၃-၅-၂၀၁၂ `သတင်းမုဆိုးလုပ်ရမည်´
ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ
အမှတ်(၁၀၃-၅-၂၀၁၂) ၃-၅-၂၀၁၂ `သတင်းမုဆိုးလုပ်ရမည်´
နံနက်စောစော ထတယ်။ ခါတိုင်းထက် အချိန်စောပြီး ဈေးဆိုင်ဖွင့်ဖြစ်တယ်။ သားကြီးက ဈေးဆိုင်မှာအိပ်တာဖြစ်ပါတယ်။ သူက ကိုယ့်ထက်စောစော အိပ်ယာထပြီး ကြိုတင်ဆိုင်ဖွင့်ထားပါတယ်။ လျှပ်စစ်မီးကတော့ မနက်ပိုင်း ပြတ်တောက်နေပါ တယ်။ မကွေးလျှပ်စစ်မြို့နယ်မန်နေဂျာဆီကိုသွားရမယ်။ မကွေးမြို့ မီးပေးတဲ့စနစ်ကို မေးမြန်း အတည်ပြုချက်ယူမယ်။ သတင်းတင်ရမယ်။ လျှပ်တစ်ပြက် မော်နီတာက တောင်းထားတဲ့ ကျောက်ခဲအံသော ကောင်မလေးနဲ့ ပရောဂါဆရာများ သတင်းကို နောက်ဆက်တွဲ သတင်းလိုက်ဖို့ရှိပါတယ်။ မကြာမီကျရောက်မယ့် မီးသတ်တပ်ဖွဲ့နေ့ သတင်းကတော့ ဖိတ်ကြားရင်သွားမယ်။ မဖိတ်ရင်တော့ မသွားဘူးလို့ စိတ်ကူးထားပါတယ်။ ၂၉-၄-၂၀၁၂ နေ့က ရွေးချယ်ပြီးသွားတဲ့ စာရေးဆရာအသင်း သတင်းကိုလည်း ရေးပြီး တင်ပေးရဦးမယ်။ တော်ကြာ ကိုယ်မပါတော့လို့ မရေးဘူးဖြစ်နေပါ့မယ်။ မကွေးမြို့နယ်တစ်ခုတည်း မရေးဘဲ ခရိုင်အတွင်းမြို့နယ်က စာရေးဆရာအသင်းများဖွဲ့စည်းပြီး သတင်းများပါရေးပါမည်။ ဒီအတွက် တိုင်းပြန်ဆက် တိုင်းဦးစီးမှူး ဦးဝင်းခင်ဆီ သတင်းတောင်းထားရပါတယ်။ အဲဒီက လာမှ သတင်းရေးရမည်။
Artikel ၃-၅-၂၀၁၂ `သတင်းမုဆိုးလုပ်ရမည်´ ini dipublish oleh shwelannwelanwinkyi pada hari Thursday, May 24, 2012. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ၃-၅-၂၀၁၂ `သတင်းမုဆိုးလုပ်ရမည်´
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment