ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ
အမှတ်(၁၂၆-၅-၂၀၁၂) ၂၆-၅-၂၀၁၂ `အလကားရလျှင် သေအောင်သောက်တာ သတင်းသမားတိုင်း မဟုတ်ပါ´
ယနေ့ နံနက်စောစောအိပ်ယာထတယ်။ မနေ့ကနဲ့ ညမှာ အချိန်ယူပြီး နားလိုက်တယ်။ ယနေ့ တော်တော်လေး လန်းဆန်းလာပါတယ်။ ဒါပေမယ့် ဘယ်ကိုမှ မထွက်ရဲသေးပါ။ နံနက်စောစော ပရိတ်၊ ပဌာန်းရွတ်နေစဉ် သတင်းထောက် ဗိုလ်ကာ ရောက်လာတယ်။ သူ သတင်းထောက် သီဟဘုန်းမိုရ် နဲ့ သတင်းထောက်(၄)ဦးတို့ကို မကွေးတိုင်းဒေသကြီး အခြေခံဗွီဒီယိုအဖွဲ့မှ တစ်နေ့က သတင်းယူပွဲတက်ခဲ့ကြောင်း၊ သူတို့ကို ဧည့်ခံကျွေးမွေးလိုက်လို့ သတင်းထောက်တစ်ဦး ဘီယာမူးပြီး ထမ်းထုတ်ရကြောင်း ပုံကြီးချဲ့၍ ပြောဆိုသွားတယ်။ အထက်မင်းလှမြို့နယ်အတွင်းမှ ရွာတစ်ရွာမှာ ရေနံမှော်အောင်မြင်နေကြောင်း၊ ကုမ္ပဏီ (၂)ခုမှ သက်ဆိုင်ရာခွင့်ပြုချက်နဲ့ အဲဒီမြေယာတွေကို သိမ်းယူလိုက်ကြောင်း၊ ကုမ္ပဏီတွေ ရေနံတူးလိုက်တော့ တော်တော်ကို အောင်မြင်နေကြောင်း၊ ဒါပေမယ့် မြေယာတွေ အသိမ်းခံရတဲ့ ရွာခံတောင်သူများက မကြေမနပ်ဖြစ်နေကြကြောင်း၊ သက်ဆိုင်ရာကို တောင်းဆိုနေတဲ့ သတင်းဖြစ်နေကြောင်းများကို ပြောဆိုပါတယ်။ သူတို့ The Voice ဂျာနယ်တိုက်သို့ သတင်းယူရန်ခေါ်လိုက်တာ ယနေ့ သူ့ဆီကိုရောက်လာတယ်။ သတင်းထောက် ကောင်မလေးတွေ အဲဒီ မင်းလှ ရေနံမှော်ဘက်သို့ သတင်းယူသွား နေကြပြီဖြစ်ကြောင်းတို့ကို သတင်းဖောက်သည်ချပြီး လာပြောနေပါတယ်။
။
0 comments:
Post a Comment