည်း လက်ရှိတွင် အမျိုးသမီးများ ပါဝင်ပတ်သက်မှု ၅၀ ရာခိုင်နှုန်းကျော် ရှိပြီး ၎င်းတို့သည် ဒေါ်အောင်ဆန်းစုကြည်ကို နှစ်သက်သူ အများစုဖြစ်ကြောင်း အဆိုပါစစ်တမ်းတွင် ဖော်ပြပါရှိသည်။
နိုဝင်ဘာလအတွင်း ကျင်းပမည့် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ မေးမြန်းချက်ကိုမူ NLD ကို မဲပေးရန် ရွေးချယ်ထားသူ ၂၄ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေးပါတီကို ရွေးချယ်သူ ၁၅ ရာခိုင်နှုန်း၊ အမျိုးသားညီညွတ်ရေးပါတီ (NUP) ပါတီကို ရွေးချယ်သူ ၅ ရာခိုင်နှုန်း၊ အခြားပါတီများကို ရွေးချယ်သူ ၇ ရာခိုင်နှုန်းနှင့် မဖြေကြားလိုသူ ၅၀ ရာခိုင်နှုန်း ရှိကြောင်း ယင်းစစ်တမ်းအရ သိရသည်။

The Voice Weekly
READMORE
 

ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်း အဝေး(၁/၂၀၁၅) ဒုတိယနေ့ ကျင်းပ ပြုလုပ်

မကွေး၊ ၂၀၁၅ ခုနှစ် ၊ သြဂုတ်လ (၂၆) ရက်
ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်း အဝေး(၁/၂၀၁၅) ဒုတိယနေ့ကို (၂၆.၈.၂၀၁၅) ရက်နေ့ နံနက်(၁၀၀၀)နာရီ အချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ခန်းမ၌ စတင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးရဲမြင့်၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိ သည့်အနက် (၆၄)ဦးတက်ရောက်၍ (၉၄.၁၂) ရာခိုင်နှုန်းတက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာ ပါသည်။

ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီးအဖြစ် ခန့်အပ်တာဝန် ပေးအပ်ရန် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ လွှတ်တော်သို့ အဆိုပြုတင်ပြခြင်းနှင့် စပ်လျဉ်း၍ မကွေး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ချက်တစ်စုံတစ်ရာ မရှိပါသဖြင့် မကွေးတိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၂ အရ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီး နိုင်ဦး အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် မကွေးတိုင်းဒေသကြီးလွှတ်တော်မှ သဘောတူ ပါကြောင်းနှင့် မကွေးတိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၃ အရ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံ အကြောင်းပြန်ကြား မည် ဖြစ်ပါကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။


ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်းအဝေး(၁/၂၀၁၅) ဒုတိယနေ့ ရပ်နားကြောင်းနှင့် တတိယနေ့ အစည်းအဝေးကို ၂၀၁၅ ခုနှစ် ၊ သြဂုတ်လ (၂၇)ရက်နေ့ (ကြာသပတေးနေ့) (၁၀၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာပြီး အစည်းအဝေးကို ( ၁၀၀၇ ) နာရီအချိန်တွင် ရပ်နား ပါကြောင်း သတင်းရရှိပါသည်။

မကွေးသတင်းစုံ
READMORE
 

ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်း အဝေး(၁/၂၀၁၅) ပထမနေ့ ကျင်းပ ပြုလုပ်

မကွေး၊ ၂၀၁၅ ခုနှစ် ၊ သြဂုတ်လ (၂၅) ရက်
ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်း အဝေး(၁/၂၀၁၅) ပထမနေ့ကို (၂၅.၈.၂၀၁၅) ရက်နေ့ နံနက်(၁၀၀၀)နာရီ အချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ခန်းမ၌ စတင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးရဲမြင့်၊ ဒုတိယဥက္ကဋ္ဌနှင့်လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ထို့နောက် ကတိသစ္စာမပြုရသေးသော တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ကတိသစ္စာ ပြု၍ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုး ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၈)ဦးရှိ သည့်အနက် (၆၄)ဦးတက်ရောက်၍ (၉၄.၁၂) ရာခိုင်နှုန်းတက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာ ပါသည်။


ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အဖြစ် ခန့်အပ် တာဝန်ပေးအပ်နိုင်ရန် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်က လွှတ်တော်သို့ ဝန်ကြီးအမည်စာရင်းအား အဆိုပြုတင်ပြခြင်းနှင့် ပတ်သက်၍ ဥက္ကဋ္ဌမှ လွှတ်တော်သို့ကြေညာပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ကန့်ကွက် လိုသော လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင် သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။


ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်းအဝေး(၁/၂၀၁၅) ပထမနေ့ ရပ်နားကြောင်းနှင့် ဒုတိယနေ့ အစည်းအဝေးကို ၂၀၁၅ ခုနှစ် ၊ သြဂုတ်လ (၂၆)ရက်နေ့ (ဗုဒ္ဓဟူးနေ့) (၁၀၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာပြီး အစည်းအဝေးကို ( ၁၀၁၀ ) နာရီအချိန်တွင် ရပ်နားပါကြောင်း သတင်းရရှိပါသည်။

READMORE
 

ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထိပ်တန်းရဲအရာရှိများ နေရာအပြောင်းအရွှေ့များပြုလုပ်ခဲ့တယ်လို့သတင်း ရရှိပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထိပ်တန်းရဲအရာရှိ
အချို့ကိုရဲချုပ်ကယမန်နေ့မှာ နေရာအပြောင်းအရွှေ့များပြုလုပ်ခဲ့တယ်လို့သတင်း
ရရှိပါတယ်။
အဲဒီအပြောင်းအလဲမှာဒုတိယရဲမှုးကြီးအဆင့်ရှိသူတွေ၊ရဲမှုးကြီးအဆင့်ရှိသူတွေ
ပါဝင်ပါတယ်။ဒါ့အပြင် ရဲမှုးကြီးအချို့ကတော့ ရာထူးတိုးသွားခဲ့ပါတယ်။
ခိုင်မာတဲ့ သတင်းရင်းမြစ်တွေရဲ့ပြောဆိုချက်တွေအရ ရာထူးအပြောင်းအလဲတွေ
ထဲမှာအမြန်လမ်းရဲတပ်ဖွဲ့မှုး၊သစ်တောရဲတပ်ဖွဲ့မှုး၊မွန်ပြည်နယ်ရဲတပ်ဖွဲ့မှုး၊
aနပြည်တော်ရဲတပ်ဖွဲ့မှုး၊ရထားရဲတပ်ဖွဲ့မှုး၊ရဲတပ်ရင်းများကွပ်ကဲရေးတပ်ဖွဲ့မှုး
(ရကဖ ၁)တို့အပြင်ယာဉ်ထိန်းရဲတပ်ဖွဲ့မှဒုတိယရဲမှုးကြီးတစ်ဦးတို့ပါဝင်တယ်
လို့သိရပါတယ်။

ယခင်က ရဲမှုးကြီးတွေသာ ကွပ်ကဲခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်
ရဲတပ်ဖွဲ့တို့ကို ရဲမှုးချုပ်အဆင့်ရှိသူတွေက ကွပ်ကဲစေဖို့လည်း အမိန့်ထုတ်ခဲ့
ပါသေးတယ်။လက်ရှိသိရှိထားရသောစာရင်းအရ အမြန်လမ်းရဲတပ်ဖွဲ့မှုးရဲမှုးကြီး
နေ၀င်းကိုရဲမှုးချုပ်အဆင့်ဖြင့်ရထားရဲတပ်ဖွဲ့မှုးအဖြစ်သို့လည်းကောင်း၊ယာဉ်ထိန်း
ရဲတပ်ဖွဲ့မှဒုတိယရဲမှုးကြီးလင်းထွဋ်ကိုရဲမှုးကြီးအဆင့်ဖြင့်ရထားဒုတိယတပ်ဖွဲ့မှုး
အဖြစ်သို့လည်းကောင်း၊သစ်တောရဲတပ်ဖွဲ့မှုး ရဲမှုးကြီးဇော်ထွန်းအောင်ကို
အမြန်လမ်းရဲတပ်ဖွဲ့မှုးအဖြစ်သို့လည်းကောင်း၊နေပြည်တော်ရဲတပ်ဖွဲ့မှုးရဲမှုးကြီး
ကိုကိုအောင်ကို မွန်ပြည်နယ်ရဲတပ်ဖွဲ့မှုးအဖြစ်သို့လည်းကောင်း၊ မွန်ပြည်နယ်
ရဲတပ်ဖွဲ့မှုး ရဲမှုးကြီး မျိုးဆွေဝင်းကို ရဲမှုးချုပ်အဆင့်ဖြင့် ရကဖ (၁) သို့လည်း
ကောင်း၊ရကဖ(၁) ရဲမှုးချုပ်အောင်အောင်ကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှုးအဖြစ်သို့
လည်းကောင်း၊ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှုး ရဲမှုးကြီးဝင်းထါန်းကို ရဲမှုးချုပ်အဆင့်ဖြင့် ရဲရေးချုပ်အဖြစ်သို့လည်းကောင်း၊ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှုးရဲမှုးကြီး
ဝင်းနိုင်ကို ရဲမှုးချုပ်အဆင့်သို့ လည်းကောင်း ပြောင်းရွှေ့မှုများရှိနေပါတယ်။
READMORE
 

မြေလတ်မီဒီယာ APK ပို့စ်တင်ခြင်း ပြတ်တောက်မှုအား တောင်းပန်ပါသည်။ စာမူများပေးပို့ကြရန် ဖိတ်ခေါ်အပ်ပါသည်။


မြေလတ်မီဒီယာ APK  ပို့စ်တင်ခြင်းကို သြဂုတ် ၇ ရက်မှ ၁၃ ရက်နေ့အထိ ပြတ်တောက်ခဲ့ပါသည်။
သို့ပါ၍ စာဖတ်သူများအား လေးစားစွာတောင်းပန်အပ်ပါသည်။

သတင်းပို့စ်တင်သူ ကျွန်တော့်မှာ မြေလတ်ဂျာနယ်(၁၅)ရက်တစ်ကြိမ်ထုတ်ဝေနိုင်ရန်ဆောင်ရွက်ရခြင်း၊ မြေလတ်ဒေသ သတင်းစာ(www. myaylatmedia.com) နှင့် www.winkyi.net တို့ကို တစ်လှည့်ဆီ နေ့စဉ်ဆောင်ရွက် နေရပါသည်။ ဒီကြားထဲ မြန်မာနိုင်ငံသတင်းစာဆရာအသင်း MJA (ညီလာခံ)သို့ သွားရောက်ခဲ့ရပြန်ပါသည်။ ရန်ကုန်ရောက်နေစဉ် လိုအပ်သော စာအုပ်များရှာဖွှေဝယ်ယူခြင်း နှင့် မြေလတ်ဂျာနယ်အတွက် ဒီဇိုင်းပညာအဆင့်မြှင့်တင်ရေးအတွက် လိုအပ်သော ပညာများလေ့လာ သင်ကြားခြင်းများကြောင့် မြေလတ်မီဒီယာ APK  ပို့စ်တင်ခြင်းကို သြဂုတ် ၇ ရက်မှ ၁၃ ရက်နေ့အထိ ပြတ်တောက်ခဲ့ရပါကြောင်း  စာဖတ်သူများအား လေးစားစွာတောင်းပန်အပ်ပါသည်။

မြန်မာနိုင်ငံ၏ ၂၀၁၅ ရွေးကောက်ပွဲကာလ မတိုင်မီ၊ ကျင်းပစဉ်၊ ကျင်းပပြီးကာလသတင်းများနှင့် နေ့စဉ်ဖြစ်ပေါ်နေသော အထူးသတင်းများကို အတတ်နိုင်ဆုံး မပျက်မကွက် ဆက်လက် ဖော်ပြပေးသွားမည်ဖြစ်ပါကြောင်း...။

မြေလတ်မီဒီယာ ဖုန်း-APK နှင့် မြေလတ်နေ့စဉ်သတင်းစာ၊ မြေလတ်ဂျာနယ်များ သို့ သတင်းစုံများဖော်ပြနိုင်ရန် ပြည်တွင်း၊ ပြည်ပ အနယ်နယ်အရပ်ရပ်မှ သတင်းများ၊ လူထုအော်သံများ၊ ကဗျာ၊ ကာတွန်း၊ ဆောင်းပါများကိုလည်း ပေးပို့ကြပါရန် ပြန်လည်ဖိတ်ခေါ်အပ်ပါသည်။
အီးမေးလ်၊ ဖေ့စဘုတ်၊ ဖိုက်ဘာ နှင့် စာတိုက်မှလည်း ပေးပို့နိုင်ကြပါပြီ...။
မှတ်ချက်(ယခင်လို လစဉ်ကြေးငွေ ငါးထောင်ကျပ်သွင်းပေးရန်မလိုပါ)

မှတ်ချက်။  ။ မြေလတ်ဂျာနယ် တွင် ဖော်ပြသော စာမူများကို စာမူခ နှင့် ဂျာနယ်လက်ဆောင်များ ချီးမြှင့်ပေးပါမည်။

သတင်းတာဝန်ခံ

E-mail;   uwinkyi123@gmail.com
Facebook.com/ uwin kyi
Viber;   09-440225100
ရွှေလမ်းငွေလမ်းဝင်းကြည်
အယ်ဒီတာချုပ်
မြေလတ်ဂျာနယ်
အမှတ် ၅၊ ဟိန္ဒူဆိုင်ခန်း၊ ပြည်တော်သာလမ်း
ရွာသစ်ရပ်ကွက်၊ မကွေးမြို့။
READMORE
 

၂၀၀၄ ခုနှစ်တုန်းက ကိုခင်ညွှန့်ကို ဖြုတ်ချတော့ ကိုရွှေမန်း တာဝန်ယူပြီး သတင်းစာရှင်းလင်းပွဲမှာ နှစ်သိမ့်ခဲ့တဲ့ စကားလေးကို ပြန်တင်ပေးလိုက်ပါတယ်..

