ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ
အမှတ်(၉၀-၄-၂၀၁၂) ၂၀-၄-၂၀၁၂ ` သတင်းသမဂ္ဂအဖွဲ့လား? မြန်မာနိုင်ငံသတင်းစာ ဆရာအသင်းလား?´
မနေ့ကညနေမှာ စွဲမက်မှာ အဖွဲ့စုံကြတယ်။ ဆရာကြီး မကွေးဝင်းမြင့်၊ မြန်မာပြည်ဆရာဟိန်း၊ ကိုစိုးဦး(ဖန်းခါးမောင်မောင်)၊ ကိုနေခြည်၊ ကိုမျိုးဇော်၊ ဦးအောင်ချို တို့နဲ့ ၀ိုင်းဖွဲ့ဖြစ်ကြတယ်။ စာရေးဆရာအသင်းဖြစ်မြောက်ရေးအတွက် အဓိကထားပြီး ပြောဆိုကြပါတယ်။ ကျွန်တော့်ဆိုင်ထဲကို ပိုက်ဆံဝင်ခိုးတဲ့ ကိစ္စကို တစ်လုံးတစ်ပါဒမျှ မပြောပါ။ကိုယ်ရည်သွေးခြင်းမဟုတ်ပါ၊ ကိုယ့်အရေးထက် အများအရေးကို ရှေ့တန်းတင်ပေးရမည် လို့ ခံယူထားလို့ပါ။ ကိုမျိုးဇော်ထံမှ ထူးခြားဖြစ်စဉ် သတင်းအစ တစ်ခုကို ရလိုက်ပါတယ်။ အဲဒီသတင်းကို သတင်းအရင်း အမြစ်ရှိရာသို့ စုံစမ်းမေးမြန်းရပါတယ်။ နိုင်ငံခြားသတင်းရဒီယိုနဲ့ အင်တာနက်ဝက်ဆိုဒ်တွေမှာလည်း မတက်သေး၊ မတင်ရသေးလို့ ကျွန်တော်ပိုမိုပြီး စိတ်ဝင်စားရပါ တယ်။ ကိုယ်တိုင်ကလည်း သတင်းဖြစ်ပေါ်တဲ့နေရာကို အဆက်အသွယ်မရှိပါ။ ဒါကြောင့် မိတ်ဆွေ တိုင်းဦးစီးမှူး တစ်ယောက်ထံ အကူအညီယူပြီး သတင်းကို ဖော်ထုတ်ခိုင်ရပါတယ်။ ဒီသတင်းကို စိတ်ဝင်တစ်စားဖြင့် ရေးသားနေစဉ် မြန်မာပြည်ဆရာဟိန်းက လာခေါ်ပါတယ်။ စွဲမက်လက်ဖက်ရည်ဆိုင်မှာ ကိုနေခြည်း နဲ့ သင်္ကြန်တွင်းက မဏ္ဍပ်တစ်ခုမှာ ဓာတ်လိုက်သေဆုံးသွားတဲ့ ဆွေမျိုးနှစ်ယောက် စောင့်နေကြောင်း၊ ကုန်သည်ကြီးများ မဏ္ဍပ်မှာ သေဆုံးသွားတဲ့ ကိုစန်းလင်း အတွက် ဘာအကူညီမှ မပေးကြောင်း မရသေးကြောင်းတို့ကို ဘိုတိုင်းဆိုသူက အရက်မူးမူးနဲ့ ရင်ဖွင့်ပြောဆိုနေပါတယ်။ ကျွန်တော်လည်း စိတ်ရှည်သည်းခံပြီး နားထောင်ပေးပါတယ်။ ယနေ့ ဘိုင်ဝီကလီး အဲလဲဗင်း သတင်းဂျာနယ်မှာ မကွေးသတင်းထောက် အောင်သူငြိမ်းရေးထားတဲ့ သတင်းကို ဖတ်ပြီးပြီလား မေးတော့လည်း ယခုလာသူများက မဖတ်ရသေးကြောင်း ပြောပါတယ်။ ယခုလာသူ ဘိုတိုင်းဆိုသူမှာ ကန်ပြားရွာသားတစ်ဦးဖြစ်ကြောင်းသိရပါတယ်။ သေဆုံးသူ ကိုစန်းလင်း နှင့် ဦးလေးတော်စပ်ကြောင်း သူက ပြောပြလို့ သိရပါတယ်။ ယခု သူရဲ့ တူ သေဆုံးသွားသူ ကိုစန်းလင်း