ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ
အမှတ်(၈၅-၄-၂၀၁၂) ၁၅-၄-၂၀၁၂ `သင်္ကြန်အကြတ်နေ့(ဒုတိယနေ့)´
နံနက်အိပ်ယာနောက်ကျမှ ထတယ်။ ဆိုင်ဖွင့်နောက်ကျတယ်။ နံနက်ပိုင်း စာရေးဆရာ မကွေးညိုစိမ်၊့ ဦးပိုက်လာတယ်။ သူ့ဇနီး ဆရာမဒေါ်အမာစိန် သေဆုံးကြောင်းသိရတယ်။ လွန်ခဲ့သော (၁၃)ရက်က ရန်ကုန် အနောက်ပိုင်းဆေးရုံကြီးမှာ ကွယ်လွန်သွားကြောင်းပြောပြတယ်။ အသက်က (၇၂)နှစ်ပါ။ ဆရာမကွေးညိုစိမ့်မှ (၁၈-၄-၂၀၁၂)နေ့ သူ့အလှူလာရန် ဖိတ်ပါတယ်။ မြို့ဟောင်းရပ်မှ ဘိုးကုန်းဘုန်းကြီးကျောင်းမှာ ကျင်းပမှာဖြစ်ကြောင်း ပြောပါတယ်။ နံနက်ပိုင်း ၀င်းသူဇာရှေ့မှ ဘဏ္ဍာအခွန်မဏ္ဍုပ်ကိုသွားပြီး သတင်းမှတ်တမ်းရိုက်ပါတယ်။ သတင်းထောက် ကောင်းသုတ(မင်းဘူး) ဒုလ္လဘဘုန်းကြီးဝတ်နဲ့ အိမ်ကို နေ့စဉ်ဆွမ်းခံကြွတယ်။ မှတ်တမ်းတင်ဓာတ်ပုံရိုက်ယူထားပါတယ်။ သမီးနဲ့ မြေးမလေး ဖြိုးမြတ်သော်တာလေး ၀မ်းသွားကြောင်းသိရလို့ စိတ်မကောင်းပါ။ မနေ့က အစားမှားတယ်လို့ ကျွန်တော့်ဇနီးက ပြောပါတတယ်။ ကျွန်တော့်ဇနီးကတော့ ပြည်တော်သာဘုန်းကြီးကျောင်းကို နေ့တိုင်း သီခယူသွားပါတယ်။ သားကြီးထွန်းဝင်းကျော်က လိုက်ပို့တယ်။ မြေးလေး မောင်ဘုန်းနေခန့်လည်း လိုက်သွားကြတယ်။ ကျွန်တော်ကတော့ အိမ်မှာဘဲ (၈)ပါးသီလထပ်မံခံယူ ပါတယ်။
ညနေ သတင်းထောက် ကာကူး(ခ) စောလှနွယ် လာတယ်။ နေမကောင်းဖြစ်နေကြောင်း ပြောတယ်။ အနှိပ့်သည်ကို နေ့တွက်ခပေး ထမင်းကျွေးပြီး ခေါ်ထားရတယ်ဆိုပါတယ်။ သူ့သားကြီး အရက်သောက်လို့ စိတ်ညစ်ရကြောင်းလည်း ငြီးနေပြန်တယ်။ ကျွန်တော်လည်း သားကြီး အရက်မသောက်အောင် ခြောက်ခါတစ်လီ ချော့ခါတစ်မျိုး တားထားရတာကို သူသိမည်မထင်ပါ။ ည ကိုနေခြည် လည်းရောက်လာတယ်။ အင်တာနက် သတင်းများပြောဖြစ်ကြတယ်။ ဒီည ဆီက မထင်မှတ်ဘဲ တော်တော်ရောင်းနေရပါတယ်။
0 comments:
Post a Comment