၂၀၀၄ ခုနှစ်တုန်းက ကိုခင်ညွှန့်ကို ဖြုတ်ချတော့ ကိုရွှေမန်း တာဝန်ယူပြီး သတင်းစာရှင်းလင်းပွဲ ထွက်ရှင်းခဲ့တာကို အခု မျက်စိထဲမှာ ပြန်မြင်ယောင်လာတယ်..... သတိရလို့ ပြန်ရှာပြီး ကိုရွှေမန်း သတင်းစာရှင်းလင်းပွဲမှာ နှစ်သိမ့်ခဲ့တဲ့ စကားလေးကို ပြန်တင်ပေးလိုက်ပါတယ်..
"ယခုကဲ့သို့ ရှင်းလင်းပြရခြင်းအပေါ် မိမိတို့အနေဖြင့် ဝမ်းမြောက်ဝမ်းသာ မရှိသည့်အပြင် မလုပ်မဖြစ် လုပ်ရသည့် သဘောအနေအထား ဖြစ်ပါကြောင်း၊ ကိုယ့်ကြမ္မာ ကိုယ်ငင်ပြီး နိုင်ငံတော်နှင့် တပ်မတော်အတွက် အလွန်အန္တရာယ်ကြီးသည့် ကိစ္စဖြစ်ပါကြောင်း၊ မည်မျှအတိုင်းအတာအထိ အန္တရာယ်ကြီးသည်ကို ပြောပြရန်အချိန် ကျရောက်ပါက၊ ပြောသင့်ပါက မိမိထပ်မံ၍ ပြောပြမည်ဖြစ်ပါကြောင်း" ကို
နအဖရဲ့ တတိယမြောက် တာဝန်ရှိသူအနေနဲ့ ကိုရွှေမန်း ထွက်ရှင်းခဲ့ရတာကို သတိရမိပါတော့တယ်..........
YoYam Hnine
READMORE
 

တောင်တွင်းကြီးမြို့နယ်အတွင်းမှ ဇူလိုင်လ ၃၁ ရက်(ပထမနေ့) အဖြစ် လိုက်လံအလှူခံခဲ့ရာ စုစုပေါင်းအလှူငွေ ၁၄၁၁၀၀၀ ကျပ်(တစ်ဆယ့်လေးသိန်းတစ်သောင်းတစ်ထောင်ကျပ်)တိတိ နှင့် အခြားအ၀တ်အထည်နှင့် အိမ်သုံးပစ္စည်းများ အလှူခံရရှိခဲ့ပါတယ်။

Ko Aung KyawKyaw added 6 new photos. မှ ကူးယူဖော်ပြသည်။
18 mins ·
မကွေးတိုင်းဒေသကြီး၊ ရေဘေးသင့်ဒေသများသို့ သွားရောက်လှူဒါန်းကူညီနိုင်ရန်အတွက် တောင်တွင်းကြီးမြို့နယ်အတွင်းမှ ပြည်သူများအား လူမှုရေးပရဟိတစိတ်ရှိသူ မြို့ခံအချို့မှ ဇူလိုင်လ ၃၁ ရက်(ပထမနေ့) အဖြစ် လိုက်လံအလှူခံခဲ့ရာ စုစုပေါင်းအလှူငွေ ၁၄၁၁၀၀၀ ကျပ်(တစ်ဆယ့်လေးသိန်းတစ်သောင်းတစ်ထောင်ကျပ်)တိတိ နှင့် အခြားအ၀တ်အထည်နှင့် အိမ်သုံးပစ္စည်းများ အလှူခံရရှိခဲ့ပါတယ်။
READMORE
 

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပွင့်ဖြူမြို့နယ်မုန်းချောင်းရေကြီးရေလျှံမှုအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

Ye Htut shared MOI Webportal Myanmar's post. မှ ကူးယူဖော်ပြသည်။
4 hrs ·
 
 
 
 
 
 
 
 
 
 
 
 
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပွင့်ဖြူမြို့နယ်မုန်းချောင်းရေကြီးရေလျှံမှုအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®

မင်းဘူး ဇူလိုင် ၃၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်တွင် ဇူလိုင်လ(၂၉) ရက်နှင့် (၃၀) ရက်တို့တွင် မိုးများအဆက် မပြတ်သည်းထန်စွာ ရွာသွန်းပြီး မုန်းချောင်း ရေကြီးရေလျှံမှုအခြေအနေကြောင့် မြို့ပေါ်ရပ်ကွက် အားလုံး တွင် ရေများ မြှင့်တက်လာသဖြင့် ဒေသခံပြည်သူလူထုများ ဘေးကင်းရာ သို့ ပြောင်းရွှေ့လျက်ရှိကြောင်း ဇူလိုင်လ (၃၁)ရက် နံနက်(၁၁း၂၀)အချိန်တွင် သိရှိရသည်။
မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဘုန်းမော်ရွှေကိုယ်တိုင် ပါဝင်၍ သက်ကြီး ရွယ်အိုများနှင့် ပြည်သူများကို စက်တပ် ရေယာဉ်နှင့် လှေများဖြင့် ဦးစားပေး ကယ်ဆယ်နေကြောင်း သိရှိရသည်။ ထိုသို့ကယ်ဆယ်ရာတွင် မကွေး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ တပ်မတော်သားများ မီးသတ် စခန်းမှ ရဲဘော်များ ဌာနဆိုင်ရာများ၊ NGOနှင့်လူမှု ရေးအဖွဲ့အစည်း များမှ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို ပူးပေါင်း ပါဝင်ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
သန်းဌေး(မင်းဘူး)
READMORE
 