ဓာတ်လိုက်လို့ သေဆုံးသွားခြင်းမှာ သွေးရိုးသားရိုး ဟုတ် မဟုတ် လိုက်လံ စုံစမ်းမေးမြန်းနေကြာင်း၊ ကုန်သည်ကြီးများအသင်းဘက်ကလည်း ယခုအထိ ဘာမှ အကူညီမပေးသေးကြောင်း အမှတ်(၂) ရဲစခန်းသို့ သွားမေးသော်လည်း ရေရေရာရာ ပြောဆို ဖြေကြားခြင်းမရှိကြောင်း ၊ ကုန်သည်ကြီးများအသင်းနဲ့ ရဲစခန်းတို့ ပူးပေါင်းပြီး အမှုကို ပေါ့ဆအောင် ဖန်တည်းနေတယ်လို့ ထင်မြင်ယူဆမိပါကြောင်း တို့ကို ဘိုတိုင်း ဆိုသူမှ ထပ်မံ ထပ်မံ ရင်ဖွင့်ပြောဆိုနေပါတယ်။ ကျွန်တော်လည်း သူပြောခြင်တာတွေကို ကုန်အောင် မစောင့်နိုင်တော့ဘဲ ထပြီး ပြန်လာခဲ့ပါတယ်။ သူတို့ နှစ်ယောက်ကိုတော့ ကျွန်တော့်ရဲ့ လိပ်စာကဒ်ကို ပေးထားခဲ့ပါတယ်။ ဒီသတင်းကို ကျွန်တော့်ဂျာနယ်တိုက်တွေဆီ ပို့ထားပါတယ်။ သတင်းပါရင်ဖတ်ကြည့်ကြပါခင်ဗျာ လို့ တောင်းပန်ပြီး ထလာခဲ့ရပါတယ်။
`၂၀၀၇ ခုနှစ်၊ ရွှေဝါရောင်သံဃာ့ခေါင်းဆောင် အရှင်ဂမ္မီရ ပေါက်မြို့တွင် လူထွက်၍ မိန်းမတောင်း´
၂၀၁၂ ခု၊ဧပြီလ(၁၆)ရက်၊ ၁၃၇၃ ခုနှစ် သင်္ကြန်အတက်နေ့ည (၁၉)နာရီအချိန်တွင် အရှင်ဂမ္မီရ သည် မကွေးတိုင်းဒေသကြီး ပေါက်မြို့၊ အောင်တံခွန်ရပ်ကွက်၊ လေသာတောင်ကျောင်းတိုက် မှာ မိမိဆန္ဒဖြင့် သိက္ခာချ၍ လူဝတ်လှဲကြောင်း သတင်းရရှိသည်။ အရှင်ဂမ္မီရ သည်(အသက်၃၃) (ဘ)ဦးမင်းလွင်ဖြစ်၍ ကိုညီညီလွင် နာမည်ဖြင့် လူ့ဘ၀သို့ကူးပြောင်းပြီး ယင်းလူဝတ်လှဲချိန်တွင် သူနှင့်အတူ အမျိုးသမီး တစ်ယောက်ပါလာကြောင်း သိရ၏။ လူဝတ်မလှဲမီ ယင်းနေ့တွင် အရှင်ဂမ္မီရသည် မ…….. (အသက် ၂၃)နှစ် (ဘ) ဦး…… ထံသို့ လက်ထပ်ခွင့်တောင်းကြောင်းသိရ၏။ မိဘများမှ သဘောမတူဟု သိရသည်။ ထို့နောက် မ……..၏ ရည်းစားနှင့်လည်း ရန်ဖြစ်ကြ၍ အရှင်ဂမ္မီရ အား အရိုက်ခံရကြောင်း၊ ၎င်း သင်္ကြန်အတက်နေ့ ည (၇)နာရီ အချိန်တွင် လူဝတ်လှဲ၍ နောက်နေ့(မြန်မာနှစ်ဆန်းတစ်ရက်နေ့) ၁၇-၄-၂၀၁၂ နေ့တွင် ပေါက်မြို့မှ (၁၂၅ ဆိုင်ကယ်အနီရောင်ဖြင့်) မိထ္ထီိလာမြို့ရှိ မိဘများထံသို့ ထွက်ခွာသွားကြောင်း ပေါက်မြို့မှ တာဝန်ရှိသူ မိတ်ဆွေတစ်ဦးထံမှ တယ်လီဖုန်းဖြင့် တိကျခိုင်လုံသော သတင်းရရှိခဲ့ပါသည်။
0 comments:
Post a Comment