Facebook သုံးလျင် ကင်မရာလေးများကို တိပ်ဖြင့်ပိတ်ထားသင့်

Ni Moe Wai shared အစ္စလာမ့် အားမာန်သစ်'s post. မှ ကူးယူဖော်ပြသည်။
41 mins ·
Facebook သုံးလျင် ကင်မရာလေးများကို တိပ်ဖြင့်ပိတ်ထားသင့်
################
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် စီလီကွန်တောင်ကြားမှ နောက်ဆုံးရရှိသော သတင်းများအရ ကမ္ဘာကျော် Social Network Media တစ်ခုဖြစ်သော Facebook တွင် လုံခြုံရေးနည်းပညာပိုင်းဆိုင်ရာ အားနည်းမှုများဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။
ယခုနှစ် နှစ်လယ်ပိုင်းတွင်ထုတ်ပြန်လိုက်သော Wikileaks မှသတင်းထုတ်ပြန်ချက်များတွင် အမေရိကန်နိုင်ငံရှိ စီအိုင်အေမှ စုံစမ်းထောက်လှမ်းရရှိမှုများအရ သိရသော မြန်မာအစိုးရနှင့်Facebookတို့ ပူးတွဲလုပ်ဆောင်လျက်ရှိသော ထိပ်တန်းလျို့ဝှက်ချက်တစ်ခုအား ဖော်ထုတ်လိုက်ပါသည်။အဆိုပါProjectအား သိမ်းငှက်စစ်ဆင်ရေးဟု အမည်ပေးထားကြောင်း သိရှိရပါသည်။
ယခုအခါ မြန်မာနိုင်ငံအနှံ့အပြားတွင် Facebook အသုံးပြုသူလူပေါင်း သန်းနှင့်ချီ၍ ရှိနေပြီဖြစ်ပြီး အချို့မှာမိမိတို့နာမည်၊ဓါတ်ပုံအမှန်များဖြင့် အသုံးပြုကြပြီး အသုံးပြုသူ၃ပုံ၂ပုံခန့်မှာမူ အခြားနာမည်များ၊အခြားဓါတ်ပုံများကို အသုံးပြုပြီး မိမိတို့မကျေနပ်သူများ၊မိမိတို့ လိုလားမှုများအား ဖော်ပြနေကြောင်းသိရှိရပါသည်။ထို့ကြောင့်မြန်မာအစိုးရဘက်မှ နိုင်ငံတော်လုံခြုံရေးအဖွဲ့ ထိပ်တန်းလျို့ဝှက်အကြံပေးဖြစ်သူ ဒေါက်တာသော်ဇေမှ Facebookနှင့်ပူးပေါင်း၍ မိုဘိုင်းဖုန်းကင်မရာများမှတဆင့် အသုံးပြုသူအားထောက်လှမ်းသောနည်းစနစ်တစ်ခုအား အကြံပေးတင်ပြလုပ်ဆောင်ခဲ့ကြောင်း သိရှိရပါတယ်။Facebook အသုံးပြုသူများအနေနဲ့ မိမိတို့အသုံးပြုလိုသောဓါတ်ပုံများကို Facebookတွင် တင်လိုသောအခါ Facebookအနေဖြင့် မိုဘိုင်းဖုန်းများအတွင်းမှ ဓါတ်ပုံနှင့်ကင်မရာများကို အသုံးပြုခွင့်Accessအား ရရှိခဲ့ပါသည်။အဆိုပါAccessအား အသုံးပြု၍ Remote Cameraနည်းပညာဖြင့် Facebook မှ အသုံးပြုသူများ၏မျက်နှာအား Facebook အသုံးပြုနေချိန်တွင် Front Camera များမှတဆင့် တိတ်တဆိတ်ဓါတ်ပုံရိုက်ယူထားနိုင်ခြင်း၊Front Camera မပါဝင်သောဖုန်းများမှာလည်း ပါဝင်သောကင်မရာဖြင့် အသုံးပြုသူမသိရှိစေပဲ တိတ်တဆိတ်ဓါတ်ပုံများရိုက်ယူကာ အသုံးပြုသူ တည်နေရာကို အတည်ပြုထောက်လှမ်းမှုများအား ပြုလုပ်နိုင်ခဲ့ပါသည်။ထိုနည်းလမ်းများအား နိုင်ငံရေးအထူးတက်ကြွလှုပ်ရှားသူများအပေါ်တွင် ရည်ရွယ်ခဲ့ရာမှ ယခုအခါ အခြားမလိုလားအပ်သော ပုဂ္ဂိုလ်ရေးဓါတ်ပုံနှင့်ဗီဒီယိုများပါ ရယူလာခြင်းကြောင့် Facebookမှ မူလသဘောတူညီမှုများကို ဖျက်သိမ်းကာ အဆိုပါသိမ်းငှက်စစ်ဆင်ရေးအား ဖြုတ်သိမ်းခဲ့ပါသည်။အဆိုပါစစ်ဆင်ရေးမှာ ၂၀၁၄ခုနှစ် ဧပြီလတွင်စတင်ခဲ့ပြီး ယခုနှစ် နှစ်စပိုင်းတွင်ပြီးဆုံးခဲ့ပြီး ဖြစ်ပါသည်။
သို့သော် ယခုအခါမြန်မာနိုင်ငံမှ နိုင်ငံတော်အဆင့် အထူးလျို့ဝှက်အဖွဲ့အစည်းတစ်ခုဖြစ်သော National Special Force of Investigation Agencyမှ အဆိုပါနည်းစနစ်အား ရုရှနိုင်ငံပြန် အထူးကျွမ်းကျင်Hackerများ အကူအညီဖြင့် ဆက်လက်လုပ်ဆောင်နေကြောင်းကို စီအိုင်အေမှ စုံစမ်းသိရှိရကြောင်းအစီရင်ခံစာများကို Wikileak မှဖော်ထုတ်ခဲ့ပါသည်။ထိုအကြောင်းအရာနှင့် ပတ်သတ်၍ ပြည်တွင်းနည်းပညာမြှင့် Anyonemighty Hacker အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုငြိမ်းသူပိုင်မှ "ဟုတ်ပါတယ်။ဒီဟာကို ကျွန်တော်တို့စုံစမ်းသိရှိရတာ ပြီးခဲ့တဲ့လကပါ။ကျွန်တော်တို့ဘက်ကလည်း ပြည်သူလူထုအတွက် အကာအကွယ်ပေးနိုင်အောင် တန်ပြန်Hacking ပြုလုပ်သွားဖို့အတွက် စီစဉ်ထားပါတယ်"ဟု ပြောဆိုသွားပါသည်။
ပြီးခဲ့သောလမှ ထွက်ပေါ်လာခဲ့သော မြင်းခြံဗီဒီယိုဖိုင်၊ထိုမတိုင်ခင်က ထွက်ပေါ်လာခဲ့ရသော ဆေးကျောင်းHD အစရှိသည်များမှာလည်း အဆိုပါ နည်းပညာကိုအသုံးပြုကာ ရယူခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်းမှ နည်းပညာအထူးကျွမ်းကျင်သူ ဒေါက်တာခန့်ကြွယ်စိုးမှ အတည်ပြုပြောကြားသွားပါတယ်။
"ဒီဟာကို ကျွန်တော်တို့ မသင်္ကာဖြစ်နေတာ ကြာပါပြီ။ကျွန်တော်တို့အားလုံးက Facebook ကို နေရာစုံမှာ သုံးနေကြတာလေ။သုံးတဲ့အချိန်မှာလည်း ကင်မရာတွေအားလုံးကို Access လုပ်ခွင့်ပေးထားတာကို ကျွန်တော်တို့အားလုံး မေ့ထားကြပါတယ်။ကျွန်တော်တို့Facebookကို တမေ့တမောသုံးနေကြတဲ့အချိန်မှာပဲ ကျွန်တော်တို့အားလုံးရဲ့ကိုယ်ရေးကိုယ်တာ ဓါတ်ပုံတွေအားလုံးကို ဖုန်းမှာပါတဲ့ကင်မရာတွေ လက်ပ်တော့ပ်ကင်မရာတွေကို အသုံးပြုပြီး သူတို့က ရယူသွားပြီးကြပါပြီ။ဟိုးတလောက အားလုံးပဲမှတ်မိကြမယ်ထင်ပါတယ်။ကျွန်တော်တို့အားလုံး Facebookသုံးနေရင်း ခဏခဏLog Out ကျကျသွားလို့ ပြန်ပြန်ဝင်နေရတာလေးကို မှတ်မိမယ်ထင်ပါတယ်။အဲ့ဒီအချိန်တုန်းက အဲ့ဒီလိုဖြစ်ရတာဟာ Facebook ဆာဗာကနေပြီး တန်ပြန်တုန့်ပြန်ကာကွယ်မှုကြောင့်ဖြစ်ရတာပါ။အခုဆိုရင်တော့ ကျွန်တော့်အနေနဲ့ Facebook အသုံးပြုတဲ့အချိန်မှာ ကင်မရာတွေအားလုံးကို တိပ်နဲ့ပိတ်ထားလိုက်တဲ့နည်းကို အသုံးပြုနေပါတယ်။ဒီနည်းလမ်းဟာဆိုရင် အရိုးရှင်းဆုံးနဲ့ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အကာအကွယ်ယူနိုင်ဖို့ အကောင်းဆုံးနဲ့အထိရောက်ဆုံးနည်းလမ်းပဲဖြစ်ပါတယ်" လို့ သူ့ရဲ့ ဖြေရှင်းပုံကိုပါ ပြောပြသွားပါတယ်။
စင်ကာပူနိုင်ငံတွင်နေထိုင်သော အွန်လိုင်းဘလော့ဂါတစ်ဦးဖြစ်သူ ကိုကျော်လပြည့်ဝန်းမှလည်း "ကျွန်တော်တို့ စင်ကာပူမှာတော့ သိတဲ့သူတွေတော်တော်များများကတော့ အဲ့ဒီလို တိပ်တွေကပ်ပြီး သုံးနေကြပါပြီ။ဘာပဲပြောပြောလေ ကုသခြင်းထက် ကာကွယ်ခြင်းက ပိုပြီးကောင်းတယ်ဆိုတာ ရှိနေတာပဲလေ။ကျွန်တော်တို့တတွေထဲမှာ အစိုးရကိုရှုံ့ချတာလည်းရှိချင်ရှိမယ်။အဲ့ဒီလိုအချိန်မှာ အိမ်သာတက်ရင်းသုံးနေတာလည်း ဖြစ်ချင်ဖြစ်မယ်လေ။အဲ့ဒီတော့ တိပ်လေးနဲ့ကပ်ထားလိုက်တော့ ကိုယ့်ကိုယ်ကိုပိုပြီး Save ဖြစ်သွားတယ်လို့ ခံစားရတာပေါ့"ဟု BEC သတင်းဌာနနဲ့ အင်တာဗျူးစဉ်က ပြောကြားသွားခဲ့ပါတယ်။
Ref: Internet ..
READMORE
 

အရေးပေါ် အခြေအနေ ကြေညာဖို့ နောက်ကျသွားပြီ ဆိုတဲ့ ဦးထွန်းလွင်

Hits:45,685 မှ ကူးယူဖော်ပြသည်။
ရာသီဥတု, မုန်တိုင်း, ရေကြီးရေလျှံ
ဦးထွန်းလွင် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ဘင်္ဂလား ပင်လယ်အော် အရှေ့မြောက်ပိုင်းမှာ ဖြစ်ပေါ်သော မုန်တိုင်းငယ်သည် အနောက်မြောက်ယွန်းယွန်းကို ရွေ့လျှားခဲ့ပြီး ပိုမိုအားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ကိုမန်” အဖြစ် ပြောင်းလဲခဲ့သည့်အတွက် ရခိုင်ပြည်နယ်နှင့် ကမ်းရိုးတန်းဒေသများတွင် လေပြင်းများ တိုက်ခတ်ပြီး လှိုင်းကြီးမှုများ ဖြစ်ပေါ်နေပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့်လည်း မြန်မာနိုင်ငံ အနှံ့အပြားမှာ မိုးရွာသွန်းမှုတွေ သိသိသာသာ များပြားနေပြီး တချို့နေရာတွေမှာ မုတ်သုန်မိုး အားကောင်းမှုကြောင့် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။
မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ် ပြောင်းလဲနေသည့် ရာသီဥတု အခြေအနေများနှင့် သဘာဝ ပတ်ဝန်းကျင်၏ ဆိုးကျိုးများက မြန်မာနိုင်ငံအပေါ် မည်မျှ သက်ရောက်နေပြီလဲ ဆိုသည့် အကြောင်းကို မိုးလေ၀သ ပညာရှင် ဒေါက်တာ ထွန်းလွင်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် သူဇာက တွေ့ဆုံမေးမြန်းထားသည်။
မေး။ ။ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ကိုမန်” ကြောင့် နောက်ဆက်တွဲ အခြေအနေ ဘယ်လိုဖြစ်လာနိုင်မလဲ။
ဖြေ။ ။ ဆိုင်ကလုန်းမုန်တိုင်း ကလည်း နဂိုကတည်းက ဖြစ်နိုင်တယ်လို့ မှန်းထားပြီးသားပါ။ အခု အင်အားကတော့ တန့်သွားတယ်လို့ ပြောရမယ်။ဒီထက် ဆက်တက်ဖို့တော့ အလားအလာ မရှိပါဘူး။ မုန်တိုင်းက မြောက်ဘက်ကို သွားတာဆိုတော့ သွားလေ၊ သွားလေ ကုန်းတွင်းပိုင်းကို ရောက်လေဆိုတော့ အားလျော့သွားမှာပါ။ အခုလို မိုးလယ်ကာလမှာ ဖြစ်တတ်တဲ့ မုန်တိုင်းတွေက မြန်မာနိုင်ငံကို မ၀င်တတ်ပါဘူး။ အခု မုန်တိုင်းလည်း မ၀င်ပါဘူး။ မုန်တိုင်းဒဏ်ကတော့ ခံရမှာပါ။ လေတိုက်နှုန်း ပိုများမယ်။ နောက်ပြီး မိုးများမယ်ဆိုတဲ့ သဘောပါ။ အဓိကအားဖြင့် လေတိုက်နှုန်း၊မိုးရွာနှုန်း ပိုခံရမှာက ရခိုင်ရယ်၊ ချင်းရယ်၊ မကွေးတိုင်း ပိုခံရမယ်။
မေး။ ။ ဆိုင်ကလုန်း မုန်တိုင်းမလာခင်ကတည်းက စစ်ကိုင်းတို့၊ ရှမ်းတို့မှာ ရေကြီးဒဏ်ကို ခံစားနေရတယ်။ အခု မုန်တိုင်းကြောင့် လေပြင်းအားရော၊ မိုးဒဏ်ကိုပါ ဆက်ခံစားနေရတာ ဘယ်ကြောင့်ပါလဲ။
ဖြေ။ ။ ဒါကလည်း ဒီနှစ် ထူးခြားချက်ပေါ့။ အာရှတိုက်တခုလုံး မိုးလျှော့နေတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်မှာ မိုးကောင်းနေတယ်။ အထူးသဖြင့် မုတ္တမကွေ့ ဧရိယာတို့၊ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတို့မှာ မိုးကောင်းနေတယ်။ နောက်ပြီး ဒီနှစ် ထူးခြားတာက မိုးရာသီမှာ မိုးတိမ်တောင် မဖြစ်ရဘူး။ ဒါပေမယ့် ဒီနှစ် မြန်မာပြည် ပြည်နယ်နဲ့ တိုင်းအားလုံးမှာ မိုးတိမ်တောင် ဖြစ်နေတာ တွေ့ရတယ်။ မိုးတိမ်တောင် ဖြစ်ရင် မိုးသက်လေပြင်းဆိုတာ ပါလာတာပဲ။ ဒါပေမယ့် လေတိုက်နှုန်းက အများဆုံးရှိရင် ၄၀၊ ၄၅ ပဲ။ အဲဒီထက် မပိုဘူး။ အခု မိုးတိမ်တောင်က ခဏခဏ ဖြစ်နေတဲ့အခါမှာ မိုးတွင်းမှာ ဖြစ်တဲ့အတွက် ယခင်တိုက်နေကြ လေထက်တော့ ပိုပြင်းတယ်။ နောက်ပြီး မုတ်သုန်က အားကောင်းနေတော့ မုတ်သုန်မိုးသက်လေပြင်းကလည်း ရှိတယ်။ မိုးတိမ်တောင်ကြောင့် ဖြစ်တဲ့ လေပြင်းကလည်း ဖြစ်နေတယ်ဆိုတော့ လေက ပြင်းသလို ဖြစ်နေတယ်။
မေး။ ။ ဒါဆို မြန်မာနိုင်ငံမှာ မိုးတိမ်တောင် ဖြစ်နေတဲ့ အခြေအနေဆိုတော့ လေဆင်နှာမောင်း အန္တရာယ် ရှိတယ်လို့ ဆိုနိုင်တာပေါ့။ ဒီနောက်ပိုင်းမှာလည်း လေဆင်နှာမောင်းတိုက်လို့ အိမ်တွေ ပြိုတာတွေ တော်တော်ကြားရတယ်ဆရာ။ လေဆင်နှာမောင်းအန္တရာယ်ကိုလည်း ပြောပြပေးပါ။
ဖြေ။ ။ ကျနော့် ဟောပြောပွဲတွေမှာပဲ ဒီကိစ္စကို တော်တော် ထည့်ပြောဖြစ်ပါတယ်။ လေဆင်နှာမောင်း ဖြစ်ပေါ်တာတွေ တိုးလာတယ်။ မိုးတိမ်တောင် ဖြစ်ပေါ်မှုတွေ သိသိသာသာ တိုးလာတယ်လို့ ကျနော် ပြောနေပါတယ်။ ဒါပေမယ့် ဒီနှစ်မှာ ပိုထူးခြားတာက မိုးရာသီမှာ မိုးတိမ်တောင် ဖြစ်နေတာတွေ တွေ့ရတော့ ခါတိုင်းနှစ်ထက် မိုးတိမ်တောင် ဖြစ်တာတွေ များသလိုပဲ မိုးတိမ်တောင်ကြောင့် ဖြစ်တဲ့ လေဆင်နှာမောင်းတိုက်တာတွေ ပိုများလာတာပါ။ အဲဒီလိုဖြစ်ပြီဆို ပြည်သူတွေအနေနဲ့ ဘယ်လို အကာအကွယ်ယူရမလဲဆိုတာ ရှိထားပြီးသားပါ။ ဒါတွေကို ကြိုတင်လေ့လာထားမယ်ဆို ဒီအန္တရာယ်ကနေ ရှောင်တိမ်းနိုင်ပါတယ်။ မိုးကြိုးပစ်တော့မယ်ဆိုရင် ဘယ်လို လက္ခဏာတွေ ဖြစ်ပေါ်တတ်တယ်၊ လေဆင်နှာမောင်းဆိုရင် ကြိုတင်မြင်နိုင်တဲ့အတွက် ရှောင်နိုင်တာတွေ စတဲ့ အကာအကွယ်တွေ ရှိပြီးသားပါ။
မေး။ ။ အခု ရေကြီးတာကို ကြည့်ရင် ပြည်သူတွေ ကြိုတင်ကာကွယ်နိုင်ဖို့ အစိုးရဘက်က အသိပေးအကြောင်းကြားမှု အားနည်းတယ်လို့ ပြောကြတယ်။ ဆရာ့အမြင် ပြောပေးပါ။
ဖြေ။ ။ ကျနော် အဲဒီကိစ္စကို မီဒီယာတွေမှာ ဝေဖန်ပြောကြားပါတယ်။ ဘာကြောင့် အခု အခြေအနေကို အရေးပေါ် မကြေညာသေးတာလဲ။ ဒီအခြေအနေက အရေးပေါ် ကြေညာသင့်တယ်လို့ ပြောနေပါတယ်။ အဲဒါတွေကို ကြည့်ရင် ကြိုတင်ပြင်ဆင်မှု အပိုင်းမှာ အားနည်းတယ်လို့ ဆိုနိုင်တယ်။ အဲဒီလို အရေးပေါ် ကြေညာတာတို့၊ ကြိုတင်ပြီး ပြောင်းရွှေ့တာတို့ ဒါ ကြိုတင်ကာကွယ်မှု အပိုင်းတွေပါ။ အဲဒီအပိုင်းတွေကတော့ အားနည်းပါတယ်။နောက်ပြီး နာဂစ် မဖြစ်ခင်ကတည်းက သဘာဝ ဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး စီမံချက်တွေ ရေးဆွဲခဲ့ပြီးသားပါ။ ကော်မတီတွေ ဖွဲ့ပြီးသားပါ။ အဲဒါတွေကလည်း ဘာအကောင်အထည်ဖော်တာမှ မတွေ့ရသေးဘူး။ ဒါဟာ အကြီးအကျယ် အားနည်းချက်ပဲလို့ ပြောရမယ်။
မေး။ ။ ဘယ်လို အခြေအနေမျိုးမှာ အရေးပေါ် ကြေညာပေးသင့်ပါသလဲ။
ဖြေ။ ။ အခု အချိန်က အရေးပေါ် ကြေညာဖို့ နည်းနည်းတောင် နောက်ကျသွားပြီ။ အရေးပေါ် ကြေညာရမယ့် အခြေအနေဆိုတာက အရပ်ဒေသ တခုမှာ ကယ်ဆယ်ရေး သွားဖို့လည်း မလွယ်၊ ဟိုဘက်မှာလည်း သူတို့ဟာ သူတို့ ရပ်တည်ဖို့လည်း မလွယ်တဲ့ အနေအထား ဖြစ်လာရင် အရေးပေါ် အခြေအနေပဲ။ ဟိုမှာ ရေပတ်လည် ၀ိုင်းနေတယ်။ အဲဒီနေရာ ရောက်အောင် သွားလို့လဲ မရနိုင်ဘူး။ သာမာန်အားဖြင့်ပေါ့။ ဟိုဘက်မှာလည်း နောက်ထပ် တရက်၊ နှစ်ရပ်ထပ် ရပ်တည်ဖို့ကလည်း မဖြစ်နိုင်တော့ဘူး၊ ကျန်းမာရေး ပြသနာတွေ ရှိနေမယ်။ မြွှေပြသနာတွေ ရှိနေတယ်။ နောက်ပြီး လူတွေရော၊ တိရစ္ဆာန်တွေပါ ရေတွေ မြုပ်နေတယ်ဆိုရင် အရေးပေါ်ပေါ့။ နေရာဒေသတခုမှာ ပုံမှန် လုပ်ငန်းဆောင်တာတွေ မလုပ်နိုင်တော့ဘူးဆိုရင် အခြေအနေ တခု ပြောင်းလဲသွားပြီဆိုရင် ဒါဟာ အရေးပေါ်ပဲ။
မေး။ ။ မုန်တိုင်းမဖြစ်ခင်ကတည်းက ရေကြီးတာတွေ ဖြစ်နေတာ တွေ့ရတယ်။ အခု မုန်တိုင်းမိုးကြောင့် ရေကြီးမှုက ပိုဆိုးလာတယ်လို့ ဆိုရမယ်။ ဒါဆို မြန်မာနိုင်ငံရဲ့ ဒီနှစ် ရေကြီးမှု အခြေအနေက ဘယ်လို ဖြစ်နိုင်မလဲ။
ဖြေ။ ။ ရေကြီးမှုတွေက နောက်ပိုင်း မိုးရာသီ ကုန်တဲ့အထိ၊ အောက်တိုဘာလအထိကို သတိထားဖို့ လိုတယ်။ အကြောင်းအရင်းတွေက ဒီနှစ်က မိုးကောင်းတဲ့နှစ်၊ စက်တင်ဘာလအထိ ရွာသွန်းမိုးထက် ပိုမယ်လို့ မှန်းထားပြီးသား၊ နောက်ပြီး ဘင်္ဂလား ပင်လယ်အော်မှာ မုန်တိုင်းတွေက ထပ်ဖြစ်ဦးမယ်။ နောက်ပိုင်းမှာ အရှေ့လေပွေလှိုင်းတွေ မလာသေးဘူး။ အဲဒါတွေက လာရင် မိုးက ရွာဦးမယ်။ နောက်ပြီး မုတ်သုန်မိုးက ပြန်ဆုတ်ရင် မိုးက ရွာဦးမယ်။ အဲဒီတော့ ရှေ့မှာ မိုးရွာဖို့ အကြောင်းတရားတွေက ရှိသေးတယ်။ နောက်ပြီး မြန်မာနိုင်ငံရဲ့ အစဉ်အလာ အရကိုက တနှစ်ကို ပုံမှန် ရေ သုံးကြိမ် ကြီးတတ်တယ်။ ဇွန်လမှာ တခါဖြစ်တယ်။ ဇူလိုင်- သြဂုတ်မှာ တခါ ဖြစ်တယ်။ နောက်ပြီး စက်တင်ဘာ- အောက်တိုဘာမှ ဖြစ်တယ်။ ဒါကြောင့် စက်တင်ဘာ- အောက်တိုဘာမှာ တခါ ရေကြီးနိုင်သေးတယ်။ ဒီနှစ်ကတော့ ရေကြီးမှုအန္တရာယ်ကို အထူးဂရုစိုက်ရမယ့် နှစ်လို့ ပြောရမှာပါ။
မေး။ ။ ဒီနှစ်ထဲမှာ ဆိုင်ကလုန်း မုန်တိုင်း “ကိုမန်” မဖြစ်ခင်က မုန်တိုင်း ဘယ်နှစ်လုံးလောက် ဖြစ်ခဲ့ပြီးပြီလဲ။ နောက်ထပ်ရော ဘယ်နှစ်လုံးလောက် ဖြစ်နိုင်မလဲ။
ဖြေ။ ။ ဒီမုန်တိုင်း မဖြစ်ခင်က မုန်တိုင်း သေးသေးလေး တလုံးပဲ ဖြစ်ခဲ့တာ။ ကုန်းတ၀က်၊ ရေတ၀က် ဖြစ်ပြီး ပျက်ပြယ်သွားမယ့် မုန်တိုင်းဆို ကျနော် မကြေညာဘူး။ ဒါကြောင့် ကျနော်ကတော့ အခု တလုံးက ပထမဆုံး အလုံးလို့ပဲ သတ်မှတ်ထားတယ်။ နောက်ပြီး အစကတည်းက အခု ဖြစ်လာတဲ့ မုန်တိုင်းနဲ့ ပတ်သက်ပြီးလဲ ဒီလောက်အထိ အားကောင်းလာနိုင်တယ်လို့ ကျနော် ခန့်မှန်းရေးသားထားပြီးသားပါ။ နောက်ပိုင်းလည်း မုန်တိုင်းတွေ ဖြစ်နိုင်ပါသေးတယ်။ ကျနော် ခန့်မှန်းထားတာကတော့ အနည်းဆုံး သုံးလုံးကနေ ငါးလုံးလောက်အထိ ဖြစ်လာနိုင် သေးတယ်။ အထူးသဖြင့် အစိုးရိမ်ရဆုံးကတော့ အောက်တိုဘာ၊ နိုဝင်ဘာလလို့ ပြောရမယ်။ အဲဒီအချိန်မှာ အများဆုံး ပိုဖြစ်နိုင်တယ်။ အဲဒီမရောက်မီလည်း တလုံးလောက်တော့ ဖြစ်နိုင်သေးတယ်။
မေး။ ။ နောက်တခုက ဒီနှစ် ရေကြီးမှုမှာ တွေ့ရတာ ဆည်တွေရဲ့ အန္တရာယ်က ခြိမ်းခြောက်မှု တခုလို ဖြစ်နေတယ်။
ဖြေ။ ။ ဆည်တွေနဲ့ ပတ်သက်ပြီး ပြောရရင် အကြောင်းအရင်းက နည်းပညာပိုင်းရော၊ လူပိုင်းရောလို့ ပြောရမယ်။ နည်းပညာပိုင်းအနေနဲ့ ပြောရရင် ဆည်တွေ ဆောက်တုန်းက ဆည်တွေမှာ အန္တရာယ်တွေ၊ ခံနိုင်ရည်တွေကိုလည်း သူတို့တွေက တွက်ပြီး ဆောက်ခဲ့ပါတယ်။ မှန်ပါတယ်။ ဒါပေမယ့်လို့ သူတို့ တွက်ထားတဲ့ ခံနိုင်ရည်ဟာ ဆည်ဆောက်တာ လွန်ခဲ့တဲ့ အနှစ် ငါးဆယ်က ဆောက်ထားတယ် ဆိုပါစို့။ အဲဒီတုန်းက တွက်တဲ့ အန္တရာယ်နဲ့ အခု အန္တရာယ်က မတူတော့ဘူး။ အန္တရာယ်ဟာ တိုးလာတယ်။ များလာတယ် အဲဒါတွေကို သူတို့ ထည့်တွတ်ဖို့ လိုတယ်။ နောက်ပြီး မြစ်တခုမှာ အရင်တုန်းက သစ်တောတွေ ရှိတယ်။ အခု အပင်တွေခုတ်လို့ ဘာသစ်တောမှ မရှိတော့ဘူး။ သစ်တော မရှိတော့ ရေတွေကို မထိန်းနိုင်တော့ဘူး။ သစ်တောမရှိတော့ ကမ်းပါးတွေက မိုးရွာ အစို၊ နေပူ အခြောက် ဖြစ်နေတယ်။ မိုးရွာလိုက်ရင် စီးကျတဲ့ ရေတွေနဲ့ မြေတွေက ပါသွားတော့ မြစ်တွေရဲ့ အောက်ခံက ပြောင်းသွားပြီ။ ပိုပို တိမ်လာတယ်။ အဲဒီတော့ အရင်က မိုးရေချိချိန် ငါး လက်မလောက် ရွာလို့ ဘာမှ မဖြစ်ဘူး။ အခုကျတော့ ငါးလက်မလောက် ရွာတာနဲ့ ရေလျှံတာပဲ။ ဒီလို ပြောင်းတာပဲ။ အဲဒီလိုဟာမျိုး ဆည်မှာလဲ ရှိတယ်။ နောက်ပြီးတော့ ဆည်တွေနားက ရေပိုရေလွှဲ ဒေသမှာလည်း ဖွံ့ဖြိုးရေး လုပ်ငန်းတွေ အများကြီး လုပ်နေတယ်။ မြစ်တွေမှာလည်း ပိုဆိုးတာပေါ့။ စက်ရုံတွေ ဆောက်တယ်၊ လူနေရပ်ကွက်တွေ လုပ်တယ်၊ စိုက်ခင်းတွေ လုပ်တယ်၊ သတ္တုတွေ တူးတယ်။ အဲဒါတွေက ရေပိုရေလွှဲဒေသကို ဖျက်လိုက်ရင် မြစ်တွေက ပျက်တာပေါ့။
နောက်ပြီးတော့ မြန်မာပြည်မှာ ဆည်ဆောက်ရင် ဇလဗေဒ မှတ်တမ်းကို သုံးရတယ်။ ဇလဗေဒရဲ့ သက်တမ်းက မြန်မာပြည်မှာ ဘာမှ မရှိသေးဘူး။ ဇလဗေဒ စလုပ်တာ ၁၉၆၅ ခုနှစ်မှ စလုပ်တာဆိုတော့ အခု တွက်ကြည့်လိုက်ရင် နှစ်ပေါင်း ၅၀ ကျော်လောက်ပဲ ရှိသေးတယ်။ သိပ္ပံရဲ့ သဘောသဘာဝ အရ နှစ်ပေါင်း ၅၀ လောက်ကို တွက်မယ်ဆိုရင် ငါးပုံ တပုံလောက်ကိုပဲ တွတ်လို့ရမယ်။ ဥပမာ ၁၀ နှစ်စာ သက်တမ်းကိုပဲ တွတ်နိုင်မယ်ဆိုတဲ့ သဘောပေါ့။ ဥပမာ နှစ်ပေါင်း ၁၀၀ ကို တွက်ချင်ရင် နှစ် ၅၀၀ သက်တမ်း ရှိရမယ်။ ဒါဖြစ်ရင် နှစ် ၅၀ လောက်ရှိပြီး ဘာဖြစ်လို့ နှစ်တရာ၊ နှစ်တထောက်ကို တွတ်လို့ရသလဲဆိုတော့ သချာင်္နည်းနဲ့လို့ တွတ်လို့ရတယ်။ သချာင်္နည်းနဲ့ တွတ်တဲ့အတွက် မှန်ချင်လည်း မှန်မယ်။ မှားချင်လဲ မှားမယ်။ အဲဒီတော့ တကယ်သေချာတဲ့ မှတ်တမ်းနဲ့ တွက်ချက်ပြီး ဆောက်ထားတာ မဟုတ်ဘူးပေါ့။ အဲဒါတွေက အားနည်းချက်တွေပေါ့။ နည်းပညာ မရှိလို့ မဟုတ်ဘူး။ နည်းပညာကို အပြည့်အ၀ အသုံးမချနိုင်လို့လို့ ပြောရမယ်။
မေး။ ။ ဒါဆို ဆရာ ပြောပုံအရဆို ဆည်တွေရဲ့ ခြိမ်းခြောက်မှုက တော်တော် ကြီးမားနေပြီလို့ ဆိုနိုင်မလား။
ဖြေ။ ။ သက်တမ်းကလည်း တဖြည်းဖြည်း ရင့်လာပြီ။ နောက်ပြီး သေချာ စောင့်ကြည့်မှုကလည်း နည်းတယ်။ ရာသီဥတုကိုလည်း ထည့်မတွက်ကြဘူး။ ရာသီဥတု ဖောက်ပြန်နေပြီဆိုပြီး ထည့်တွက်ပြီး တည်ဆောက်ထားတဲ့ဆည် ကျနော်သိသလောက် တခုမှ မရှိသေးဘူး။ မိုးသိမ့်များတဲ့ ဖောက်ပြန်မှုမျိုး ဖြစ်လိုက်ရင် ဒီဆည်ရဲ့ ခံနိုင်အားက ဘယ်ကြာကြာခံနိုင်မလဲ။ နောက်ပြီးတော့ မြေသုံးသုံး၊ ရေသုံးသုံး သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေမရှိဘူး။ အဲဒါတွေဟာလည်း အရေးအကြောင်းဆို စကားပြောတာပဲ။ နောက်ပြီးတော့ သူ့သဘာဝအရ ရေထိန်းတဲ့နေရာတွေ ၊ အဲဒီနေရာတွေကို မြေဖို့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေလုပ်၊ အဆောက်အဦးတွေ ဆောက် လုပ်ကြတယ်။ ဥပမာ ပြောရရင် ထိုင်းနိုင်ငံမှာ ရေထိန်းတဲ့ Swamp Land ကြီးကို သုဝဏ္ဏဘူမိ လေဆိပ်ကြီး ဆောက်လိုက်တယ်။ မကြာဘူး။ ဘန်ကောက် ရေမြုပ်တာပဲ။ ဒီလို ဥပမာတွေ အများကြီးပဲ။ ဖွံ့ဖြိုးတိုးတတ်မှုဆိုတိုင်း လုပ်ချင်တာ လျှောက်လုပ်နေမယ်ဆိုရင် တချိန်ကျရင် ဒုက္ခပေးမှာပဲ။
မေး။ ။ ဒါဆို မြန်မာနိုင်ငံမှာ ရာသီဥတု ဖောက်ပြန်မှုက သိသိသာသာကြီး ဖြစ်ပေါ်နေပြီလို့ ပြောနိုင်တာပေါ့။
ဖြေ။ ။ ပြောနိုင်တာပေါ့။ အကြီးအကျယ် ခံစားနေရပါပြီလို့ ကျနော်ပြောတာကိုကပဲ ဘယ်နှစ်နှစ်လောက် ရှိနေပြီလဲ။ ဒီခံစားမှုက နောက်ထပ် ဆက်ဖြစ်နေဦးမယ်။ တော်ရုံနဲ့ မပျောက်ဘူး။
မေး။ ။ အခု မုန်တိုင်းကြောင့် ရွာတဲ့မိုးက ဘယ်နှစ်ရက်လောက် ဆက်ရွာနိုင်သေးလဲ။
ဖြေ။ ။ အတိအကျတော့ မပြောနိုင်ဘူး။ တခါ မုန်တိုင်း တိုက်တုန်းကတော့ အနည်းဆုံး ငါးရက်လောက်တော့ ရွာတယ်။ အများဆုံး စက်တင်ဘာ၊ အောက်တိုဘာမှ စတတ်တဲ့ အရှေ့ဘက်က လေပွေလှိုင်းလာရင်တော့ ဆယ်ရက်လောက် ရွာနိုင်တာပေါ့။ နောက်ပိုင်းအခြေအနေတွေကတော့ ရေကြီးဖို့ အခြေအနေတွေ ဖြစ်နေတာပေါ့။
READMORE
 

ရေနံချောင်းရေသတင်း

Ni Tut added 4 new photos. မှ ကူးယူဖော်ပြသည်။
38 mins ·
ရေနံချောင်းရေသတင်း
READMORE
 

ဆိုင်ကလုန်းမုန်တိုင်း ကိုမန် ကတော့ ဘင်္ဂလားဒေ့ရှ် ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။ မုန်တိုင်းအန္တရာယ်ကတော့ ကင်းရှင်းသွားပြီ ဖြစ်ပါတယ်။ သို့သော်လည်း တိမ်တိုက်များ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းမှာ ထူထပ်နေဆဲဖြစ်ပါတယ်။ မုတ်သုံလေ ဆက်လက်အားကောင်းနေ

ဆိုင်ကလုန်းမုန်တိုင်း ကိုမန် ကတော့ ဘင်္ဂလားဒေ့ရှ် ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။ မုန်တိုင်းအန္တရာယ်ကတော့ ကင်းရှင်းသွားပြီ ဖြစ်ပါတယ်။ သို့သော်လည်း တိမ်တိုက်များ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းမှာ ထူထပ်နေဆဲဖြစ်ပါတယ်။ မုတ်သုံလေ ဆက်လက်အားကောင်းနေတဲ့အတွက် ပင်လယ်ပြင်မှာ လှိုင်း၊ လေ သတိထားရမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ မိုးများနိုင်သေးတဲ့အတွက် ရေကြီးရေလျှံမှုတွေကို သတိထားရမှာ ဖြစ်ပါကြောင်း အသိပေးလိုပါတယ်ခင်ဗျာ။
READMORE
 

ကြည့်ရတာ ရေဘေးသင့်ဒေသတွေကို အရေးပေါ်ဒေသအဖြစ် ကြေညာပြီး အင်တိုက်အားတိုက် ကူညီကယ်ဆယ်ရေးတွေ လုပ်သင့်ပြီထင်တယ်။

Kotoe Mogok added 2 new photos.မှ ကူးယူဖော်ပြသည်။
5 hrs ·
ကြည့်ရတာ ရေဘေးသင့်ဒေသတွေကို
အရေးပေါ်ဒေသအဖြစ် ကြေညာပြီး
အင်တိုက်အားတိုက် ကူညီကယ်ဆယ်ရေးတွေ လုပ်သင့်ပြီထင်တယ်။
သတင်းတွေက အမျိုးမျိုးတက်
ဘာကိုယုံရမှန်းမသိ။
အစိုးရဘက်ကလည်း အချိန်နဲ့တစ်ပြေးညီ သတင်းတွေ မကြေညာနိုင်
ကူညီကယ်ဆယ်ရေးအတွက် ဘာတွေလုပ်ထားပြီးဖြစ်ပါတယ်ဆိုတာလေးလည်း
ကောင်းကောင်းမပြောနိုင်။
ဘယ်ဒေသတွေ ဘာတွေဖြစ်နေလဲဆိုတာ သူလည်း သတင်းမရလို့လား။
အွန်လိုင်းပေါ်မှာ မြင်ရကြားရတာတွေကတော့
လုံးဝမသက်သာတဲ့ သတင်းတွေချည်းပဲ။
အားလုံးကံကောင်းကြပါစေခင်ဗျား။
မိုးကုတ်ကိုတိုး( ၃၁-၇-၂၀၁၅)
READMORE
 

ခွေးတွေ နဲ့ နွားတွေတော့ ဒုက္ခရောက်ကုန်ပြီ ။

Thet Lwin added 4 new photos. မှ်ကူးယူဖော်ပြသည်။
4 hrs ·
ခွေးတွေ နဲ့ နွားတွေတော့ ဒုက္ခရောက်ကုန်ပြီ ။
READMORE